← Chapters

အလွှာဆယ့်နှစ်ကို ပြန်လည်တိုက်ခိုက်ခြင်း...

Vol. 52 Ch. 761

အလွှာဆယ့်နှစ်ကို ပြန်လည်တိုက်ခိုက်ခြင်း...

Vol. 52 Ch. 761

ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက လက်ဝါးကို ဖိချလိုက်ပြီး လင်းယွမ်ကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများက ထျန်းယုမျိုးနွယ်၏ ဘိုးဘေးတစ်ယောက်တည်းနှင့် လုံလောက်သည်ဟု ​ယုံကြည်ကြသောကြောင့် မည်သည့်လှုပ်ရှားမှုမှ မလုပ်ကြပေ။

နဂါးငွေ့တန်းကြယ်သခင်က မည်မျှထူးချွန်သည်ဖြစ်စေ အလွှာဆယ့်တစ်သက်ရှိတစ်ယောက်သာ ဖြစ်ပြီး အလွှာဆယ့်နှစ် ကြီး​မြတ်သူ၏ တိုက်ခိုက်မှုကို တားဆီးရန် မဖြစ်နိုင်ပေ။

ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကလည်း ထိုသို့ တွေးမိသည်။ စကြာဝဠာမွေးဖွားချိန်မှစ၍ ယခုအချိန်ထိ ဖရိုဖရဲဟင်းလင်းပြင်မှ သတင်းအချက်အလက်အချို့ ထပ်ပေါင်းလျှင်တောင် အလွှာဆယ့်တစ် သက်ရှိတစ်​ယောက်က အလွှာဆယ့်နှစ်ကို ယှဉ်ပြိုင်နိုင်ကြောင်း တစ်ခါမှမကြားဖူးခဲ့ပေ။

" ဟင်..." လူသားမျိုးနွယ်၏ နယ်မြေတွင် ကြီး​မြတ်သူရွှမ်ယွမ်နှင့် ကြီးမြတ်သူ ရှချင်တို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။

အလွှာဆယ့်နှစ် ကြီး​မြတ်သူတစ်ယောက်၏ လှုပ်ရှားမှုကို ဖုံးကွယ်၍ မရပေ။ အလွှာဆယ့်နှစ် ကြီးမြတ်သူဆယ်ယောက်ကျော်က အချိန်လေဟာနယ် တွက်နက်ပေါ်သို့ ဆင်းသက်လာပြီး ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက လှုပ်ရှားလိုက်သည့် အချိန်တွင် လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ကလည်း သတိပြုမိခဲ့ကြသည်။

" အဲ့ဒီအဘိုးကြီးတွေ..." အလွှာဆယ့်နှစ် ကြီးမြတ်သူဆယ်ယောက်ကျော်က လင်းယွမ်အား ပစ်မှတ်ထားနေသည်ကို ကြီးမြတ်သူရွှမ်ယွမ်က ချက်ချင်း သိလိုက်သည်။

လင်းယွမ်က သူ၏ ကြောင်းကျိုးဆက်နွယ်မှုများကို ဖုံးကွယ်ထားသောကြောင့် အခြားမျိုးနွယ်မှ ကြီးမြတ်သူများက ​ထောက်လှမ်းနိုင်ခဲ့ခြင်းမရှိခဲ့ရုံသာမက လူသားမျိုးနွယ်၏ ကြီး​မြတ်သူများကလည်း အာရုံခံမိခြင်းမရှိကြပေ။

ဝုန်း....

ကြီးမြတ်သူရွှမ်ယွမ်က ခြေတစ်လှမ်းလှမ်းလိုက်ရာ ဘီလီယံပေါင်းများစွာကို ဖြတ်ကျော်ပြီး အချိန်လေဟာနယ်တွင်းနက်ဆီသို့ လျင်မြန်စွာ ထွက်ခွာသွားသည်။ လူသားမျိုးနွယ်မှ အခြားကြီးမြတ်သူများကလည်း အလားတူ လုပ်ဆောင်ခဲ့ကြသည်။

" လင်းယွမ်..." ကြီး​မြတ်သူရှချင်က အနည်းငယ် စိုးရိမ်သွားသည်။

လွန်ခဲ့သော နှစ်တစ်ရာက သူက လင်းယွမ်၏ မူလခန္ဓာကိုယ်ကို လူသားမျိုးနွယ်၏ အလယ်ပိုင်းကြယ်နယ်မြေသို့ သွားရန် ပြောခဲ့သည်။ လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ရှိသောကြောင့်သာ သူက ထိုအကြံကို စွန့်လွှတ်ခဲ့သည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ကြောင်းကျိုးဆက်နွယ်မှုကို ပိုင်းခြားထားလို့ အဲ့ဒီအဘိုးကြီးတွေက လင်းယွမ်ရဲ့ မူလခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး။ လင်းယွမ်ရဲ့ စိတ်စွမ်းအားက အလွှာဆယ့်နှစ်ကို ရောက်နေလို့ မှတ်ဉာဏ်ညစ်ညမ်းမှုကလည်း မဖြစ်နိုင်ဘူး။ " ကြီးမြတ်သူရှချင်က အနည်းငယ် စိတ်အေးသွားသည်။

