← Chapters

ရှင်းပြချက်တောင်းရဦးမှာလား...

Vol. 52 Ch. 765

ရှင်းပြချက်တောင်းရဦးမှာလား...

Vol. 52 Ch. 765

" အဲ့ဒီအလွှာဆယ့်နှစ် ကြီးမြတ်သူတွေက မထွက်သွားသေးဘူးလား။ " အချိန်မြစ်ထဲတွင် ပုန်းအောင်းနေသော လင်းယွမ်က အချိန်မြစ်ိကည စောင့်ကြည့်နေသော အလွှာဆယ့်နှစ်ကြီးမြတ်သူများကို တွေ့လိုက်ရသည်။

သို့သော် ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများ ရပ်နေသော နေရာက ယခင်နှင့်ယှဉ်လျှင် အချိန်မြစ်နှင့် အနည်းငယ် ဝေးကွာသော နေရာတွင် ရှိနေကြသည်။ ယနေ့မတိုင်မီ အလွှာဆယ့်နှစ် ကြီးမြတ်သူများက အချိန်မြစ်ကမ်းခြေတွင် ရပ်ကာ မြစ်ကို ငုံ့ကြည့်ခဲ့ကြသည်။ သို့သော် ယခုအခါ သူတို့က ကမ်းခြေဟုပင် မဆိုနိုင်တော့ပေ။

" သူတို့အားလုံးက ငါ့ကို သတိထားနေကြတာပဲ။ " လင်းယွမ်က သက်ပြင်းချလိုက်ပြီး အံ့ဩခြင်းမရှိပေ။

သူက ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို အချိန်မြစ်ထဲသို့ ဆွဲချနိုင်ခြင်းမှာ ရုတ်တရက် သတိမထားမိသောကြောင့်ဖြစ်သည်။ ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ၎င်းကို တစ်ခါမှ မျှော်လင့်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် သူက ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

သို့သော် ထိုနည်းလမ်းကို တစ်ကြိမ်သာ အသုံးပြုနိုင်ပေလိမ့်မည်။ ယခုအခါ အလွှာဆယ့်နှစ် ကြီးမြတ်သူများက အချိန်မြစ်အောက်မှ လင်းယွမ်ကို အဆက်မပြတ် သတိထားနေကြသောကြောင့် ထိုနည်းလမ်းကို အသုံးပြုရန် မဖြစ်နိုင်တော့ပေ။

ပထမဦးစွာ အကွာအဝေးက ကြီးမားသွားပြီဖြစ်သည်။ လင်းယွမ်က ထိုအလွှာဆယ့်နှစ် ​ကြီး​မြတ်သူများဆီသို့ ရောက်ရန် ခန္ဓာကိုယ်တစ်ဝက်လောက် ထွက်လာရမည်ဖြစ်သည်။ ဒုတိယအနေဖြင့် သူတို့က အလွန်သတိထားနေကြပြီး အချိန်မရွေး တုန့်ပြန်ရန် အဆင်သင့် ဖြစ်နေကြသည်။

" ဒါပေမယ့် အဲ့ဒီနည်းလမ်းမျိုးကို မလိုတော့ပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သူစီစဉ်ထားသည့်အတိုင်း အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ခဲ့လျှင် အချိန်မြစ်ထဲတွင် ပုန်းအောင်းနေရန် မလိုအပ်တော့ဘဲ ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများနှင့် တန်းတူရပ်တည်နိုင်မည်ဖြစ်သည်။

အချိန်မြစ်၏ ကမ်းခြေတွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက အချိန်မြစ်နှင့် အနည်းငယ် အဝေးတွင် ရပ်နေကြသည်။

" ထျန်းယုချန်ရဲ့ ဒဏ်ရာတွေက စကြာဝဠာခေတ်အဆုံးသတ်ရင်တောင် အပြည့်အဝ ပြန်ကောင်းမလာနိုင်လောက်ဘူး။ "

" မှန်တယ်။ အချိန်မြစ်ရေရဲ့ အသက်အနှစ်သာရကို တိုက်စားမှုက ငါတို့ အလွှာဆယ့်နှစ်တွေ ခံနိုင်ရည်ရှိဖို့ အရမ်းပြင်းထန်လွန်းတယ်။ "

" ထျန်းယုမျိုးနွယ်ရဲ့ ဆုံးရှုံးမှုက စကြာဝဠာပျက်ဆီးချိန်မှာ သူတို့ရဲ့ အခြေအနေကို သက်ရောက်စေနိုင်တယ်။ "

