← Chapters

သွေးရောင်ကြယ် (၁၃) ပွင့်

Vol. 59 Ch. 879

သွေးရောင်ကြယ် (၁၃) ပွင့်

Vol. 59 Ch. 879

ဝင်နီက ကြောင်ငေးကြည့်နေမိသည်။

"အဲ့ဒါ ဘာသဘောလဲ၊ ကျေးဇူးကြွေးတင်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ၊ ပြီးတော့ ခေါင်းဆောင်က ဘာလို့ ဒီလူငယ်လေးကို ဒီလောက်တောင် လေးစားနေရတာလဲ"

သို့သော် ထိုစကားကို ကြားလိုက်ရချိန်တွင် ဟော့အာ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး လေးစားမှုအပြည့်ဖြင့် ဦးညွှတ်လိုက်သည်။

ထိုအချိန်တွင် ယဇ်ပလ္လင်ပေါ်မှ Vladimir သည် မထီမဲ့မြင် ပြုံးလိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။

ရုတ်တရက် ဓားအလင်းတန်းတစ်ခု ကောင်းကင်ကို ဖြတ်သန်းသွားပြီး သူ၏လက်ကောက်ဝတ်ကို ဖြတ်တောက်လိုက်သည်။

သွေးများလည်း ပန်းထွက်ကုန်သည်။

Vladimir က နာကျင်စွာ အော်ဟစ်လိုက်သည်။

"ဘယ်သူလဲကွ"

"ဘာတွေ အော်နေတာလဲ၊ မင်း အသံဘယ်လောက်ကျယ်လဲဆိုတာကို ပြချင်လို့လား"

ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် သူသည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး ပေထောင်ချီမြင့်သော ကောင်းကင်ထက်သို့ ရောက်ရှိသွားသည်။

တစ်နေရာလုံး တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားသည်။

"ဒီလူငယ်လေးက ဘယ်သူလဲ"

"မင်းတို့ရော သူ့ကို မသိဘူးလား၊ ကြည့်ရတာတော့ သာမန် သွေးမျိုးနွယ်ဝင် တစ်ယောက်လိုပါပဲ"

"ဒါ သေလမ်းလာရှာနေတာပဲ"

ထိုသို့ ပြောဆိုနေကြစဉ် ဝင်နီမှာ ကြောင်အနေမိသည်။

သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...

ဒီလူငယ်လေးက... မဟုတ်မှ...

ဝင်နီတစ်ကိုယ်လုံး တုန်ရီသွားသည်။

မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး...

သူက သာမန် သွေးမျိုးနွယ်ဝင်တစ်ယောက်လို ပုံစံပဲကို၊ ဘယ်လိုလုပ် အဓိက မျိုးနွယ်စုကြီးသုံးခုကို ယှဉ်နိုင်မှာလဲ...

သို့သော် ထိုစဉ် သူမဘေးနားတွင် ရပ်နေသော အိုက်ရှီက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။

"အရှင်... အကုန်လုံးကို သတ်ပစ်လိုက်ပါ"

ဟော့အာလည်း မနေနိုင်ဘဲ တီးတိုးရေရွတ်လိုက်သည်။

"အရှင်တော့ ရိတ်သိမ်းတော့မယ်"

"ရိတ်သိမ်းတယ် ဟုတ်လား... ဘာကိုလဲ"

Win Niက နားမလည်နိုင်စွာ ခပ်တိုးတိုး မေးလိုက်သည်။

ဟော့အာက ပြုံး၍ ပြောလာသည်။

"ကြည့်ရင်သိပါလိမ့်မယ်"

ဝင်နီက ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်သည်။ သူမ တစ်ယောက်တည်း ကြည့်နေသည်တော့ မဟုတ်ချေ။

ထိုအချိန်တွင် ကွင်းပြင်တစ်ခုလုံးရှိ မျက်လုံးများအားလုံးသည် လေထဲတွင် ရပ်နေသော ရွှယ်အန်းဆီသို့ ရောက်နေကြသည်။

Vladimir ၏ ပြတ်သွားသော လက်ကောက်ဝတ်သည် ရွံရှာဖွယ် လှုပ်ရှားလာပြီး လက်သစ်တစ်ဖက် ပြန်ထွက်လာသည်။

ထို့နောက် Vladimir က သတ်ဖြတ်လိုသော အကြည့်များဖြင့် ရွှယ်အန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ငါလား... ငါက မင်းတို့ သွေးမျိုးနွယ်စုကို အပြတ်ရှင်းဖို့ လာတာလို့ ပြောရင် မင်းယုံမှာလား"

