← Chapters

အစွမ်းထက် ရန်သူတော်ကြီး ချဉ်းကပ်လာခြင်း၊ သွေးနတ်ဘုရား ဆင်းသက်လာပြီ

Vol. 59 Ch. 885

အစွမ်းထက် ရန်သူတော်ကြီး ချဉ်းကပ်လာခြင်း၊ သွေးနတ်ဘုရား ဆင်းသက်လာပြီ

Vol. 59 Ch. 885

"ဘာပြောလိုက်တယ်"

သွေးမျိုးနွယ် အကြီးအကဲများသည် ထိုသတင်းကြောင့် တုန်လှုပ်သွားကြသည်။

သွေးမျိုးနွယ် အကြီးအကဲတစ်ဦးက လေးနက်သော အသံဖြင့် မေးလိုက်သည်။

"ရိုဆယ်လင်းမင်းပြောသမျှအားလုံးက အမှန်တွေချည်းပဲလား"

ရိုဆယ်လင်းက ခါးသက်စွာ ပြုံးပြီး ပြန်ဖြေသည်။

"ဒီလို ကိစ္စမျိုးကို ကျွန်မက ဘယ်လိုလုပ် နောက်ပြောင်ရဲမှာလဲ"

"ဒါဆို အဲ့လူက ဘယ်သူလဲ? သူက ကောင်းကင်ဘုံနယ်မြေကများလား"

သွေးမျိုးနွယ် အကြီးအကဲတစ်ဦးက တည်ငြိမ်စွာ မေးလိုက်သည်။

သူ့စကားကြောင့် အကြီးအကဲအားလုံး မျက်နှာပျက်သွားကြသည်။

သို့သော် ရိုဆယ်လင်းက ခေါင်းခါလိုက်သည်။

"သူက ကောင်းကင်ဘုံက ကိုးကွယ်ခံ

နတ်ဘုရားတစ်ပါး မဟုတ်ဘူး၊ လူသားလူငယ်လေး တစ်ယောက်ပဲ"

"လူသားလူငယ်လေး တစ်ယောက် ဟုတ်လား"

သွေးမျိုးနွယ် အကြီးအကဲတစ်သိုက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပေါ်လာသည်။

အထူးသဖြင့် ရိုဆယ်လင်းနှင့် အမြဲတမ်း သဘောထားကွဲလွဲလေ့ရှိသော Lambertသည် မဲ့ပြုံး ပြုံးလိုက်သည်။

"ရိုဆယ်လင်း... မင်း တစ်ခုခုကြောင့် ကြောက်လန့်ပြီး စိတ်ဖောက်သွားတယ်လို့တော့ မပြောနဲ့နော်၊ နိမ့်ကျတဲ့ လူသားကောင်လေးတစ်ယောက်က မင်းကို ဒီအခြေအနေရောက်အောင် ခြောက်လှန့်လိုက်တယ်တဲ့လား..."

သူ့ စကားမဆုံးခင်မှာပင် ရိုဆယ်လင်း၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး သွေးရိပ်တစ်ခုသည် ဝါးခနဲပေါ်လာကာ Lambert ဆီသို့ တည့်တည့် ဝင်ဆောင့်လိုက်ရာ သူလွင့်စင်ထွက်သွားတော့သည်။

ကောင်စီခန်းမ၏ နံရံများကို ဝင်တိုက်မိမှသာ Lambert သူ့ကိုယ်သူ ပြန်ထိန်းနိုင်လိုက်သည်။

"ရိုဆယ်လင်းမင်း ဘာလုပ်တာလဲကွ"

Lambert ဒေါသထွက်လွန်း၍ မျက်နှာများ နီရဲနေသည်။

ရိုဆယ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"Lambert အခုလေးတင် ငါသုံးလိုက်တာက ငါ့ကိုယ်ပွားတစ်ခုရဲ့ စွမ်းအားပဲ ရှိသေးတယ်၊ အဲါဒါတောင် နင် သတိလွတ်နေတုန်း ခံလိုက်ရတာပဲ၊ ဒါပေမဲ့ အဲဒီလူသားလူငယ်လေးက ငါ့ရဲ့ ကိုယ်ပွားကို လက်တစ်ချောင်းတည်းနဲ့ ဖျက်ဆီးပစ်ခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ နတ်ဘုရားမီးတောက်နဲ့ ကောင်းကင်ကို လောင်ကျွမ်းစေပြီး အတွင်းပိုင်း သွေးနယ်ပယ်တစ်ခုလုံးကို သန့်စင်ပစ်လိုက်တာ၊ ငါကိုယ်တိုင် မြင်ခဲ့ရတယ်၊ ဒါတွေကြားပြီးတာတောင် မင်းက မောက်မာရဲသေးတာလား"

