← Chapters

အလုံးစုံ ဖျက်ဆီးခြင်း

Vol. 59 Ch. 881

အလုံးစုံ ဖျက်ဆီးခြင်း

Vol. 59 Ch. 881

အထူးသဖြင့် Hilary မျိုးနွယ်စု၏ အကြီးဆုံးသမီးဖြစ်သူ Clementine မှာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။

သူမဘေးနားတွင် တက်ကြွစွာရှိခဲ့ကြသော အလွန်အင်အားကြီးမားသည့် သွေးမျိုးနွယ်နှစ်ယောက်သည် ထိုလူငယ်လေး၏ လက်ချက်ကြောင့် မျက်စိတစ်မှိတ်အတွင်း သန့်စင်ခြင်း ခံလိုက်ရသည်။

သူမ ဘယ်လိုလုပ်ပြီး မကြောက်ဘဲ နေနိုင်ပါ့မလဲ...

ထိုအချိန်မှာပင် ရွှယ်အန်းက သူမကို ပေါ့ပါးစွာ လှမ်းကြည့်လိုက်သည်။

Clementine မှာ တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။

"အသက်... အသက်ချမ်းသာပေးပါ"

သူမကိုယ်သူမ ကောင်းကောင်း သိသည်။

Vladimir လို ပုဂ္ဂိုလ်မျိုးတောင် ရွှယ်အန်း၏ ပြိုင်ဘက် မဟုတ်ခဲ့သောကြောင့် သူမလို အင်အားလေးဖြင့်ဆို အသက်ချမ်းသာခွင့်ပေးရန် တောင်းပန်လိုက်သည်မှာ ပိုကောင်းသည်။

ရွှယ်အန်း ပြုံးလိုက်သည်။

" ငါက မိန်းမတွေကို မသတ်ပါဘူး"

Clementine သက်ပြင်းအကြီးကြီး ချလိုက်သည်။

"ကျေး... ကျေးဇူးတင်ပါတယ်၊ ကျွန်မ... ကျွန်မ သွားပါတော့မယ်"

ထိုသို့ပြောပြီး သူမ လှည့်ထွက်ရန် ပြင်လိုက်သည်။

ရွှယ်အန်း ရုတ်တရက် လှမ်းခေါ်လိုက်သည်။

"ဟေး၊ ခဏနေဦး"

Clementine ကြောက်လန့်တကြားဖြင့် ရပ်တန့်လိုက်သည်။

"အရှင့်မှာ... တခြားကိစ္စ ရှိသေးလို့လားရှင့်"

ရွှယ်အန်းက မဲ့ပြုံးပြုံးလိုက်သည်။

"ဆောရီးပဲ၊ ငါအခုမှ သတိရတယ်၊ မင်းက မိန်းမစာရင်းထဲ မဝင်ဘူးပဲ"

Clementine သည် ထိုအပြုံးကို မြင်လိုက်ရသောကြောင့် သူမ ရင်ထဲတွင် အချက်ပေးခေါင်းလောင်းသံများ မြည်ဟည်းသွားပြီး တုံ့ဆိုင်းမနေဘဲ သူမ၏ သွေးအတောင်ပံများကို ဖြန့်ကားကာ မူလပုံစံအမှန်ကို ထုတ်ဖော်ပြီး ထွက်ပြေးရန် ကြိုးစားတော့သည်။

ဒါပေမဲ့ ရွှယ်အနက သူမကို ဘယ်လိုလုပ် လွှတ်ပေးမိုင်မှာလဲ...

