အမှောင်ထဲမှာ ထောင်ချောက်ဆင်ခြင်း
Vol. 58 Ch. 869
မိသားစုသစ်ပင်အရ စုရှန်သည် အိုက်ရှီကို ဝမ်းကွဲအစ်မအဖြစ် ခေါ်ရမည်ဖြစ်သည်။ သို့သော် စုရှန်သည် ယခင်က အိုက်ရှီကို ထိုသို့တစ်ခါမှ မခေါ်ခဲ့ဖူးပေ။ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် အိုက်ရှီသည် အနည်းငယ် မှင်သက်သွားသော်လည်း သူမသည် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ထာဝရ အိပ်ပျော်သွားတာ မဟုတ်လို့ အံ့သြနေတာလား”
သူမ၏ စကားများတွင် အချွန်အတက်များပါဝင်နေသည်။ စုရှန်သည် ဂရုမစိုက်ဟန်ဖြင့် သူမ ဘေးနားရှိ ရွှယ်အန်းကို ရမက်ကြီးစွာ ငေးကြည့်လျက် ပြောလိုက်သည်။
“သူက ဒီတစ်ခါ ဝမ်းကွဲအစ်မ ရွေးထားတဲ့ သွေးကျွန်ဖြစ်မယ်ထင်တယ်”
“အဲလိုပဲပြောရမှာပေါ့” အခြေအနေကို နားလည်သဘောပေါက်သော အိုက်ရှီက ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
"ဟယ်လို၊ ကျွန်မ နာမည်က စုရှန်။ အိုက်ရှီက ကျွန်မရဲ့ ဝမ်းကွဲအစ်မလေ၊ တွေ့ရတာ ဝမ်းသာပါတယ်” စုရှန်က ရွှယ်အန်းကို ပြုံးပြ၍ လက်ကို ဆန့်ထုတ်လိုက်သည်။
အိုက်ရှီသည် စိတ်ဝင်စားဖွယ်ကောင်းသော ပြဇာတ်ကို ကြည့်နေသည့်ဟန်ဖြင့် အရာအားလုံးကို မလှုပ်မယှက် စောင့်ကြည့်နေသည်။ မျှော်လင့်ထားသည့်အတိုင်း ရွှယ်အန်းသည် မည်သည့်လှုပ်ရှားမှုမျှမပြုလုပ်ဘဲ တိတ်တဆိတ် စိုက်ကြည့်နေသည်။ စုရှန်၏ လက်သည် လေထဲတွင် ဆန့်တန်းလျက်ရှိနေခဲ့၍ သူမ၏ အပြုံးသည် တဖြည်းဖြည်း တောင့်တင်းလာသည်။ ပြီးနောက် ရွှယ်အန်းသည် မည်သည့်စကားမျှ မပြောဘဲ လှည့်ထွက်သွားလေသည်။ စုရှန်သည် ထိုနေရာတွင် အလွန်အရှက်ရစွာ ရပ်တန့်လျက် သူမ၏ မျက်ခွံများ ရူးသွပ်စွာ လှုပ်ခတ်နေသည်။
ထိုအချိန်တွင် အိုက်ရှီသည် မထိန်းချုပ်နိုင်ဘဲ ရယ်မောလိုက်သည်။ သူမ၏ ရယ်မောသံသည် စုရှန်၏ဒေါသကို နှိုးဆွသကဲ့သို့ဖြစ်သွားသည်။
“ဝမ်းကွဲအစ်မ၊ ငါ နင့်ကို တကယ်လေးစားမိတယ်။ ကိုယ့်သွေးကျွန်က ဒီလိုမလေးမစားပြုမူတာကို ခွင့်ပြုထားတယ်ဆိုတော့”
"ဒီလိုဖြစ်နေတာကို ကြိုက်နေတော့လည်း မတတ်ဘူးနိုင်ဘူးလေ၊ ပြဿနာရှိလို့လား” အိုက်ရှီက သူမ၏ပခုံးများကို တွန့်ပြလိုက်သည်။
စုရှန်သည် ရွှယ်အန်း၏ နောက်ကျောကို စိုက်ကြည့်၍ အံကြိတ်လျက် ပြောလိုက်သည်။
“သူ့နာမည်က ဘယ်လိုခေါ်လဲ၊ ဘယ်အကျဉ်းထောင်က လာတာလဲ”
“စိတ်တော့မရှိနဲ့၊ ဒါပေမယ့် အဲဒါက နင့်ကိစ္စမဟုတ်ဘူး။ ငါ နင့်ကို အကြံပေးချင်တာတော့ ငါ့သွေးကျွန်နဲ့ မရှုပ်တာ အကောင်းဆုံးပဲ” အိုက်ရှီသည် ထိုသို့ပြောပြီးနောက် အပြုံးဖြင့် ထွက်ခွာသွားသည်။
သို့သော် သူမ၏စကားများသည် စုရှန်၏ နားထဲတွင် လှောင်ပြောင်မှုများကဲ့သို့ ခံစားရစေသည်။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သွေးကျွန်တစ်ဦးသည် သူမကို လျစ်လျူရှုဝံ့သည့်အပြင် အိုက်ရှီသည် ရန်မဆွရန်ပင် ပြောနေခဲ့သည်။ စုရှန်သည် သွေးမျိုးနွယ်ဝင်တစ်ဦးအနေဖြင့် သူမ၏ဂုဏ်သိက္ခာများ လုံးလုံးလျားလျား နင်းချေခံရသကဲ့သို့ ခံစားလာရကာ ဒေါသစိတ်ဖြင့် ပေါက်ကွဲလုနီးပါးဖြစ်နေသည်။ မျိုးနွယ်စုခေါင်းဆောင်ကို ကြိုဆိုရမည့် လက်ရှိ အခမ်းအနားကြောင့် မဟုတ်ပါက၊ သူမသည် ဤဝတ်ရုံနက်နှင့် လူငယ်ကို ထိုအချိန်တွင် ချက်ချင်း ဖမ်းဆီးနှိပ်စက်ပြီးနောက် ထာဝရငရဲဆီသို့ ကျရောက်အောင် ပြုလုပ်ချင်မိသည်။
