မင်းရဲ့အင်အားက အထိုးခံဖို့လောက်ပဲ အသုံးဝင်တာ
Vol. 59 Ch. 880
Vladimir ကြောင်အသွားသည်။
နှစ်ပေါင်းများစွာ သူ့နောက်လိုက်ခဲ့ပြီး ဂေးလ်စ်မျိုးနွယ်စု၏ အထက်တန်းစား အစောင့်တပ်သားများဟု လူသိများသော သွေးမျိုးနွယ်ဝင် (၁၃) ယောက်သည် ဤလူငယ်လေး၏ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။
ဝင်နီနှင့် အခြားသူများမှာလည်း မှင်သက်နေကြသည်။
သို့သော် အယ်ဒီလာသည်တော့ ထိုသည်ကို မျှော်လင့်ထားပြီးဖြစ်သည့်အလား တဟားဟား ရယ်မောနေလေသည်။
ထိုအချိန်တွင် ရွှယ်အန်းက သူ့နဖူးသူ ရိုက်လိုက်ပြီး နောင်တရသလို ပြောလိုက်သည်။
"သွားပါပြီ... သူတို့ကို သွေးပုလဲတွေဖြစ်အောင် လုပ်ဖို့ မေ့သွားတယ်၊ နှမြောစရာကြီးပဲ၊ ထားပါတော့... အနည်းဆုံးတော့ မင်းတို့ ကျန်သေးတာပဲ"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် Vladimir တို့ဘက်သို့ လှည့်ကာ ကောက်ကျစ်စွာ ပြုံးလိုက်သည်။
ထိုအပြုံးတွင် ပါဝင်နေသော အေးစက်သည့် သတ်ဖြတ်လိုစိတ် အငွေ့အသက်များကြောင့် ရက်စက်ပါသည်ဆိုသော Vladimir ပင်လျှင် မသိလိုက်ဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားသည်။
သို့သော် သူ၏ အပြုအမူသည် ရွှယ်အန်းကို ကြောက်ရွံ့နေသည်ဟု အထင်မခံစေချင်သောကြောင့် သူ့မျက်နှာကို ထိန်းထားသော်လည်း ဖြူဖျော့သွားလေသည်။
"ကောင်လေး... မင်း ဒီလောက် မာန်တက်ရဲတာ အံ့ဩစရာ မရှိပါဘူး၊ မင်းမှာ အရည်အချင်း နည်းနည်းတော့ ရှိတာပဲ၊ ဒါပေမဲ့ ဒီလောက်နဲ့ လုံလောက်ပြီ ထင်နေလား၊ ဒီနေ့ စစ်မှန်တဲ့ အင်အားဆိုတာ ဘာလဲဆိုတာ ပြမယ်..."
သူ့စကား မဆုံးခင်မှာပင် ရွှယ်အန်းသည် Vladimir ၏ အနောက်ဘက်သို့ ရောက်ရှိနေပြီး ပခုံးကို လက်သီးဖြင့် ထိုးချလိုက်သည်။
ဝုန်း!
Vladimir ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ကြီးမားသော အင်အားကြောင့် လွင့်ထွက်သွားပြီး လေထဲတွင် အကြိမ်အနည်းငယ် လိမ့်ပြီးမှ အနိုင်နိုင် ပြန်ထိန်းလိုက်ရသည်။
"မင်းပြောတဲ့ စစ်မှန်တဲ့ အင်အား ဆိုတာက အထိုးခံရတာကို ပြောတာလား"
ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
Vladimir ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသည်။
ယခုအချိန်တွင် ရွှယ်အန်း၏ လက်သီးချက်ကြောင့် သူ့ခန္ဓာကိုယ် တစ်ဝက်ခန့်မှာ လုံးဝ ကြေမွနေပြီဖြစ်သည်။ သွေးမျိုးနွယ်များတွင် အံ့ဩစရာကောင်းလောက်အောင် ပြန်လည်ကုစားနိုင်စွမ်း ရှိသော်လည်း ဤမျှ ပြင်းထန်သော ဒဏ်ရာက ကုစားရန်အတွက် အသက်စွမ်းအင် အများအပြား ကုန်ဆုံးစေသည်။
အဓိကအချက်မှာ Vladimir သည် အစအဆုံး ဘာမှ မသိလိုက်ရခြင်း ဖြစ်သည်။
ဤသည်မှာ ရွှယ်အန်း မည်မျှမြန်ဆန်ကြောင်း ပြသနေသည်။
ထိုနည်းတူစွာပင် ဘေးမှ တိုက်ပွဲကို ကြည့်နေကြသော Inor Condin နှင့် Clementine တို့လည်း ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။
Vladimir သည် ဒုတိယမျိုးဆက် သွေးစွမ်းအား နိုးထထားသော ထိပ်တန်း သွေးမျိုးနွယ်ဝင် တစ်ဦးဖြစ်သည်။
ထိုသို့သောသူသည် ဤလူငယ်လေး၏ လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားရသည်။
ဤသည်မှာ ယုံနိုင်စရာပင် မရှိချေ။
ဤမြင်ကွင်းကို မြင်လိုက်ရသော သွေးမျိုးနွယ်ဝင် အားလုံး၏ စိတ်ထဲတွင်လည်း ထိုသို့ တွေးမိနေကြသည်။
သို့သော် ရွှယ်အန်း ဆက်ပြောလိုက်သော စကားက သွေးမျိုးနွယ်များကို ပို၍ တုန်လှုပ်သွားစေသည်။
"တစ်ယောက်ချင်းစီ ရှင်းနေရတာ ပျင်းစရာ ကောင်းလွန်းတယ်၊ အကုန်လုံး ပြိုင်တူ ဝင်ခဲ့လိုက်ကြ၊ ငါ အလျင်လိုနေတယ်"
ဘုန်း!
