အားလုံးက တန်းတူညီမျှပဲ
Vol. 59 Ch. 874
"ဒါသာ တကယ်ပဲ အဓိကသွေးကမ္ဘာရဲ့ အကြီးအကဲတစ်ယောက်ရဲ့ လက်ချက်ဆိုရင်တော့ ငါတို့ ဒုက္ခကြီးကြီးရောက်ပြီ"
"ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို တားရမယ်၊ သွေးမျိုးနွယ်ဝင်တွေက နယ်စား ဒါမှမဟုတ် ဒီထက်မြင့်တဲ့ အဆင့်ကို ရောက်သွားပြီဆိုရင် သူတို့ရဲ့ စွမ်းအားကို တိုးမြှင့်ဖို့အတွက် လတ်ဆတ်တဲ့သွေးကို သောက်စရာ မလိုတော့ဘူး၊ ဒီမကောင်းတဲ့ အရာအားလုံးက ဆွေးမြေ့ပြီး ရွံရှာဖွယ်ကောင်းတဲ့ မွန်မြတ်သောဓလေ့ ဆိုတာတွေကနေ မြစ်ဖျားခံလာတာပဲ"
အယ်ဒီလာက မျှော်လင့်ချက်မဲ့နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ဝင်နီသည် အခက်တွေ့နေသော အယ်ဒီလာကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။
"ခေါင်းဆောင်၊ ဒီမှာပဲ အမိန့်ပေးပါ..၊ ကျန်တာကို ကျွန်မ ဖြေရှင်းပါရစေ"
ထိုစကားကို ကြားသောအခါ အယ်ဒီလာသည် ကျောက်စိမ်းရုပ်တုသဖွယ် ကျက်သရေရှိစွာ ရပ်နေသော သူ၏ လက်အောက်ငယ်သားကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ခေါင်းခါလိုက်သည်။
"ရပါတယ် ဝင်နီရယ်၊ မင်း ငါ့ကို စိတ်ပူနေတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ငါတို့ လျှို့ဝှက်အဖွဲ့အစည်းရဲ့ ဆောင်ပုဒ်တွေကို မင်းမေ့သွားပြီလား"
ဝင်နီခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မာကြောသော လေသံဖြင့် ပြောလိုက်သည်။
"အားလုံးက တန်းတူညီမျှဖြစ်ရမယ်"
အယ်ဒီလာက ဝင်နီ၏ ပခုံးကို ပုတ်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"အားလုံးက တန်းတူညီမျှဖြစ်တယ်ဆိုရင် ခေါင်းဆောင်ဖြစ်တဲ့ငါက ဒီလိုအချိန်မှာ ဘယ်လိုလုပ် ရှောင်နေလို့ရမလဲ"
"ဒါပေမဲ့..."
ဝင်နီ၏ ရင်ထဲတွင် ငြင်းဆန်ချင်မိသည်။
အယ်ဒီလာသည် လက်ကာပြလိုက်ပြီး သက်ပြင်းချလိုက်သည်။
"ဒါက ထောင်ချောက်တစ်ခုဆိုတာ ထင်ရှားနေရင်တောင် ငါကံစမ်းကြည့်ရမယ်၊ မဟုတ်ရင်... ငါတို့ လျှို့ဝှက်အဖွဲ့ရဲ့ ဆောင်ပုဒ်က အနှစ်သာရမရှိတဲ့ စကားလုံးသက်သက်ပဲ ဖြစ်သွားလိမ့်မယ်"
ဝင်နီသည် ခေါင်းငုံ့ကာ တိတ်ဆိတ်သွားသည်။
အယ်ဒီလာက စာကြည့်ခန်း၏ မျက်နှာကြက်ထက်တွင် ချိတ်ဆွဲထားသော ကြီးမားလှသည့် ကြယ်တာရာမြေပုံကို မော့ကြည့်လိုက်ပြီး လေးပင်စွာ ပြောလိုက်သည်။
"ဝင်နီ... သွေးမျိုးနွယ်ကို ပြောင်းလဲဖို့ ငါဘာလို့ ဒီလောက် ကြိုးစားအားထုတ်နေရတာလဲဆိုတာ မင်းသိလား"
"သွေးမျိုးနွယ်အနေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ စကြာ၀ဠာမှာ နေရာတစ်ခု ရချင်တယ်ဆိုရင် ငါတို့ကိုယ်ငါတို့ အရင်ဆုံး ပြောင်းလဲရမယ်၊ မဟုတ်ရင် အားလုံးက အလကားပဲ၊ ပြီးတော့ ဒါက သွေးမျိုးနွယ်အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ၊ ဒီလိုမှမဟုတ်ရင် ငါတို့မျိုးနွယ် လုံးဝ မျိုးသုဉ်းသွားနိုင်တယ်"
ဝင်နီအံ့ဩစွာဖြင့် မော့ကြည့်လိုက်သည်။