မရေမတွက်နိုင်သော တာအိုဓားများ ပေါ်သွားပြီး Clementine ထွက်ပြေးရာ လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်သည်။

"ရှင် တကယ်ပဲ ဒီလောက်ထိ ရက်စက်ဖို့ လိုလို့လား"

Clementine လက်မှိုင်ချကာ အော်ဟစ်လိုက်သည်။

"အဲဒီစကားတွေကို မင်းတို့ယဇ်ပူဇော်ခဲ့တဲ့ သတ္တဝါတွေကို သွားပြောလိုက်ပါ"

ရွှယ်အန်းက ပြန်ပြောလိုက်ပြီး လက်ချောင်းလေးများ တစ်ချက်ခတ်လိုက်ရာ Clementine ၏ ခြေထောက်အောက်မှ မီးတောက်တစ်ခုသည် တမဟုတ်ချင်း ထွက်ပေါ်လာသည်။

ခဏအတွင်းမှာပင် Hillary မျိုးနွယ်စုရ၏ သခင်မလေးမှာ သွေးပုလဲတစ်လုံးအဖြစ် သန့်စင်ခြင်း ခံလိုက်ရတော့သည်။

ရွှယ်အန်းသည် ၎င်းကို ပေါ့ပါးစွာဖမ်းယူပြီး သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

သွေးမျိုးနွယ်ဝင်များ အားလုံး ခေါင်းမော့လာကြပြီး ကြောင်အမ်းအမ်း စိုက်ကြည့်နေကြသည်။

မည်သူမျှ ဤကဲ့သို့ တုန်လှုပ်ဖွယ်ရာ အလှည့်အပြောင်းကို မျှော်လင့်မထားခဲ့ကြပေ။

အထူးသဖြင့် ဝင်နီဖြစ်သည်။

ဤအချိန်ကျမှပဲ ရိတ်သိမ်းခြင်း ဆိုတာ သူမ နားလည်သွားတော့သည်။

ပုံမှန်အားဖြင့် မာန်တက်ပြီး မြင့်မြတ်သည့်ပမာ ဟန်ဆောင်လေ့ရှိသော ထိုသွေးမျိုးနွယ်ဝင်များမှာ ရွှယ်အန်၏ ရှေ့မှောက်တွင် ကူကယ်ရာမဲ့နေသော သိုးသူငယ်များကဲ့သို့ အသတ်ဖြတ်ခံနေရသည်ကို မြင်လိုက်ရခြင်းက ဝင်နီ၏ ရင်ထဲတွင် ဖော်ပြမပြနိုင်သော ကျေနပ်မှုကို ဖြစ်ပေါ်စေသည်။

အဘယ်ကြောင့်ဆို သူမ၏ အတိတ်ရှိ နာကျင်စရာ အတွေ့အကြုံများကို ပြန်သတိရမိသောကြောင့် ဖြစ်သည်။

သူမ မျက်စိရှေ့မှာတင် သူမ မိသားစုကို ယဇ်ပူဇော်ခဲ့ကြသည့် ဤသွေးမျိုးနွယ်ဝင်များကို သူမ ဘယ်တော့မှ ခွင့်လွှတ်မည် မဟုတ်သလို သနားစိတ် အနည်းငယ်မျှလည်း ရှိမည်မဟုတ်ပေ။

သို့သော် ထိုအချိန်မှာပင်...

ဝင်နီသူမ မျက်နှာပေါ်တွင် အေးစက်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။

ကောင်းကင်ပေါ်မှ တစ်စုံတစ်ခု ကျလာသလိုခံစားလိုက်ရ‌သဖြင့် သူမ လက်ဖြင့် စမ်းကြည့်လိုက်သောအခါ သွေးများဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ထိုအချိန်တွင် သွေးမျိုးနွယ်ဝင်အားလုံးလည်း ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခုကို သတိထားမိလိုက်ကြသည်။

မူလက ကြည်လင်နေသော ကောင်းကင်သည် ယခုအခါ ထူထပ်သော သွေးရောင်မြူခိုးများဖြင့် တစ်လွှာပြီးတစ်လွှာ ဖုံးလွှမ်းနေပြီဖြစ်သည်။

သွေးရောင် မိုးကြိုးသံများပင် တဝုန်းဝုန်း မြည်ဟည်းနေပြီး ကမ္ဘာလောကတစ်ခုလုံးကို ကြောက်မက်ဖွယ် သွေးရောင်များ လွှမ်းခြုံထားသည်။

ပဲစေ့လောက်ကြီးမားသော မိုးစက်များ ရွာချလာပြီး ကမ္ဘာပျက်ကပ် ရောက်သွားသည့်ပမာ လောကကြီးတစ်ခုလုံး ငိုကြွေးနေသယောင် ထင်ရသည်။

ဤကြောက်မက်ဖွယ် မြင်ကွင်းကြောင့် သွေးမျိုးနွယ်ဝင် အများအပြား ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

အမြဲတမ်း အပြုံးမပျက် ရှိနေတတ်သော အယ်ဒီလာပင်လျှင် ဤအချိန်၌ လေးနက်သော မျက်နှာထား ဖြစ်သွားသည်။

ဘုန်း!