ရိုဆယ်လင်း၏ စကားကို ကြားလိုက်ရသောအခါLambert ၏ မျက်နှာတွင် အမျိုးမျိုးသော ခံစားချက်များ ဖြတ်သန်းသွားသော်လည်း သူ ဆက်စကားမပြောရဲတော့ပေ။

ထို့နောက် ရိုဆယ်လင်းသည် အစည်းအဝေးတစ်ခုလုံးကို ဝေ့ကြည့်ရှုလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ပြီးတော့ အဲဒီလူက ရှင်းရှင်းလင်းလင်း ပြောလိုက်တယ်၊ သူ့ရဲ့ နောက်ပစ်မှတ်က ငါတို့ရဲ့ အဓိကသွေးနယ်ပယ်တဲ့"

"မောက်မာလိုက်တာ"

"သူ တကယ်လာရဲရင် ပြန်လမ်းမရှိအောင် ငါတို့ လုပ်ပစ်မယ်"

သွေးမျိုးနွယ် အကြီးအကဲများအားလုံး ဒေါသထွက်လွန်းသဖြင့် မျက်ခုံးများပင် လှုပ်ရမ်းကုန်ကြသည်။

သို့သော် ရိုဆယ်လင်း၏ ရင်ထဲတွင်တော့ လေးလံသော ခံစားချက်တစ်ခု ရှိနေသည်။ အတွင်းပိုင်း သွေးနယ်ပယ် တွင် ရွှယ်အန်း၏ လုပ်ရပ်များသည် သူမကို နက်နက်ရှိုင်းရှိုင်း တုန်လှုပ်စေခဲ့သည်။ အဓိ သွေးနယ်ပယ်အနေဖြင့် တိုက်ခိုက်မှုကို ခုခံနိုင်ပါ့မလားဟု သူမ သံသယ ဝင်နေမိသည်။

တကယ်လို့... ငါတို့ အကြီးအကဲတွေအားလုံး ပေါင်းတာတောင် သူ့ပြိုင်ဘက် မဟုတ်ခဲ့ရင်ရော...

ဤအတွေးကြောင့် ရိုဆယ်လင်းမတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။ ထိုသို့ဆိုလျှင် သွေးမျိုးနွယ်စု တစ်ခုလုံးသည် ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။

သို့သော် ရိုဆယ်လင်း၏ စိုးရိမ်ပူပန်မှုများ နက်ရှိုင်းလာချိန်မှာပင်...

ကောင်စီခန်းမ၏ အလယ်ဗဟိုရှိ မိုးမျှော်မျှော်စင်မှ သွေးရောင်အလင်းတန်းများ စတင် ထွက်ပေါ်လာသည်။

သွေးမျိုးနွယ် အကြီးအကဲအားလုံး ထိုမြင်ကွင်းကို သတိထားမိလိုက်ကြပြီး အစပိုင်းတွင် ကြောင်အမ်းသွားကြသော်လည်း နောက်ပိုင်းတွင် သူတို့၏ မျက်နှာများထက် ဝမ်းသာပီတိဖြစ်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ ပေါ်လာကြသည်။

"မိုးမျှော်မျှော်စင်က တုံ့ပြန်နေပြီ"

"ဘုရားရေ... နှစ်တစ်ထောင်လောက် တိတ်ဆိတ်နေခဲ့တဲ့ သွေးနတ်ဘုရား

နယ်မြေက နောက်ဆုံးတော့ တုံ့ပြန်လာပြီပဲ"

သွေးမျိုးနွယ် အကြီးအကဲတစ်ဦးဆိုလျှင် ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျလာသည်။

