အရှင် ဆန္ဒရှိတဲ့အတိုင်းပါပဲ
Vol. 59 Ch. 878
ထိုအချိန်တွင်...
ရွှယ်အန်း တံခါးကိုတွန်းဖွင့်ပြီး လမ်းလျှောက်ထွက်လာသည်။
"သခင်ကြီး၊ ကျွန်မတို့ အခုသွားကြတော့မှာလား"
အိုက်ရှီက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ရွှယ်အန်းက ကောင်းကင်ပေါ်တွင် ရှုပ်ထွေးပွေလီစွာ ပျံသန်းနေသော သွေးမျိုးနွယ်စုများကို တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ"
ထိုသို့ပြောပြီးနောက် သူတို့သုံးဦး ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် လှေကားမှ ဆင်းလာချိန်တွင်...
အယ်ဒီလာနှင့် ဝင်နီတို့ ခန်းမဆောင်ထဲ၌ မနက်စာစားနေသည်ကို တွေ့လိုက်ရသည်။
သူသည် ရွှယ်အန်းကို မြင်သောအခါ ဓားနှင့်ခက်ရင်းကို ချလိုက်ပြီး ရွှယ်အန်းကို အနည်းငယ် ပြုံးပြလိုက်သည်။
'လေးစားရတဲ့ လူကြီးမင်း... မနက်စာ မစားရသေးဘူးမလား၊ ကျွန်တော်တို့နဲ့ အတူတူ လာစားပါလား"
ရွှယ်အန်းက သူ့ဘေးတွင် အသင့်ပြင်ဆင်ထားသော ဇွန်း၊ ခက်ရင်းများကို ကြည့်လိုက်ပြီး မပြုံးဘဲ မနေနိုင်တော့ပေ။
"ကောင်းပြီလေ"
သူပြောလိုက်ပြီး သဘာဝကျကျပင် ဝင်ထိုင်လိုက်ကာ ဓားနှင့်ခက်ရင်းကို ကိုင်ပြီး အမဲသားတုံးကြီးကို လှီးလိုက်သည်။
ထိုမြင်ကွင်းသည် ဝင်နီနှင့် ဟော့အာ အပါအဝင် အခြားသူများကို ကြောင်အသွားစေသည်။
ဘာတွေဖြစ်နေတာလဲ?
သို့သော် အိုက်ရှီသည် တခစ်ခစ် ရယ်မောလိုက်ပြီး ရှက်ရွံ့ခြင်းမရှိဘဲ သူတို့ဘေးတွင် ဝင်ထိုင်ကာ အားရပါးရ စတင်စားသောက်တော့သည်။
"အရသာ ဘယ်လိုနေလဲ"
အယ်ဒီလာက ပြုံးပြီး မေးလိုက်သည်။
ရွှယ်အန်း ခေါင်းညိတ်သည်။
"မဆိုးဘူးလို့ပဲ ပြောရမှာပေါ့"
"ဟားဟား... ကျွန်တော် တစ်ညလုံး ချက်ထားရတာလေ၊ သွားနဲ့ဝါးရတာ နည်းနည်းမာပေမယ့် တော်တော်ကောင်းတယ်လို့ ကျွန်တော်ထင်တာပဲ"
"သွားနဲ့ဝါးရတာ မာတယ် ဟုတ်လား၊ ကျွန်တော့်သွားတွေက တော်တော်သန်မာလို့ သိပ်သတိမထားမိလိုက်ဘူး"
ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
အယ်ဒီလာသည် ပြုံးလိုက်သောကြောင့် မျက်လုံးများ မှေးကျဉ်းသွားသည်။
