တောင်ပံနှစ်ခုပျက်ဆီးခြင်း...
Vol. 52 Ch. 764
အချိန်မြစ်၏ ကမ်းခြေရှိ အလွှာဆယ့်နှစ် ကြီးမြတ်သူအချင်းချင်း တိုက်ခိုက်ရာတွင် ကမ်းခြေတွင်သာ တိုက်ခိုက်ကြသည်။ ထို့အပြင် ထိုကဲ့သို့သော တိုက်ပွဲများက စကြာဝဠာအတွင်းမှ တိုက်ပွဲများနှင့်ယှဉ်လျှင် အလွန်ရိုးရှင်းပြီး နိယာမများစွာ၏ ရှုပ်ထွေးမှုမရှိပေ။ ထို့ကြောင့် အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်က အချိန်မြစ်၏ ကမ်းခြေတွင် သေဆုံးနိုင်ခြင်းမရှိပေ။
ထိုသို့ဖြစ်၍ ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက အထူးသတိထားခြင်းမရှိခဲ့ပေ။ သူက ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့လျှင်တောင် ၎င်းက ကမ်းခြေမှ အခြားအလွှာဆယ့်နှစ် ကြီမြတ်သူများကိုသာ ဖြစ်သည်။ အချိန်မြစ်ထဲမှ သက်ရှိများအတွက် သူတို့၏ အကြီးမားဆုံး ကြိုးစားအားထုတ်မှုမှာ အချိန်မြစ်ထဲမှ ခဏခုန်ထွက်ခြင်းသာ ဖြစ်ပြီး သူ့လို သက်ရှိများကို မော့ကြည့်ခြင်းသာဖြစ်သည်။
ဝုန်း ဝုန်း...
ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက တုန့်ပြန်နိုင်ခြင်းမရှိမီ ဆွဲခေါ်ခံရသော ညာဘက်ခြေထောက်က အချိန်မြစ်နှင့် ထိတွေ့သွားသည်။
အလွှာဆယ့်နှစ်အောက်ရှိ သက်ရှိများအတွက် အချိန်မြစ်ရေက မယုံကြည်နိုင်လောက်အောင် နူးညံ့ပြီး အန္တရာယ်မရှိသော်လည်း အချိန်မြစ်မှ လွတ်မြောက်လာသူများအတွက်မူ အချိန်မြစ်ရေက သတ်ဖြတ်ခြင်းအဆိပ်ပင် ဖြစ်သည်။
ထို့ကြောင့် အလွှာဆယ့်နှစ် ကြီးမြတ်သူများက မြစ်ကမ်းဘေးတွင် ရပ်ပြီး အချိန်မြစ်ကို ငုံ့ကြည့်ကြသော်လည်း အချိန်မြစ်ထဲသို့ ပြန်လည်ဝင်ရောက်ခြင်း မရှိကြပေ။
အစွမ်းထက်သော အလွှာဆယ့်နှစ် ကြီးမြတ်သူများအတွက်ပင် အချိန်မြစ်ရေနှင့် ကြာရှည်စွာ ထိတွေ့ခြင်းက သူတို့၏ အသက်အနှစ်သာရကို သိသိသာသာ စားသုံးသွားမည်ဖြစ်ပြီး သူတို့အား အလွှာဆယ့်တစ်သို့ ပြန်လည်ကျဆင်းစေကာ အချိန်မြစ်၏ ချုပ်နှောင်မှုဖြင့် တဖန် ချည်နှောင်ခံရနိုင်သည်။ ၎င်းကို မည်သည့်အလွှာဆယ့်နှစ် ကြီးမြတ်သူမဆို လက်မခံနိုင်ပေ။
ဝုန်း ဝုန်း ဝုန်း....