ထိုအချိန်တွင် အိုက်ရှီသည် ရွှယ်အန်းဆီ တိုးကပ်လာ၍ တခစ်ခစ်ရယ်မောလိုက်သည်။
“အရှင့်ရဲ့ အပြုအမူက အရမ်းခံ့ညားတာပဲ၊ စုရှန် ဘယ်လောက်ဒေါသထွက်နေလဲဆိုတာ မမြင်ဘူးလား၊ ဒါကို တွေးကြည့်ရုံနဲ့တင် ရယ်ချင်လာပြီ”
ရွှယ်အန်းသည် အိုက်ရှီ၏မှတ်ချက်များကို လုံးလုံးလျားလျား လျစ်လျူရှုထားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကောင်စီခန်းမရှိ သွေးမျိုးနွယ်ဝင်များကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေသောကြောင့်ဖြစ်သည်။ သူ့အတွက်မူ ၎င်းတို့အားလုံးသည် သွေးပုလဲများသာဖြစ်သည်။ သူသည် စုရှန်ကဲ့သို့သော လူမျိုးကို ဂရုမစိုက်ပေ။ ထိုအချိန်တွင် မလှမ်းမကမ်းရှိ တိုရန်သည် ပြာနှမ်းနေသော မျက်နှာဖြင့် ရွှယ်အန်းနှင့် အိုက်ရှီတို့ကို ကြည့်နေသည်။
သူ အလွန်မျှော်လင့်ထားခဲ့သော စုဟောက်သည် ဤနေရာတွင် ပေါ်မလာကြောင်း သူ သတိထားမိသောသောကြောင့်ဖြစ်သည်။ ယင်းအစား သခင်မလေးသည် ဟော့အာ ခေါ်လာသော သွေးကျွန်ကို ခေါ်ဆောင်လာခဲ့သည်။ တိုရန်သည် ဤဖြစ်စဉ်က မည်သည်ကိုဆိုလိုနေကြောင်း ရှင်းလင်းစွာ သိနေသည်။ စုဟောက်သည် သူ အချိန်အတော်ကြာအောင် ကြိုးပမ်းရှာဖွေခဲ့ရသည့် ကိုယ်စားလှယ်လောင်းဖြစ်သော်လည်း ယခုအခါ သူ၏ ကြိုးပမ်းအားထုတ်မှုများကို ဤအမျိုးသားက ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်သလော။
ဤဖြစ်စဉ်သည် သူ၏နှလုံးသားကို နာကြည်းမှုများဖြင့် ပြည့်နှက်စေသည်။ ပြီးနောက် စုရှန်နှင့် အိုက်ရှီတို့ကြားရှိ မြင်ကွင်းကို သတိပြုမိပြီးနောက် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း မကြာမီတွင် သူ၏မျက်လုံးများတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လာသည်။
သူသည် စုရှန်ကို တိတ်တဆိတ် ချဉ်းကပ်၍ ဦးညွှတ်လိုက်သည်။
“သခင်မလေးစုရှန်”
ဖိုခါနာမိသားစုတွင် စုရှန်၏အဆင့်အတန်းသည် သူ့ထက်သာလွန်သောကြောင့် လေးစားထိုက်သောဘွဲ့ရာထူးကို အသုံးပြုရသည်။ တိုရန်ကို တွေ့သောအခါ စုရှန်က နှာမှုတ်လိုက်သည်။
“ဘာလဲ”
တိုရန်က အရှေ့သို့ တိုးကာ၍ တီးတိုးပြောလိုက်သည်။
“သခင်မလေးစုရှန်၊ ခုနက ဖြစ်ပျက်ခဲ့တာတွေအကုန်လုံးကို ကျွန်တော် မြင်လိုက်ပါတယ်”
“ဟင်၊ ရှင်က ဘာကိုဆိုလိုချင်တာလဲ။ ရှင် အခု ကျွန်မကို လှောင်ပြောင်နေတာလား” စုရှန်၏ အမူအရာသည် ပို၍နက်မှောင်လာသည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး၊ သခင်မလေးစုရှန် နားလည်မှုလွဲနေပြီ။ ကျွန်တော်က သခင်မလေးကို ဘယ်လိုလုပ်လှောင်ပြောင်ရဲမှာလဲ ကျွန်တော်မှာ အသုံးဝင်တဲ့ အချက်အလက်အချို့ရှိနေလို့ လာခဲ့တာပါ” တိုရန်က ပြောလိုက်သည်။
