သေစေနိုင်သော ထောင်ချောက်
Vol. 59 Ch. 875
"ဒီကိစ္စက ပူးပေါင်းကြံစည်မှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ကျွန်မဘာလို့ အမြဲခံစားနေရတာလဲ၊ အယ်ဒီလာက သာမန်လူမဟုတ်ဘူးဆိုတာ ရှင်သိရမယ်လေ"
Inor Condin ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မင်းသမီးတစ်ပါးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဟဲဟဲ... ငါ့ရဲ့ ချစ်လှစွာသော ညီအစ်မဝမ်းကွဲ Clementine ရေ... အဲ့ဒါက အယ်ဒီလာရဲ့ ပူးပေါင်းကြံစည်မှုဆိုရင်တောင် ဘာဖြစ်လဲ၊ အကြွင်းမဲ့ အင်အားကြီးမားမှုရဲ့ ရှေ့မှောက်မှာတော့ ကြံစည်မှုတွေအားလုံးက အမှားတွေပဲ"
Inor Condin က ယုံကြည်မှုအပြည့်ဖြင့် ပေကာလိုက်သည်။
Hilary မျိုးနွယ်စုမှ Clementine သည် စိတ်မသန့်ဖြစ်နေဆဲပင် ဖြစ်သော်လည်း
အဆုံးတွင်တော့ လက်ခံလိုက်ရသည်။
အမှန်တော့လည်း Inor Condin ပြောသည်မှာ အမှန်ပင်ဖြစ်သည်။
"ပြီးတော့ မကြာခင် အယ်ဒီလာရ ငါတို့ကို ဒုက္ခပေးမှာကို ပူစရာမလိုတော့ဘူး"
Inor Condin က ဂရုမစိုက်သည့်ပုံစံဖြင့် ပြောလိုက်သည်။
"အိုး... ဘာလို့ အဲ့လိုပြောတာလဲ သူ သွေးယဇ်ပူဇော်ပွဲကို မလာရင်ရော"
"ဟား.. သူ ဒီသွေးယဇ်ပူဇော်ပွဲကို လာတယ်ဖြစ်ဖြစ် မလာဘူးဖြစ်ဖြစ် သူက သေလူပဲ၊ အယ်ဒီလာသာ မလာခဲ့ရင် သူတစ်ကိုယ်တည်း တည်ထောင်ထားတဲ့ လျှို့ဝှက်အဖွဲ့ကြီးက ချက်ချင်း ပြိုကွဲသွားလိမ့်မယ်၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဆောင်ပုဒ်တွေက တန်းတူညီမျှမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ချစ်ခြင်းမေတ္တာဆိုတဲ့ ရယ်စရာဟာသတွေ ဖြစ်နေလို့ပဲ"
"ဒီလို ဆောင်ပုဒ်တွေအောက်မှာ Adelaက ခေါင်းဆောင်တစ်ယောက်အနေနဲ့ သွေးယဇ်ပူဇော်ပွဲကို တားဆီးဖို့ ရောက်မလာဘူးဆိုရင် ဒီဆောင်ပုဒ်အားလုံးက ရယ်စရာ ဖြစ်လာလိမ့်မယ်"
"အကယ်၍ သူရောက်လာခဲ့ရင်တော့..."
Inor Condin သည် သူ၏ တောက်ပြောင်နေသော အစွယ်တစ်စုံပေါ်သည်အထိ ရယ်မောလိုက်သည်။
"ငါကိုယ်တိုင် သူ့ခေါင်းကို ချိုးပစ်ပြီး ရာစုနှစ်တစ်ခုလုံးမှာ သွေးမျိုးနွယ်စုရဲ့ အတော်ဆုံး ဦးနှောက်ဆိုတာ ဘာများထူးခြားလဲ ကြည့်ရသေးတာပေါ့"
Clementine သက်ပြင်းအသာချလိုက်သည်။
"အယ်ဒီလာက သွေးမျိုးနွယ်စုရဲ့ အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက်ပဲလေ၊ သူက ဘာလို့ ကျွန်မတို့ကို ဆန့်ကျင်ဖို့ လျှို့ဝှက်အဖွဲ့ကို တည်ထောင်ခဲ့လဲဆိုတာ နားမလည်နိုင်ဘူး"
"အဲ့ဒါ အရေးမကြီးဘူး၊ အရေးကြီးတာက သူ့ရဲ့လုပ်ရပ်တွေက ငါ့ရဲ့ ဘိုးဘေးတွေကို အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်စေပြီး သတိပေးခေါင်းလောင်း ထိုးလိုက်သလို ဖြစ်သွားပြီ၊ ဒါကြောင့် သူသေကိုသေရမယ်"