သူ၏ အမြင်အရ အလွှာဆယ့်နှစ် ကြီးမြတ်သူများက ဤတစ်ကြိမ်တွင် လင်းယွမ်ကို ထိခိုက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ အများဆုံးမှာ လင်းယွမ်၏ ကိုယ်ပွားတစ်ခုကို သတ်ပစ်နိုင်ခြင်းသာ ဖြစ်သည်။ သို့သော် ကြီးမြတ်သူရှချင်နှင့် အခြားကြီးမြတ်သူများက အရှိန်ကို လုံးဝ မလျှော့ခဲ့ကြပေ။

အခြားမျိုးနွယ်များမှ ကြီး​မြတ်သူများက လင်းယွမ်ကို ဘာမှမလုပ်နိုင်ခြင်းမှာ တစ်ပိုင်းဖြစ်ပြီး လင်းယွမ်ကို တိုက်ခိုက်ခြင်းမှာ နောက်တစ်ပိုင်းဖြစ်သည်။ သူတို့က လင်းယွမ်ကို ထိခိုက်အောင် လုပ်နိုင်ခြင်းမရှိသည့်တိုင် အလွှာဆယ့်နှစ်များက အလွှာဆယ့်တစ်ကို တိုက်ခိုက်ခြင်းဖြစ်သောကြောင့် စည်းမျဉ်းများကို ချိုး​ဖောက်ခြင်းဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း....

အချိန်လေဟာနယ်ဖိအားများက ပိုမိုပြင်းထန်လာသည်။ ထျန်းယုမျိုးနွယ်၏ အကြည့်က အေးစက်နေပြီး လင်းယွမ်ကို ကြည့်ကာ သူ၏ လက်ကို ရပ်တန့်ခြင်းမရှိခဲ့ပေ။

သူတို့ရောက်ရှိလာချိန်မှ အရာအားလုံးက မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်ခဲ့ပြီး နဂါးငွေ့တန်းကြယ်သခင်က ထိုကိုယ်ပွားကို ဖျက်ဆီးလျှင်တောင် နောက်ကျသွားပြီဖြစ်သည်။

သို့သော် ထိုခဏတွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက မယုံကြည်နိုင်သော အကြည့်များ ပေါ်လာသည်။ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေသော နဂါးငွေ့တန်းကြယ်သခင်က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

ခြေတစ်လှမ်းသာ ဖြစ်သော်လည်း စကြာဝဠာတစ်ခုလုံးခွဲခြားထားသကဲ့သို့ ဖြစ်သွားသည်။ ထျန်းယုမျိုးနွယ် ဘိုးဘေး၏ လက်က လင်းယွမ်ကို လွဲချော်သွားသည်။

အလွှာဆယ့်တစ် အထွတ်အထိပ်တစ်ယောက်ကို ဖျက်ဆီးနိုင်သော အချိန်လေဟာနယ်လှိုင်းများက လင်းယွမ်နှင့် မီတာအနည်းငယ်သို့ ရောက်ရှိလာသောအခါ လျင်မြန်စွာ တိတ်ဆိတ်သွားသည်။

" ဘာလဲ။ " ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက အနည်းငယ် တုန်လှုပ်သွားသည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်​ယောက်၏ တိုက်ခိုက်မှုက လွဲချော်သွားသည်။

လင်းယွမ်က လူသားမျိုးနွယ်၏ မျိုးနွယ်ကာကွယ်ရေးလက်နက်တစ်ခုကို အသုံးပြုပြီး တိုက်ခိုက်မှုကို ခုခံလိုက်မည်ဟူသော ဖြစ်နိုင်ခြေများကို သူက တွေးထားခဲ့သည်။သို့သော် ၎င်းက မဖြစ်နိုင်ပေ။ ကိုယ်ပွားတစ်ခုကို မျိုးနွယ်ကာကွယ်ရေးလက်နက်တစ်ခု သယ်ဆောင်ခွင့်ပြုမည်မဟုတ်ပေ။