ထိုစကားကြောင့် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ထို့နောက် နေရာအနှံ့မှ ရယ်မောသံများ ထွက်ပေါ်လာသည်။

"သွေးမျိုးနွယ်ကို အပြတ်ရှင်းဖို့ လာတယ်တဲ့လား၊ တကယ်ကို ကြီးကျယ်တဲ့ စကားပဲ"

"ငါ့ထင်တော့ ဒီကောင့်ဦးနှောက် ပျက်နေပြီထင်တယ်"

Vladimir က ပိုလို့ပင် ကျယ်လောင်စွာ အားရပါးရ ရယ်မောလိုက်သည်။

"ငါ ဒီလောက် မရယ်ရတာ နှစ်တွေ အတော်ကြာပြီ၊ ဒီဟာသလေးအတွက် မင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပေးလိုက်မယ်"

ထို့နောက် သူသည် ရွှယ်အန်းဘက်သို့ လက်ညိုးညွှန်ကာ အေးစက်စွာ အမိန့်ပေးလိုက်သည်။

"သူ့ကို သတ်လိုက်"

ထိုအမိန့်ပေးလိုက်သည်နှင့် Vladimir ၏ အနောက်ဘက်မှ သွေးရောင်အလင်းတန်း (၁၃) ခု ကောင်းကင်သို့ ထိုးတက်သွားပြီး ရွှယ်အန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

"အဲ့ဒါ ဂေးလ်စ်မျိုးနွယ်စုရဲ့ သွေးစောင့်ရှောက်သူ (၁၃) ဦးပဲ"

"သူက ဒီလို အင်အားကြီးတဲ့ အစောင့်တွေကို ခေါ်လာတာပဲ၊ ဒီကောင်လေးတော့ သေချာပေါက် သွားပြီ"

သွေးစောင့်ရှောက်သူ (၁၃) ဦးသည် ဂေးလ်စ်မျိုးနွယ်စုအောက်ရှိ အတွင်းသွေးကမ္ဘာတွင် အလွန်နာမည်ကြီးသော အထက်တန်းစား အစောင့်တပ်ဖွဲ့ ဖြစ်သည်။

ထိုသွေးမျိုးနွယ်ဝင် (၁၃)ဦးသည် တစ်ယောက်ချင်းဆိုလျှင်တောင် မင်းသားအဆင့်ထက် သာလွန်ကြသည်။

ထို့ပြင် သူတို့ (၁၃) ဦး အဖွဲ့လိုက် ပေါင်းစည်းလိုက်ပါက သူတို့၏ အင်အားသည် အဆတစ်ရာမက တိုးလာတတ်သည်။

အဘယ်ကြောင့်ဆို သူတို့သည် ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာသော ပေါင်းစပ်တိုက်ခိုက်နည်းကို ကျွမ်းကျင်ကြသောကြောင့် ဖြစ်သည်။

ထိုတိုက်ခိုက်နည်းကို အသုံးပြုလိုက်သည်နှင့် ဘိုးဘေးအဆင့် ကျွမ်းကျင်သူများပင် နောက်ဆုတ်ပေးရသည်။

ထိုအချိန်တွင် သွေးစောင့်ရှောက်သူ (၁၃) ဦးသည် ရွဗယ်အန်းအနီးသို့ ရောက်ရှိနေပြီဖြစ်ပြီး (၁၃) ယောက်မှာ တစ်ယောက်တည်းအလား ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။

သွေးလက်သည်းများသည် ရွှယ်အန်း၏ ပတ်ပတ်လည်ကို ပိတ်ဆို့ထားလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော အော်ရာကြောင့် အဝေးမှ သွေးမျိုးနွယ်ဝင်များပင် မျက်နှာပျက်ကာ နောက်ဆုတ်သွားကြရသည်။

သို့သော် ထိုသို့သော တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ရွှယ်အန်းသည် မမြင်သည့်ပုံစံဖြင့် မလှုပ်မယှက် ငြိမ်သက်စွာ ရပ်နေသည်။

သွေးလက်သည်းများက သူ့ကို ထိတော့မည့် ဆဲဆဲတွင်...

ဝင်နီက မနေနိုင်ဘဲ အော်လိုက်မိသည်။

"ခေါင်းဆောင်..."

သို့သော် အယ်ဒီလာ၏ မျက်နှာပေါ်မှ အပြုံးမှာ လုံးဝ မပြောင်းလဲချေ။

"စိတ်မပူပါနဲ့၊ ဒါက သူ့အတွက် အမြည်းလောက်တောင် ရှိမှာ မဟုတ်ဘူး"

အယ်ဒီလာသည် ရွှယ်အန်းအပေါ် အဘယ့်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေလဲဆိုတာ ဝင်နီနားမလည်သော်လည်း ကြောက်စိတ်ကို ဖြေလျော့ပြီး မော့ကြည့်လိုက်သည်။

အမှန်ပင်...