သူ၏ ညာဘက်ခြေထောက်က အချိန်မြစ်ထဲတွင် နစ်မြှုပ်နေသောကြောင့် ထျန်းယုမျိုးနွယ်ဘိုးဘေး၏ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားက တုန်ခါသွားသည်။ သူက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်နိုင်မီ အချိန်မြစ်အောက်မှ လက်က သူ့ကို လုံးဝ ဆွဲချသွားခဲ့သည်။
အချိန်လေဟာနယ်တွင်းနက်၏ ရှေ့တွင် လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောင်နှင့် တိုက်ခိုက်နေသော အလွှာဆယ့်နှစ် ကြီးမြတ်သူများက သူတို့၏ တိုက်ခိုက်မှုများကို တဖြည်းဖြည်း ရပ်တန့်လိုက်ကြသည်။
ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက အစွမ်းကုန်လှုပ်ရှားခဲ့သော်လည်း နဂါးငွေ့တန်းကြယ်သခင်၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး နောက်ဆုံးတွင် အချိန်မြစ်၏ အာကာသထဲသို့ ထွက်ပြေးရသည်ကို အခြားကြီးမြတ်သူများက လက်ခံရန် ခက်ခဲစေသည်။
နဂါးငွေ့တန်းကြယ်သခင်၏ တိုက်ခိုက်ရေးစွမ်းအားက အလွှာဆယ့်နှစ် သတ်မှတ်ချက်သို့ ရောက်နေခြင်းက သာမန်မဟုတ်ပေ။ အခြေအနေကို ကြည့်လျှင် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို ထိခိုက်စေနိုင်ပုံရသည်။
မဟုတ်လျှင် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက အချိန်မြစ်၏ အာကာသထဲသို့ ထွက်ပြေးခဲ့မည်မဟုတ်ပေ။ ခဏအတွင်း အလွှာဆယ့်နှစ် ကြီးမြတ်သူများက တိတ်ဆိတ်သွားကြသည်။ သူတို့အားလုံး ပူးပေါင်းလှုပ်ရှားခဲ့ခြင်းက နဂါးငွေ့တန်းကြယ်သခင်ကို သတ်ဖြတ်ရန်ဖြစ်သည်။ သို့သော် ယခု နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားကို ကြည့်လျှင် ဘယ်သူက ဘယ်သူ့ကိုသတ်မလဲ မသေချာတော့ပေ။
နဂါးငွေ့တန်းကြယ်သခင်ကို သတ်ရန် ကြိုးစားခြင်းက အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်ကို သတ်ရန် ကြိုးစားသကဲ့သို့ ခက်ခဲနေသည်။ စကြာဝဠာဖြစ်ပေါ်ချိန်မှ စ၍ အလွှာဆယ့်နှစ် ကြီးမြတ်သူများကြား အပြင်ထန်ဆုံး တိုက်ပွဲများပင် အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်ကို ကျဆုံစေခဲ့ခြင်းမရှိပေ။
လူသားမျိုးနွယ်မှ ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားသူများကလည်း တိတ်ဆိတ်နေကြသည်။ ကြီးမြတ်သူကိုးယောက်က လင်းယွမ်အတွက် လက်စားချေရန် ရောက်လာကြခြင်းဖြစ်သည်။ သူတို့၏ အမြင်အရ အခြားကြီးမြတ်သူဆယ်ယောက်ကျော်က လင်းယွမ်၏ ကိုယ်ပွားကို ပစ်မှတ်ထားနေသောကြောင့် ရလဒ်က ရှောင်လွှဲမရပေ။
၎င်းက ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း အလွှာဆယ့်နှစ်က အလွှာဆယ့်တစ်ကို တိုက်ခိုက်ခြင်းဖြစ်သောကြောင့် စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုဖြစ်ရပ်ပြီးလျှင် အခြားမျိုးနွယ်များမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများက လူသားမျိုးနွယ်အား ကျေနပ်စေသော လျော်ကြေးတစ်ခုကို မပေးလျှင် ကြီးမြတ်သူရွှမ်ယွမ်တို့ကလည်း အခြားမျိုးနွယ်များမှ အလွှာဆယ့်တစ်နှင့် အလွှာတစ်ဆယ် သက်ရှိများကို တိုက်ခိုက်ကြမည်ဖြစ်သည်။
သို့သော် ပြောင်းလဲသွားသော အခြေအနေကို လူသားမျိုးနွယ်၏ ကြီးမြတ်သူများက မမျှော်လင့်ထားခဲ့မိပေ။ လင်းယွမ်၏ ကိုယ်ပွားက ကျဆုံးရမည့်အစား ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို ဖိနှိပ်ခဲ့သည်။
" နဂါးငွေ့တန်းကြယ်သခင်..." ယုမျိုးနွယ်၏ ကြီးမြတ်သူက အချိန်မြစ်၏ အာကာသထဲမှ ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို ကြည့်လိုက်သည်။
အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်နိုင်မည်မဟုတ်ကြောင်း နားလည်သွားကြသည်။
" ဟင်..." အင်းဆက်ဧကရီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း အလားတူပင် ဖြစ်သည်။ သူတို့၏ စောင့်ကြည့်မှုအောက်တွင် အချိန်မြစ်ထဲမှ လက်တစ်ဖက်က ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို အချိန်မြစ်ထဲသို့ ဆွဲချသွားသည်။
" ဘာ..." အလွှာဆယ့်နှစ် ကြီးမြတ်သူများက ပျောက်ကွယ်သွားကြပြီး အချိန်မြစ်၏ ကမ်းခြေတွင် ပြန်ပေါ်လာကာ လှိုင်းထန်နေသော အချန်မြစ်ကို လေးနက်စွာ ကြည့်လိုက်ကြသည်။
" အဲ့ဒီလက်က..."
