← Chapters

ရိတ်သိမ်းမှုစတင်ခြင်း

Vol. 58 Ch. 870

ရိတ်သိမ်းမှုစတင်ခြင်း

Vol. 58 Ch. 870

နေရာတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သွေးမျိုးနွယ်ဝင်များသည် ရွှယ်အန်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။ သူသည် မျိုးနွယ်စုခေါင်းဆောင်​၏ သွေးအလင်းရောင်ကို အမှန်တကယ် ဖြိုခွင်းနိုင်ခြင်းဖြစ်လေသလော။ ဤသွေးကျွန်တွင် မည်သို့သော နောက်ခံမျိုးရှိနေသနည်း။ စုရှန်သည် အနည်းငယ် ထိတ်လန့်သွားပြီးနောက် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူမသည် ဤ “သွေးကျွန်" ၏မေးခွန်းအောက်တွင် ကြောက်ရွံ့မှုများ ခံစားခဲ့ရကြောင်း သတိထားမိသွားသောကြောင့်ဖြစ်သည်။

ဤဖြစ်စဉ်သည် အလွန်မာနကြီးသော စုရှန်ကို သည်းမခံနိုင်ဖြစ်စေသောကြောင့် အေးစက်စွာအော်ဟစ်လိုက်သည်။

“စက်ဆုပ်ဖို့ကောင်းတဲ့ သွေးကျွန်၊ အိုက်ရှီကို တွယ်ကပ်နိုင်တာနဲ့ နင့်ကိုယ်နင် ဟုတ်လှပြီလို့ တကယ်ထင်နေတာလား။ နင် အခု သေရမယ်လို့ ငါ ပြောရင် နင် သေကို သေရလိမ့်မယ်”

စုရှန်သည် ထိုသို့ပြောနေစဉ် မျက်လုံးများ နီရဲ၍ ကြောက်မက်ဖွယ်ကောင်းသော အစွယ်များ ထွက်ပေါ်လာလျက် လက်ဖဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ ရိုက်နှက်မှုသည် စူးရှသော လက်သည်းများအဖြစ် ပြောင်းလဲသွားပြီးနောက် လေထုကိုပင် ဆုတ်ဖြဲကာ ရွှယ်အန်းဆီ ရောက်ရှိလာသည်။ အင်အားသည် အလွန်ပြင်းထန်သောကြောင့် ခန္ဓာကိုယ်ကို အပြင်းထန်ဆုံးသတ္တုဖြင့် ပြုလုပ်ထားလျှင်ပင် အပိုင်းပိုင်းကွဲထွက်သွားပေလိမ့်မည်။ စုရှန်​၏ မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ ပိုမိုပြင်းထန်လာ၍ နှလုံးသားထဲတွင် ဘဝင်ခိုက်စွာ တိတ်တဆိတ် လှောင်ရယ်လိုက်သည်။

သို့သော် သူမ၏ ဘဝင်ခိုက်မှုသည် ခဏအကြာတွင် အံ့ဩမှုများအဖြစ် ပြောင်းလဲသွားလေသည်။ ထိုရိုက်ချက်ကို ရင်ဆိုင်နေသော ရွှယ်အန်းသည် သူ​၏မျက်နှာကို လေညင်းများ ရိုက်ခတ်နေသကဲ့သို့ မလှုပ်မယှက် ပြုမူနေသောကြောင့်ဖြစ်သည်။ သွေးအလင်းရောင်များ သူ့အပေါ်ရောက်ချိန်မှသာ အသက်ပြင်းပြင်းရှူထုတ်၍ အော်ဟစ်လိုက်သည်။

“သွားစမ်းပါ”