ဤအကြီးအကဲများ ရူးသွပ်မတတ် စိတ်လှုပ်ရှားနေရသည့် အကြောင်းရင်းမှာ သူတို့သည် ဤအချိန်အခါကို စောင့်မျှော်နေခဲ့သည်မှာ ကြာလွန်းလှပြီ ဖြစ်သောကြောင့်ဖြစ်သည်။

မိုးမျှော်မျှော်စင်သည် အဓိကသွေးနယ်ပယ်နှင့် သွေးနတ်ဘုရားနယ်မြေ တို့ကို ချိတ်ဆက်ပေးထားသော လှေကားထစ်ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်ထောင်က သွေးနတ်ဘုရားနယ်မမြေမှ သွေးနတ်ဘုရာသည် ဤမျှော်စင်မှတစ်ဆင့် ဆင်းသက်လာဖူးသည်။

ထို့ပြင် အဓိကသွေးနယ်ပယ် မှ အကြီးအကဲများစွာသည်လည်း ဤမျှော်စင်မှတစ်ဆင့် သွေးဘုရားသခင်နယ်မြေသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။

သို့သော် လွန်ခဲ့သော နှစ်တစ်ထောင်က သွေးဘုရားသခင်နယ်မြေသည် ရုတ်တရက် ပိတ်သွားခဲ့သည်။

အဓိကသွေးနယ်မြေမှ အကြီးအကဲများ မည်မျှပင် ဆုတောင်းစေကာမူ သွေးနတ်ဘုရားနယ်မြေထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။

ဤအခြေအနေသည် ထောင်စုနှစ်တစ်ခုလုံး ကြာမြင့်ခဲ့သည်။

ဤအကြီးအကဲများမှာ သွေးနတ်ဘုရားသည် သွေးမျိုးနွယ်စုကို စွန့်ပစ်လိုက်ပြီဟု ယုံကြည်သည်အထိ တဖြည်းဖြည်း စိတ်ပျက်အားလျော့လာခဲ့ကြသည်။

မမျှော်လင့်စွာ ယနေ့မှ မိုးမျှော်မျှော်စင်သည် အံ့ဖွယ်ကောင်းစွာဖြင့် သွေးရောင်အလင်းတန်းများ ထုတ်လွှတ်လာခဲ့သည်။

ဤသည်မှာ သွေးနတ်ဘုရား ဆင်းသက်လာတော့မည့် နိမိတ်လက္ခဏာတစ်ခုဖြစ်သည်။

ဤအကြီးအကဲများ အတိုင်းအဆမရှိ စိတ်လှုပ်ရှားနေကြစဉ်...

အစွမ်းထက်ပြီး ပြိုင်ဘက်ကင်းသော သွေးရိပ်တစ်ခုသည် လေထဲတွင် ရုတ်တရက် ပေါ်လာသည်။

ထိုအစွမ်းအာနိသင် သက်ရောက်ရာ နေရာတိုင်းတွင် မာနကြီးသော သွေးမျိုးနွယ် အကြီးအကဲများအားလုံး မြေပြင်ပေါ်၌ ဝပ်ဆင်းတွားသွားလိုက်ကြပြီး သူတို့ ခန္ဓာကိုယ်များ တုန်ယင်လျက် အော်ဟစ်လိုက်ကြသည်။

"ကြီးမြတ်လှတဲ့ သွေးနတ်ဘုရားကို ကြိုဆိုပါတယ်!"

သွေးရိပ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ငါ့နာမည်... ချမ်ကျဲ့"

သွေးမျိုးနွယ် အကြီးအကဲများ၏ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ရီသွားပြီး သူတို့၏ မျက်နှာများတွင် အလွန်အမင်း စိတ်လှုပ်ရှားသော အမူအရာများ ပေါ်လာသည်။

သွေးနတ်ဘုရားသခင် ချမ်ကျဲ့ပါလား...

