နီဖြူ အမွှာကြာပန်း ၊ နေရာမှာပဲ သတ်ဖြတ်ခြင်း
Vol. 59 Ch. 871
“ဒါ မင်းမှာ ရှိတာအကုန်ပဲလား၊ အရမ်းအားနည်းလွန်းတယ်”
ရွှယ်အန်း မျက်နှာထားသည် အေးစက်နေပြီး မည်သည့်ခံစားချက်မျှမပြဘဲ လက်တစ်ဖက်ကိုမြှောက်ကာ ဖမ်းဆုပ်လိုက်သည်။ ကျောက်စိမ်းဖြင့် ထွင်းထုထားသလိူ လှပသော ထိုလက်အစုံသည် မီးခိုးရောင်အလင်းတန်းကို အတိအကျ ဖမ်းဆုပ်လိုက်လေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ချုံးစံသည် ရွှယ်အန်းသေပြီဟု ထင်မှတ်ထားသောကြောင့် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။
ရှေ့းဘိုးဘေး၏ သက်ပြင်းချသံ ဆိုသော တိုက်ကွက်မှာ တားဆီး၍မရနိုင်သော သတ်ဖြတ်ခြင်း ကျင့်စဉ်တစ်ခုဖြစ်ပြီး တူညီသောအဆင့်ရှိသည့် ဒုတိယမျိုးဆက် သွေးမျိုးနွယ်ဝင်များပင်လျှင် အစွမ်းကုန် ရှောင်တိမ်းတက်ပြီး အနည်းငယ်မျှပင် အထိမခံရဲကြပေ။
သို့သော် ရွှယ်အန်းသည် ၎င်းကို ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက်သည်။
ထိုသည်မှာ ချုံးစံ၏ အမြင်အာရုံကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
ရွှယ်အန်းက ပေါ့ပါးစွာပြောလိုက်သည်။
“ငါမင်းဆီကို မင်းပေးတဲ့အတိုင်း ပြန်ပို့ပေးရမှာပေါ့”
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် လက်ကို အားကုန် လွှဲရိုက်လိုက်သည်။
မီးခိုးရောင် အလင်းလုံးသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ချုံးစံထံသို့ ပျံသန်းသွားသည်။
ချုံးစံအော်ဟစ်ကာ ရှောင်တိမ်းရန် ကြိုးစားသော်လည်း အရှိန်မှာ လွန်စွာ မြန်ဆန်လွန်းလှသည်။
သူသည် ဘေးသို့ပင် မရွေ့လျားနိုင်လိုက်ဘဲ မီးခိုးရောင် အလင်းလုံး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
တောက်ပသော အလင်းတန်းတစ်ခု လက်သွားပြီးနောက်...
လူလတ်ပိုင်းအရွယ် ချုံးစံသည် လျင်မြန်စွာ အိုမင်းရင့်ရော်လာသည်။
၎င်း မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်လာပြီး မျက်လုံးများလည်း မှိန်ဖျော့လာကာ ခါးများပင် ကိုင်းကျလာသည်။ မသိလျှင် တစ်စုံတစ်ယောက်သည် အမြန်နှုန်းခလုပ်ကို နှိပ်လိုက်သကဲ့သို့ ၎င်း၏ သေဆုံးခြင်းဆီသို့ လျှင်မြန်စွာ ဦးတည်သွားနေသည်။
ဤမြင်ကွင်းသည် သွေးမျိုးနွယ်ဝင် အများအပြားကို ကြောက်ရွံ့သွားစေသည်။ အထူးသဖြင့် မျက်နှာဖြူဖပ်ဖြူရော်နှင့် တုန်လှုပ်နေသော ထို့ရန်ကိုပင်ဖြစ်သည်။
ယခုအခါမှ ၎င်းတို့သည် ဟော့အာနှင့် သခင်မလေးတို့ နောက်ဆုတ်သွားကြသည့် အကြောင်းကို နားလည်သွားတော့သည်။ ၎င်းသည် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပေ။ မျိုးနွယ်စုခေါင်းဆောင်ပင်လျှင် သူ့ကို မယှဉ်နိုင်သည့် အနေအထားဖြစ်သည်။
ထိုအချိန် ချုံးစံသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထို့နောက် သူ၏ အိုမင်းနေသော ခန္ဓာကိုယ်
သည် စတင်ပြိုကွဲလာပြီး အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ခုသည် ခန်းမအတွင်း ပေါ်ထွက်လာသည်။
