မျှော်လင့်ချက်က... မင်းပဲ
Vol. 59 Ch. 877
ထိုအချိန်မှာပဲ အပြင်ထွက်သွားသော Aixiနှင့် ဟော့အာတို့ ပြန်ရောက်လာကြသည်။
ထိုမြင်ကွင်းကို မြင်ချိန် Adelaလည်း ရွှယ်အန်းကို အနည်းငယ် ဦးညွှတ်လိုက်သည်။
"ကျက်သရေရှိတဲ့ ဧည့်သည်တော်များကို ကြိုဆိုပါတယ်၊ ကျွန်တော် သွားခွင့်ပြုပါဦး"
သူ စကားဆုံးသည်နှင့် ဝင်နီကိုကြည့်ကာ ပြောလိုက်သည်။
"သွားကြစို့"
ထို့နောက် သူ လှည့်ထွက်သွားသည်။
ရွှယ်အန်းသည် ထွက်ခွာသွားသော လူ၏ ကျောပြင်ကို ကြည့်ရင်း ပါးစပ်ထောင့်စွန်းလေးတွင် အနည်းငယ် ကွေးညွတ်သွားကာ မသိမသာ အပြုံးရေးရေးလေး ပေါ်လာခဲ့သည်။
"အရှင် ဒီလူနှစ်ယောက်က ဘာလာလုပ်တာလဲ"
ဟော့အာက သံသယနှင့် မေးလိုက်သည်။
ရွှယ်အန်းက ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်း နှုတ်ဆက်လာတာပါ"
ဟော့အာက နားမလည်နိုင်ဖြစ်နေသေးသော်လည်း ရွှယ်အန်း၏ မျက်နှာထားကို ကြည့်ပြီး သူ့မေးခွန်းများကို မြိုချလိုက်ကာ ထပ်မမေးရဲတော့ပေ။
ဝင်နီတော့ ခေါင်းငုံ့ပြီး ရှက်ရွံ့သော မျက်နှာထားနှင့် အယ်ဒီလာနောက်မှ အခန်းထဲထိ လိုက်လာသည်။
"ခေါင်းဆောင်... တောင်းပန်ပါတယ်၊ ဒါပေမယ့် ဒီလူတွေက မျိုးနွယ်စုကြီးသုံးခုထဲက တစ်ခုခုက ဖြစ်နေမှာစိုးလို့ ကျွန်မ စမ်းသပ်ကြည့်ချင်ခဲ့တာပါ"
"တော်တော့၊ ဒီကိစ္စကို ထပ်မပြောနဲ့တော့"
အယ်ဒီလာက အေးစက်စွာ ပြောလိုက်သည်။
Win Niလည်း ငြိမ်ကျသွားသည်။
"နောက်ဆို မင်းလုပ်ရပ်တွေ ဒီလို မဆင်မခြင် မလုပ်နဲ့၊ မဟုတ်ရင် ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်၊ နားလည်လား"
"ဟုတ်ကဲ့ပါ"
"မင်း သွားလို့ရပြီ"
"ဟင်"
ဝင်နီက သူနားကြားမှားသည်ဟု ထင်ပြီး အယ်ဒီလာကို နားမလည်စွာ မော့ကြည့်လိုက်သည်။
"ဘာဟင်လဲ၊ သွားနားတော့လေ"
အယ်ဒီလာက ပြုံးပြီး ပြောလိုက်သည်။
"ဒါပေမယ့် ခေါင်းဆောင် ကျွန်မကို တကယ် စိတ်မဆိုးဘူးလား"
ဝင်နီက သတိထားပြီး မေးသည်။
အယ်ဒီလာက မနေနိုင်စွာ ခါးသက်သက် ပြုံးလိုက်ပြီး မျက်နှာပြန်တည်လိုက်သည်။
"ငါ စိတ်ဆိုးမှ မင်း ကျေနပ်မှာလား"
