← Chapters

(အဖိုးကြီးရှီပြောသော ကောင်းကင်လမ်းစဥ်)

Vol. 5 Ch. 50

(အဖိုးကြီးရှီပြောသော ကောင်းကင်လမ်းစဥ်)

Vol. 5 Ch. 50

“ ကျေးဇူးပြုပြီး ထွက်ခဲ့ပါ”

ချီယွမ် သဘောတူလိုက်သည်နှင့် နက်ရှိုင်းပြီး ရှေးဆန်သော အသံတစ်ခုကို စိတ်ထဲက ကြားလိုက်ရသည်။

“ မိတ်ဆွေလေး မင်းရဲ့ဖုံးကွယ်ထားတဲ့ ကျင့်ကြံမှုအစစ်ကို ငါမြင်နိုင်တယ်။ တော်တော်လေး မြင့်မားတဲ့ အရည်အချင်းနဲ့ ကျင့်ကြံမှုပဲ။ မင်းကမကြာခင် ဝိညာဥ်သန္ဓေဖန်တီးနိုင်တော့မှာပဲ။ မင်းက ကျင့်ကြံရေးလောကရဲ့ တုနှိုင်းမမှီတဲ့ ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်”

(ငါ့ကိုမြင်နိုင်တာလား)

ချီယွမ် နှလုံးတစ်ချက် ဆောင့်ခုန်သွားသည်။

(လင်ကျန်းရဲ့ဘေးမှာ ဒီလောက်အင်အားကြီးတဲ့ အဖိုးကြီးတစ်ယောက် ရှိနေမယ် မထင်ထားဘူး)

(စနစ်ရဲ့ပင်ကိုယ်ဖုံးကွယ်ပေးတဲ့ စွမ်းရည်ကို ကျော်လွန်ပြီး ဖောက်မြင်နိုင်တယ်ဆိုမှတော့ အဲ့ဒီလူရဲ့ ကျင့်ကြံမှုက ‘စုစည်းခြင်းနယ်ပယ်’ကို အနည်းဆုံးရောက်လောက်ပြီ။ အဲ့ထက်မြင့်ရင် မြင့်နေအုံးမှာ..)

ချီယွမ်၏ အတွေးများကို အာရုံခံမိသည့်နှယ် ထိုလူက ဆက်ပြောလာခဲ့သည်။

“မိတ်ဆွေလေး စိတ်မပူပါနဲ့။ မင်းရဲ့သရုပ်မှန်ကိုလည်း ငါစိတ်မဝင်စားသလို ရည်ရွယ်ချက်ကိုလည်း မသိချင်ဘူး”

“ မင်းမှာ အရည်အချင်းရှိပြီး သားလေးလင်နဲ့လည်း ရင်းနီးနေလို့သာ ငါမင်းကို လမ်းမှန်ရောက်အောင် အကြံတစ်ချို့ပေးဖို့ ဆုံးဖြတ်လိုက်တာ။ နောက်မှ နောင်တရမဲ့အစား လမ်းကြောင်းမှန်ကို သတိထားရွေးချယ်ပါ”

ချီယွမ်၏ နှလုံးသားကတောင့်တင်းသွားရင်း မျက်နှာထားကလည်း တည်ငြိမ်သွားလေ၏။

“သခင်ကြီး လွတ်လွတ်လပ်လပ် ပြောပါဗျ။ ကျွန်တော် သေချာပေါက် မှတ်သားထားပါ့မယ်”

ထိုဆန်းကြယ်သော အသံက ခဏမျှ ရပ်တန့်သွားပြီးမှ ခပ်ဖြေးဖြေး ပြောလာခဲ့သည်။

“ကောင်းကင်လမ်းစဥ်ဆိုတာ ဘာလဲမင်းသိသလား”

“ ကျွန်တော် မသိပါဘူး”

ချီယွမ် ခေါင်းယမ်းလိုက်ရင်း သေချာနားထောင်ဖို့ ပြင်ဆင်လိုက်သည်။

“ သင်ပြပေးပါအုံး.သခင်ကြီး”

ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော် ဖြစ်လာသည့်တိုင်အောင် ကောင်းကင်လမ်းစဥ်အကြောင်း မကြားခဲ့ဖူးပါချေ။