“ဒါက…”
သွေးမျိုးနွယ်ဝင်အများအပြား အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ကြီးမားသော သွေးရောင်အတောင်ပံနှစ်ခု ပေါ်ထွက်လာပြီး ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ အတွင်းရှိ ပုံသဏ္ဍာန် ထွက်ပေါ်လာသည်။ ယခုအခါ ချုံးစံသည် လူငယ်တစ်ဦးနှင့်တူနေပြီး အတောင်ပံများကို ဖြန့်ကားလျက် ရွှယ်အန်းကို မကျေနပ်မှုများဖြင့် ဒေါသကြီးစွာ ကြည့်နေသည်။
“ဒါက ခေါင်းဆောင်ကြီးရဲ့ ပုံစံအစစ်ပဲ”
သွေးမျိုးနွယ်ဝင်များ တအံ့တဩဖြစ်သွားကြသည်။
“လူသားမျိုးနွယ် အစွမ်းထက်ပုဂ္ဂိုလ်... မင်းက ငါ့ရဲ့ ပုံစံအစစ်ကို ထုတ်သုံးရလောက်တဲ့အထိ ဖိအားပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူသင့်တယ်၊ ဒါပေမဲ့ ကစားပွဲက ပြီးသွားပြီ၊ မင်းရဲ့ ခန္ဓာကိုယ်ကို ငါ့ရဲ့ အကောင်းဆုံး ဆုတံဆိပ်အဖြစ် သိမ်းထားရမယ်၊ မင်းရဲ့ ဝိညာဉ်ကိုတော့ တွင်းနက်ထဲကို ထာဝရ ကျရောက်သွားလိမ့်မယ်”
ချုံးစံသည် အံကြိတ်လျက် ပြောလိုက်သည်။ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးထလာပြီး ပုံစံအစစ်ကို ထုတ်သုံးရန် ဖိအားပေးခံရသဖြင့် ရွှယ်အန်း ကို အလွန်အမင်း မုန်းတီးမိသည်။
၎င်းသည် သူ၏ မူလစွမ်းအားကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ ထို့အပြင် သူသည် နောက်ထပ် နှစ်တစ်ရာခန့် ပြန်လည် ကုစားရန် အိပ်စက်ရဦးမည်ဖြစ်သည်။ ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
“မင်းပြောသလိုပဲ၊ ကစားပွဲက အခုပြီးသင့်ပြီ”
ထိုသို့ပြောပြီးနောက် ရွှယ်အန်း၏ မျက်လုံးများမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ကမ္ဘာမြေကို တုန်ခါစေသော အရှိန်အဝါတစ်ခုသညလ ကောင်းကင်သို့ ထိုးတက်သွားသည်။
ထို့နောက် သူ့ပတ်လည်တွင် အနီနှင့် အဖြူရောင်များ ရောယှက်နေသော ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပေါ်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်းပင် ၎င်းတို့သည် ကောင်စီခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အနီနှင့် အဖြူရောင် ရောစပ်ထားသော ကြာပန်းများ ပေါ်ထွက်လာသည်နှင့် ချုံးစံလည်း ချက်ချင်း ကြောင်အသွားသည်။ ထို့နောက် သူ၏ တစ်ကိုယ်လုံး ထိန်းချုပ်မရအောင် တုန်ရီလာပြီး သူ့ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။
အဘယ်ကြောင့်ဆို ဤရိုးရှင်းပုံရသော ကြာပန်းများထဲတွင် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သော စွမ်းအင်တစ်ခု ရှိနေသည်ကို သူခံစားမိသောကြောင့်ဖြစ်သည်။
အထူးသဖြင့် ဤစွမ်းအင်သည် သွေးမျိုးနွယ်၏ မူလစွမ်းအားအတွက် ရန်သူဖြစ်ပုံရသည်။
ထို့ကြောင့် သူသည် ကြောက်လန့်တကြား ဖြစ်နေမိသည်။ အခြား သွေးမျိုးနွယ်ဝင်များမှာလည်း မလှုပ်ရှားနိုင်တော့သည်အထိ ခြိမ်းခြောက်ခံထားရသည်။