ဝင်နီသည် သူမ၏ခေါင်းဆောင် ဤသို့ပြုံးတာမျိုးကို ယခင်က မမြင်ဖူးခဲ့ပေ။
ထို့နောက် အယ်ဒီလာက သူ့ခွက်ကိုမြှောက်ကာ စားပွဲပေါ်ရှိ ရွှယ်အန်း၏ ခွက်နှင့်တိုက်၍ ဂုဏ်ပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ရွှယ်အန်း သက်ပြင်းအနည်းငယ် ချလိုက်သည်။
"အမှန်အတိုင်း ပြောရရင်... ခင်ဗျား လုံးဝ မကြောက်ဘူးလား"
အယ်ဒီလာခေါင်းခါလိုက်သည်။
"မကြောက်ပါဘူး၊ အပြစ်မဲ့တဲ့ သူတွေအတွက် ကျွန်တော် ကြောက်နေမှာ မဟုတ်ဘူး"
ရွှယ်အန်းက အယ်ဒီလာကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးနောက် အဆုံးတွင် သူ့ခွက်ကိုမြှောက်ကာ ဝိုင်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ ထို့နောက် သူ သက်ပြင်းချလိုက်သည်။
"ဒီထမင်းတစ်နပ်က တကယ် ဈေးကြီးတာပဲ၊ ဒါပေမဲ့ အရသာကတော့ မဆိုးပါဘူး"
အယ်ဒီလာ၏ အပြုံးက ပိုမိုတောက်ပလာသည်။
လူနှစ်ယောက်ကြားရှိ ပဟေဠိဆန်သော စကားဝိုင်းကို နားထောင်နေသူ အားလုံး ကြောင်အနေကြသည်။
ဒါက ဘာဖြစ်နေတာလဲဟ...
ဟော့အာ၏ မျက်လုံးများထဲတွင်တော့ နားလည်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ချက်ချင်းပင် ခေါင်းကိုနက်ရှိုင်းစွာ ငုံ့လိုက်ကာ ပုံမှန်မဟုတ်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြရဲတော့ပေ။
ဤထူးဆန်းသော မနက်စာစားပွဲ ပြီးဆုံးပြီးနောက်...
သူတို့အဖွဲ့သည် စုဝေးလိုက်ကြပြီး သွေးယဇ်ပူဇော်ပွဲ ကျင်းပမည့် နေရာသို့ စတင်ထွက်ခွာလာကြသည်။
ယနေ့တွင်တော့...
အချိန်ကြာမြင့်စွာ တည်ဆောက်ခဲ့သော ယဇ်ပလ္လင်သည် အဆုံးတွင် ဖုံးကွယ်ထားမှုများကို ဖယ်ရှားလိုက်ပြီး ၎င်း၏ စစ်မှန်သော ပုံသဏ္ဍာန်ကို ထုတ်ဖော်ပြသလိုက်သည်။
၎င်းသည် ပေတစ်ထောင်ခန့် မြင့်မားသော ယဇ်ပလ္လင်ကြီးဖြစ်ပြီး မရေမတွက်နိုင်သော ကြောက်မက်ဖွယ် မှော်အစီအရင်များဖြင့် ထွင်းထုထားသည်။
ထိုအရ။ တိတ်ဆိတ်စွာ တည်ရှိနေချိန်မှာပင် ကမ္ဘာလောက၏ သွေးစွမ်းအင်များကို ဆူပွက်လှုပ်ရှားသွားစေနိုင်သည်။
ယခုအချိန်တွင်...
