← Chapters

အချိန်မြစ်ထဲသို့ ဆွဲချခြင်း...

Vol. 52 Ch. 763

အချိန်မြစ်ထဲသို့ ဆွဲချခြင်း...

Vol. 52 Ch. 763

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က ရောက်ရှိလာသည်။

" ရွှမ်ယွမ် မင်းတို့လူသားမျိုးနွယ်က နဂါးငွေ့တန်းကြယ်သခင်လို ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တာ တကယ်ကံကောင်းတာပဲ။ "

" ငါတို့က နဂါးငွေ့တန်းကြယ်သခင်ရဲ့ ဒီကိုယ်ပွားကို သတ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။ မင်းတို့ ပြန်သွားတာ ပိုကောင်းလိမ့်မယ်။ "

" မှန်တယ်။ ဒါက ကိုယ်ပွားတစ်ခုပဲ။ "

အခြားမျိုးနွယ်များမှ အလွှာဆယ့်နှစ် ကြီး​မြတ်သူများက လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ကို တားဆီးလိုက်ကြသည်။

" ဟမ့် " ကြီးမြတ်သူရွှမ်ယွမ်က စကားပြောခြင်းမရှိဘဲ တိုက်ရိုက်လှုပ်ရှားလိုက်သည်။

ထိုအချိန်တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူ ဆယ်ယောက်ကျော်က တစ်ချိန်တည်း တိုက်ခိုက်လိုက်ကြပြီး အချိန်လေဟာနယ်တွင်းနက်၏ ပတ်လည်ရှိ အလင်းနှစ်ထောင်ပေါင်းများစွာက ကွဲအက်သွားခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင် သေလိုက်တော့။ " ထျန်းယုမျိုးနွယ် ဘိုးဘေး၏ အော်ရာက ပေါက်ကွဲလာပြီး လင်းယွမ်ကို အထင်သေးခြင်းမရှိတော့ပေ။ ကြီးမားသော အသက်အနှစ်သာရနှင့် စွမ်းအား အားသာချက်နှစ်ခုလုံးဖြင့် တိုက်ခိုက်လိုက်သည်။

လင်းယွမ်က အလွယ်တကူ ရှောင်တိမ်းပြီး နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်သော်လည်း ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက လှုပ်ခါနိုင်ခြင်းမရှိပေ။ ရှန်းယွမ်မျက်လုံးကို အသုံးပြုသောအခါတွင်လည်း ပြိုင်ဘက်၏ စိတ်စွမ်းအားအနည်းငယ်ကိုသာ သက်ရောက်စေသည်။

လင်းယွမ်က အလွှာဆယ့်နှစ်တွင် ထိုလျို့ဝှက်နည်းစနစ်ကို အသုံးပြုလျှင် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ရင်ဆိုင်ရဲခြင်းမရှိဘဲ ထွက်ပြေးပေလိမ့်မည်။ သို့သော် လင်းယွမ်က အလွှာဆယ့်တစ်သာ ဖြစ်သည်။

" ဒါက မူလစိတ်ဝိညာဉ်ဆိုတော့ အားနည်းနေတုန်းပဲ။ " လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

သူက နိယာမများကို နားလည်မှုနှင့် စိတ်စွမ်းအားတွင် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးထက် သာလွန်သော်လည်း အသက်အနှစ်သာရ ကွာခြားမှုက လင်းယွမ်ကို ခက်ခဲစေခဲ့သည်။ လင်းယွမ်၏ ခက်ခဲမှုက ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို ထိခိုက်အောင် မလုပ်နိုင်ခြင်းဖြစ်ပြီး ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကလည်း သူ့ကို ထိခိုက်အောင် လုပ်နိုင်ခြင်းမရှိပေ။

" နဂါးငွေ့တန်းကြယ်သခင်ကို ငါလုံးဝ မထိနိုင်ဘူး။ " ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက အကြိမ်ကြိမ်စစ်ဆေးပြီးနောက် ကောက်ချက်တစ်ခု ချလိုက်သည်။

သူ၏ တိုက်ခိုက်မှုများက နဂါးငွေ့တန်းကြယ်သခင်ကို ထိခိုက်အောင်လုပ်နိုင်ခြင်းမရှိပေ။ နဂါးငွေ့တန်းကြယ်သခင်၏ တိုက်ခိုက်မှုများကလည်း သူ၏ ကာကွယ်မှုကို ထိုးဖောက်နိုင်ခြင်းမရှိသော်လည်း ထိုသို့ဆက်လုပ်နေရန်မဖြစ်ပေ။