တိုရန်သည် စုရှန်နှင့် ပို၍နီးကပ်လာကာ သူမ နားထဲသို့ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။ ထိုမှတစ်ဆင့် စုရှန်၏မျက်လုံးများ ပို၍တောက်ပလာခဲ့ရာ၊ နောက်ဆုံးတွင် သူမက ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ၊ ကျွန်မ နားလည်ပြီ ရှင် သွားတော့”
တိုရန်က ရယ်မောလိုက်သည်။
“ဟုတ်ကဲ့”
ပြီးနောက် သူ ဆုတ်ခွာသွားခဲ့သည်။ သို့သော် တိုရန်၏နှလုံးသားသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏နည်းဗျူဟာသည် အလွန်လိမ္မာပါးနပ်သည်ဟု ယုံကြည်နေသည့်အတွက် ယခုအခါ ရွှယ်အန်းသည် မည်သို့မျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် ကောင်စီခန်းမတစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါသွားကာ အလယ်ကြမ်းပြင်သည် အောက်ဘက်သို့ ပြိုကျလာ၍ ကြီးမားသော ခေါင်းတလားကြီးတစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ အားလုံး တိတ်ဆိတ်သွားကြသည်။
ခေါင်းတလားသည် လေထဲသို့ မြင့်တက်သွားသည်နှင့် ရုတ်တရတ် ထောင်မတ်လာ၍ အဖုံးပွင့်သွားလေသည်။ ထိုအခါ အတွင်းတွင် အရေပြားများ ခြောက်ကပ်နေသည့် အဘိုးအိုတစ်ဦးကို အားလုံး မြင်တွေ့လိုက်ရသည်။ အဘိုးအိုသည် လေထုနှင့်ထိတွေ့ပြီးသည်နှင့် ပိန်ကပ်နေသော ပါးပြင်များ တဖြည်းဖြည်း ပြည့်ဖောင်းလာတော့သည်။ သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများသည်လည်း လေထုဖြင့် တိုက်ထုတ်ခံရသကဲ့သို့ ပြည့်ဖြိုးလာသည်။
အဘိုးအိုသည် မျက်လုံးတစ်မှိတ်အတွင်းမှာပင် ဂုဏ်သိက္ခာရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ပြီးနောက် သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ၊ ဟင်းလင်းပြင်ကို ထိုးဖောက်သွားသကဲ့သို့ စူးရှသော အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။ သွေးမျိုးနွယ်ဝင်များအားလုံး မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြသည်။
“နှုတ်ခွန်းဆက်သပါတယ်၊ မျိုးနွယ်စုခေါင်းဆောင်”
မှန်သည်၊ နိုးထလာသော ဤအဘိုးအိုသည် ဒုတိယမျိုးဆက်၏ အစွမ်းထက် သွေးစုပ်ဖုတ်ကောင်ဖြစ်သည့် ဖိုခါနာမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်ချုံးစံ ဖိုကန်နာမှလွဲ၍ အခြားမဟုတ်ပေ။ ချုံးစံ ဖိုကန်နာသည် အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုပြီးနောက် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“ထကြပါ၊ ကျုပ်ရဲ့ မျိုးဆက်တွေ”