“ အိမ်း..ကောင်းကင်လမ်းစဥ်ဆိုတာက ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံမှုနယ်ပယ်တိုင်းကို ကောင်းကင်တာအိုနဲ့အညီ လိုက်လျောမှုရှိအောင် လုပ်တာမျိုးကို ဆိုလိုတယ်”

“ အခြေခံတည်ထောင်ခြင်းနယ်ပယ်မှာ ကောင်းကင်အခြေခံတည်ထောင်ခြင်းကို ရရှိဖို့လိုအပ်တယ်။.အဲ့လိုပဲ ရွှေအမြုတေနယ်ပယ်မှာ ကောင်းကင်တာအိုရွှေအမြုတေ၊ ဝိညာဥ်အခြေတည်နယ်ပယ်မှာလည်း ကောင်းကင်တာအိုးဝိညာဥ်သန္ဓေနဲ့ အဆုံးကျရင် အမတအဖြစ် ပြောင်းလဲနိုင်ပြီး ကောင်းကင်ဘုံကို တက်လှမ်းနိုင်မယ်”

“ ဒီဖြစ်စဥ်အတွင်းမှာ သေးငယ်တဲ့အမှားတစ်ခု ဖြစ်ခဲ့ရင်တောင်မှ ကြိုးစားထားသမျှ ဆုံးရှုံးရလိမ့်မယ်။ သေလောက်အောင် ထူးချွန်ပါတယ်ဆိုတဲ့ သူတွေတောင်မှ အထက်ဘုံတက်လှမ်းခြင်းနယ်ပယ်မှာ ပိတ်မိနေကြပြီး အမတ အစစ် ဖြစ်မလာနိုင်တာကိုပဲ ကြည့်လိုက်လေ”

“ ဒါကြောင့် ကောင်းကင်လမ်းစဥ်ဆိုတာ တစ်နည်းပြောရရင် အမတလမ်းစဥ်ပဲ။ ကောင်းကင်လမ်းစဥ်ကို လျှောက်လှမ်းမှသာ နတ်အတိဒုက္ခကိုကျော်ဖြတ်ရင်း အမတဖြစ်လာပြီး ထာဝရရှင်သန်နိုင်စွမ်းကို ဖမ်းဆုတ်နိုင်မယ်”

(ကောင်းကင်လမ်းစဥ်တဲ့လား)

ချီယွမ်၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားသည်။

(ဒါကြောင့် နှစ်တစ်သောင်းလောက်ကြာတာ တောင်မှ အမတဖြစ်လာတဲ့သူ တစ်ယောက်မှ မတွေ့ရသေးတာကိုး..။ အမတဖြစ်ဖို့ အခြေအနေတွေက လိုအပ်ချက်များလိုက်တာ။ နယ်ပယ်တစ်ခုတက်တိုင်းကို ပြီးပြည့်စုံတဲ့ အနေအထားမှာ တက်မှရမှာတဲ့။ အမှားသေးသေးလေးတောင် ခွင့်မပြုဘူးဆိုတော့ တော်တော်လေး ကြောက်ဖို့ ကောင်းတာပဲဟ)

ချီယွမ် မထိန်းနိုင်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ၏ လက်ရှိ ကျင့်ကြံမှုအခြေခံသည် တာအို၏စစ်မှန်သောအဓိပ္ပါယ်ကို အခြေခံထားသော 'သိမ်မွေ့ကျောက်စိမ်းစာလိပ်သိုင်း'ကို အခြေတည် ကျင့်ကြံထားတာပင်။

ထိုအရာသည် ခက်ခဲသောအမျိုးအစားဖြစ်လေရာ၊ အောင်မြင်လျှင် အများနှင့်မတူသော လေးစားဖွယ် လူတစ်ယောက် ဖြစ်လာနိုင်ပါသည်။ သို့သော်ငြား ထိုအရာက သေချာပေါက် ကောင်းကင်တာအို အခြေခံတည်ထောင်နိုင်ခြင်း အတွက် အထောက်အကူ မပေးနိုင်ပါချေ။

ထို့အပြင် သူဖန်တီးနိုင်ခဲ့သော ရွှေအမြုတေသည် နှစ်တစ်ထောင်မှာ အထူးချွန်ဆုံးသော အမြုတေ ဖြစ်ပေမဲ့ ကောင်းကင်တာအိုရွှေအမြုတေ မဟုတ်ပြန်ပေ။