ဘုံး

အသံလှိုင်းများ ကျယ်လောင်စွာ ပေါက်ကွဲထွက်လာသည်။ သွေးရောင်လှိုင်းများသည် နေရောင်အောက်တွင် နှင်းများ အရည်ပျော်သွားကဲ့သို့ ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားလေသည်။ နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သွေးမျိုးနွယ်စု၏ အားအနည်းဆုံးလျှင်ပင် ရွှယ်အန်းက သာမန်လူမဟုတ်ကြောင်း မြင်တွေ့နိုင်သောကြောင့်ဖြစ်သည်။ စုရှန်သည် လျင်မြန်စွာ ဆုတ်ခွာသွားပြီးနောက် သူမ၏ နှလုံးသားသည် တုန်လှုပ်ချောက်ချားသွားသည်။ ထိုလူသည် မည်သို့ကြောင့် ဤမျှကြောက်မက်ဖွယ်ကောင်းနေရသနည်း။

ပြီးနောက် အိုက်ရှီ​၏ နှုတ်ခမ်းထောင့်ရှိ ခပ်ဖျော့ဖျော့ အပြုံးကို သူမ သတိထားလိုက်မိသည်။ သူမ၏နှလုံးသားတွင် တုန်လှုပ်ချောက်ချားမှုများ ဖြတ်သန်းသွားပြီးနောက် အဆုံးတွင် အိုက်ရှီက ဤသွေးကျွန်ကို မနှိုးဆော်ရန် မည်သို့ကြောင့်ပြောခဲ့သည်ကို သူမ နားလည်သွားသည်။ သို့သော် စုရှန်သည် သွေးမျိုးနွယ်စု၏ မောက်မာမှုကြောင့် သွေးကျွန်တစ်ဦးထံတွင် ရှုံးနိမ့်ခြင်းကို လက်မခံနိုင်ပေ။ ထို့ကြောင့် သူမ​၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီးနောက် သူမသည် အသံအတားအဆီးကို ဆယ်ဆခွဲခန့် ဖြိုခွဲနိုင်သည့် အရှိန်အဟုန်ဖြင့် အရှေ့သို့ ချီတက်ကာ ရွှယ်အန်းကို လက်သီးဖြင့် ချက်ချင်း ထိုးနှက်လိုက်သည်။

လက်သီး၏အရှိန်သည် အလွန်ပြင်းထန်သောကြောင့် ဟင်းလင်းပြင်ကိုပင် ထိုးဖောက်သွားပုံရသည်။ သွေးမျိုးနွယ်စုတွင် ခွန်အားသည် လိင်ကွဲပြားမှုပေါ် မူတည်ခြင်းမဟုတ်ဘဲ သွေးမျိုးဆက်ကိုသာ ကြည့်ကြသည်။ မြင့်မြတ်သော သွေးမျိုးဆက်ရှိနေသရွေ့ ကြီးမားသော ခွန်အားကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ စုရှန်သည် အိုက်ရှီကဲ့သို့ တိုက်ရိုက်မျိုးဆက်မဟုတ်သော်လည်း ဖိုခါနာမိသားစု၏ အကိုင်းအခက် မိသားစဝင်တစ်ဦးဖြစ်သောကြောင့် အလွန်ထူးခြားဆဲဖြစ်သည်။

ထို့ကြောင့် သူမ၏လက်သီးချက်သည် ပျမ်းမျှ သွေးမျိုးနွယ်စုမြို့ဝန်လျှင်ပင် သည်းခံရန် ခက်ခဲပေသည်။ သွေးမျိုးနွယ်ဝင်များ​၏ မျက်နှာအမူအရာများ အနည်းငယ်ပြောင်းလဲသွားကြသည်။ အဆင့်အတန်းမြင့် အကြီးအကဲဖြစ်သည့် မျိုးနွယ်စုခေါင်းဆောင်ချုံးစံလျှင်ပင် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ စုရှန်၏ ခွန်အားသည် သွေးမျိုးနွယ်စု၏ မျိုးဆက်သစ်လူငယ်များကြားတွင် ထူးချွန်ပြောင်မြောက်ပေသည်။

သို့သော် ထိုကဲ့သို့ အစွမ်းထက်သော လက်သီးချက်ကို ရွှယ်အန်းက ပေါ့ပါးစွာ ရယ်မောလိုက်သည်။