"ခေါင်းဆောင် ဘာလို့ ဒီလိုပြောရတာလဲ"
Adela၏ မျက်ဝန်းများ တုန်ခါသွားပြီး ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
"နှစ်ပေါင်းများစွာ ကြာလာတာနဲ့အမျှ သွေးမျိုးနွယ်က သွေးကြွေးတွေ အများကြီး တင်နေခဲ့ပြီ၊ ပြိုင်ဘက်ကင်း အစွမ်းထက်သူတစ်ယောက်သာ ပေါ်လာခဲ့မယ်ဆိုရင် သွေးမျိုးနွယ်အတွက် စောင့်ကြိုနေမှာက ကပ်ဘေးကြီးကလွဲလို့ တခြားမဖြစ်နိုင်ဘူး"
ဝင်နီသည် ကြယ်တာရာများကို မော့ကြည့်နေသော အထီးကျန်ဆန်နေသည့် ထိုအမျိုးသားကို ငေးကြည့်ကာ ရုတ်တရက် လည်ချောင်းထဲတွင် တစ်ဆို့လာသလို ခံစားလိုက်ရသည်။
သူ့ပခုံးပေါ်မှာ တာဝန်တွေ ဘယ်လောက်တောင် ထမ်းထားရတာလဲ...
ဝမ်းနည်းစရာကောင်းသည်မှာ သူ့လူမျိုးများကတောင် သူ့ကို နားမလည်ကြဘဲ မုန်းတီးနေကြခြင်းဖြစ်သည်။
ဒါက ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ...
စာကြည့်ခန်းသည် တိတ်ဆိတ်ငြိမ်သက်နေချိန်တွင်...
ရုတ်တရက် ...
သွေးရောင်အလင်းတန်း ၁၂ ခု တောက်ပနေသော စာတစ်စောင်သည် Adelaဆီသို့ လျင်မြန်စွာ ပျံသန်းလာသည်။
အယ်ဒီလာ၏ စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားသည်။
အဘယ့်ကြောင့်ဆို ၎င်းအပေါ်ရှိ သွေးရောင်အလင်းတန်း ၁၂ ခုကြောင့် ဤစာသည် အမြင့်ဆုံးအဆင့်ရှိသော စာဖြစ်ကြောင်း ဖော်ပြနေခြငခးကြောင့်ဖြစ်သည်။
ကမ္ဘာပျက်မတတ် အရေးကြီးသော အဖြစ်အပျက်များအတွက်သာ ထိုကဲ့သို့ အရေးပေါ် လျှို့ဝှက်အမှတ်အသားကို အသုံးပြုရမည်ဟု အယ်ဒီလာက အမိန့်ထုတ်ဖူးသည်။
အယ်ဒီလာသည် စာကို ဆွဲယူပြီး ဆုတ်ဖြဲဖွင့်လိုက်သည်။
သူ့ဘေးတွင် ရပ်နေသော ဝင်နီလည်း လေးနက်သော အမူအရာဖြစ်သွားသည်။
ထိုကဲ့သို့ အရေးပေါ်စာတစ်စောင်၏ အရေးပါမှုကို သူမ ကောင်းကောင်းသိသည်။
ဘာတွေဖြစ်နေတာလဲ
ရှေးဟောင်းသွေးမျိုးဆက် တစ်ယောက် ပြန်လာတာများလား...
ဝင်နီ၏ စိတ်ထဲတွင် သံသယနှင့် မရေရာမှုများက လည်ပတ်နေသည်။
အယ်ဒီလာသည် စာကို ဖတ်ပြီးသောအခါ မျက်လုံးများကို မှိတ်လိုက်ပြီး နက်နက်နဲနဲ တွေးတောနေသည်။
ဝင်နီသည် သူ့ကို မနှောင့်ယှက်ရဲဘဲ ဘေးတွင်သာ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။
အတော်ကြာမှ...
အယ်ဒီလာသည် ခါးသီးသော အပြုံးဖြင့် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး စာကို ဝင်နီထံ ကမ်းပေးလိုက်သည်။
"ဖတ်ကြည့်လိုက်ဦး"
ဝင်နီက စာကို လှမ်းယူလိုက်သည်။
သူမတွင် အယ်ဒီလာကဲ့သို့ ထူးကဲသော စာဖတ်စွမ်းရည် မရှိသဖြင့် ဖြည်းဖြည်းချင်းသာ ဖတ်ရှုရသည်။
စာထဲရှိ အချက်အလက်များမှာ ရိုးရှင်းသော်လည်း ဖတ်ရှုနေရင်း သူမ၏ မျက်နှာ တဖြည်းဖြည်း ဖြူဖျော့လာသည်။
ဝင်နီဖတ်ပြီးသောအခါ ထိတ်လန့်တကြား မေးလိုက်သည်။
"ဒါက... ဒါက တကယ်ပဲလား"
အယ်ဒီလာက သက်ပြင်းချကာ
"ဒါတွေက အပြင်ဘက် သွေးကမ္ဘာမှာ ထားထားတဲ့သူတွေ ပို့လိုက်တဲ့ သတင်းတွေပဲ၊ လုံးဝ စိတ်ချရတယ်"
"ဒါပေမဲ့..."