သွေးလက်သည်းများ ရွှယ်အန်းနှင့် ထိခါနီးတွင်...

ရွှယ်အန်း၏ မျက်ဝန်းထဲ၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူ လက်ပင်မလှုပ်လိုက်ရပေ။

ထို သွေးမျိုးနွယ်ဝင် (၁၃) ဦးသည် ကြိုးပြတ်သွားသော စွန်များအလား လွင့်စင်သွားကြသည်။

ထိုမြင်ကွင်းကြောင့် လူအုပ်ကြီးဆီမှ အံ့ဩသံများ ထွက်ပေါ်လာသည်။

သို့သော် Vladimir ၏ မျက်နှာထားမှာ မပြောင်းလဲဘဲ ဖြစ်ပျက်နေသမျှကို အေးဆေးစွာ ကြည့်နေသည်။

သွေးမျိုးနွယ်ဝင် (၁၃) ဦး ပြိုင်တူ ညည်းညူလိုက်ကြပြီးနောက် လျင်မြန်စွာ ပြန်လည်စုစည်းကာ ရွှယ်အန်း၏ ဘေးနှစ်ဖက်သို့ ပြေးဝင်သွားပြီး ထူးဆန်းသော ကိုယ်နေဟန်ထားဖြင့် နေရာယူလိုက်ကြသည်။

ဝှီ....

အသံတိုးတိုးတစ်သံ ထွက်ပေါ်လာပြီး သွေးရောင်အလင်းတန်းများသည် ၎င်းတို့ (၁၃) ဦးထံတွင် စုစည်းသွားပြီး မကောင်းဆိုးဝါး အော်ရာများ ပြည့်နှက်နေသည့် အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။

"သွေးရောင်ကြယ် (၁၃) ပွင့်... ဘုရားရေ၊ ဒါ သွေးရောင်ကြယ် (၁၃) ပွင့်ပဲ"

လူတစ်ယောက်သည် ထိတ်လန့်တကြား အော်ပြောလိုက်သည်။

အခြားသူများစွာလည်း ရင်ထဲ ထိတ်လန့်သွားကြသည်။

ဤ သွေးရောင်ကြယ် (၁၃) ပွင့် သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ပေါင်းစပ်တိုက်ခိုက်သည့် စစ်ကစားကွက်ဖြစ်ပြီး ဤသွေးမျိုးနွယ်ဝင် (၁၃) ဦး၏ နာမည်အကြီးဆုံး လက်နက်ဖြစ်သည်။

ဤတစ်ကြိမ်တော့ လူငယ်လေး ဒုက္ခရောက်ပြီ ဖြစ်သည်။

သွေးရောင်ကြယ် (၁၃) ပွင့်သည် ပေါင်းစည်းလိုက်ရာ ဗဟိုချက်မတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အ၀ါတစ်ခု ပေါ်ထွက်လာသည်။

မကြာမီပင် လက် (၁၃) ဖက်ပါပြီး လက်တစ်ဖက်စီတွင် ထူးဆန်းသော လက်နက်များကို ကိုင်ဆောင်ထားသည့် အရိပ်တစ်ခုသည် ဖြည်းညှင်းစွာ ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဤသည်မှာ သွေးမျိုးနွယ်ဝင် (၁၃) ဦး၏ သွေးစွမ်းအင်အပြည့်ဖြင့် ဖွဲ့စည်းထားသော သွေးနတ်ဆိုးအရိပ် ဖြစ်သည်။

ထိုသည်မှာ သူတို့၏ စွမ်းရည်အားလုံးကို ပေါင်းစည်းထားသည်ဟု ဆိုနိုင်သည်။

၎င်း၏ ကြောက်မက်ဖွယ် အင်အားကို ထင်ရှားစွာ မြင်နိုင်သည်။

သွေးနတ်ဆိုးအရိပ်သည် ရွှယ်အန်းကို အေးစက်စွာ ကြည့်ပြီးနောက် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

သွေးရောင်အလင်းတန်း (၁၃) ခုသည် သွေးထက်နီသော အလင်းတန်းကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး အာကာသကို ထိုးဖောက်ကာ ရွှယ်အန်းဆီသို့ တည့်တည့် ဝင်လာလေသည်။

ထိုသည်ကိုမြင်ချိန် Vladimir လည်း အေးစက်စွာ ပြုံးလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

သူ့အမြင်တွင် သူ၏ သွေးမျိုးနွယ်ဝင် (၁၃) ယောက် ပေါင်းစပ်တိုက်ခိုက်လိုက်သည်နှင့် ဤကောင်လေး သေချာပေါက် သေပြီဟု တွေးထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဆက်ကြည့်နေစရာ မလိုတော့ပေ။

သို့သော် ထိုအချိန်လေးမှာပင်...