ထိုစကားကြောင့် လူအုပ်ကြီး တစ်ခုလုံး မှင်သက်သွားသည်။
Inor Condin ၏ မျက်နှာသည် တည်သွားပြီး မျက်ဝန်းများ အေးစက်သွားသည်။
"လူငယ်လေး... မင်း စကားကြီးစကားကျယ်တွေ ပြောလှချည်လား၊ မင်းရဲ့ အင်အားလောက်နဲ့ ငါတို့ သွေးမျိုးနွယ် အများကြီးကို နိုင်မယ် ထင်နေလား"
ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"မင်းက..."
"ငါက Inor မိသားစုရဲ့ သားအကြီးဆုံး၊ ဒုတိယမျိုးဆက် သွေးမျိုးနွယ်၊ မင်းသား Inor Condin ပဲ"
Inor Condin က ဂုဏ်ယူစွာ ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"အဲ့ဒီ အသုံးမဝင်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ပြောပြမနေနဲ့၊ ငါမှတ်မိမှာ မဟုတ်ဘူး၊ ပြီးတော့ မင်းမေးတာ ငါ အခုပဲ ဖြေကေးမယ်... တခြားလူတွေတော့ မသိဘူး၊ ငါ့အတွက်တော့ မင်းကို သတ်ရတာ ငါ့လက်ဝါးလှန်သလောက်ပဲရှိတယ်"
Inor Condin က ဒေါသတကြီး ရယ်မောပြီး ပြန်ပြောရန် ပြင်လိုက်သည်။
ရွှယ်အန်းက မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။
လေးလံသော ဖိအားတစ်ခုသည် ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး လူတိုင်း အသက်ရှူကြပ်သွားကြသည်။
အယ်ဒီလာ၏ မျက်နှာသည်လည်း တဖြည်းဖြည်း လေးနက်သွားသည်။
"ဒါ သူ့ရဲ့ အစစ်အမှန် အင်အားလား"
ထိုအချိန်တွင် Vladimir ၏ ခန္ဓာကိုယ်တစ်ဝက်သည် ပြန်လည် ကောင်းမွန်သွားပြီဖြစ်သည်။
သူနှင့် ယဇ်ပလ္လင်ပေါ်ရှိ Inor Condin တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
နှစ်ယောက်လုံး အချိတ်အဆက်မိမိဖြင့် ပြိုင်တူ လှုပ်ရှားလိုက်ကြသည်။
"သတိထား..."
ဝင်နီအော်ပြောလိုက်သည်။
သူမ စကားဆုံးသည်နှင့် Inor Condin နှင့် Vladimir တို့သည် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားများဖြင့် ရွှယ်အန်းအနီးသို့ ရောက်ရှိလာကြသည်။
သို့သော် ထိုအချိန်လေးမှာပင်...