အလွှာဆယ့်နှစ် ကြီးမြတ်သူများက ပြောလိုက်ကြသည်။ မည်သည့်အလွှာဆယ့်နှစ် ကြီးမြတ်သူအတွက်မဆို စကြာဝဠာပျက်ဆီးခြင်းက ငရဲတံခါးကို ဖြတ်ကျော်ခြင်းနှင့် တူသည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သို့ မရောက်ဘဲ အသက်ရှင်နိုင်ခြေက ငါးဆယ်ရာခိုင်နှုန်းထက်ပင် ပိုနည်းနိုင်သည်။

ထျန်ယုချန်၏ လက်ရှိအခြေအနေဖြင့် စကြာဝဠာပျက်ဆီးခြင်းမတိုင်မိ သူ၏ စွမ်းအားအထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိရန် ခက်ခဲသည်။ ထိုသို့သော အခြေအနေတွင် ထျန်းယုမျိုးနွယ်က စကြာဝဠာပျက်ဆီးခြင်းကို ခံနိုင်ရန် ၂၀မှ ၃၀ ရာခိုင်နှုန်းသာ ရှိနိုင်သည်။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်တွင် ရှိသူများက စကြာဝဠာပျက်ဆီးခြင်းကို ဖြတ်ကျော်နိုင်ရန် မျှေည်လင့်ချက်ရှိပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ထက် ပိုမိုသန်မာသော သက်ရှိများက စကြာဝဠာပျက်ဆီးခြင်းကို ခံနိုင်ရည်ရှိနိုင်ခြေ ပိုမိုမြင့်မားသည်။

အလွှာဆယ့်နှစ် ကြီးမြတ်သူများကြားတွင် အနိုင်ရရှိသူကို ဆုံးဖြတ်ရန် ခက်ခဲသောကြောင့် သေခြင်းရှင်ခြင်းတိုက်ပွဲများကို ရှောင်ရှားကြသည်။ အနိုင်ရရှိလျှင်တောင် မိမိကိုယ်တိုင်လည်း ဒဏ်ရာများ ရရှိနိုင်သည်။ ၎င်းက အနာဂတ်တွင် စကြာဝဠာပျက်ဆီးခြင်းကို ရင်ဆိုင်ရသောအခါ လွတ်မြောက်နိုင်ခြေကို လျော့နည်းသွားစေသည်။

စကြာဝဠာပျက်ဆီးခြင်းကို မလွတ်မြောက်နိုင်ခြင်းက အလွှာဆယ့်နှစ် ကြီးမြတ်သူများအတွက် လုံးဝ သေဆုံးခြင်းပင် ဖြစ်သည်။

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ကလည်း အချိန်မြစ်၏ ကမ်းခြေတွင် ပေါ်လာကြသည်။ သူတို့၏ အကြည့်များက အချိန်မြစ်ပေါ်တွင် ရှိနေသော်လည်း သူတို့၏ အာရုံစိုက်မှုများက အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများအပေါ်တွင် ရှိနေသည်။ အခြားမျိုးနွယ်မှ ကြီးမြတ်သူများ ပျောက်ကွယ်သွားမှ သူတို့က သက်ပြင်းချလိုက်ကြသည်။

" ရွှမ်ယွမ်က ငါတို့ အခုဘာလုပ်ကြမလဲ။ "

" ထျန်းယုမျိုးနွယ်၊ အင်းဆက်မျိုးနွယ်နဲ့ အခြားမျိုးနွယ်တွေဆီက ရှင်းပြချက် တောင်းဆိုသင့်လား။ " ကြီးမြတ်သူကုလီက ဖြည်းညင်းစွာ မေးလိုက်သည်။

၎င်းက သူတို့ အလျင်စလို ရောက်ရှိလာခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများက အားနည်းသော အလွှာဆယ့်တစ် နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်ခဲ့သောကြောင့် ရှင်းပြချက်တစ်ခု တောင်းဆိုရမည်ဖြစ်သည်။

" ရှင်းပြချက်တောင်းဖို့လား။ " ကြီးမြတ်သူရွှမ်ယွမ်က ကြီး​မြတ်သူကုလီကို လှမ်းကြည့်လိုက်သည်။

အကယ်၍ အခြေအနေက သူတို့မျှော်လင့်ထားသည့်အတိုင်း လင်းယွမ်၏ ကိုယ်ပွားတစ်ခုသာ သေဆုံးခဲ့လျှင် သူတို့က အခြားမျိုးနွယ်၏ အလွှာဆယ့်နှစ် ကြီးမြတ်သူများအား ကြီးမားသော တန်ဖိုးတစ်ခု ပေးဆောင်ရန် ရှင်းပြချက်တစ်ခု တောင်းဆိုးမည်မှာ သေချာသည်။ သို့သော် လက်တွေ့တွင် ထိုသို့ မဟုတ်ပေ။