Clementine ခေါင်းညိတ်လိုက်သည်။
Inor Condin က ဆက်ပြောသည်။
"ချစ်ရတဲ့ ညီအစ်မဝမ်းကွဲရေ... Hilary မျိုးနွယ်စုဘက်က သွေးယဇ်ပူဇော်ပွဲအတွက် ပြင်ဆင်မှုတွေ ဘယ်လိုနေပြီလဲ"
Clementine က ပြန်ဖြေသည်။
"ကျွန်မတို့ လှောင်အိမ်တစ်ရာကျော်က သွေးကျွန်တွေကို မောင်းထုတ်ပြီး စုထားပြီးပြီ၊ အားလုံးပေါင်းရင် ဘီလီယံအနည်းငယ်လောက် ရှိမယ်၊ သွေးယဇ်ပူဇော်ပွဲကိုပဲ စောင့်ရတော့မှာ"
"အရမ်းကောင်းတယ်၊ Inor မိသားစုဘက်ကလည်း အဆင်သင့်နီးပါး ဖြစ်နေပြီ၊ ဂေးလ်စ်မျိုးနွယ်စု ပြင်ဆင်မှုပြီးတာကိုပဲ စောင့်နေတာ၊ ပြီးတာနဲ့ ငါတို့ရဲ့ ဘိုးဘေးကြီး ပြန်လည်နိုးထလာဖို့အတွက် သွေးယဇ်ပူဇော်ပွဲကို ဆက်လုပ်လို့ရပြီ"
Inor Condin က သိသိသာသာကြီးကို စိတ်လှုပ်ရှားနေသည်။
သို့သော် Clementine တော့ သူမ၏ ရင်ထဲအနက်ရှိုင်းဆုံးတစ်နေရာမှာ အရိပ်မည်းကြီးတစ်ခု ရှိနေသလို အမြဲခံစားနေရသည်။
ဒီကိစ္စက တကယ်ပဲ စီစဉ်ထားသလို ချောချောမွေ့မွေ့ ပြီးသွားပါ့မလား...
အတွင်းသွေးကမ္ဘာ တစ်ခုလုံး ဒီအဖြစ်အပျက်တွေကြောင့် ရှုပ်ထွေးနေချိန် မြို့စွန်ရှိ လူပြတ်သော တစ်နေရာ၌
လေဟာနယ်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်။
ထို့နောက် ရုတ်တရက်ဆိုသလို ရွှယ်အန်း၊ အိုက်ရှီနှင့် ဟော့အာတို့ ပေါ်လာကြသည်။
"ဒါ အတွင်းသွေးကမ္ဘာလား"
ရွှယ်အန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လေထုထဲတွင် ပျံ့နှံ့နေသော ပြင်းထန်သည့် သွေးစွမ်းအင်ကို အာရုံခံမိကာ တိုးတိုးလေး ပြောလိုက်သည်။
"ဟုတ်တယ်၊ ကောင်းကင်ပေါ်က ထာဝရ သွေးရောင်လခြမ်းကို တွေ့တယ်မလား၊ အဲ့ဒါက အတွင်းသွေးကမ္ဘာနဲ့ အပြင်သွေးကမ္ဘာရဲ့ ကွာခြားချက်ပဲ၊ အဓိကသွေးကမ္ဘာ မှာဆိုရင် သွေးလမင်းက လပြည့်ဝန်းပုံစံနဲ့ ရှိတယ်လို့တောင် ပြောကြတယ်"
အိုက်ရှီက ကောင်းကင်ကို လက်ညှိုးထိုးပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
ထိုအချိန် ဟော့အာသည် ကြောက်လန့်တကြား ပတ်ဝန်းကျင်ကို ကြည့်နေသည်။
သူသည် ရွှယ်အန်းနှင့်အတူ လိုက်လာဖို့ အစီအစဉ်မရှိခဲ့ပေ။
သို့သော် သူ့တွင် ရွေးချယ်စရာမရှိချေ။
Aixiက လိုက်မည်ဟု ဇွတ်ပြောနေသောကြောင့် သူလည်း မလွှဲမရှောင်သာ ပါလာရခြင်းဖြစ်သည်။
သူ မထင်မှတ်ထားခဲ့သည်မှာ ရွှယ်အန်းက အလွန်အမင်း ပြတ်သားလွန်းနေခြင်းဖြစ်သညခ။
၎င်းသည် အတွင်းနှင့်အပြင် သွေးကမ္ဘာကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းကိုတောင် အသုံးမပြုဘဲ အာကာသကို ထိုးဖောက်ပြီး ဝင်ရောက်နိုင်ခဲ့သည်။
ထိုသို့သော အစွမ်းကြောင့် ဟော့အာ၏ စိတ်ထဲတွင် ပုန်ကန်လိုစိတ် အနည်းငယ်ကို ဖြစ်ပေါ်စေသည်။
သူက ဒီသွေးကမ္ဘာထဲက သွေးမျိုးနွယ်စု အဖွဲ့ဝင်အားလုံးကို တကယ်ပဲ သုတ်သင်နိုင်မှာလား...