"အာ... မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဒါဆို ကျွန်မ သွားတော့မယ်နော်"
ဝင်နီလည်း အယ်ဒီလာအမှန်တကယ် စိတ်မဆိုးမှန်း သိလိုက်တော့မှ စိုးရိမ်စိတ်များ ပျောက်သွားပြီး ပျော်ရွှင်စွာနှင့် လှည့်ထွက်သွားတော့သည်။
အယ်ဒီလာက တံခါးနောက်ကွယ်မှာ ပျောက်ကွယ်သွားသော ဝင်နီကို ကြည့်ပြီးနောက် ကုလားထိုင်ပေါ် မှီချလိုက်ကာ မျက်နှာကြက်ကို မော့ကြည့်ပြီး ငေးငိုင်နေမိသည်။
အချိန်ဘယ်လောက်ကုန်သွားမှန်း မသိသော်လည်း နောက်ဆုံးတွင် သူ တိုးတိုးလေး ရယ်မောလိုက်ပြီး ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
"ငါ အဲ့ဒါ မင်းဖြစ်ပါစေလို့ မျှော်လင့်ပါတယ်"
သွေးယဇ်ပူဇော်ပွဲရက် နီးကပ်လာသည်နှင့်အမျှ...
Inorမြို့၏ လုံခြုံရေးသည် ပိုလို့ပင် တင်းကြပ်လာသည်။
သို့သော် အရပ်ရပ်မှ လာရောက်ကြသော သွေးမျိုးနွယ်စုများ၏ စိတ်အားထက်သန်မှုကို မလျော့ကျစေနိုင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ဒဏ္ဍာရီလာ ပထမမျိုးဆက် သွေးမျိုးနွယ်စုဝင် သုံးဦး နိုးထလာသည်ကို မြင်တွေ့ခွင့်ရခြင်းဆိုသည်မှာ အလွန်ရှားပါးသော အခွင့်အရေးဖြစ်သည်။
ထို့ကြောင့် Inor မြို့သည် ပိုလို့ပင် စည်ကားသိုက်မြိုက်လာသည်။
အဆုံးမှာတော့...
ထိုနေ့သို့ရောက်ရှိလာသည်။
အဆုံးအစမရှိသော သွေးမျိုးနွယ်စုသည် Inor မြို့ကို ရောက်ရှိလာသည်။
သူတို့၏ ဖြန့်ထားသော အတောင်ပံများသည် ကောင်းကင်ကိုတောင် ဖုံးလွှမ်းကုန်သည်။
ထိုလူစုကြီး၏အလယ်တွင်တော့ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မိသားစု တံဆိပ်ပါရှိသည့် မြင်းရထားတစ်စီးရှိနေသည်။
"အဲ့ဒါ ဂေးလ်စ်မျိုးနွယ်စုပဲ"
"ဂေးလ်စ်မျိုးနွယ်စု ရောက်လာပြီ၊ သွေးယဇ်ပူဇော်ပွဲ စတော့မယ်"
မြောက်မြားစွာသော သွေးမျိုးနွယ်စုများ အားလုံး စိတ်လှုပ်ရှားနေကြသည်။
ထိုအချိန် တည်းခိုခန်းထဲရှိ ရွှယ်အန်းသည် အခန်းထဲမှာ တင်ပျဉ်ခွေထိုင်နေပြီး သူ့ မျက်လုံးများ မဖွင့်ထားသော်လည်း သတ်ဖြတ်လိုစိတ် အပြည့်ပါသော အပြုံးတစ်ခုသည် သူ့နှုတ်ခမ်းတွင် ပေါ်လာသည်။