ဤအဖြစ်အပျက်ကို လာရောက်ကြည့်ရှုကြသော မရေမတွက်နိုင်သည့် သွေးမျိုးနွယ်စုဝင်များသည် ထိုနေရာတစ်ဝိုက်တွင် စုဝေးရောက်ရှိနေကြပြီဖြစ်သည်။
ရွှယ်အန်းနှင့် သူ့အဖွဲ့ ရောက်ရှိလာမှုသည် မည်သူ့အာရုံကိုမျှ မဖမ်းစားနိုင်ခဲ့ပေ။
ထို့နောက် တီးတိုးပြောဆိုသံများသည် အဆုံးမရှိ ထွက်ပေါ်လာသည်။
"ကျွတ်... ကျွတ်... ဂေးလ်စ်မျိုးနွယ်စုက ဒီတစ်ခါ အသက်ပေါင်း 100 ဘီလီယံလောက်ကို သုံးဖြုန်းပစ်လိုက်တယ်လို့ ကြားတယ်၊ တကယ့်ကို ရက်ရောလိုက်တာပဲ"
"မျိုးနွယ်စုကြီးသုံးစု ပေါင်းလိုက်ရင် အသက်ပေါင်း 200 ဘီလီယံနီးပါးလောက် ရှိမှာပေါ့နော်၊ ဒီသွေးယဇ်ပူဇော်ပွဲက ဘယ်လောက်တောင် ခမ်းနားလိုက်မလဲဆိုတာ တွေးတောင်မတွေးရဲဘူး"
"ဟေ့... လျှို့ဝှက်အဖွဲ့ခေါင်းဆောင် အယ်ဒီလာဒီတစ်ခါ ပေါ်လာမယ်လို့ ထင်လား"
"ဟားဟား... ငါတော့ မထင်ပါဘူးကွာ၊ ဒါက မျိုးနွယ်စုကြီးသုံးစုနဲ့ အထက်တန်းလွှာ မင်းမျိုးမင်းနွယ်တွေ အားလုံးရဲ့ စုပေါင်းလှုပ်ရှားမှုလေ၊ ဒီကိုလာတာက သေလမ်းရှာတာပဲဆိုတာ အရူးတောင် သိတယ်"
"ဟား... သူသာ မလာဘူးဆိုရင် အဲ့ဒီ လျှို့ဝှက်အဖွဲ့က ပြီသွားပြီလို့ မှတ်လိုက်တော့"
"ငါအမြဲပြောသားပဲ၊ အဲ့ မျိုးရိုးမြင့်တွေကို ဆန့်ကျင်ရင် ကောင်းတဲ့ဇာတ်သိမ်း မရှိပါဘူးလို့၊ စောင့်ကြည့်နေလိုက်... မျိုးနွယ်စုကြီးသုံးစုရဲ့ ဘိုးဘေးတွေ နိုးလာတာနဲ့ လျှို့ဝှက်အဖွဲ့က လုံးဝ မျိုးပြတ်သွားမှာ"
ဤဆွေးနွေးသံများသည် အဆက်မပြတ် ထွက်ပေါ်နေသည်။
သို့သော် အယ်ဒီလာသည်တော့ သူတို့ပြောနေကြသည်မှာ သူ့အကြောင်း မဟုတ်သည့်အလား သူ့ဘေးနားမှ သွေးမျိုးနွယ်စုဝင်တစ်ဦးနှင့်ပင် စကားစမြည် ပြောနေလိုက်သေးသည်။
"မိတ်ဆွေကြီး... ခင်ဗျား ခုနကပြောတာ မှန်တယ်လို့ ကျွန်တော်ထင်တယ်၊ အဲ့ဒီ လျှို့ဝှက်အဖွဲ့ခေါင်းဆောင် အယ်ဒီလာဆိုတာ သူရဲဘောကြောင်တဲ့ ကောင်စုတ်လေးပါပဲ၊ သူ ဒီကို လာရဲမှာ မဟုတ်ဘူး"
ထိုသည်ကိုကြားသောအခါ သွေးမျိုးနွယ်စုဝင်သည် အယ်ဒီလာကို အကဲခတ်ကြည့်လိုက်ရာ ၎င်းသည် သာမန်သွေးမျိုးနွယ်စုဝင်တစ်ယောက်သာဖြစ်ပြီး အလွန်ဆုံးရှိလှ မားကွစ်အဆင့်သာ ဖြစ်မည်ကို တွေ့လိုက်ရသဖြင့် ကျေနပ်စွာ ပြုံးလိုက်သည်။