" နဂါးငွေ့တန်းကြယ်သခင်ပဲ..."
" နဂါးငွေ့တန်းကြယ်သခင်လို မြစ်ထဲက သက်ရှိတစ်ယောက်က အလွှာဆယ့်နှစ်သက်ရှိတစ်ယောက်ကို ဘယ်လိုလုပ် ဆွဲချနိုင်တာလဲ။ "
အလွှာဆယ့်နှစ် ကြီမြတ်သူများက မယုံကြည်နိုင်ဖြစ်နေကြသည်။ အချိန်မြစ်၏ အာကာသက သက်ရှိအနှစ်သာရ ထင်ဟပ်နေသော နေရာဖြစ်သည်။
" မဖြစ်နိုင်ဘူးလို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ "
" နဂါးငွေ့တန်းကြယ်သခင်က ထျန်းယုမျိုးနွယ်ရဲ့ ဘိုးဘေးကို ဖိနှိပ်ခဲ့တာကို မမေ့နဲ့။ " ယုမျိုးနွယ်၏ ကြီးမြတ်သူက ပြောလိုက်သည်။
အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း နားလည်သွားကြသည်။ အလွှာဆယ့်တစ်က အလွှာဆယ့်နှစ်ကို ဖိနှိပ်ခဲ့သည့် မြင်ကွင်းအား သူတို့ မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ အချိန်မြစ်အတွင်းမှ သက်ရှိတစ်ယောက်က ကမ်းခြေမှ သက်ရှိတစ်ယောက်ကို ဆွဲချနိုင်ခြင်းက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
" ထျန်းယုချန်ကတော့ ဒီတစ်ခါ ဒုက္ခရောက်ပြီ။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက ရေရွတ်လိုက်သည်။
ထိုအချိန်တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူတိုင်းက အချိန်မြစ်၏ ကမ်းခြေတွင် ပေါ်လာကြသည်။ သို့သော် မည်သူမှ ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို အချိန်မြစ်ထဲမှ ကယ်တင်ခြင်းမရှိကြပေ။ ထျန်းယုမျိုးနွယ်မှ အခြားကြီးမြတ်သူများပင် ကယ်တင်ခြင်းမရှိဘဲ အချိန်မြစ်၏ ကမ်းခြေမှ စောင့်ကြည့်နေကြသည်။
အချိန်မြစ်က အလွှာဆယ့်နှစ် ကြီးမြတ်သူများကို သဘာဝအတိုင် ဆန့်ကျင်သည်။ အလွှာဆယ့်နှစ် သက်ရှိတစ်ယောက်က အချိန်မြစ်ထဲသို့ ဝင်ရောက်ခဲ့လျှင် သူတို့၏ အသက်အနှစ်သာရက လောင်ကျွမ်းသွားမည်ဖြစ်သည်။
ဝုန်း...