ထို့ကြောင့်သူသည် ကောင်းကင်လမ်းစဥ်ကို မစတင်ရသေးချေ။ စနစ်၏ဆုလာဘ်အကူအညီဖြင့် ကောင်းကင်တာအိုဝိညာဥ်သန္ဓေ ဖန်တီးနိုင်ခဲ့လျှင်တောင်မှ အစောပိုင်း ကျင့်ကြံဆင့်နှစ်ဆင့်သည် ရှုံးနိမ့်မှုဖြစ်သွားပြီး အမတအဖြစ်သို့ မရရှိိနိုင်တော့ပေ။

သို့သော်ငြား.ချီယွမ် အသည်းအသန် စဥ်းစားလိုက်တော့သည်။

(ဒီလူအိုကြီးက ထုတ်ပြောလာမှတော့ ငါ့ကို လှောင်ဖို့သက်သက်တော့ မဖြစ်နိုင်ဘူး။ အဲ့ဒီလူကြီးရဲ့ လေသံအရ ကောင်းကင်လမ်းစဥ်နဲ့ ဆက်စပ်နိုင်မဲ့ နည်းလမ်းရှိမဲ့ပုံပဲ)

ချီယွမ်၏.မျက်နှာက ချက်ချင်းတည်ငြိမ်သွားကာ လေးစားစွာ မေးလိုက်တော့၏။

“ သခင်ကြီး ကျွန်တော့်ရဲ့အဆင့်တက်မှု နှစ်ခုက ကောင်းကင်လမ်းစဥ်နဲ့ မကိုက်ညီခဲ့ဘူးဆိုရင် အခြေအနေကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေးရှိနိုင်အုံးမလား”

“ရတာပေါ့”

ထိုလူအိုကြီးက ပေါ့ပါးစွာ ပြောလိုက်လေရဲ့။

“ ကောင်းကင်တာအိုက ပြီးပြည့်စုံမှုကို အလိုရှိပေမဲ့ ဘက်မလိုက်တတ်ပါဘူး။.ပြန်လည်ပြုပြင်ဖို့ မျှော်လင့်ချက်မျှင်မျှင်လေး ချန်ပေးတတ်တယ်။ မင်းရဲ့ရှေ့နှစ်ဆင့်က မပြည့်စုံသေးပေမဲ့ မင်းက အခြေခံခိုင်မာတဲ့အပြင် အရည်အချင်းရှိတယ်။ ပြစ်ချက်တွေကို ပြင်ဆင်တာက မခက်ခဲပေမဲ့ မင်းအနေနဲ့ ပြုပြင်ဖန်တီးခြင်းဆေးလုံးကို လိုအပ်လိမ့်မယ်”

“ပြုပြင်ဖန်တီးခြင်းဆေးလုံးက သူတော်စင်အဆင့်ဆေးလုံးပဲ။ အရင်တစ်လုံးစားထားပြီးမှ အစွမ်းပြမှာ။ ဒါ့အပြင် မင်းရဲ့ရှေ့နှစ်ဆင့်တုန်းက ချို့ယွင်းချက်ကိုပဲ ပြင်ပေးလိမ့်မယ်”

“ဒီတစ်ခေါက်မှာ ကောင်းကင်ဝိညာဥ်သန္ဓေကို မဖန်တီးနိုင်လို့ကတော့ အကုန်ဆုံးရှုံးလိမ့်မယ်။ ပြုပြင်ဖန်တီးခြင်းဆေးလုံး ဘယ်လောက်စားစား အသုံးမဝင်တော့ဘူး။ ဒါကြောင့် ငါအထူးမင်းကို သတိလာပေးတာ”

(ပြုပြင်ဖန်တီးခြင်းဆေးလုံးတဲ့လား)

ချီယွမ်၏ မျက်နှာထားက ချက်ချင်းပဲ အေးခဲသွားလေရဲ့။ စနစ်ထံတွင် ပြုပြင်ဖန်တီးခြင်းဆေးလုံး ရှိသည်ဆိုသော်ငြား ပြဿနာသည် အမှတ်တစ်သန်းပေးရလိမ့်မည်…

(ငတုံးစနစ်ရဲ့ အရေးမပါတဲ့တာဝန်တွေကို ဒီလောက်သည်းခံပြီးလုပ်နေတာတောင်မှ ငါရထားတဲ့ အမှတ်က ငါးထောင်ကျော်ပဲ ရှိသေးတယ်။ အမှတ်တစ်သန်းဆို စနစ်ဆီမှာပဲ ရောင်းစားခံလိုက်တော့မယ်ဟေ့)