" ဆက်မတိုက်တော့ဘူး။ " ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ဆက်လက်တိုက်ခိုက်နေခြင်းမှာ သူ့အတွက် ပိုအရှက်ရစေသည်ကို နားလည်လိုက်သည်။

" သွားမယ်။ " ထျန်းယုမျိုးနွယ်၏ ဘိုးဘေး နောက်သို့ လှည့်ထွက်သွားသည်။ သူက လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်နှင့် ရင်ဆိုင်နေသော အခြားသူများကို ဂရုမစိုက်တော့ပေ။

" ထွက်သွားချင်တာလား။ " လင်းယွမ်က ထျန်းယုမျိုးနွယ်ဘိုးဘေး၏ အတွေးကို ခန့်မှန်းမိလိုက်သည်။

ထိုခဏတွင် အခြားအရပ်တစ်ခုမှ ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်ပင် ဖြစ်သည်။ ခြေတစ်လှမ်းနှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်က ထိုက်ယန်မူလစိတ်ဝိညာဉ်ဘေးသို့ ရောက်လာသည်။ ထိုက်ယန်နှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်နှစ်ခုလုံးက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။ ၎င်းက လင်းယွမ်၏ ထိုက်ကျိမူလစိတ်ဝိညာဉ်ဖြစ်သည်။

လင်းယွမ်၏ အော်ရာက လျင်မြန်စွာ မြင့်တက်လာသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အတွင်းကမ္ဘာက လျင်မြန်စွာ ကျယ်ပြန့်လာပြီး အလင်းနှစ် ငါးနှစ် အရွယ်အစားသို့ ရောက်ရှိလာသည်။

သီအိုရီအရ ထိုက်ကျိမူလစိတ်ဝိညာဉ်၏ တိုက်ခိုက်ရေးစွမ်းအားက မူလခန္ဓာကိုယ်နှင့် ညီမျှသင့်ပေသည်။ သို့သော် မူလခန္ဓာကိုယ်၏ အခြေခံက အလွန်နက်ရှိုင်းပြီး ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို နှစ်ကြိမ် စုပ်ယူထားသည်။ ၎င်းက မူလခန္ဓာကိုယ်၏ အတွင်းကမ္ဘာကို အလင်းနှစ် ဆယ့်တစ်နှစ်သို့ ရောက်ရှိစေခဲ့သည်။

" ခုတ်ပိုင်းစမ်း။ " ထိုက်ယင်မူလစိတ်ဝိညာဉ်က ထိုက်ယန်မူလစိတ်ဝိညာဉ်နှင့် ပူးပေါင်းရန် လျင်မြန်စွာ ရောက်လာရုံသာမက အလွှာဆယ့်နှစ် ရတနာများကိုလည်း သယ်ဆောင်လာခဲ့သည်။

ဝုန်း ဝုန်း....

ငွေဖြူရောင်ဆေဘာတစ်ချောင်းက အချိန်လေဟာနယ်ကို ဖြတ်တောက်ကာ ထျန်းယုမျိုးနွယ်ဘိုးဘေး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

" ဘာ..." ထျန်းယုမျိုးနွယ်ဘိုးဘေး၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။

ထိုခုတ်ပိုင်းချက်က သူ၏ အကာအကွယ်ကို ထိုးဖောက်ကာ သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းကမ္ဘာတို့တွင် သေးငယ်သော အက်ကြောင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ အက်ကြောင်းက လျင်​မြန်စွာ ပြန်လည်ကောင်းမွန်သွားသော်လည်း ထိုခဏတွင် လင်းယွမ်၏ ဒုတိယခုတ်ချက်က ကျရောက်လာသည်။

အသက်ရှူချိန်တစ်ကြိမ်အတွင်း ခုတ်ချက်ရာပေါင်းများစွာက ထျန်းယုမျိုးနွယ်ဘိုးဘေး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သေးငယ်သော အက်ကြောင်းများက အဆက်မပြတ် ပေါ်လာပြီး လျန်မြန်စွာ ကုသနေသည်။