အလွှာဆယ့်နှစ် ကြီးမြတ်သူများက အချိန်မြစ်ကို စောင့်ကြည့်နေကြချိန်တွင် အချိန်မြစ်၏ မျက်နှာပြင်က ရုတ်တရက် လှိုင်းထန်လာပြီး လှိုင်းများက ပိုမိုကြီးမားလာသည်။
" ထွက်သွား..." အချိန်မြစ်အတွင်း၌ ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက သူ၏ အသက်အနှစ်သာရ ဆက်တိုက်အားနည်းလာသည်ကို ခံစားရပြီး ကြောက်ရွံ့ကာ ဒေါသတကြီး ရုန်းကန်နေသည်။
သို့သော် လင်းယွမ်က တည်ငြိမ်စွာ ရှိနေသည်။ သူက ထျန်းယုမျိုးနွယ်၏ ဘိုးဘေးအပေါ် အချိန်မြစ်၏ လွှမ်းမိုးမှုနှင့် ဖိနှိပ်မှုကို ခံစားရသည်။ အချိန်တစ်ခုသို့ ရောက်လျှင် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ရပေလိမ့်မည်။
" အား..." ထျန်းယုမျိုးနွယ်ဘိုးဘေး၏ မျက်လုံးများက နီရဲနေပြီး သူ၏ နောက်ကျောမှ ပြင်ထန်စွာ လှုပ်ရှားနေသော တောင်ပံ ၂၄ခုက နှစ်ခု ပေါက်ကွဲသွားသည်။
ဝုန်း...
ထျန်းယုမျိုးနွယ်ဘိုးဘေး၏ ခွန်အားက ပြင်းထန်စွာ မြင့်တက်လာသည်။ လှုပ်ရှားမှုတစ်ခုတည်းဖြင့် သူက လင်းယွမ်ကို တွန်းလှန်ပြီး အချိန်မြစ်ထဲမှ ခုန်ထွက်ကာ ကမ်းခြေသို့ ထိတ်လန့်တကြား ထွက်ပြေးသွားသည်။
" သူလွတ်မြောက်လာပြီ။ "
အချိန်မြစ်ကမ်းခြေရှိ အလွှာဆယ့်နှစ် ကြီးမြတ်သူများက ၎င်းကို မြင်သောအခါ သက်ပြင်းချလိုက်ကြသည်။ သူတို့က ထျန်းယုမျိုးနွယ်ဘိုးဘေး၏ အော်ရာက အားနည်းသွားပြီး တောင်ပံနှစ်ခု ပျက်ဆီးသွားသည်ကို မြင်သော်လည်း အရေကြီဆုံးမှာ အချိန်မြစ်ထဲမှ လွတ်မြောက်ခဲ့သည်။
" သွားကြစို့။ " ထျန်းယုမျိုးနွယ်၏ အခြားဘိုးဘေးများက ထျန်းယုချန်ကိုခေါ်ပြီး လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
" နှမြောစရာပဲ။ " အချိန်မြစ်အောက်မှ လင်းယွမ်က အနည်းငယ် နောင်တရသွားသည်။
ပင်မစကြာဝဠာတွင် သူက မူလခန္ဓာကိုယ်နှင့် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် လက်နက်များကို အသက်သွင်းခဲ့လျှင်တောင် အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်ကို သတ်ဖြတ်နိုင်ရန် အခွင့်အရေးမရှိပေ။
ထိုက်ကျိမူလစိတ်ဝိညာဉ်က အလွှာဆယ့်နှစ် လက်နက်ကို ကိုင်ဆောင်ပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့လျှင်တောင် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ဒဏ်ရာအနည်းငယ် ရရှိစေရုံသာ ဖြစ်ပေလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများက သူ့ကို တားဆီးရန် ဝင်ရောက်စွက်ဖက်ကြပေလိမ့်မည်။ သို့သော် အချိန်မြစ်အတွင်း ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက အမှန်တကယ် သေဆုံးနိုင်သည်။
သို့သော် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက အချိန်မြစ်ကို ကြိုးစားခုခံနေသော်လည်း သူနှင့် လင်းယွမ်ကြားရှိ အသက်အနှစ်သာရကွာခြားမှုက ကြီးမားနေဆဲ ဖြစ်သည်။
လင်းယွမ်က ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို သတ်ဖြတ်နိုင်ခြင်းမရှိသော်လည်း ရရှိသွားသော ဒဏ်ရာများက ကုသရန် ခက်ခဲလေသည်။ အချိန်မြစ်ထဲသို့ ကျရောက်ချိန်တွင် သူ၏ အသက်အနှစ်သာရက လျော့နည်းသွားပြီး အချိန်မြစ်ထဲမှ လွတ်မြောက်ရန် တောင်ပံနှစ်ခုကို စတေးလိုက်ရသည်။ ထိုပေးဆပ်မှုက ထျန်းယုမျိုးနွယ်၏ ဘိုးဘေးအတွက် တန်ဖိုးကြီးမားလှသည်။