ဝင်နီက တံတွေးကို ခဲယဉ်းစွာ မျိုချလိုက်သည်။
"ရက်ပိုင်းလေးအတွင်းမှာ အပြင်ဘက် သွေးကမ္ဘာက မိသားစုတွေ အကုန်လုံးကို မြေလှန်ပစ်နိုင်တဲ့သူ တကယ်ရှိလို့လား"
သူမ ဤမျှ ထိတ်လန့်နေရခြင်းမှာ စာထဲတွင် ပါသော အကြောင်းအရာများသည် ယုံနိုင်စရာမရှိလောက်အောင် ဖြစ်နေသောကြောင့်ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ် လူငယ်တစ်ဦးသည် မည်သည့်နေရာကမှန်းမသိ ပေါ်လာပြီး သူရောက်လာသည်နှင့်တပြိုင်နက် အပြင်ဘက် သွေးကမ္ဘာ၏ နံပါတ်တစ် ဖိုခနမိသားစုကို ဖျက်ဆီးပစ်လိုက်သည်။
နောက်ရက်များတွင် ထိုလူငယ်သည် ရှေ့သို့ တရစပ် ချီတက်သွားပြီး သွေးမျိုးနွယ် တစ်ခုပြီးတစ်ခုကို ဖုန်မှုန့်အဖြစ် ချေမှုန်းပစ်ခဲ့သည်။
ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် မည်သူမျှ သူ့ကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။
အပြင်ဘက် သွေးကမ္ဘာ၏ အင်အားသည် အတွင်းပိုင်း သွေးကမ္ဘာလောက် မရှိသော်လည်း လျှော့တွက်၍ မရကြောင်း သိထားရမည်။
လူတစ်ယောက်တည်းက မိုးနှင့်မြေကို ပြောင်းပြန်လှန်ပစ်နိုင်သည်မှာ စဉ်းစား၍ပင် မရနိုင်ပေ။ ဝင်နီဘယ်လိုလုပ် မလန့်ဘဲ နေနိုင်ပါ့မလဲ...
အယ်ဒီလာ၏ မျက်ဝန်းများ တုန်ရီသွားပြီး ခေါင်းငုံ့ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
သူ တစ်ခုခုကို စဉ်းစားနေချိန်တွင် ဤကဲ့သို့ အမူအရာ ရှိတတ်သည်ကို ဝင်နီသိသောကြောင့် အသက်ပြင်းပြင်းပင် မရှူရဲပေ။
ရုတ်တရက် အယ်ဒီလာခေါင်းမော့လာပြီး ဝမ်းနည်းမှုနှင့် ဝမ်းသာမှု ရောပြွမ်းနေသော မျက်နှာထား ပေါ်လာသည်။
"ငါမမှားဘူးဆိုရင်... ဒါက သွေးမျိုးနွယ်အတွက် ဝမ်းနည်းစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မယ်၊ ငါတို့ ကျော်ဖြတ်နိုင်ပါစေလို့ပဲ မျှော်လင့်မိတယ်"
အယ်ဒီလာခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
ဝင်နီသေချာမကြားလိုက်သဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။
"ခေါင်းဆောင် ဘာပြောလိုက်တာလဲ"
"အော်... ဘာမှမဟုတ်ပါဘူး၊ ပြင်ဆင်ထားလိုက်၊ သွေးယဇ်ပူဇော်ပွဲ မတိုင်ခင် အဓိက မိသားစုကြီးသုံးခုဆီ ငါတို့ သွားရမယ်"
"ဟုတ်ကဲ့"
ထိုအချိန်တွင် Adelaသည် တည်ငြိမ်မှုကို ပြန်ရနေပြီဖြစ်ပြီး နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခုပင် ပေါ်လာသည်။
"နောက်ပြီးတော့ ဒီသတင်းကို နေရာအနှံ့ ပျံ့သွားအောင် လုပ်လိုက်၊ မှတ်ထားနော်...ပိုပြီး ဆန်းကြယ်လေ ကောင်းလေပဲ"
အယ်ဒီလာအဘယ်ကြောင့် ဤသို့ခိုင်းစေသလဲဆိုတာ ဝင်နီနားမလည်သော်လည်း သူမက နာခံစွာဖြင့် ပြောလိုက်သည်။
"နားလည်ပါပြီ"