" မကောင်းတော့ဘူး။ " ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက မကောင်းသော အရာတစ်ခုကို အာရုံခံမိလိုက်သည်။

ခုတ်ချက်အနည်းငယ်က သူ့ကို မထိခိုက်စေသော်လည်း ​​ထောင်ပေါင်းများစွာ သောင်းပေါင်းများစွာဆိုလျှင် အခြေအနေက တစ်မျိုးပြောင်းသွားပေလိမ့်မည်။ အကယ်၍ ၎င်းက အခြားကြီးမြတ်သူတစ်ယောက်ဖြစ်လျှင် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ကြောက်ရွံ့မှုမရှိဘဲ အပြန်အလှန် တိုက်ခိုက်ပေလိမ့်မည်။

သို့သော် သူက လင်းယွမ်ကို လုံးဝ မထိနိုင်ပေ။ အပြန်အလှန်တိုက်ခိုက်ခြင်းက မဖြစ်နိုင်ပေ။

ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက အသက်ပြင်းပြင်းရှူပြီးနောက် လင်းယွမ်ကို လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ကျယ်ပြောလှသော အချိန်မြစ်၏ ကမ်းခြေတွင် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက မြင့်မားစွာ ရပ်တည်နေသည်။ အလွှာဆယ့်တစ် သက်ရှိများနှင့် ယှဉ်လျှင် အလွှာဆယ့်နှစ် သက်ရှိများ၏ အရေးပါဆုံးကဏ္ဍမှာ အချိန်မြစ်၏ ချုပ်နှောင်မှုမှ လွတ်မြောက်ပြီး ၎င်း၏ ကမ်းခြေတွင် နေထိုင်နိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် နဂါးငွေ့တန်းကြယ်သခင်၏ တိုက်ခိုက်မှုများကို ခုခံရန် အလွယ်ကူဆုံး နည်းလမ်းမှာ အချိန်မြစ်၏ အာကာသအတွင်းသို့ ဝင်ရောက်ကာ ၎င်း၏ ကမ်းခြေတွင် ရပ်နေခြင်းဖြစ်သည်။

နဂါးငွေ့တန်းကြယ်သခင်၏ တိုက်ခိုက်မှုများက မည်မျှအစွမ်းထက်သည်ဖြစ်စေ သူက အလွှာဆယ့်နှစ် မဟုတ်သရွေ့ အချိန်မြစ်အတွင်းမှ သက်ရှိက အချိန်မြစ်၏ ပြင်ပရှိ မည်သည့်အရာကိုမဆို ထိတွေ့နိုင်မည်မဟုတ်ပေ။

" နဂါးငွေ့တန်းကြယ်သခင်..."ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက တစ်လုံးချင်း ရေရွတ်လိုက်သည်။ အလွှာဆယ့်တစ် သက်ရှိတစ်ယောက်က သူ့ကို အချိန်မြစ်၏ အာကာသအတွင်းသို့ အတင်းအကျပ် တွန်းပို့ခံလိုက်ရခြင်းက သူ့အတွက် ကြီးမားသော အရှက်ကွဲမှုပင် ဖြစ်သည်။

" အလုံးစုံစစ်ပွဲ... ငါတို့ အလုံးစုံစစ်ပွဲကို စတင်ရမယ်။ နဂါးငွေ့တန်းကြယ်သခင်ကို အလွှာဆယ့်နှစ်ကို တက်လှမ်းခွင့်ပြုလို့မရဘူး။ " ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ဆုံးဖြတ်ချက်ချလိုက်သည်။

နဂါးငွေ့တန်းကြယ်သခင်ကို အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းမှ မတားဆီးနိုင်သော်လည်း လူသားမျိုးနွယ်နှင့် စစ်ပွဲတစ်ခု စတင်ခြင်းဖြင့် နဂါးငွေ့တန်းကြယ်သခင်၏ စိတ်အခြေအနေကို ထိခိုက်စေနိုင်သည်။ မျိုးနွယ်နှစ်ခုကြား ရန်ငြိုးက ပြေလည်နိုင်ခြင်းမရှိသောကြောင့် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက အလုံးစုံစစ်ပွဲ၏ အကျိုးဆက်များကို ဂရုမစိုက်တော့ပေ။

ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ထိုအတွေးဖြင့် အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများနှင့် ဆွေးနွေးရန်အတွက် ထျန်းယုမျိုးနွယ်သို့ ပြန်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ယခင်က ငြိမ်သက်နေခဲ့သော အချိန်မြစ်က ဆူညံမှုမရှိဘဲ အနည်းငယ် လှိုင်းထလာသည်။ အချိန်မြစ်ထဲမှ ကြီးမားသော ညာလက်တစ်ဖက်က ရုတ်တရက် ထွက်ပေါ်လာသည်။ လက်က ထျန်းယုမျိုးနွယ်ဘိုးဘေး၏ ခြေကျင်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် လျင်မြန်စွာ အောက်သို့ ဆွဲချလိုက်သည်။

ဆယ့်တစ်ကြိမ်မြောက် ဆင်းသက်မှုပြီးသောအခါ လင်းယွမ်က ကျယ်ပြောလှသော အချိန်မြစ်ကို ကျဉ်းကျပ်နေသည်ဟု ခံစားခဲ့ရသည်။ နှစ်ပေါင်းတစ်ရာကျော်ကျင့်ကြံပြီး ဖရိုဖရဲနိယာမ၏ ပြောင်းလဲမှုကို အပြည့်အဝ ခံယူပြီးနောက် ထိုခံစားချက်က ပို၍ ပြင်းထန်လာခဲ့သည်။

အချိန်မြစ်အတွင်း လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို ကွေးညွှတ်ပြီး သူ့ကိုသူ သေးငယ်အောင် လုပ်ထားရသည်။ မဟုတ်လျှင် သူ၏ ခန္ဓာကိုယ်က အချိန်မြစ်ထက် ကျော်လွန်နေမည်ဖြစ်သည်။

ထိုသို့သော အန္တရာယ်က သာမန်မဟုတ်ပေ။ အချိန်မြစ်ကမ်းခြေရှိ အလွှာဆယ့်နှစ်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ရုံသာမက အချိန်မြစ်၏ တိုက်ရိုက်တုန့်ပြန်မှုကို ဖြစ်ပေါ်စေပြီး အမြင့်ဆုံးခုန်ပျံကျော်လွှားမှုကို အတင်းအကျပ် လုပ်ဆောင်စေနိုင်သည်။

သို့သော် အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်ဖြစ်သော ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ထိုက်ကျိမူလစိတ်ဝိညာဉ်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် အချိန်မြစ်၏ အာကာသအတွင်းသို့ ဝင်ရောက်လာသောအခါ အချိန်မြစ်အောက်တွင် ကွေးညွှတ်နေသော လင်းယွမ်က ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို အချိန်မြစ်အတွင်းသို့ ဆွဲချခဲ့သည်။

" လက်တစ်ဖက်တည်းနဲ့ အချိန်မြစ်အပြင်ကို ထွက်တာက တန်ပြန်မှုကို ဖြစ်ပေါ်စေမှာမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

သာမန်အလွှာဆယ့်တစ် သက်ရှိတစ်ယောက်က တစ်ခါတစ်ရံ အချိန်မြစ်၏ အပြင်ဘက်သို့ ခုန်ထွက်ကြသည်။ အချိန်တိုအတွင်း ပြဿနာမရှိပေ။ လင်းယွမ်ကလည်း အချိန်မတိုင်မီ အမြင့်ဆုံးခုန်ပျံကျော်လွှားမှုကို လုပ်ဆောင်ရလျှင်တောင် သူ့အတွက် သက်ရောက်မှုမရှိပေ။ လက်ရှိတွင် သူက ကဏ္ဍတိုင်းတွင် အထွတ်အထိပ်သို့ ရောက်နေသောကြောင့် အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

" ဘာလဲ..." အချိန်မြစ်၏ ကမ်းခြေတွင် ရပ်နေသော ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက လူသားမျိုးနွယ်ကို တိုက်ခိုက်ရန် စဉ်းစားနေစဉ် ရုတ်တရက် အချိန်မြစ်ထဲသို့ ဆွဲခေါ်ခြင်းခံလိုက်ရသည်။

" မလုပ်နဲ့။ " ထျန်းယုမျိိုးနွယ်၏ ဘိုးဘေးက ကြောက်ရွံ့သွားသည်။ အချိန်မြစ်အတွင်းမှ တိုက်ခိုက်မှုကို သူမမျှော်လင့်ခဲ့မိပေ။

All Chapters