ချုံးစံတစ်ယောက်သာ အနည်းငယ် လှုပ်ရှားနိုင်သော်လည်း ကြောက်လန့်နေသဖြင့် ထပ်မကြည့်ရဲတော့ပေ။ သူသည် လျင်မြန်စွာ လှည့်ထွက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးနီရောင် အလင်းတန်းများဖြင့် တောက်ပနေသော အာကာသတံခါးပေါက်တစ်ခုမှာ လေထဲတွင် ပေါ်လာပြီး ထွက်ပြေးရန် ကြိုးစားလေသည်။
သို့သော် ရွှယ်အန်းက သူ့ကို လွတ်မြောက်ခွင့် မပေးနိုင်ပေ။
“မင်း အဖမ်းမခံဘဲ ဘာလို့ အလကားအားကုန်ခံပြီး ရုန်းကန်နေရတာလဲ”
ရွှယ်အန်း မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် လက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး သွေးတံခါးပေါက်ကို ဖြိုခွင်းလိုက်သည်။
“မဟုတ်ဘူး”
ချုံးစံသည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်ပြီး အတောင်ပံများကို ပြင်းထန်စွာ ခတ်ကာ အသံထက်ပင် အဆပေါင်းတစ်ရာ ပိုမြန်သောနှုန်းဖြင့် ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် ရွှယ်အန်းက ပိုမြန်သည်။
ချုံးစံပျောက်ကွယ်သွားခါနီး ဆဲဆဲတွင် ရွှယ်အန်းသည် သူ့နောက်သို့ ရောက်လာပြီး ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။
“မင်းက ပူးပေါင်းဆောင်ရွက်မှု မရှိဘူးပဲ၊ ဒါဆို မင်းကနေပဲ စကြတာပေါ့”
သူ့ စကားဆုံးသည်နှင့် နီဖြူရောင် ကြာပန်းတစ်ပွင့်သည် ချုံးစံ၏ ခေါင်းပေါ်တွင် ပေါ်လာပြီး အနီနှင့် အဖြူရောင် မီးတောက်များမှာ သူ့ကို ချက်ချင်း ဝါးမြိုလိုက်သည်။
“အား.. အား.. အား.. သခင်ကြီး၊ ကျွန်တော်မှားပါတယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
ရွှယ်အန်းသည် မီးတောက်များကြားတွင် နာကျင်စွာ ရုန်းကန်နေရသော ချုံးစံကို ကြည့်ပြီး မလှုပ်မယှက်ဘဲ ကြောင်အနေကြသော သွေးမျိုးနွယ်ဝင်များကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။
“စိတ်မကောင်းပေမဲ့ သတ်ဖြတ်ပွဲက စပြီ”
ထိုသို့ပြောပြီး ရွှယ်အန်း လက်ကို ဝှေ့ယမ်းလိုက်သည်။
နီဖြူရောင် ကြာပန်းအများအပြားသည် ကြီးမားသော မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ခန်းမထဲရှိ သွေးမျိုးနွယ်ဝင်အားလုံးကို ဝါးမြိုလိုက်သည်။
ဟော့အာ၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်ကာ ကြောက်လန့်တကြား ဖြစ်နေသည်။
သို့သော် သူ့ ဘေးနားရှိ အိုက်ရှီမှာမူ ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝမရှိဘဲ ၎င်း မျက်လုံးများတွင် စိတ်လှုပ်ရှားမှုနှင့် လေးစားမှုများ ပြည့်နှက်နေသည်။
“လှလိုက်တဲ့ မီးပန်းတွေပဲ”
ထိုသည်ကို ကြားသောအခါ ဟော့အာ ငိုလုမတတ်ဖြစ်သွားသည်။
"သခင်ကြီး... ကျွန်တော်ပါ၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါခင်ဗျာ"
ရွှယ်အန်း တစ်ချက်ကြည့်လိုက်ရာ မီးပင်လယ်သည် ၎င်းတို့ရှိရာ ထောင့်ကို ရှောင်ကွင်းသွားသည်။
ကျန်ရှိသော ကောင်စီခန်းမတစ်ခုလုံးမှာမူ မီးပင်လယ်ကြီး ဖြစ်သွားတော့သည်။
အနီနှင့် အဖြူရောင် မီးတောက်များအောက်တွင် သွေးမျိုးနွယ်ဝင်များသည် ခုခံနိုင်စွမ်းမရှိဘဲ နာကျင်စွာ အော်ဟစ်ရုန်းကန်ရုံသာ တတ်နိုင်ကြသည်။
ခဏအကြာတွင်...