ထို့နောက် သူမ ပြင်ဆင်ရန် လှည့်ထွက်သွားသည်။
အယ်ဒီလာထိုနေရာတွင် ရပ်နေပြီး သူ၏ မျက်ဝန်းများသည် မသိမသာ တုန်ခါနေသည်။
"မင်းတို့ မာနကြီးပြီး ဆွေးမြေ့နေတဲ့ အထက်တန်းစား သွေးမျိုးဆက်တွေ... ဒီသတင်းကို ကြားရင် မင်းတို့ သေချာပေါက် ယုံမှာမဟုတ်ဘူး၊ ငါထင်တာမမှားရင် ဒီသတင်းတွေကို လျှို့ဝှက်အဖွဲ့အစည်းက ဖြန့်တယ်ဆိုတာ သိလိုက်တာနဲ့ မင်းတို့က လှောင်ပြောင်ရယ်မောပြီး တုံ့ပြန်ဖို့တောင် ပျင်းနေကြလိမ့်မယ် မဟုတ်လား"
ထိုသို့ပြောပြီးနောက် အယ်ဒီလာအေးစက်စွာ ရယ်မောလိုက်ပြီး လှည့်ထွက်ကာ သူ၏ စားပွဲဆီသို့ ပြန်သွားပြီး ပြက္ခဒိန်၏ ယနေ့ရက်စွဲပေါ်တွင် စာတစ်ကြောင်း ရေးလိုက်သည်။
"ယုံကြည်မှုကြောင့် အင်မော်တယ်ဖုစ်ရတယ်၊ အကြွေးတွေကြောင့်ပဲ ပြန်လာရတယ်"
မကြာမီ အပြင်ဘက် သွေးကမ္ဘာတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် လျှို့ဝှက်အဖွဲ့၏ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေမှုကြောင့် ဤကမ္ဘာအနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
သတင်းဖြန့်ဝေရာတွင် လျှို့ဝှက်အဖွဲ့က သတင်းကို ချဲ့ကားပြောဆိုခဲ့သောကြောင့် ဇာတ်လမ်းသည် မရေမတွက်နိုင်သော ပုံစံအမျိုးမျိုး ကွဲပြားသွားသည်။
ကောလာဟလအချို့ဆိုလျှင် အနက်ရောင်ဝတ် လူငယ်သည် ဧရာမ နဂါးကြီးကို စီးနင်းလျက် အပြင်ဘက် သွေးကမ္ဘာတစ်ခုလုံးကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်ဟုပင် ပြောဆိုကြသည်။
ထိုသို့သော ကောလာဟလများသည် မိသားစုများစွာကို လှောင်ပြောင်စေခဲ့ပြီး အခြေအမြစ်မရှိ၊ ဖြစ်နိုင်ချေမရှိဟု သတ်မှတ်ခဲ့ကြသည်။
အတွင်းပိုင်း သွေးကမ္ဘာရှိ ထိပ်တန်း မိသားစုကြီးသုံးခုသည် ထိုကိစ္စကို မည်သည့်တုံ့ပြန်မှုမှ မပြုဘဲ ပယ်ချလိုက်သည်။
ထိုသို့ အသေးအဖွဲ ကောလာဟလများသည် သူတို့ တစ်ချက်ကြည့်ရန်ပင် မတန်ဟု ခံစားခဲ့ကြသည်။
Ino ရဲတိုက်...
Inor Condi သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီလို ကွက်ကွက်ကွင်းကွင်းရှိတဲ့ ဇာတ်လမ်းမျိုးကို ဖန်တီးနိုင်တဲ့ လျှို့ဝှက်အဖွဲ့က ကောင်တွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ငါ တကယ်လေးစားတယ်ကွာ၊ သနားစရာပဲ... ငါတို့ ယုံမယ်လို့ အယ်ဒီလာက တကယ်ပဲ ထင်နေတာလား"
Ino မိသားစု၏ အကြီးဆုံးသား ဖြစ်သည့်အတွက် ဤကောလာဟလများ၏ အရင်းအမြစ်ကို စစ်ဆေးရန်မှာ လွယ်ကူသော အလုပ်တစ်ခုဖြစ်သည်။
ထို့ကြောင့် ကောလာဟလများကို လျှို့ဝှက်နည်းပညာအဖွဲ့က ဖြန့်ဝေကြောင်း သူ လျင်မြန်စွာ သိရှိခဲ့ပြီး ထို့ကြောင့်ပင် သူ အောင်နိုင်သူပုံစံဖြင့် ရယ်မောနေခြင်း ဖြစ်သည်။