ပေပေါင်း တစ်ရာအကျယ်ရှိသော ဧရာမ သွေးရောင်မိုးကြိုးကြီးတစ်ခုသာ် ကောင်းကင်မှ ဆင်းသက်လာပြီး ယဇ်ပလ္လင်ဆီသို့ တည့်တည့် ဦးတည်လာသည်။

ရွှယ်အန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

သူသည် ပတ်ဝန်းကျင်တွင် ပျံဝဲနေသော ရာပေါင်းများစွာသော အလင်းလုံးများအားလုံးကို ရတနာပြခန်းထဲသို့ သိမ်းဆည်းလိုက်သည်။

ထိုအချိန်မှာပင်...

သွေးရောင်မိုးကြိုး ပစ်ချလိုက်ပြီ ဖြစ်သည်။

ပေတစ်ထောင်မြင့်သော ယဇ်ပလ္လင်ကို မိုးကြိုးထိမှန်သွားပြီး ၎င်းအပေါ်တွင် ထွင်းထုထားသော မှော်အစီအရင်များမှာ စွမ်းအင်ဖြည့်သွင်းခံလိုက်ရသလို တစ်လွှာပြီးတစ်လွှာ လင်းလက်လာသည်။

လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာပြီး လျှပ်စီးများနှင့် မိုးကြိုးသံများလည်း ပါလာသည်။

မရေမတွက်နိုင်သော သွေးရောင်မိုးကြိုးများ ဟိန်းဟောက်ဆင်းသက်လာပြီး ယဇ်ပလ္လင်၏ ထိပ်ပိုင်းကို ဗုံးကြဲသည့်အလား ပစ်ခတ်တော့သည်။

ပစ်ခတ်မှု၏ ပြင်းထန်မှုကြောင့် ရှိနေသူအားလုံး တုန်လှုပ်သွားကြသည်။

"ဒါက..."

သွေးမျိုးနွယ် အကြီးအကဲ၏ မျက်နှာသည် ရုတ်ခြည်း ပြောင်းလဲသွားသည်။

အဆုံးတွင် ယဇ်ပလ္လင်ပေါ်ရှိ မှော်အစီအရင်သည် အပြည့်အဝ လင်းလက်လာသည်။

ထို့နောက် သွေးရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ တည့်မတ်စွာ ထိုးတက်သွားသည်။

မှန်းဆမရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်သော အော်ရာ တစ်ခုသည် ကွင်းပြင်တစ်ခုလုံးကို ဖိနှိပ်ထားလိုက်သည်။

ထိုအော်ရာ ရောက်ရှိရာ နေရာတိုင်းတွင် သွေးမျိုးနွယ်ဝင်များသည် ထိန်းမနိုင်သိမ်းမရ တုန်ယင်လာပြီး ပြိုင်တူ ဒူးထောက်ကျသွားကြသည်။

အဘယ်ကြောင့်ဆို ၎င်းသည် ရှေးဟောင်းသွေးမျိုးဆက်၏ ဖိနှိပ်ခြင်း ဖြစ်သောကြောင့်ဖြစ်သည်။

ထို့နောက် မိုးမျှော်နေသော သွေးရောင်အလင်းတိုင်ကြီးထဲတွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

ရိုးရှင်းသော သွေးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အသားဖြူဖြူ အဘိုးအိုတစ်ဦးဖြစ်ပြီး မျက်လုံးများကို တင်းတင်းပိတ်ထားသော်လည်း သူထံမှ ထွက်ပေါ်လာသော လှိုင်းထနေသည့် သွေးစွမ်းအင်များကြောင့် ကောင်းကင်နှင့် မြေကြီးတို့ သိမ်မွေ့စွာ တုန်ခါသွားစေသည်။