"ကောင်လေး ... မင်းတွေးတာ မှန်တယ်၊ ငါ့အတွက် အယုံရခက်ဆုံးက အဲ့ အယ်ဒီလာက မျိုးနွယ်စုအားလုံး တန်းတူညီမျှရေး ဆိုပြီး တရားဟောတာရယ်၊ သွေးစုပ်တာကို တားမြစ်တာရယ်ပဲ"
"အဲ့ဒါက လုံးဝ ဟာသပဲ၊ ငါတို့ သွေးမျိုးနွယ်စုက သွေးမသောက်ရင် ဘာလို့ သွေးမျိုးနွယ်စု ဖြစ်နေတော့မလဲ၊ ငါတို့ရဲ့ ချွန်ထက်တဲ့ သွားတွေက အလှပြဖို့လား၊ စိတ်ကူးယဉ်ဆန်ပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ"
သွေးမျိုးနွယ်စုဝင်သည် ဝံ့ကြွားစွာ ပြောဆိုနေသော်လည်း သူ့ရှေ့မှ လူသည် အယ်ဒီလာကိုယ်တိုင် ဖြစ်နေမှန်း သတိမထားမိချေ။
လျှို့ဝှက်အဖွဲ့ခေါင်းဆောင်သည်လည်း ခေါင်းတညိတ်ညိတ်နှင့် ရံဖန်ရံခါ ထောက်ခံနေလိုက်သေးသည်။
ထိုမြင်ကွင်းမှာ အလွန် ရယ်စရာကောင်းလွန်းသဖြင့် အယ်ဒီလာကို တိတ်တဆိတ် ကာကွယ်ပေးနေခဲ့ရသော ဝင်နီခမျာ ရယ်ရခက် ငိုရခက် ဖြစ်နေသည်။
သူမ၏ခေါင်းဆောင်တွင်ရှိသော ရက်စက်သည့် ဟာသဉာဏ်သည် ဘယ်တော့မှ ပြောင်းလဲမည်ကို သူမ မသိတော့ပေ။
ထိုအချိန်မှာပင်...
ပြင်းထန်သော သွေးရောင်အလင်းတန်း တစ်ရာကျော်သည် ကောင်းကင်ယံသို့ ထိုးတက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် ယဇ်ပလ္လင်အထက်၌ ပေါ်လာကြသည်။
ရှေ့ဆုံး၌ ရပ်နေသူများမှာ မိသားစုကြီးသုံးစု၏ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်ကြသည်။
Inor Condin သည် ဦးစွာ စကားပြောလိုက်သည်။
"လူကြီးမင်းများခင်ဗျာ... ဒီနေ့မှာ ကျွန်တော်တို့ Inor မိသားစုရဲ့ ဘိုးဘေး ပြန်လည်နိုးထလာမှုကို ကြိုဆိုဖို့နဲ့ သွေးမျိုးနွယ်စုရဲ့ ကြီးမားသော အစွမ်းသတ္တိကို ပြသဖို့အတွက် သွေးယဇ်ပူဇော်ပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်"
သူ ထိုသို့ပြောပြီးနောက်တွင် အိုမင်းနေသော သွေးမျိုးနွယ်စုမှ အကြီးအကဲအချို့သည် သူ့နောက်သို့ လျှောက်လာကြသည်။
သူတို့၏ လက်ထဲတွင် သေတ္တာကြီးတစ်လုံးစီ ကိုင်ဆောင်ထားကြသည်။
သူတို့ သေတ္တာကို ဖွင့်လိုက်သောအခါ တောက်ပသော အလင်းလုံး ဒါဇင်ပေါင်းများစွာ လေထဲသို့ မြင့်တက်သွားသည်။
တစ်ချိန်တည်းမှာပင်...