(ဟူး…ထားပါ..ထားပါ)

(အနည်းဆုံးတော့ မျှော်လင့်ချက်မရှိတာထက်စာရင် တော်ပါသေးတယ်)

ချီယွမ် မတတ်နိုင်စွာဖြင့် အသက်သာ ရှုနေလိုက်တော့သည်။

“ အခုမင်းအတွက် အရေးကြီးဆုံးက ကောင်းကင်တာအိုဝိညာဥ်သန္ဓေကို ဖန်တီးနိုင်ဖို့ပဲ။ မင်းရဲ့ အရည်အချင်းနဲ့ ကောင်းကင်တာအိုအမျှင်ပါတဲ့ ချီစွမ်းအင်ကိုသာ ရနိုင်ရင် ကောင်းကင်တာအို ဝိညာဥ်သန္ဓေကို ဖန်တီးနိုင်လိမ့်မယ်”

“ ကောင်းကင်တာအိုအမျှင်ပါတဲ့ ချီစွမ်းအင်က ကောင်းချီးခံ ချီစွမ်းအင်နဲ့ ဖန်တီးခြင်းချီစွမ်းအင်ဆိုပြီး နှစ်မျိုးရှိတယ်။ မင်း အဆင့်တက်တိုင်း ပြီးပြည့်စုံတဲ့နယ်ပယ်ကို ရချင်ရင် အဲ့ဒီ စွမ်းအင်နှစ်မျိုးထဲက တစ်မျိုးကို ရအောင်ရှာရမယ်”

“ကျွန်တော်နားလည်ပြီ”

ချီယွမ် ချက်ချင်း သဘောပေါက်လိုက်သည်။

ကောင်းကင်လမ်းစဥ်ကို လျှောက်လှမ်းချင်လျှင် သေလောက်အောင် ထူးချွန်သော ဝိညာဥ်သွေးကြောနှင့် ပင်ကိုယ်စွမ်းရည်အပြင် ပြီးပြည့်စုံသော အဆင့်တက်ခြင်းအား ရရှိနိုင်ရန် ကောင်းကင်တာအိုအမျှင်ပါသော ချီစွမ်းအင်ကို လိုအပ်ပါသေး၏။ ထိုလိုအပ်ချက်နှစ်ခုလုံးသည် သေးငယ်သော အရာတစ်ခု မဟုတ်ပါချေ။

သူ၏ ယခင်ကျင့်ကြံဆင့်နှစ်ဆင့်သည် မပြီးပြည့်စုံခဲ့သည့်အတွက် အညစ်အကြေးများကို သန့်စင်ရန် ပြုပြင်ဖန်တီးခြင်းဆေးလုံးကို အသုံးပြုရမည် ဖြစ်သည်။

ချီယွမ်၏.အံ့သြမှုများ ပိုလိုနက်ရှိုင်းလာတော့၏။

(ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ ရှေးစာလိပ်တွေထဲမှာ ကောင်းကင်လမ်းစဥ်အကြောင်း တစ်ခွန်းတောင် မပြောဖူးဘူး။ ဒီကိစ္စက အရမ်းအရမ်းကြီးတဲ့ လျှို့ဝှက်ချက်ဖြစ်ရမယ်။ အဲ့ဒီအဖိုးကြီးကဘယ်သူလဲ။.ဘယ်လိုလုပ် ဒီလောက်သိနေရတာလဲ)

(အမတလမ်းစဥ်ဖြစ်တဲ့အတွက် ဒီသတင်းအချက်အလက်ရဲ့ တန်ကြေးကိုက တွက်ဆလို့မရနိုင်လောက်ဘူး)

ချီယွမ် အတွေးလွန်စဥ်မှာပဲ သတိပေးမှုတစ်ချို့ ပါဝင်နေသော ဆန်းကြယ်သည့်အသံသည် ထပ်မံဝင်ရောက်လာလေ၏။

“ငါမင်းကို ပြောသင့်တာ ပြောပြီးပြီ။ ကောင်းကင်တာအိုအမျှင်ပါတဲ့ချီစွမ်းအင်နဲ့ ကောင်းကင်တာအိုဝိညာဥ်သန္ဓေကို ရမရကတော့ မင်းအပေါ်ပဲ မူတည်တယ်”