ထိုညနေတွင်
Inor ရဲတိုက်ကြီးထဲတွင်
အဆင့်မြင့်သော သီးသန့် ညစာစားပွဲတစ်ခု ကျင်းပနေသည်။
Inor Condin အိမ်ရှင်အဖြစ် တာ၀န်ယူထားပြီး အဝေး ရောက်လာသော ဂေးလ်စ်မျိုးနွယ်စုက လူများကို ဧည့်ခံနေသည်။
Hilary မျိုးနွယ်စု၏ အကြီးဆုံးသမီးဖြစ်သူ Clementine လည်း ဧည့်သည်အဖြစ် ဝတ်ကောင်းစားလှများ ဝတ်ဆင်ပြီး တက်ရောက်လာသည်။
Inor Condin က အရင်ဆုံး ခွက်မြှောက်လိုက်ပြီး စားပွဲရှည်၏ တစ်ဘက်ခြမ်းမှ ထိုးဖောက်သတ်သူဟု လူသိများသော လူဆီ ခေါင်းညိတ်ပြလိုက်သည်။
"ရိုသေလေးစားရတဲ့ Vladimir ဂေးလ်စ်ကို ကြိုဆိုပါတယ်"
လတ်ဆတ်သော သွေးများနှင့် ဆေးဆိုးထားသော ဝတ်စုံကို ဝတ်ဆင်ထားသည်ြ့ Vladimir တွင် ချောမောသော မျက်နှာရှိသော်လည်း ယုတ်မာသည့် အရိပ်အယောင်များ လင်းလက်နေသော သူ့မျက်လုံးတွင်တော့ မာနများ ဖုံးလွှမ်းနေသည်။
သူသည် ဂေးလ်စ်မျိုးနွယ်စု၏ အကြီးဆုံးသား ဖြစ်သောကြောင့် သူ၏ သွေးမျိုးဆက်သည် အလွန် မြင့်မြတ်သည်။
သို့သော် သူ၏ ထူးခြားပြီး ရက်စက်သော စိတ်သဘောထားများသည် သွေးမျိုးနွယ်စုကြားမှာတောင် ထင်ရှားစေခဲ့သည်
ထိုးဖောက်သတ်သူ ဟူသော နာမည်ပြောင်သည် အကောင်းဆုံး ဥပမာဖြစ်သည်။
ဤသို့လူမျိုးကို Inor Condin လို လူမဆိုးတောင် အလွန်အကျွံ ရန်မစရဲပေ။
Inor Condin သည် သူ့ကို ဂုဏ်ပြုစကား ပြောလာသည်ကို မြင်ချိန် Vladimir ဂေးလ်စ်က ဖျော့တော့စွာ ပြုံးလိုက်ပြီး ဩရှရှအသံဖြင့် ပြောလိုက်သည်။
"အရှင်Vladimir ခင်ဗျားက အရမ်းယဉ်ကျေးလွန်းနေပါပြီ"
သူသည် စကားပြောရင်းနှင့် နဘေးရှိ Clementine ဆီ အကြည့်ရွှေ့လိုက်သည်။
"လှပတဲ့ မစ္စ Clementine ဆီက ကျွန်တော့်အတွက် ဂုဏ်ပြုစကားလေးတောင် မကြားရတော့ဘူးလား"
Clementine မျက်နှာသည် အနည်းငယ် ဖြူဖပ်သွားပြီး ကြောက်ရွံ့မှု အရိပ်အယောင် တစ်ခုမှာ သူမ မျက်လုံးနက်နက်ထဲ ဖြတ်ခနဲပြေးသွားသည်။
ဤသို့ မူမမှန်သော လူရှေ့တွင် သူမသည် Hilary မျိုးနွယ်စု၏ အကြီးဆုံးသမီး ဖြစ်နေရင်တောင် ခေါင်းငုံ့ထားရမှာဖြစ်သည်။
"တောင်းပန်ပါတယ် အရှင်Vladimir၊ ကျွန်မ နည်းနည်း အာရုံလွင့်သွားလို့ပါ"