"အရှင်သခင်ကြီး... ကျွန်တော်တို့ ဆက်ပြီး ဘာလုပ်ကြမလဲ"
ဟော့အာက မေးလိုက်သည်။
ရွှယ်အန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ဒီသွေးကမ္ဘာမှာ ဘယ်မိသားစုက အကြမ်းဆုံးလဲ"
"ဒီအတွင်းသွေးကမ္ဘာမှာ အဆင့်အတန်းတူညီတဲ့ မိသားစုသုံးစု ရှိပါတယ်၊ ခေါင်းဆောင်ကြီးသုံးဦးလို့ ခေါ်ကြတယ်! သူတို့ကတော့ Inor ၊ Hilary နဲ့ ဂေးလ်စ်မိသားစုတွေပါ"
"ကောင်းပြီ၊ ဒါဆို အဲ့မိသားစုသုံးစုကနေ စကြတာပေါ့"
ရက်ဝက်ခန့်ကြာပြီးနောက်..
သွေးမျိုးနွယ်စု မြို့ငယ်လေးတစ်မြို့တွင်
ရွှယ်အန်းသည် မကြာခင်ကျင်းပမည့် သွေးယဇ်ပူဇော်ပွဲ အခမ်းအနားအကြောင်း ကြားလိုက်ရသည့်အခါ သူ၏ မျက်လုံးများထဲတွင် ကြောက်ခမန်းလိလိ သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်ပေါ်လာသည်။
"သခင်ကြီး"
ဟော့အာက ကြောက်လန့်တကြား ခေါ်လိုက်သည်။
ရွှယ်အန်းမျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များ ဖြည်းဖြည်းချင်း ငြိမ်သက်သွားပြီး ပြောလာသည်။
"သွားကြစို့၊ Inor မြို့ကို အရင်သွားမယ်"
သွေးယဇ်ပူဇော်ပွဲ၏ ပင်မယဇ်ပလ္လင် တည်ရှိရာ Inor မြို့တွင်တော့...
၎င်းတို့သုံးဦး Inor မြို့သို့ သွားနေစဉ်...
အယ်ဒီလာနှင့် ဝင်နီတို့လည်း Inor မြို့သို့ ခရီးနှင်နေကြသည်။
အယ်ဒီလာ၏ အထူးအဆင့်အတန်းကြောင့် သူတို့သည် လမ်းခရီးတစ်လျှောက် အသံတိတ်သွားလာကြပြီး Inor မြို့ကို လာရောက်လည်ပတ်သည့် မျိုးရိုးမြင့်များအဖြစ် ရုပ်ဖျက်ထားကြရသည်။
ဤသို့ပုံစံ သွေးမျိုးနွယ်စုများ အများကြီးရှိသောကြောင့် စစ်ဆေးရေးစစ်သားများသည် သိပ်ပြီး အာရုံမစိုက်ကြပေ။
အဆုံးတွင်တော့...
အယ်ဒီလာနှင့် ဝင်နီတို့ Inor မြို့သို့ ရောက်ရှိလာပြီး လျှို့ဝှက်အဖွဲ့က ဖွင့်လှစ်ထားသော တည်းခိုခန်းတစ်ခုသို့ ဝင်ရောက်လိုက်ကြသည်။
"ခေါင်းဆောင်"
လျှို့ဝှက်အဖွဲ့ဝင်များသည် အယ်ဒီလာကို လူကိုယ်တိုင်မြင်ရသဖြင့် အလွန်စိတ်လှုပ်ရှားကာ အရိုအသေပေးကြသည်။
အယ်ဒီလာက ပြုံးလိုက်သည်။
"ထကြပါ၊ လျှို့ဝှက်အဖွဲ့ထဲ ရောက်ပြီဆိုမှတော့ ငါတို့တွေက ညီအစ်ကိုတွေပဲ၊ ဒီလို ယဉ်ကျေးနေစရာ မလိုပါဘူး၊ ထပါ"
"ဟုတ်ကဲ့"
"မကြာသေးခင်က Inorမြို့မှာ ဘာလှုပ်ရှားမှုတွေ ရှိလဲ"
"ခေါင်းဆောင်ကို ပြန်တင်ပြရရင်... Inor မိသားစုရဲ့ သားအကြီးဆုံး Inor Condin ကိုယ်တိုင် ဒီမြို့မှာ တပ်စွဲထားပါတယ်, ပြီးတော့ Hilary မျိုးနွယ်စုရဲ့ သမီးအကြီးဆုံး Clementine လည်း ရောက်နေပါပြီ, အင်အားစုအားလုံးက နောက်ရက်အနည်းငယ်အတွင်း ကျင်းပမယ့် သွေးယဇ်ပူဇော်ပွဲအတွက် ပြင်ဆင်နေကြပါတယ်"
အယ်ဒီလာ၏ မျက်လုံးများတွင် အေးစက်သောအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ခေါင်းညိတ်လိုက်သည်။
"ငါ သဘောပေါက်ပြီ"
"ခေါင်းဆောင်... ကျွန်မတို့ အခုပဲ လှုပ်ရှားလိုက်ကြမလား၊ မဟုတ်ရင် မိသားစုကြီးသုံးစုက သူတို့ရဲ့အင်အားတွေကို စုစည်းပြီးသွားရင် ဝင်ပါဖို့ ပိုခက်သွားလိမ့်မယ်"
ဝင်နီက ပြောသည်။
အယ်ဒီလာက ခေါင်းခါလိုက်သည်.