“ဒါက မျိုးရိုးသန့်သွေးမျိုးနွယ်ဝင်ရဲ့ ခွန်အားတဲ့လား၊ နှေးလွန်းတယ်”

ဤသို့ဖြင့် ရွှယ်အန်းသည် စုရှန်၏ လက်သီးချက်ကို အချိန်မှီတားဆီးလိုက်သည်။ စုရှန်​၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။

“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး”

သူမ၏သွေးစွမ်းအင်များ မြင့်တက်လာ၍ ရွှယ်အန်း​၏ လက်ကို ဖြိုခွဲရန် ကြိုးစားလိုက်သည်။

ရွှယ်အန်းက ပြုံးလိုက်သည်။

“ကမ္ဘာပေါ်မှာ မဖြစ်နိုင်တဲ့အရာဆိုပြီးမရှိဘူး”

ဤသို့ဖြင့် သူသည် စုရှန်​၏ လက်ကို ဆွဲဆောင့်လိုက်သည်။ စုရှန်၏ လက်မောင်းတစ်ခုလုံး ပြုတ်ထွက်သွားလေသည်။ စုရှန်သည် နာကျင်မှုကြောင့် ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ရွှယ်အန်းသည် လက်နှစ်ဖက်ကို နောက်ကျောတွင် ပစ်လျက် မည်ကဲ့သို့ လှုပ်ရှားခဲ့သည်ကို မည်သူမျှ သေချာမသိနိုင်မီ စုရှန်​၏ အထက်သို့ ရောက်ရှိလာ၍ ပြင်းထန်စွာ နင်းချလိုက်လေသည်။

ဘုံး

တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ စုရှန်က မတုံ့ပြန်နိုင်မီ ရွှယ်အန်းသည် သူမကို မြေပြင်ပေါ်သို့ တောက်လျှောက်နင်းချလိုက်သည်။ ကောင်စီခန်းမတစ်ခုလုံး အနည်းငယ်တုန်ခါသွားသည်။ မာကျောသော ကျောက်တုံးကြမ်းပြင်တွင် ကြီးမားသော အပေါက်ကြီးတစ်ခုဖြစ်ပေါ်သွားလေသည်။ စုရှန်သည် ထိုအပေါက်ကြီး​၏ အောက်ခြေတွင် ငြီးတွားသံပင် မပြုလုပ်နိုင်ဘဲ အပိုင်းပိုင်း ပြတ်ထွက်သွား​၏။

ရွှယ်အန်းသည် လေထုထဲတွင် ပျံဝဲလျက် အံ့အားသင့်နေသော သွေးမျိုးနွယ်စုဝင်များအားလုံးကို ဖြတ်သန်းကြည့်ရှုကာ ပုလဲဖြူကဲ့သို့ သွားများ ပေါ်လွင်သည်အထိ အေးစက်စွာ ပြုံးလိုက်သည်။

“အားလုံးရောက်နေပြီ မဟုတ်လား။ ဒါဆိုရင် ရိတ်သိမ်းချိန်ရောက်ပြီပေါ့”

သွေးမျိုးနွယ်ဝင် အများအပြား၏ ခန္ဓာများ တုန်လှုပ်သွားခဲ့သည်။

“သူက သွေးကျွန်မဟုတ်ဘူး”

“သူ့ကိုသတ်ကြ”

အော်ဟစ်သံများ နေရာအနှံ့မှ ထွက်ပေါ်လာသည်။ ဒါဇင်နှင့်ချီသော သွေးမျိုးနွယ်ဝင်များသည် ဝေဟင်တွင် ပျံသန်းလျက် ရွှယ်အန်းကို ပြင်းထန်သော အင်အားဖြင့် တိုက်ခိုက်လာကြသည်။ အချိန်အတိုင်းအတာတစ်ခုအထိ၊ သွေးရောင်များစွာ သိပ်သည်းစွာ တောက်ပလာသည်။ ကောင်စီခန်းမတစ်ခုလုံးတွင် အရောင်အဝါမျိုးစုံဖြင့် ပြည့်နှက်သွားစေသည်။