အော်ဟစ်သံများ ရပ်စဲသွားသည်။
မီးတောက်များလည်း ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။
ခန်းမထဲတွင် ပြည့်နှက်နေခဲ့သော သွေးမျိုးနွယ်ဝင်များ အားလုံးလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။
၎င်းတို့၏ နေရာတွင် သွေးပုလဲများမှာ လေထဲ၌ ပေါလောပေါ်နေသည်။
အတောက်ပဆုံးမှာ ဖိုခနမိသားစု ခေါင်းဆောင်ဖြစ်သူ ချုံးစံ၏ သွေးပုလဲဖြစ်သည်။
ဟော့အာ သည် ကြယ်များကဲ့သို့ ပြန့်ကျဲနေသော သွေးပုလဲများကို ကြည့်ပြီး စကားမပြောနိုင်အောင် ဖြစ်နေသည်။
သို့သော် အိုက်ရှီ၏ မျက်လုံးများမှာမူ ပို၍တောက်ပလာသည်။
ရွှယ်အန်း ပြောသော ရိတ်သိမ်းခြင်း ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်းဆိုသည်ကို သူမ အဆုံးတွင် နားလည်သွားပြီဖြစ်သည်။
သို့သော် သူမ မကြောက်ရွံ့ခဲ့ပေ။
ထိုအစား သူမ၏ တစ်ကိုယ်လုံး တုန်လှုပ်သည်အထိ စိတ်လှုပ်ရှားနေခဲ့သည်။
“အရမ်းလှတာပဲ! ဒါကမှ တကယ့် စွမ်းအားအစစ်”
ရွှယ်အန်း လက်ကို ဆန့်လိုက်ရာ ကောင်းကင်ပေါ်မှ သွေးပုလဲများသည် သူ့ထံသို့ စုပြုံရောက်ရှိလာကြသည်။
“မဆိုးဘူးပဲ၊ ဒါပေမဲ့ လုံလောက်ဖို့တော့ လိုသေးတယ်”
ရွှယ်အန်း၏ စွမ်းအားသည် ယခင်ကနှင့်မတူတော့သဖြင့် သူကမ္ဘာမြေပေါ်တွင် လုပ်ခဲ့သလိုမျိုး ယန်အာအား သွေးပုလဲများကို အစိမ်းလိုက် မျိုချခိုင်းမည် မဟုတ်ပေ။
ရွှယ်အန်းသည် သွေးပုလဲများကို လုံလောက်အောင် စုဆောင်းပြီးနောက်မှ ယန်အာ၏ ချိတ်စည်းကို ဖြေရှင်းရန် ကောင်းကင်အဆင့် ဆေးဝါးဖော်စပ်ရန် စီစဉ်ထားသည်။
ထိုအချိန်တွင်...
ရွှယ်အန်းသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး အာကာသ ဟင်းလင်းပြင် တစ်နေရာသို့ စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ တောက်ပလာပြီး သူ့နတ်အာရုံဖြင့် ဖွဲ့စည်းထားသော ချိဓားတစ်လက်သည် အာကာသ ဟင်းလင်းပြင်ကို ပိုင်းဖြတ်လိုက်သည်။
“ဖူး”
ဟင်းလင်းပြင်ထဲမှ အသံသဲ့သဲ့ ထွက်ပေါ်လာပြီး ပေါက်ကွဲသံနှင့်အတူ တစ်စုံတစ်ခုမှာလည်း ပျက်စီးသွားကာ အစအနမကျန် ပျောက်ကွယ်သွားသည်။
ရွှယ်အန်းသည် သဘောကျစွာ ကြည့်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"မင်းပြေးတာ တော်တော်မြန်သားပဲ၊ ဒီတစ်ခါတော့ မင်းကို လွှတ်ပေးလိုက်မယ်၊ နောက်တစ်ခါကျရင်လည်း မင်းဒီလိုပဲ ကံကောင်းပါစေလို့ မျှော်လင့်ပါတယ်”