၎င်းသည် သွေးနတ်ဘုရားသခင်နယ်မြေ မှာတောင်မှ ထိပ်တန်း အစွမ်းထက် နတ်ဘုရားဗိုလ်ချုပ် ၁၀ ဦးထဲတွင် ပါဝင်သူ ဖြစ်သည်။

ဤတစ်ခါ သူကိုယ်တိုင် ဆင်းသက်လာလိမ့်မည်ဟု ဘယ်သူမှ မျှော်လင့်ထားခဲ့ကြပေ။

"မြင့်မြတ်လှတဲ့ သခင်ကြီးချမ်ကျဲ့၊ ဘာကြောင့်များ ဒီကို ဆင်းသက်လာရသလဲဆိုတာ မေးခွင့်ပြုပါခင်ဗျာ၊ နတ်ဘုရားရဲ့ အမိန့်တော်များ ပါလာပါသလား"

သွေးမျိုးနွယ် အကြီးအကဲတစ်ဦးက လေးစားစွာနှင့် သတိထားကာ မေးမြန်းလိုက်သည်။

"အစွမ်းထက်တဲ့ ရန်သူတော်ကြီး ရောက်လာတော့မယ်၊ သွေးမျိုးနွယ်စု အန္တရာယ် ကျရောက်နေပြီ၊ ဒီတစ်ခါ ငါဆင်းလာတာက အဲ့ကိစ္စအတွက်ပဲ"

အစွမ်းထက် ရန်သူတော်ကြီး ရောက်လာတော့မယ်၊ အန္တရာယ် ကျရောက်နေပြီ...

ဤစကားလုံးများသည် သွေးမျိုးနွယ်အားလုံး၏ မျက်နှာကို ဖြူဖျော့သွားစေသည်။

သခင်ကြီး ချမ်ကျဲ့ ကိုယ်တိုင်တောင် အစွမ်းထက် ရန်သူတော်ကြီးဟု ခေါ်ပြီး သွေးမျိုးနွယ်စု တစ်ခုလုံး၏ တည်ရှိမှုကို ခြိမ်းခြောက်နေသည်သာ ပြောမှတော့ ရန်သူသည် မည်မျှတောင် အစွမ်းထက်မည်နည်း...

ထိုအချိန်တွင် ချမ်ကျဲ့သည် မြေပြင်ပေါ်၌ ဒူးထောက်နေသော ရိုဆယ်လင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"အကြီးအကဲ ရိုဆယ်လင်း... သွေးနယ်ပယ် နှစ်ခုလုံးကို လူတစ်ယောက်တည်းက ဖျက်ဆီးလိုက်တာလား"

ရိုဆယ်လင်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားသည်။

"ဟုတ်ပါတယ်"

ဤအချိန်မှာတော့ သွေးမျိုးနွယ် အကြီးအကဲအားလုံး သဘောပေါက်သွားကြသည်။

ဗိုလ်ချုပ်အဆင့် နတ်ဘုရား ပြောသော အစွမ်းထက် ရန်သူတော်ကြီး ဆိုသည်မှာ ထိုလူသားမျိုးနွယ် လူငယ်လေး ဖြစ်နေသည်လား...

"သူ ဘာထပ်ပြောသေးလဲ"

"အရှင်ချမ်ကျဲ့ကို ပြန်လည်တင်ပြရမယ်ဆို သူ့ရဲ့ နောက်ပစ်မှတ်က ကျွန်မတို့ရဲ့ အဓိကသွေးနယ်ပယ် ဖြစ်မယ်လို့ ကြေညာလိုက်ပါတယ်"

"ကောင်းပြီ၊ ဒီကိစ္စက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး၊ ငါတစ်ယောက်တည်းတောင် ဖြေရှင်းလို့ မရနိုင်ဘူး၊ မင်းတို့အားလုံး ငါ့အမိန့်ကို နာခံရမယ်၊ ပေါ့လျော့တာ၊ မောက်မာတာတွေ လုံးဝ မရှိရဘူး၊ နားလည်လား"

ချမ်ကျဲ့က အေးစက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

သွေးမျိုးနွယ် အကြီးအကဲအားလုံး ထိန်လန့်သွားကြသည်။

"ဟုတ်ကဲ့"

မကြာခင်မှာပင်...