သူမသည် ခွက်ကိုမြှောက်ပြီး Vladimir ကို ဂုဏ်ပြုလိုက်သည်။
Vladimir ဂေးလ်စ်၏ ပါးစပ်ထောင့်စွန်းသည် တွန့်ကွေးလိုက်ပြီး ကြမ်းတမ်းသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"ဆယ်စုနှစ်တွေတောင် ကြာသွားတော့ မစ္စ Clementine က ပိုတောင် လှလာသေးတယ်၊ ငါနဲ့အတူ သွေးမျိုးဆက်သစ်တွေ မွေးထုတ်ပေးနိုင်မလားဆိုတာ စမ်းသပ်ကြည့်ဖို့ စိတ်ဝင်စားလား"
Clementine မျက်နှာသည် ဖြူဖပ်နေရာမှ ရဲခနဲ ဖြစ်သွားပြီး ဒေါသအရိပ်အယောင်တစ်ခုသည် သူမ မျက်လုံးထဲတွင် ပေါ်လာသည်။
ထိုအချိန်မှာ Inor Condin က အခြေအနေကို ထိန်းဖို့ ချက်ချင်း ဝင်ပြောလိုက်သည်။
"ကဲပါ... ကဲပါ အရှင် Vladimir က ကျွန်တော့် ဝမ်းကွဲညီမလေးကို စနေမှန်း သိပါတယ်ဗျာ၊ အလေးအနက် ကိစ္စတွေကို ဆွေးနွေးကြရအောင်"
"ဘာလို့ အဲ့လောက် တားနေတာလဲ၊ ဘာလဲ... ခင်ဗျားက စမ်းပြီးသွားပြီလား၊ ပြီးတော့ ခင်ဗျားလည်း သွေးမျိုးဆက်သစ် မွေးထုတ်မပေးနိုင်ခဲ့ဘူးမလား"
Vladimir က လှောင်ပြောင်လိုစွာ ပြောလိုက်သည်။
သူ့စကားကြောင့် Inor Condin သာမက Clementine ပါ ကြောင်အသွားကြသည်။
အထူးသဖြင့် Clementine ၏ မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာသည်။
"ဟားဟား... စတာပါကွာ၊ ဘာလို့ အဲ့လောက် အလေးအနက် ထားနေကြတာလဲ"
Vladimir သည် နားခါးစရာကောင်းသော ထူးဆန်းသည့် အသံဖြင့် ရယ်မောလိုက်ပြီး အရိုးမရှိသည့်ပုံစံဖြင့် ကုလားထိုင်ပေါ် မှီချလိုက်သည်။
"အလေးအနက် ကိစ္စလား၊ ငါတို့ ဂေးလ်စ်မျိုးနွယ်စုက ဒီ သွေးယဇ်ပူဇော်ပွဲအတွက် လှောင်အိမ်ပေါင်း ၁၈၀ က ဝိညာဉ်တွေ အကုန်လုံးကို ဖမ်းဆီးထားပြီးပြီ ၊ ပြီးတော့ သက်ရှိဝိညာဉ် ဘီလီယံပေါင်းများစွာ ဝယ်ထားတယ်၊ စုစုပေါင်းဆိုရင်..."
Vladimir သည် လက်ညှိုးတစ်ချောင်း ထောင်ပြပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
"ယဇ်ကောင်အနေနဲ့ သက်ရှိဝိညာဉ် 100 ဘီလီယံရှိတယ်၊ ငါတို့ ဘိုးဘေး ပြန်ရောက်လာတဲ့အခါ ကျိန်းသေပေါက် သဘောကျမှာပဲ"
100 ဘီလီယံ...