သို့သော် ၎င်းတို့​၏ တစ်ခုတည်းသော ပစ်မှတ်သည် လေထုထဲမှာ ပျံဝဲနေသည့် ရွှယ်အန်းဖြစ်သည်။ တိုရန်သည်လည်း ရွှယ်အန်း၏ ခြေတစ်ဖက်တည်းဖြင့် စုရှန် သုတ်သင်ခံလိုက်ရသည့် မြင်ကွင်းကို မြင်လိုက်ရသဖြင့် ထိတ်လန့်နေသော အခြေအနေမှ အာရုံပြန်ကပ်လာသည်။ သူသည် ကောင်းကင်ယံတွင် တိုက်ခိုက်ခံနေရသော ရွှယ်အန်းကို မသေချာမရေရာမှုများဖြင့် စိုက်ကြည့်နေသည်။ ထိုလူ​၏ ခွန်အားသည် သူ​၏မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။

သို့သော် ယခုအခါ အရာအားလုံးပြီးဆုံးတော့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖိုခါနာမိသားစု၏ သန်မာသောမိသားစုဝင်များစွာအရှေ့တွင် သွေးမျိုးနွယ်​၏ အထက်တန်းလွှာအမျိုးသမီးတစ်ဦးကို မည်သူမျှ မသတ်ဖြတ်နိုင်သောကြောင့်ဖြစ်သည်။ သို့သော် သူ ထိုသို့တွေးနေချိန် မလှမ်းမကမ်းတွင်ရှိနေသော ဟော့အာသည် တိတ်တဆိတ် ဆုတ်ခွာနေကြောင်း ရုတ်တရက် မြင်တွေ့လိုက်ရသည်။ သူနှင့်အတူ ဆုတ်ခွာသွားသူသည် သခင်မလေးအိုက်ရှီဖြစ်သည်။

'ဘာတွေဖြစ်ကုန်တာလဲ။ သူတို့နှစ်ယောက်စလုံးက မတိုက်ခိုက်ဘဲ ဘာလို့ထွက်သွားရတာလဲ'

အထူးသဖြင့် ဤလူသည် ထိုကဲ့သို့ သောင်းကျန်းနေသော်လည်း အိုက်ရှီသည် အံ့အားသင့်နေသော မည်သည်အရိပ်အမြွက်မျှ မပြသခဲ့သည့်အပြင် သူမ၏ မျက်လုံးများသည် မည်သို့ကြောင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေရသနည်း။ ဤသည်မှာ တိုရန် နားမလည်နိုင်သည့် အချက်ဖြစ်သည်။

သို့သော် သူသည် ထိုအချိန်တွင် ရွှယ်အန်း၏ ပေါ့ပါးသော အသံကို ကြားလိုက်ရသည်။

“မလောပါနဲ့။ ဒီနေ့ ခင်ဗျားတို့ထဲကဘယ်သူမှ လွတ်မြောက်မှာမဟုတ်ဘူး”

ထိုသို့ပြောနေစဉ်တွင် ရွှယ်အန်းသည် သူ၏လက်ဖဝါးကို ဖြန့်၍ ဆန့်ထုတ်လိုက်သည်။ ဝင်လာသော သွေးရောင်လှိုင်းများ ရုတ်တရက် ဦးတည်ရာ ပြောင်းလဲသွား၍ သူ၏ လက်ဖဝါးထံ တိုးဝင်လာကြသည်။ ချက်ချင်းဆိုသလိုပင် ရွှယ်အန်း​၏လက်ဖဝါးတွင် သွေးရောင်ဓာတ်လုံးတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းသည် အရွယ်အစား မကြီးမားလှသော်လည်း ၎င်းတွင်ပါဝင်သော ကြောက်မက်ဖွယ်စွမ်းအင်ကြောင့် သွေးမျိုးနွယ်စုဝင်များအားလုံး တုန်လှုပ်သွားကြသည်။ ၎င်းတို့ကို ပို၍ ထိတ်လန့်စေသော အချက်သည် တိုက်ခိုက်မှုများကို မမြင်နိုင်သော အရာတစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည့် ရွှယ်အန်း​၏ စွမ်းအင်ဖြစ်သည်။