စစ်မြေပြင်ကြီးများတွင် အလွှာဆယ့်တစ် အင်အားကြီးသူများကိုင်ဆောင်ထားသော မျိုးနွယ်ကာကွယ်ရေးလက်နက်များက အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေခြင်းဖြစ်သည်။

ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက နားမလည်နိုင်ပေ။ ၎င်းက နိယာမများ၏ ယှဉ်ပြိုင်မှုဖြစ်သည်ကို သူခံစားမိသည်။ နဂါးငွေ့တန်းကြယ်သခင်က နိယာမများကို အသုံးပြု၍ သူ၏ လက်ဝါးကို ရှောင်ရှားခဲ့ခြင်းဖြစ်သောကြောင့် နဂါးငွေ့တန်းကြယ်သခင်၏ နိယာမများအပေါ် နားလည်မှုက သူထက် လုံးဝမနိမ့်ကျသည်ကို ဆိုလိုသည်။

နဂါးငွေ့တန်းကြယ်သခင်က နိယာမများကို နားလည်မှုတွင် အလွှာဆယ့်နှစ်သို့ အပြည့်အဝ ရောက်ရှိနေပြီဖြစ်ကြောင်း အလွှာဆယ့်နှစ် ကြီးမြတ်သူများက သေချာသွားခဲ့သည်။ သူတို့အဆင့်ကို ရောက်ရှိရုံသာမက ကျော်လွန်သွားခြင်းဖြစ်သည်။

ဤအခြေအနေတွင် လင်းယွမ်ကို တိုက်ခိုက်ရန် ရောက်လာသော အလွှာဆယ့်နှစ် ကြီးမြတ်သူများက ဟာသတစ်ခုသဖွယ်ဖြစ်သွားခဲ့သည်။ လင်းယွမ်၏ နိယာမများအပေါ် နားလည်မှုက ထိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူက အလွှာဆယ့်တစ်တွင် ရှိနေသောကြောင့် အလွှာဆယ့်နှစ် ကြီးမြတ်သူများအတွက် ပြိုင်ဘက်မဖြစ်နိုင်သော်လည်း ဖိနှိပ်နိုင်ခြင်းလည်း မရှိပေ။

အကြောင်းမှာ လင်းယွမ်က ဖိနှိပ်ခံရခြင်းမရှိမီ ထိုကိုယ်ပွားကို အပြည့်အဝ ဖျက်ဆီးပစ်နိုင်သောကြောင့် ဖြစ်သည်။ ထူးဆန်းသော သွေးတစ်စက်နှင့် လင်းယွမ်ကို ညစ်ညမ်းစေရန်အတွက် သူ၏ အတွေးများ အလုပ်မလုပ်နိုင်သည်အထိ ဖိနှိပ်ရမည်ဖြစ်သည်။ သို့သော် ထိုအတွေးမှာ မဖြစ်နိုင်တော့ပေ။

လင်းယွမ်က အရူးမဟုတ်ပေ။ သူဖိနှိပ်ခံရမည်ကို တွေးမိသည်နှင့် ကိုယ်ပွားကို ဦးစွာ ဖျက်ဆီးပစ်ပေလိမ့်မည်။ ထျန်းယုမျိုးနွယ်၏ ဘိုးဘေးနှင့် အခြားကြီးမြတ်သူများက တိတ်ဆိတ်သွားကြသည်။

" ငါ့ရဲ့ တိုက်ခိုက်မှုကို ခံယူစမ်း..." လင်းယွမ်က အနည်းငယ် ပြုံး၍ ရှေ့သို့ တစ်လှမ်း လှမ်းပြီး လက်သီးဖြင့် တိုက်ရိုက်ထိုးလိုက်သည်။

ထိုလက်သီးချက်က အချိန်လေဟာနယ် သတ္တမအဆင့်၏ နားလည်မှုများ ပါဝင်ပြီး လက်သီးချက်ရောက်ရှိသော နေရာတိုင်းမှ အချိန်လေဟာနယ်ကို ပြိုလဲစေကာ ထျန်းယုမျိုးနွယ်၏ ဘိုးဘေးဆီသို့ ဦးတည်သွားသည်။

" မကောင်းတော့ဘူး။ " ထျန်းယုမျိုးနွယ် ဘိုးဘေး၏ အမူအရာက ပြောင်းလဲသွားသည်။ လက်သီးချက်၏ အဆင့်က မမြင့်မားသော်လည်း ၎င်းတွင် ပါဝင်သော အချိန်လေဟာနယ်၏ စွမ်းအားကို သူ ခံစားမိသည်။ သူ့လို အလွှာဆယ့်နှစ် ကြီး​မြတ်သူတစ်​ယောက်အတွက်ပင် လက်သီးချက် ထိမှန်ခဲ့လျှင် သက်သာလိမ့်မည်မဟုတ်ပေ။

ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက တုန့်ပြန့်ရန် ပြင်လိုက်ချိန်တွင် လင်းယွမ်၏ နက်ရှိုင်းသော မျက်လုံးများကို မြင်လိုက်ရသည်။

စိတ်စွမ်းအားတိုက်ခိုက်ခြင်း လျို့ဝှက်နည်းစနစ်။ ရှန်းယွမ်မျက်လုံး။ ၎င်းက လင်းယွမ် နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သတ္တမအထပ်ကို ဖြတ်သန်းပြီးနောက် ရရှိခဲ့သော လျို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည်။

၎င်းက ရှားပါးသော စိတ်စွမ်းအားတိုက်ခိုက်ခြင်း လျို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည်။ လင်းယွမ်၏ စိတ်စွမ်းအားက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်နှင့် ညီမျှသောကြောင့် ရှန်းယွမ်မျက်လုံးကို အသုံးပြုလိုက်သည်နှင့် အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်ကိုပင် ထိတ်လန့်သွားစေနိုင်သည်။

ဝုန်း....

လင်းယွမ်၏ လက်သီးချက်က ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို တိုက်ရိုက်မထိသော်လည်း ၎င်းမှ အချိန်လေဟာနယ်စွမ်းအားက သူ့ထံသို့ တည့်တည့်ဝင်ရောက်သွားသည်။

" မင်း..." ထျန်းယုမျိုးနွယ် ဘိုးဘေး၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ သူက ရှန်းယွမ်မျက်လုံး၏ လွှမ်းမိုးမှုမှ လျင်မြန်စွာ လွတ်မြောက် လာသော်လည်း စကြာဝဠာတစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက နောက်သို့ ခြေခုနှစ်လှမ်း ရှစ်လှမ်း ဆုတ်ပြီးမှ တည်ငြိမ်သွားသည်။ သူက လင်းယွမ်ကို လေးနက်စွာ ကြည့်လိုက်သည်။ ထိုခဏတွင် လင်းယွမ်က အလွှာဆယ့်နှစ် ကြီး​မြတ်သူတစ်ယောက်ကို ခြိမ်း​ခြောက်နိုင်သော အရာနှစ်ခုကို ပြသခဲ့သည်။

တစ်ခုမှာ ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို အချိန်အတော်ကြာ ပိတ်မိစေခဲ့သော သူ၏ စိတ်စွမ်းအားကို တိုက်ခိုက်မှုဖြစ်သည်။ နောက်တစ်ခုမှာ လင်းယွမ်က အလွှာဆယ့်နှစ်ထက် ကျော်လွန်သော နိယာမများ နားလည်မှုကို ပြသခဲ့သည်။

သို့သော် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ၎င်းကို သိပ်ဂရုမစိုက်ခဲ့ပေ။ နိယာမများကို နားလည်ခြင်းက တစ်ပိုင်းဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားက တစ်ပိုင်းဖြစ်သည်။ အလွှာဆယ့်တစ် လင်းယွမ်၏ တိုက်ခိုက်မှုက အလွှာဆယ့်နှစ်၏ ကာကွယ်မှာကို ထိုးဖောက်နိုင်မည်ဖြစ်သည်။

သို့သော် ထိုကဲ့သို့ စိတ်စွမ်းအား တိုက်ခိုက်မှုက လင်းယွမ်၏ လက်သီးချက်နှင့် ပေါင်းစပ်လိုက်သောအခါ ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို အမှန်တကယ် ထိတ်လန့်စေခဲ့သည်။

" ဘာလဲ..."

" နဂါးငွေ့တန်းကြယ်သခင်ရဲ့ လက်သီးချက်က..."

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

ပတ်ဝန်းကျင်မှ အလွှာဆယ့်နှစ် ကြီး​မြတ်သူများကလည်း မယုံကြည်နိုင်ဖြစ်သွားကြသည်။ သူတို့က နဂါးငွေ့တန်းကြယ်သခင်၏ နိယာမများအပေါ် နားလည်မှုကို အံ့ဩနေကြဆဲ ဖြစ်သော်လည်း သူထိုးလိုက်သော လက်သီးချက်က အလွှာဆယ့်နှစ်သို့ ရောက်နေခဲ့သည်။ မဟုတ်လျှင် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို ခြေခုနှစ်လှမ်းခန့် နောက်ဆုတ်စေနိုင်မည်မဟုတ်ပေ။

All Chapters