“ မင်းရဲ့သရုပ်မှန်ကို ကောင်လေးလင်ကို ငါမပြောဘူး။ အဲ့လိုပဲ ငါပြောခဲ့တာတွေလည်း သူ့သွားပြောဖို့မကြံနဲ့၊ ငါ့ရဲ့သရုပ်မှန်ကိုလည်း ရှာဖို့လုပ်မနေနဲ့။ မဟုတ်ရင် ငါ့ကိုရက်စက်တယ်ဆိုပြီး ပြီးမှအပြစ်တင်နေရမယ်”

“မင်း ကောင်းကင်တာအိုဝိညာဥ်သန္ဓေကို ဖန်တီးပြီးရင် ငါ့လာတွေ့လို့ရတယ်။ ငါ့ဆီမှာ မင်းလုပ်ဖို့လိုနေတာ တစ်ခုရှိတယ်”

ထို့နောက်တွင် အသံက ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။

ချီယွမ် သတိဝင်လာသည်နှင့် လေးစားစွာ အရိုအသေပေးလိုက်ရင်း

“အကြံပေးလို့ကျေးဇူးပါသခင်ကြီး ကျွန်တော်တစ်ကယ် ကျေးဇူးတင်ပါတယ်”

အချိန်ကြာသည့်တိုင်အောင် တုံ့ပြန်သံမကြားရသည့်အတွက် ထိုလူကြီး ထွက်သွားဟန်ရှိသည်။

ထိုအချိန်မှာပဲ လင်ကျန်း၏ စပ်စုသောအသံက ထွက်ပေါ်လာကာ

“အကိုချီ့ကို အကြီးအကဲရှီ ဘာပြောသွားတာလဲ”

“ဘာမှမဟုတ်ပါဘူး”

ချီယွမ် ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ကာ ရှုတ်ထွေးသော မျက်နှာထားဖြင့်

“အကို့ရဲ့ ကျင့်ကြံရေးနည်းလမ်းက မမှန်တာ သတိထားမိလို့ အကြံတစ်ချို့ပေးသွားရုံတင်ပဲ”

ချီယွမ်သည် ထိုလူအိုကြီးနှင့် ဆက်သွယ်စဥ်တွင် နတ်အာရုံကူးပြောင်းခြင်းဖြင့် ဆက်သွယ်ထားသောကြောင့် လင်ကျန်း.တစ်လုံးမှ ကြားမည်မဟုတ်ချေ။

(အဲ့ဒီဆန်းကြယ်တဲ့အဖိုးကြီးရဲ့ မျိုးရိုးက ရှီတဲ့လား…)

“အကိုချီ၊ ဒါနဲ့ အကြီးအကဲရှီရဲ့အကြောင်းကို မဖော်ထုတ်ပါနဲ့နော်။ သူကမကြိုက်ဘူး”

“ကိစ္စမရှိပါဘူး”

ချီယွမ် ခေါင်းညိတ်လိုက်ကာ တိတ်တဆိတ် တွေးတောလိုက်သည်။

(ဒီကျင့်ကြံရေးလောကမှာ ရှီမျိုးရိုးနဲ့ အင်အားကြီးလူတစ်ချို့ရှိတယ်..ဥပမာ ချည်နှောင်မှုကင်းမဲ့ သန့်စင်နယ်မြေရဲ့ မဟာဘိုးဘေးကြီးရဲ့ မျိုးရိုးကလဲ ရှီ ပဲ။ ဒါပေမဲ့ ဒီအဘိုးကြီးက အရမ်းအင်အားကြီးတဲ့ ရှေးလူကြီးတစ်ယောက်နဲ့ ပိုတူတာရယ်…)

ချီယွမ် အတွေးလွန်နေစဥ်မှာပဲ လင်ကျန်း၏ ဦးနှောက်အတွင်းသို့ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာလေရဲ့။

“ဟေ့ကောင်၊ ငါ့နာမည်ကို တစ်ခြားသူတွေကို မပြောဖို့ မမှာထားဘူးလား ဟမ်။ ဒါကိုမင်းက ဒီတိုင်းထုတ်ပြောရလား။ စိတ်ပျက်လိုက်တာ.. မင်းလိုငတုံးက အမတဖြစ်ဖို့ ကံပါတယ်တဲ့လား.. ကောင်းကင်ဘုံက ရူးနေတာပဲဟေ့ ရူးနေတာ သိလား”

စာစဉ်ပြီး၏

All Chapters