“တော်လိုက်တော့” အမျိုးသားတစ်ဦးက အော်ပြောလိုက်သည်။

သွေးမျိုးနွယ်ဝင်အားလုံး နောက်ပြန်ဆုတ်ကာ လက်နှစ်ဖက်ကို ဘေးဘက်တွင် ချထားလိုက်ကြသည်။ အသံပိုင်ရှင်သည် ၎င်းတို့၏ အလွန်လေးစားရသော မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည်။

ချုံးစံသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်၍ ရွှယ်အန်းကို စိုက်ကြည့်လိုက်သည်။

“လူသားမျိုးနွယ်စုက စွမ်းအားရှင်၊ မင်းမှာ ဘယ်လိုယုံကြည်မှုတွေရှိနေလို့ ဖိုခါနာမိသားစုဝင်မှာ တစ်ယောက်တည်း ပြဿနာရှာရဲတာလဲဆိုတာ ကျုပ် အရမ်းသိချင်ပေမယ့် ဒါက မင်း လုပ်ခဲ့ဖူးသမျှထဲမှာ အမိုက်မဲဆုံး ဆုံးဖြတ်ချက်ပဲဖြစ်လိမ့်မယ်”

ရွှယ်အန်းသည် လက်ထဲတွင်ရှိနေသော သွေးရောင်ဓာတ်လုံးကို အမူမထားစွာ ချိန်ဆနေသည်။

“အဲလိုလား၊ ဒါပေမယ့် ကျုပ်ကတော့ အဲလိုမထင်ဘူး။ ကျုပ်မျက်လုံးထဲမှာ ခင်ဗျားတို့က ဘာတွေလဲဆိုတာ သိကြလား”

“ဘာလဲ”

"ခင်ဗျားတို့က လယ်ကွင်းထဲမှာ ပေါက်နေတဲ့ စပါးပင်လိုပဲ၊ ကျုပ်ကတော့ ခင်ဗျားတို့ကို ရိတ်သိမ်းဖို့ တာဝန်ရှိတဲ့လူပေါ့" ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ဤစကားလုံးများသည် ချုံးစံ​၏ မျက်နှာကို ပြာနှမ်းသွားစေသည်။ စပါးက မည်သည်ဖြစ်သည်ကို သူ မသိသော်လည်း “ရိတ်သိမ်းခြင်း” ဟူသော စကားလုံးတွင် ပါဝင်သော စော်ကားမှုသည် ချုံးစံကို ဒေါသထွက်စေသည်။

“သေချင်နေတာ”

စကားပြောနေစဉ်တွင် ချုံးစံ​၏ မျက်လုံးများတွင် သွေးအရိပ်များ လင်းလက်လာသည်။ ခဏအကြာတွင် သူသည် အသံအတားအဆီးကို ချိုးဖျက်၍ ရွှယ်အန်းအရှေ့သို့ ရောက်ရှိလာကာ လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။

“ငါ့ရဲ့ အမည်နာမတော်အောက်မှာ အသက်ကြီးသွားစမ်း”

ရွှယ်အန်းဆီသို့ မီးခိုးရောင် အလင်းတန်းတစ်ခု ပျံသန်းလာသည်။ ၎င်းဖြစ်စဉ်ကို မြင်လိုက်ရသော သွေးမျိုးနွယ်ဝင်အားလုံးသည် ၎င်းဖြင့် အနည်းငယ်မျှ မထိဝံ့သောကြောင့် ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မျိုးနွယ်စုခေါင်းဆောင်ချုံးစံ၏ နာမည်ကြီး သိုင်းပညာဖြစ်၍ သွေးမျိုးနွယ်​စု ဘိုးဘေး​၏ အံ့ဖွယ်စွမ်းအင်ဖြစ်ပေသည်။

All Chapters