Vladimir နှင့် Clementine တို့လည်း သူတို့ယူလာသော သေတ္တာများကို ဖွင့်လိုက်ကြသည်။
ထိုအခါ ကွာခြားချက်မှာ ထင်ရှားလာသည်။
Clementine ၏ သေတ္တာထဲတွင် အလင်းလုံး သုံးဆယ်၊ လေးဆယ်ခန့်သာ ပါရှိသည်။
Vladimir ဘက်တွင်မူ ရာချီရှိနေသည်။
ဤအလင်းလုံးများသည် လေထဲတွင် ဝဲပျံနေပြီး ကောင်းကင်တစ်ဝက်ကို လင်းထိန်သွားစေသည်။
ဒီအလင်းလုံးတွေက ဘာတွေလဲ...
သွေးမျိုးနွယ်စုဝင် အများအပြား အံ့အားသင့်သွားကြသည်။
ထိုအချိန်တွင် သွေးမျိုးနွယ်စုဝင် အချို့သည် အော်ပြောလိုက်သည်။
"အဲ့ဒီ အလင်းလုံးတွေထဲမှာ ဘာရှိလဲ ကြည့်လိုက်..."
လူများစွာ၏ မျက်လုံးအားလုံး ထိုဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
လေထဲတွင် ပျံဝဲနေသော အလင်းလုံးများထဲ၌ တစ်စုံတစ်ခု လှုပ်ရှားနေသည်ကို သူတို့ မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် တိုးညှင်းသော ငိုကြွေးသံများနှင့် အော်ဟစ်သံများကို ကြားလိုက်ရသည်။
သေချာ ကြည့်လိုက်သောအခါ...
လူတိုင်း ထိတ်လန့်တကြား အသက်ရှူမှားမတတ် ဖြစ်သွားကြသည်။
အဘယ်ကြောင့်ဆို ထိုအလင်းလုံးများထဲတွင် သတ္တဝါအများအပြား ပြည့်ကျပ်နေသောကြောင့် ဖြစ်သည်။
အလင်းလုံး တစ်လုံးစီတွင် အနည်းဆုံး သတ္တဝါ သန်းပေါင်းများစွာ စုပြုံနေကြသည်။
ဤများပြားလှသော အလင်းလုံးများသည် အသက်ပေါင်း ဘီလီယံ ရာချီ ကို ကိုယ်စားပြုသည်။
ထိုသို့သော မြင်ကွင်းသည် သွေးမျိုးနွယ်စုဝင်များထဲမှ စိတ်ပျော့ပသူများ၏ မျက်နှာကို ဖြူဖျော့သွားစေသည်။
သို့သော် သွေးမျိုးနွယ်စုဝင် အများအပြားသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
"မိုက်တယ်ဟေ့၊ ဘယ်လိုနည်းလမ်းကြီးလဲဟ"
"ငါ့အဘိုး ပြောပြဖူးတာ ငါမှတ်မိတယ်၊ ဟိုးအရင် ငါတို့ သွေးမျိုးနွယ်စုတွေ ကမ္ဘာလောကကို လှည့်လည်သွားလာတုန်းက ကြယ်စုစနစ်တစ်ခုလုံးကို သွေးယဇ်ပူဇော်ဖို့ ဒီနည်းလမ်းကို သုံးခဲ့ကြတာတဲ့၊ အခုမှပဲ ကြီးကျယ်ခမ်းနားတဲ့ လုပ်ရပ်ဆိုတာကို တွေ့ဖူးတော့တယ်"
ထိုလေးစားအားကျသော အာမေဋိတ်သံများနှင့် ကြောက်လန့်တကြား အော်ဟစ်သံများသည် ဆူညံပွက်လောရိုက်သော အသံဗလံကြီးအဖြစ် ပေါင်းစပ်သွားသည်။