ရွှယ်အန်းသည် ရုတ်တရက် မျက်လုံး ဖွင့်လိုက်သည်။
ရွှယ်အန်းရှေ့တည့်တည့်ရှိ Inor Condinမှာ တောင့်ခဲသွားသည်။
အဘယ်ကြောင့်ဆို ထိုအခိုက်အတန့်တွင် သူ စိတ်ကူးထားသလို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
သူ ရင်ဆိုင်နေရသည်မှာ သာမန်လူတစ်ယောက် မဟုတ်ဘဲ ဘုံပေါင်းများစွာမှ ပြိုင်ဘက်ကင်းသော အမြင့်မြတ်ဆုံး ဘုရားသခင်တစ်ပါး ဖြစ်နေသည့်ပမာ ခံစားလိုက်ရသည်။
ရွှယ်အန်း၏ မျက်လုံးများသည် ထူးခြားစွာ တောက်ပနေသည်။ ထိုမျက်လုံးများမှာ အဆုံးမရှိသော သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှသည်။ ထိုသို့ သူ စိတ်လွတ်နေစဉ် အခိုက်အတန့်တွင် ရွှယ်အန်းက လက်သီးဆုပ်ပြီး ထိုးချလိုက်သည်။
ဘုန်း...
ထိုသည်မှာ ကြွေကျလာသော ကြယ်တံခွန်ကဲ့သို့သော လက်သီးချက်ဖြစ်သည်။
၎င်းတွင် ပါဝင်သော အင်အားသည် လမ်းကြောင်းတွင် ရှိသမျှ အရာအားလုံးကို မှုန့်မှုန့်ညက်ညက် ဖြစ်သွားစေရန် လုံလောက်သည်။
ဒုတိယမျိုးဆက် သွေးမျိုးနွယ်ဟု လူသိများသော Inor Condin ပင် ဤတိုက်ခိုက်မှုကို မခံနိုင်ပေ။ သူ ခဏတာ ရုန်းကန်ပြီးနောက် ပျောက်ကွယ်သွားပြီး သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားသည်။
ထိုအချိန်တွင် Vladimir ၏ သွေးလက်သည်းများသည် ရွှယ်အန်း၏ ကျောပြင်နှင့် ထိလုနီးပါးရောက်နေသည်။
Vladimir ကို ထိုးဖောက်သတ်သူ ဟု လူသိများကြခြင်းမှာ သူ့လက်သည်းများသည် မည်သည့်အရာကိုဆို ဖောက်ထွင်းနိုင်သောကြောင့် ဖြစ်သည်။
ယခုအခါ သူ နည်းနည်းလေးသာ လိုတော့သည်။ ဤလူငယ်လေး၏ ကျောကို ခွဲပြီး ကလီစာ အားလုံးကို ဆွဲထုတ်ပစ်မည်။
Vladimir စိတ်လှုပ်ရှားလာကာ သွားရည်များကျလာသည်။
သို့သော် သူ့စိတ်လှုပ်ရှားမှုမှာ ခဏတာသာ ခံသည်။
နောက်တစ်ခဏတွင် သူ့လက်သည်းများ ဆက်မတိုးနိုင်တော့သည်ကို တွေ့လိုက်ရသဖြင့် Vladimir တုန်လှုပ်သွားသည်။
ရွှယ်အန်း၏ လက်များသည် သူ့လက်သည်းများကို ဖမ်းဆုပ်ထားသောကြောင့် ဖြစ်သည်။
ထိုလက်များသည် သွယ်လျပြီး ကျိုးပဲ့လွယ်သည်ဟု ထင်ရသော်လည်း ကြီးမားသော တောင်တန်းကြီးများပမာ မလှုပ်မယှက် ဖြစ်နေသည်။
Vladimir ထိတ်လန့်နေချိန်တွင်...
"မင်းရဲ့ ဒီသွေးလက်သည်းတွေအောက်မှာ သေဆုံးခဲ့ရတဲ့ ဝိညာဉ်တွေ သန်းပေါင်းရာချီ ရှိလောက်တယ်၊ ဒီနေ့ အဲ့နာကျင်မှုဆိုတာ ဘယ်လိုလဲဆိုတာ ငါမြည်းစမ်းခိုင်းမယ်"
ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
ထို့နောက် ရွှယ်အန်းက လက်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။
ဂျွတ်...