ပျင်းရိ‌နေသေည အသံတစ်သံသည် ကွင်းပြင်တစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။

"မဆိုးဘူး... ဒါပေမဲ့ မလုံလောက်ဘူး"

ဘာ...

Vladimir ရုတ်တရက် ပြန်လှည့်ကြည့်လိုက်သည်။

ရွှယ်အန်းသည် လေထဲတွင် ဘာမှမဖြစ်သည့်ပမာ ပုံစံမပျက် ရပ်နေသည်ကို မြင်လိုက်ရသည်။

Vladimir ၏ မျက်နှာမှာ ချက်ချင်းဆိုသလိူ ပြောင်းလဲသွားသည်။

သူကိုယ်တိုင်ပင် သွေးမျိုးနွယ် (၁၃) ယောက်၏ တိုက်ခိုက်မှုကို ဤမျှလောက် တည်ငြိမ်စွာ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ဒီလူက ဘယ်သူလဲ...

ထိုစဉ် ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။

"အခုက ငါ့အလှည့်ပဲ"

ရွှယ်အန်း စကားဆုံးသည်နှင့် ၎င်းပုံရိပ်မှာ ဖျတ်ခနဲ လှုပ်ရှားသွားပြီး သွေးနတ်ဆိုးအရိပ်၏ အပေါ်ဘက်တွင် ရောက်သွားကာ ကျောက်စိမ်းပမာ ၎င်း၏လက်နှစ်ဖက်ဖြင့် ထိုအရိပ်၏ ဦးခေါင်းကို ဖိချလိုက်သည်။

သူ ဘာလုပ်ချင်နေတာလဲ...

လူတိုင်း စိတ်ထဲတွင် သံသယ ဝင်သွားကြသည်။

ထိုစဉ် ရွှယ်အန်း၏ လက်မောင်းများ လှုပ်ရှားသွားပြီး အော်ဟစ်လိုက်သည်။

"ကွဲ‌စမ်း"

ဂျွတ်...

ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။

သွေးနတ်ဆိုးအရိပ်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ရွှယ်အန်း၏ ဆွဲခွာမှုကြောင့် ထက်ခြမ်းကွဲသွားသည်။

သွေးမျိုးနွယ်ဝင် (၁၃) ယောက်စလုံး သွေးအန်ကုန်ကြပြီး သူတို့၏ အရှိန်အဝါများ လျင်မြန်စွာ ကျဆင်းသွားကာ ထွက်ပြေးရန် ပြင်လိုက်ကြသည်။

ရွှယ်အန်းက လက်ချောင်းများကို ခါလိုက်ရာ ဓားအလင်းတန်းများ ကောင်းကင်နှင့် မြေကြီးအနှံ့ ယှက်နွယ်သွားပြီး သွေးမျိုးနွယ်ဝင် (၁၃) ယောက်လည်း ပိတ်မိသွားစေသည်။

ထို့နောက် ရွှယ်အန်းက လက်သီးကို ရုတ်တရက် ဆုပ်လိုက်သည်။

ဓားအလင်းတန်းများက ပြင်းထန်စွာ စုစည်းသွားသည်။

ရွှပ်...

ဤဓားအလင်းတန်းများအောက်တွင် သွေးမျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်သည် တို့ဖူးတုံးများပမာ အပိုင်းပိုင်း ပြတ်သွားကြသည်။

သွေးမျိုးနွယ်တို့၏ ပြန်လည်ကုစားနိုင်စွမ်းကြောင့် သူတို့ ပြန်လည်သက်သာလာနိုင်သည်။

သို့သော် ပြတ်သွားသော အပိုင်းအစများသည် ပြန်လည်ပေါင်းစည်းရန် ကြိုးစားလိုက်တိုင်း ဓားအလင်းတန်းများမှာ ထပ်မံ လက်ခနဲ ဖြစ်သွားသည်။

အကြိမ်အနည်းငယ် ကြာပြီးနောက်...

ထိုအပိုင်းအစများသည် တဖြည်းဖြည်း ခြောက်သွေ့သွားကာ မည်းနက်သော သွေးများအဖြစ် ပြောင်းလဲပြီး ပျက်စီးသွားကြသည်။

All Chapters