Inor Condin သည် Vladimir နှင့် Clementine တို့ကို တစ်ချက်ကြည့်လိုက်သည်။
သူတို့သည် အယ်ဒီလာပေါ်လာမည်ကို စောင့်နေခြင်းဖြစ်သည်။
သို့သော် အယ်ဒီလာ၏ အရိပ်အယောင်မျှပင် မတွေ့ရသေးပေ။
ထိုအချိန်တွင် ရက်စက်ကြမ်းကြုတ်သည်ဟု နာမည်ကြီးသော ဗလာ့ဒ်က ရှေ့သို့တက်လာပြီး လူအုပ်ကြီးကို ဝေ့ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။
" အယ်ဒီလာငါ မင်း ဒီမှာ ရှိနေရမယ်ဆိုတာ သိတယ်၊ ဒါပေမဲ့ မင်းက မှောင်ရိပ်ထဲမှာ ပုန်းနေရုံနဲ့ ဒိကိစ္စတွေပြီးမယ် ထင်နေတာလား"
"ပြီးတော့ မင်းရဲ့ လျှို့ဝှက်အဖွဲ့အစည်းက တန်းတူညီမျှမှုကို ကိုယ်စားပြုတယ်လို့ မင်းအမြဲ ပြောနေတာ မဟုတ်လား၊ ဒါဆို ဘာလို့ ထွက်မလာရဲတာလဲ"
ကွင်းပြင်တစ်ခုလုံး လေးနက်သော တိတ်ဆိတ်မှုကြီး လွှမ်းခြုံသွားသည်။
သွေးမျိုးနွယ်စုဝင် အများအပြားသည် ထိုဒဏ္ဍာရီလာပုဂ္ဂိုလ် အယ်ဒီလာကို ရှာတွေ့ရန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။
သို့သော် သူ့အရိပ်အယောင်ကို မတွေ့ရသေးပေ။
ထိုသည်ကိုမြင်တော့ Vladimir က လှောင်ပြုံးပြုံးလိုက်သည်။
"ဘာဖြစ်လို့လဲ၊ ကြောက်နေတာလား၊ အရှေ့ကိုထွက်မလာရဲဘူးလား၊ ကောင်းပြီလေ... ဒါဆို ငါ မင်းရှေ့မှာ ဒီအလင်းလုံးတွေထဲက တစ်လုံးကို ချေမွပစ်လိုက်မယ်၊ အထဲမှာ အသက်ပေါင်း သန်းချီ ရှိတယ်နော်"
Vladimir လက်လှမ်းလိုက်ရာ အလင်းလုံးတစ်လုံးသည် သူ့လက်ထဲသို့ ရောက်ရှိလာသည်။
သူသည် အလင်းလုံးကို လက်ထဲတွင် ချိန်ဆကြည့်လိုက်သည်။
အလင်းလုံးထဲမှ သတ္တဝါများသည် ရူးမတတ် အော်ဟစ်ငိုကြွေးပြီး အသနားခံလာကြသည်။
သူတို့၏ အသံများမှာ တိုးညှင်းသော်လည်း ကောင်းကင်နှင့် မြေကြီးတစ်ခွင်သို့ ပျံ့နှံ့သွားပြီး နားထောင်ရခက်လှသည်။
"ထွက်မလာသေးဘူးလား"
Vladimir ၏ မျက်နှာထားသည် ပိုမိုအေးစက်လာပြီး လက်ချောင်းများကို တင်းကျပ်လိုက်ကာ လှုပ်ရှားရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် ရွှယ်အန်းက သူ့ဘေးနားရှိ အယ်ဒီလာကို ခပ်တိုးတိုးလေး ပြောလိုက်သည်။
"ထမင်းတစ်နပ်က နည်းနည်းတော့ ရှုံးတယ်နော်၊ မင်း ငါ့ကို အကြွေးတစ်ခါ တင်သွားပြီဆိုတာ မှတ်ထားပါ"
အယ်ဒီလာခေါင်းညိတ်လိုက်သည်။
"အရှင် ဆန္ဒရှိတဲ့အတိုင်းပါပဲ”