သွေးမျိုးနွယ်ဝင်များသည် တစ်ဦးပြီး တစ်ဦး မတ်တပ်ရပ်လာကြသည်။ ၎င်းတို့၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများ ထင်ဟပ်နေသည်။ အကြောင်းမူကား၊ ၎င်းတို့၏ မျိုးနွယ်စုခေါင်းဆောင်သည် အချိန်အတော်ကြာ အိပ်စက်ပြီးနောက် ခွန်အားများ အလွန်တိုးတက်လာကြောင်း ၎င်းတို့ သတိထားမိသွားသောကြောင့်ဖြစ်သည်။ သွေးမျိုးနွယ်စုတွင်၊ ဘိုးဘေးဘီဘင်၏ ကျင့်ကြံမှုအဆင့်များ တိုးတက်လာသောအခါ သားစဉ်မြေးဆက်များသည်လည်း အကျိုးကျေးဇူးများစွာရရှိကြသည်။ ထိုကြောင့် ၎င်းတို့အားလုံးသည် အလွန်ပျော်ခဲ့ကြသည်။ သို့သော် ထိုအချိန်တွင် အော်သံတစ်ခုကို ကြားလိုက်ရသည်။
“ဒီသောက်ကျိုးနည်း သွေးကျွန်၊ နင်ကများ ငါ့ကို ထိရဲရတယ်လို့"
အားလုံး အံ့အားသင့်သွားပြီးနောက် အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။ စုရှန်သည် သူမ နံနားရှိ ရွှယ်အန်းကို ဒေါသအပြည့်ဖြင့် အော်ငေါက်နေသည်။
အားလုံး၏အကြည့်များ သူမထံ ရောက်ရှိလာသောအခါ စုရှန်သည် နစ်နာသောအမူအရာဖြင့် ရွှယ်အန်းကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီစက်ဆုပ်ဖို့ကောင်းတဲ့ သွေးကျွန်က ခုနကတည်း ကျွန်မအနား လိုက်ကပ်ဖို့ ကြိုးစားနေခဲ့တာ။ သူက ဝမ်းကွဲအစ်မအိုက်ရှီရဲ့ သွေးကျွန်မို့လို့ ထပ်ခါထပ်ခါ သည်းခံနေတာတောင် အခု စည်းကျော်ပြီး ကျွန်မကို ခိုးချောင်ခိုးဝှက် လာထိနေတယ်”
ဤစကားများကြောင့် နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။ သွေးမျိုးနွယ်ဝင်အချို့က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သူ့ကိုသတ်ပစ်လိုက်"
“ဟုတ်တယ်၊ တခြားသွေးကျွန်တွေကို သတိပေးတဲ့အနေနဲ့ ဒီစက်ဆုပ်ဖို့ကောင်းတဲ့သွေးကျွန်ကို နမူနာအဖြစ် ပြောင်းပစ်လိုက်”
၎င်းတို့ကဲ့သို့ သွေးမျိုးနွယ်ဝင်များအတွက် သွေးကျွန်များသည် ပုရွက်ဆိတ်များထက် မပိုပေ။ ပြီးနောက် ၎င်းတို့မျိုးနွယ်စုထဲရှိ အမျိုးသမီးတစ်ယောက်နှင့် ပရောပရည်လုပ်ရဲသူကို လုံးလုံးလျားလျား သည်းခံနိုင်မည်မဟုတ်ပေ။ အိုက်ရှီ၏ မျက်နှာအမူအရာပင် ပြောင်းလဲသွားသည်။ စုရှန်သည် သူမ၏လှည့်ကွက်ကို ပါးနပ်စွာ ကစားခဲ့ပုံပေါ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ယခုအခါ မျိုးနွယ်စုခေါင်းဆောင်၏ရှေ့မှောက်တွင် ရောက်ရှိနေသောကြောင့်ဖြစ်သည်။
အမှန်တကယ်ပင် မျိုးနွယ်စုခေါင်းဆောင်ချုံးစံ၏ အမူအရာ နက်မှောင်လာကြောင်း မြင်တွေ့လိုက်ရပြီးနောက် သူသည် အေးစက်စွာ အော်ပြောလိုက်သည်။
“မောက်မာလွန်းတဲ့ သွေးကျွန် သေပေတော့”
သူသည် ထိုသို့ပြောပြီးနောက် ရွှယ်အန်းကို သွေးစွမ်းအင်လှိုင်းများဖြင့် တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ တိုရန်နှင့် စုရှန်တို့နှစ်ဦးစလုံးသည် ရွှယ်အန်း အဆုံးသတ်တော့မည်ဟု သေချာတွက်ချက်ထားသောကြောင့် ယုတ်ညံ့စွာ ပြုံးလိုက်ကြသည်။ သို့သော် ရွှယ်အန်းသည် ထိုအချိန်တွင် သူ၏လက်ကို ပေါ့လျော့စွာ ဝှေ့ယမ်းပြီးနောက် ရောက်ရှိလာသော သွေးအလင်းရောင်များကို ဖြိုခွင်းပစ်လိုက်သည်။
ပြီးနောက် သူသည် စုရှန်ကို ရွှတ်နောက်နောက် စိုက်ကြည့်၍ ပြောလိုက်သည်။
“ကျုပ်က ခင်ဗျားကို ခိုးချောင်ခိုးဝှက်နဲ့ ထိခဲ့တယ် ဟုတ်လား”