ထိုကိန်းဂဏန်းသည် Inor Condin၏ မျက်နှာအရောင်ကိုတောင် ပြောင်းသွားစေသည်။
Inor မိသားစုသည် သွေးယဇ်ပူဇော်ပွဲအတွက် စုစုပေါင်း 50 ဘီလီယံသာ စုဆောင်းနိုင်ခဲ့သည်။
ထို့အပြင် အင်အားအနည်းဆုံးဖြစ်သည့် Hilary မျိုးနွယ်စုဆိုပါက 20 ဘီလီယံသာ စုဆောင်းနိုင်ခဲ့သည်။
သူတို့ ပေါင်းလိုက်လျှင်တောင် ဂေးလ်စ်မျိုးနွယ်စု၏ အရေအတွက်ကို မယှဉ်နိုင်ကြပေ။
ဒါက အင်အား ကွာခြားချက်ပဲလား...
Vladimir ဂေးလ်စ်က ပျင်းရိသလို အကြောဆန့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
"ကဲ... အိပ်ချိန်ရောက်ပြီ၊ ငါ့ရဲ့ နေ့စဉ်အချိန်ဇယားက တိကျတယ်၊ ဘာပဲဖြစ်ဖြစ် အခြေအနေကတော့ ဒီလိုပဲ၊ ကျန်တဲ့ကိစ္စတွေကိုတော့ ခင်ဗျားတို့ မိသားစုနှစ်ခုပဲ စီမံလိုက်ကြတော့"
ထို့နောက် Vladimir ဂေးလ်စ်သည် သမ်းဝေပြီး တစ်ယောက်တည်း ထွက်ခွာသွားသည်။
Inor Condin ၏ မျက်လုံးများ အေးစက်သွားသည်။
Vladimir ၏ မာနကြီးမှုအတွက် သူ့အတွက် အမှန်ပင်ကို နေရခက်စေသည်။
သို့သော် သူ ဘာမှမတတ်နိုင်ချေ။
Vladimir သည် ဒုတိယမျိုးဆက် သွေးမျိုးဆက်ကို နိုးထပြီးသား သွေးမျိုးနွယ်စုဝင် တစ်ယောက်ဖြစ်သောကြောင့် ၎င်းတွင် မာနထောင်လွှားခွင့်ရှိသည်။
"အမိန့်ထုတ်လိုက်တော့... ပြင်ဆင်မှုတွေ စမယ်၊ မနက်ဖြန် သွေးယဇ်ပူဇော်ပွဲ လုပ်မယ်"
"ဟုတ်ကဲ့"
အမိန့်ရသည်နှင့် Inor တစ်မြို့လုံး လှုပ်ရှားသက်ဝင်လာသည်။
သွေးယဇ်ပူဇော်ပွဲသည် အဆုံးတော့ စတင်တော့မည်။
နောက်တစ်နေ့တွင်...
အာရုဏ်တက်စအချိန်မှာ ကောင်းကင်ပေါ်မှ သွေးရောင်လွှမ်းသော လခြမ်းကွေး၏ အလင်းရောင်သည် မပျောက်ကွယ်သေးချေ။
သို့သော် Inor တစ်မြို့လုံးသည် နိုးထလာကြသည်။
ထို့နောက် ကောင်းကင်တစ်ခုလုံး ပျံသန်းနေသော သွေးရောင်အတောင်ပံများနှင့် ပြည့်နှက်သွားသည်။
လေထုအခြေအနေသည် စတင်ပြီး တင်းမာလာသည်။
ထိုအချိန် တည်းခိုခန်းထဲတွင်တော့...
ဟော့အာနဲ့ Aixiတို့သည် ပြင်ဆင်မှုများ လုပ်ပြီးနေသည်။
အထူးသဖြင့် အိုက်ရှီသည် စိတ်လှုပ်ရှားလွန်းသောကြောင့် တုန်ရီနေသည်။
သို့သော် ရွှယ်အန်းသည်တော့ အခန်းထဲမှာ တုပ်တုပ်မှ မလှုပ်သေးချေ။
သူ မနိုးသေးဘူးလား?
သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ပြီး အခြေအနေကြည့်ရန် အခန်းထဲ ဝင်ရန် ပြင်လိုက်ကြသည်။