အရိုးချိုးသံတစ်
သံ ထွက်ပေါ်လာပြီးနောက် Vladimir သည် မိုးခြိမ်းသံအလား နာကျင်စွာ အော်ဟစ်လိုက်သည်။
မည်သည့်အရာကိုမဆို ဖောက်ထွင်းနိုင်သည်ဟု ကျော်ကြားသော သူ့လက်သည်းများသည် ရွှယ်အန်း၏ လက်ထဲတွင် တွန့်လိမ်ကြေမွကုန်ပြီး အမှိုက်များ ဖြစ်သွားသည်။
ထိုစဉ် သွေးမြူမှုန်များထဲမှ Inor Condin ၏ ပုံရိပ်သည် ပြန်ပေါ်လာသည်။
သို့သော် ယခုတစ်ကြိမ်တွင် သူသည် မာန်မတက်ရဲတော့ဘဲ ရွှယ်အန်းကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေသည်။
သူ ပြန်အသက်ရှင်နိုင်သော်လည်း သေခြင်းတရား၏ ချောက်နက်ထဲသို့ တွန်းပို့ခံရသည့် ခံစားချက်မှာ မခံနိုင်လောက်အောင် ဆိုးရွားလှသည်။
ရွှယ်အန်းက သူ့ကို ဖျော့တော့စွာ ပြုံးပြလာသည်။
"အလေအလွင့် ဖြစ်တာ မကောင်းဘူး၊ ဒါကြောင့် ဒီတစ်ခါ မင်းတို့အကုန်လုံးကို ငါ ရိတ်သိမ်းလိုက်တော့မယ်"
ထပ်ပြီး ရိတ်သိမ်းမယ်ဆိုတာပဲလား၊ သူ ဘာကို ပြောချင်တာလဲ...
မြေပြင်ပေါ်ရှိ ဝင်နီသည် သိချင်စွ။ဖြင့် တွေးနေမိသည်။
သို့သော် မကြာမီတွင် ရိတ်သိမ်းခြင်းဆိုသည်မှာ မည်သည့်အရာလဲဆိုတာကို ရွှယ်အန်းက လက်တွေ့ပြသတော့သည်။
ရွှယ်အန်း၏ မျက်လုံးများ တောက်ပလာပြီး အနီနှင့်အဖြူ ရောစပ်ထားသော ကြာပန်းပုံစံ မီးတောက်များ ကွင်းပြင်တစ်ခုလုံး ဖြန့်ကျက်သွားကာ သူ့ရှေ့နှင့် နောက်ရှိ သွေးမျိုးနွယ်ဝင် နှစ်ယောက်လုံးကို လွှမ်းခြုံသွားသည်။
"အား.... ဒါ ဘာမိစ္ဆာအတတ်လဲ၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ငါ့ကိုသတ်ရင် ဂေးလ်စ်မျိုးနွယ်စုရဲ့ အဆုံးမဲ့ လိုက်လံသတ်ဖြတ်တာကို ခံရမယ်နော်"
Vladimir သည် အရောင်နှစ်မျိုးစပ် မီးတောက်များ ဝါးမြိုခံလိုက်ရချိန်တွင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
Inor Condin သည်တော့ အသဲအသန် တောင်းပန်နေလေသည်။
"အရှင်... ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့၊ လိုချင်တာရှိရင် ပြောပါ၊ Inor မိသားစုက သခင်ကြီးဆန္ဒ ပြည့်ဝအောင် ကူညီပေးပါ့မယ်"
"ဒါဆို... ငါ မင်းတို့ အသက်ကို လိုချင်ရင်ရော"
သွေးမျိုးနွယ်ဝင် နှစ်ယောက်လုံး ကြောင်သွားသည်။
မီးတောက်များ ရုတ်တရက် ထတောက်လာသည်။
နာကျင်စွာ အော်ဟစ်သံ အနည်းငယ်ထွက်ပေါ်လာပြီးနောက် အသံများ တိတ်ဆိတ်သွားသည်။
ထို့နောက် ကြက်ဥအရွယ်အစားရှိသော သွေးပုလဲနှစ်လုံးသည် လေထဲတွင် ပေါ်လာသည်။
ရွှယ်အန်းသည် ထိုအရာကို ဖမ်းယူလိုက်ပြီး ခဏတာ သဘောကျစွာ ကြည့်ရှုနေပြီးနောက် ချီးကျူးလိုက်သည်။
"ထိပ်တန်း သွေးမျိုးနွယ်တွေဆိုတာနဲ့ တန်ပါတယ်၊ ကျိုချက်ပြီးထွက်လာတဲ့ သွေးပုလဲတွေက တော်တော်လှတာပဲ"
ထိုအချိန်တွင် မည်သူမျှ မရယ်ရဲကြပေ။
သွေးမျိုးနွယ်ဝင် နှစ်ယောက်ကို လွယ်လွယ်ကူကူ သုတ်သင်လိုက်သော ရွှယ်အန်းကို ကျန်သွေးမျိုးနွယ်ဝင်များအားလုံး ကြောက်ရွံ့စွာဖြင့် ကြည့်နေကြသည်။