အဓိကသွေးနယ်ပယ် တစ်ခုလုံး လှုပ်ရှားလာသည်။

သွေးမျိုးနွယ်ဝင် အားလုံးသည် ချမ်ကျဲ့၏ ညွှန်ကြားချက်အတိုင်း ပြင်ဆင်မှုများ စတင်ပြုလုပ်ကြသည်။

ထိုအချိန်တွင် ချမ်ကျဲ့သည် ကောင်စီခန်းမရှိ ပလ္လင်ပေါ်တွင် ထိုင်နေပြီး သူ့နတ်ဘုရားအာရုံထဲတွင် ရွှယ်အန်၏ ပုံရိပ်ယောင်သည် လက်ခနဲ ပေါ်လာသည်။

ထို့နောက် သူ့နှုတ်ခမ်းပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ရွှယ်အန်း... မင်းက အရမ်းမောက်မာလွန်းနေပြီ၊ ကွေ့ယီရဲ့ သွေးကွန်ရက်တောင်'က မင်းလက်ချက်နဲ့ ပျက်စီးခဲ့ရသလို ငါ့ရဲ့ ဂိုဏ်းတူညီအစ်ကို သွမ်ခုန်တောင် မင်းလက်ထဲမှာ သေဆုံးခဲ့ရတယ်"

"မင်းက ငါတို့ရဲ့ သွေးနယ်ပယ်ကို လာပြီး ငါ့ရဲ့ ကိုယ်ပွားတစ်ခုကို ဖျက်ဆီးရဲတယ်၊ သွေးမျိုးနွယ်တွေကို သတ်ဖြတ်ရဲတယ်၊ ဒါပေမဲ့ မင်း မမျှော်လင့်ထားတာက မင်းရှေ့မှာ စောင့်ကြိုနေတာ သေလမ်းပဲ ဆိုတာကိုပေါ့"

"ဗိုလ်ချုပ်အဆင့် နတ်ဘုရားတွေ ချဉ်းကပ်လာနေပြီ၊ နတ်ဘုရားသခင်လည်း နိုးထလာတော့မယ်၊ ဒီလို အခြေအနေမျိုးမှာ မင်းက ဘယ်လောက်အထိ မုန်တိုင်းထန်အောင် လုပ်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ထိုသို့ပြောကာ ချမ်ကျဲ့သည် ယုတ်မာသော မဲ့ပြုံးတစ်ခု ပြုံးလိုက်သည်။

သူ့ရယ်မောသံကို တုံ့ပြန်သည့်အလား မိုးမျှော်မျှော်စင်ပေါ်ရှိ သွေးရောင်အလင်းတန်းသည်လည်း အနည်းငယ် တုန်ခါသွားသည်။

အဓိကသွေးနယ်မြေ တစ်ခုလုံးရှိ လေထုအခြေအနေသည် တဖြည်းဖြည်း ခြောက်ခြားဖွယ်ကောင်းပြီး တင်းမာလာနေစဉ် ရွှယ်အန်းသည် ဤကာလအတွင်း ရရှိခဲ့သော အကျိုးအမြတ်များကို အန်းယန်နှင့်အတူ စာရင်းပြုစုနေသည်။

အန်းယန်သည် သိုလှောင်လက်စွပ်၏ ထက်ဝက်နီးပါး ပြည့်နေသော သွေးပုလဲများကို ကြည့်ပြီး မအံ့ဩပဲ မနေနိုင်တော့ပေ။

"ယောက်ျား... ရှင် ဘယ်လိုလုပ်ပြီး သွေးပုလဲတွေ အများကြီး ရခဲ့တာလဲ"

ရွှယ်အန်းသည် သွေးနယ်မြေသို့ ရောက်ရှိကတည်းက ယန်အာ၏ ဘေးကင်းရေးကို စိတ်ပူသဖြင့် သူမနှင့် သမီးနှစ်ယောက်ကို ရတနာပြခန်းထဲတွင်သာ အမြဲ ထားရှိခဲ့သည်။ ယခု အခြေအနေ တည်ငြိမ်သွားပြီ ဖြစ်သဖြင့် ရွှယ်အန်းသည် သူမကို အပြင်ထွက်ခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

"ဟားဟား သွေးနယ်ပယ် နှစ်ခုလုံးက သွေးမျိုးနွယ်တွေ အကုန်နီးပါး ဒီမှာရှိနေပြီလေ၊ အရေအတွက် များတာ သဘာဝပါပဲ"

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးပြီး ပြောလိုက်သည်။

သို့သော် အန်းယန်မှာ စတင် စိတ်ပူလာသည်။

"ဒါပေမဲ့ သွေးပုလဲတွေ ဒီလောက် အများကြီးကို... မိန်းမက ဘယ်လောက်တောင် စားရမှာလဲလို့”

All Chapters