"ဒါက ဂေးလ်စ်မျိုးနွယ်ရဲ့ ဘိုးဘေးကြီးပဲ"

သွေးမျိုးနွယ်ဝင်တစ်ယောက် တအံ့တဩသံဖြင့် အော်ပြောလိုက်သည်။

ထိုသည်ကို ကြားလိုက်ရချိန် သွေးမျိုးနွယ်ဝင် အများအပြား ဝမ်းသာအားရ ဖြစ်သွားကြသည်။

အဘယ်ကြောင့်ဆို ဂေးလ်စ်မျိုးနွယ်၏ ဘိုးဘေးကြီးသည် သွေးမျိုးနွယ်စု၏ ပထမမျိုးဆက် အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်ပြီး သူနိုးထလာခြင်းမှာ ဤလူငယ်လေး အသက်ပေးဆပ်ရတော့မည်ဟု အဓိပ္ပာယ်ရသောကြောင့် ဖြစ်သည်။

ထင်ထားသည့်အတိုင်းပင်...

ဂေးလ်စ်မျိုးနွယ် ဘိုးဘေးကြီးသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ၏ နီရဒနေသော မျက်ဝန်းများထဲတွင် အလင်းတစ်ချက် လက်ခနဲ ဖြစ်သွားပြီး ကောင်းကင်နှင့် မြေကြီး ရပ်တန့်သွားသည့်ပမာ ထင်ရသည်။

ထို့နောက် သူသည် လူအုပ်ကြီးကို ဝေ့ကြည့်ရှုလိုက်ပြီး အလွန်ရှေးကျပြီး နက်နဲသော သွေးမျိုးနွယ်ဘာသာစကားဖြင့် ပြောလိုက်သည်။

"ငါ... ဂေးလ်စ်ပထမမျိုးဆက် ပြန်လာပြီ၊ ငါ့ရဲ့ မျိုးနွယ်တွေကို ဘယ်သူ သတ်ဖြတ်တာလဲ"

သူ၏ အသံသည် ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွားသည်။

သွေးမျိုးနွယ်ဝင် အားလုံး သူတို့၏ အကြည့်များကို ရွှယ်အန်းထံသို့ လှည့်လိုက်ကြသည်။

လူအုပ်ကြီး၏ စူးစမ်းကြည့်ရှုမှုအောက်တွင် ရွှယ်အန်းသည် ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း အလျဉ်းမရှိဘဲ လျစ်လျူရှုစွာ ပြောလိုက်သည်။

"ငါ လုပ်တာလေ... အဲတော့ ဘာဖြစ်လဲ"

"မင်းလား"

ဂေးလ်စ်ပထမမျိုးဆက်သည် ရွှယ်အန်းထံသို့ ကြည့်လာလိုက်သည်။ သူ ခဏမျှ သေချာစစ်ဆေးပြီးနောက် သူ၏ မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ခု ပေါ်လာသည်။

"လူသား... မင်းက တကယ့်ကို အရမ်း အစွမ်းထက်တာပဲ၊ ဒါပေမဲ့ ငါနားမလည်တာက မင်း ဘာလို့ ငါ့ရဲ့ သွေးကမ္ဘာထဲမှာ ငါ့မျိုးနွယ်တွေကို သတ်ဖြတ်ရဲရတာလဲ"

"ဒါက ငါ့သွေးမျိုးနွယ်ရဲ့ နယ်မြေဆိုတာ မင်းမသိဘူးလား"

သူ၏ ဒေါသတို့ပါဝင်နေသည့် နောက်ဆုံးမေးသံသည် နေရာအနှံ့ ပဲ့တင်ထပ်သွားပြီး သာမန်သွေးမျိုးဆက်သာရှိသော သွေးမျိုးနွယ်ဝင်အချို့မှာ ဤဒေါသတကြီး ဟိန်းဟောက်သံကြောင့် သွေးမြူမှုန်များအဖြစ် ကွဲကြေသွားကြသည်။