"မလုပ်နဲ့, ဘာလို့လဲဆိုတော့ ယဇ်ကောင်အဖြစ် ပူဇော်ခံရမယ့်သူတွေက မိသားစုကြီးသုံးစုရဲ့ သက်ဆိုင်ရာ အမာခံစခန်းတွေက လာတာ၊ တိကျတဲ့နေရာကို သူတို့ပဲ သိတယ်၊ ငါတို့ အခုလှုပ်ရှားရင် ထိထိရောက်ရောက် မလုပ်နိုင်လောက်ဘူး"
ဝင်နီငြိမ်ကျသွားသော်လည်း သူမ၏မျက်လုံးထဲမှ စိုးရိမ်ပူပန်မှုများက ပိုနက်ရှိုင်းလာသည်။
မိသားစုကြီးသုံးစု ပူးပေါင်းလိုက်သည့် ကြောက်မက်ဖွယ် အင်အားနှင့်ဆိုလျှင် သွေးယဇ်ပူဇော်ပွဲ အခမ်းအနားကျင်းပမှ လှုပ်ရှားမည်ဆိုပါက အောင်မြင်နိုင်ချေ ပိုနည်းသွားလိမ့်မည်။
သို့သော် ဝင်နီသည် သူမတို့၏ ခေါင်းဆောင်မှာ အဘယ်ကြောင့် ဆုံးဖြတ်ချက်ပြတ်သားနေရသနည်းကို နားမလည်နိုင်ချေ။ သူ ဒီအခြေအနေကို မသိတာလား...
ဝင်နီစိတ်များလေးလံနေမိသည်။
အိမ်ထဲရှိ အခြားသော လျှို့ဝှက်အဖွဲ့ဝင်များသည်လည်း တိတ်ဆိတ်နေကြသည်။
လက်ရှိအခြေအနေကို သူတို့ သဘာဝကျကျ မြင်တွေ့နေရသည်။
သို့သော် လျှို့ဝှက်အဖွဲ့ဝင်များ ဖြစ်လာပြီးကတည်းက သူတို့သည် ပေးဆပ်စွန့်လွှတ်ဖို့ အဆင်သင့်ဖြစ်ပြီးသားမို့ အလွန်အမင်း ကြောက်ရွံ့ခြင်း မရှိကြပေ။
အယ်ဒီလာသည် တည်ငြိမ်သော မျက်နှာထားဖြင့် တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။
ထိုစဉ် ရှေ့ခန်းမဆောင်ဘက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။
"ဒီမှာ လူရှိလား၊ ဒီတည်းခိုခန်းက အလုပ်သမားတစ်ယောက်တောင် မရှိဘူးလား"
အနောက်ခန်းတွင် ဆွေးနွေးနေကြသော အဖွဲ့ဝင်များ အားလုံး လန့်ဖျပ်သွားကြသည်။
အခုလက်ရှိ Inor မြို့၏ လုံခြုံရေးတင်းကျပ်မှုအရ သူတို့ သတင်းပေါက်ကြားသွားပြီး မိသားစုကြီးသုံးစုမှ လူတွေ ရောက်လာတာများလား...
ကျင့်ကြံခြင်းအဆင့်မြင့်သော သွေးမျိုးနွယ်စုဝင် အနည်းငယ်သည် ရှေ့တံခါးပေါက်သို့ သွားလိုက်ပြီး တံခါးကြားမှ ချောင်းကြည့်လိုက်ရာ သက်ပြင်းချနိုင်သွားကြသည်။
"စိတ်ပူစရာမရှိပါဘူး၊ နယ်ဘက်ကလာတဲ့ သွေးမျိုးနွယ် သုံးယောက်လောက်ပါပဲ၊ တည်းခိုခန်းမှာ လာတည်းတာ နေမှာပါ”