ရွှယ်အန်းမှာမူ သက်တောင့်သက်သာနှင့် တည်ငြိမ်နေပုံရပြီး နားကို ပေါ့ပေါ့ပါးပါး ကလော်လိုက်ကာ အားမလိုအားမရဖြင့် ပြောလိုက်သည်။

"ခင်ဗျား ကောင်းကောင်း စကားမပြောတတ်ဘူးလား၊ ဘာလို့ အဲဒီလောက် ကျယ်ကျယ် အော်နေရတာလဲ"

"ပြီးတော့ ဒါက ခင်ဗျားတို့ သွေးမျိုးနွယ်ရဲ့ နယ်မြေဆိုတာ ကျွန်တော် သိတယ်၊ ဒါပေမဲ့ သိပ်မကြာခင်မှာ ဟုတ်တော့မှာ မဟုတ်ဘူး"

ဂေးလ်စ်ပထမမျိုးဆက်သည် နှစ်ပေါင်းများစွာ အိပ်ပျော်နေခြင်းကြောင့် စိတ်ရှုပ်ထွေးနေ၍လား သို့မဟုတ် ဉာဏ်သိပ်မကောင်းသည်လား မသေချာသော်လည်း သူသည် နားမလည်နိုင်စွာ ပြန်မေးလာသည်။

"ဘာလို့လဲ"

ရွှယ်အန်း ဖျော့တော့စွာ ပြုံးလိုက်သည်။

"ဘာလို့လဲဆိုတော့... ကျွန်တော်က ခင်ဗျားတို့ရဲ့ သွေးကမ္ဘာကြီးကို ပြိုလဲအောင် လုပ်ပစ်တော့မှာ မို့လို့လေ"

ဂေးလ်စ်ပထမမျိုးဆက်သည် တုန်လှုပ်သွားပြီးနောက် ဒေါသများ ကြီးစိုးသွားသည်။

"မောက်မာလိုက်တာ၊ မင်းက ငါ့မျိုးနွယ်ကို သတ်ပြီး အခုလို ရိုင်းစိုင်းတဲ့ စကားလုံးတွေ ပြောရဲသေးတယ်ပေါ့၊ ဒီနေ့ ငါမင်းကို..."

သူစကားမဆုံးခင်မှာပင် သူ့ဘေးနားရှိ လေဟာနယ်ထဲတွင် လှိုင်းဂယက်များ ရုတ်တရက် ပေါ်လာပြီး လက်သီးတစ်လုံးသည် မိုးကြိုးပမာ ထွက်ပေါ်လာပြီး သူ့ခေါင်းကို တည့်တည့် ဝင်ဆောင့်လိုက်သည်။

ဘုန်း

မောက်မာမှုများ ပြည့်နှက်နေခဲ့သော ဂေးလ်စ်ပထမမျိုးဆက်သည် မိုင်ပေါင်း ဒါဇင်နှင့်ချီ လွင့်စင်သွားပြီးမှ သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်သည်။

ရွှယ်အန်းသည် သူ့လက်သီးကို ပြန်ရုတ်လိုက်ပြီး ဖွဖွလေး မှုတ်ကာ ဂရုမစိုက်သလို ပြောလိုက်သည်။

"ခင်ဗျား ဘာပြောလိုက်တာလဲ"

ထိုလက်သီးချက်သည် သိပ်လည်း မပြင်းသလို သိပ်လည်း မပျော့ချေ။

သို့သော် ဂေးလ်စ်ပထမမျိုးဆက်၏ ပခုံးတစ်ဖက်ကို ကြေမွသွားစေရန် လုံလောက်သည်။

သူ့ဒဏ်ရာသည် ချက်ချင်း ပြန်ကောင်းသွားသော်လည်း ဂေးလ်စ်ပထမမျိုးဆက်မှာ သူ့မာနကို ထိခိုက်သွားသလို ခံစားလိုက်ရသဖြင့် ဒေါသကို မထိန်းနိုင်တော့ပေ။ သူ၏ မျက်လုံးများ သွေးရောင်ပြောင်းသွားပြီး လက်သည်းကုတ်ချက်ဖြင့် ကြမ်းတမ်းစွာ တိုက်ခိုက်တော့သည်။

All Chapters