ကြီးမြတ်သူရွှမ်ယွမ်က ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကိုပင် သနားသွားမိသည်။ သူက ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီး စကြာဝဠာပျက်ဆီးခြင်းမှ အသက်ရှင်လွတ်မြောက်နိုင်ခြေ အလွန်နည်းပါးသည်။ ထိုအခြေအနေတွင် ရှင်းပြချက်တစ်ခု တောင်းဆိုခြင်းက ထျန်းယုမျိုးနွယ်ကို ဒေါသထွက်စေပြီး စစ်ပွဲတစ်ခု စတင်မှာပင် စိုးရိမ်ရသည်။

" ထားလိုက်တော့။ " ကြီးမြတ်သူရွှမ်ယွမ်က ခေါင်းခါလိုက်သည်။

ထျန်းယုမျိုးနွယ်က လုံလောက်သော ပစ်ဒဏ်ကို ခံစားခဲ့ရသည်။ ယနေ့နောက်ပိုင်းတွင် ထျန်းယုမျိုးနွယ်က အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်ကို အခြေခံအားဖြင့် ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။ ထျန်းယုချန်က သူ၏ ဒဏ်ရာကို ကုသရမည်ဖြစ်ပြီး ထျန်းယုမျိုးနွယ်၏ လွှမ်းမိုးမှုကလည်း ကျဆင်းသွားမည်ဖြစ်သည်။

" လင်းယွမ်..." လူသားမျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ အာရုံက လင်းယွမ်ဆီသို့ ရောက်လာခဲ့သည်။

တိုက်ပွဲတွင် လင်းယွမ်က မယုံကြည်နိုင်စရာကောင်းသော ခွန်အားကို ပြသခဲ့သည်။ သူတို့က အခြားမျိုးနွယ်များထက် လင်းယွမ်ကို ပို၍ နားလည်သည်ဟု ထင်ခဲ့ကြသည်။ သူတို့က သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍမှ နိယာမပုံစံများကို မြင်တွေ့ခဲ့ရပြီး နိယာမများအပေါ် လင်းယွမ်၏ နားလည်မှုကိုလည်း သိခဲ့ကြသည်။

အခြားမျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူများက နိယာမပုံစံများ ရှိသည်ဟုသာ သိကြပြီး တစ်ခါမှ မမြင်ဖူးကြပေ။ ထို့ကြောင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူက လင်းယွမ်ဖြစ်သည်ဟုသာ ခန့်မှန်းနိုင်ခဲ့ကြသည်။

ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားသူများက လင်းယွမ်၏ ခွန်အားကို ယခုလောက် အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ခဲ့မိကြပေ။

" ဒါက လင်းယွမ်ရဲ့ ကိုယ်ပွားတစ်ခုပဲ။ သူ့ရဲ့ မူလခန္ဓာကိုယ်သာဆိုရင်...." ကြီးမြတ်သူရှုချန်က ရေရွတ်လိုက်သည်။

ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ဒဏ်ရာရသွားခြင်းမှာ အချိန်မြစ်ကြောင့်ဖြစ်သော်လည်း စကြာဝဠာထဲတွင် လင်းယွမ်၏ ထိုက်ကျိစိတ်ဝိညာဉ်က ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို ဖိနှိပ်ခဲ့သည်။

" လင်းယွမ်က ငါတို့ လူသားမျိုးနွယ်က ဖြစ်နေတာ ကံကောင်းတာပဲ။ " ကြီးမြတ်သူယုတိုင်က ပြောလိုက်ပြီး အခြားသူများကလည်း ခေါင်းညိမ့်သဘောတူလိုက်ကြသည်။

အကယ်၍ အခြားမျိုးနွယ်မှ လင်းယွမ်ကဲ့သို့ ကြောက်စရာကောင်းသူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့လျှင် လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က စိုးရိမ်ပူပန်မှုဖြင့် နေထိုင်ရပေလိမ့်မည်။

ကျိုးမျိုးနွယ်မှ ကြီးမြတ်သူဖန်ဟိုက အံ့အားသင့်သွားသည်။ သူက ထျန်းယုမျိုးနွယ်၏ ဘိုးဘေးနှင့် လင်းယွမ်တို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။

" နဂါးငွေ့တန်းကြယ်သခင်က ဘာလို့ဒီလောက်သန်မာနေတာလဲ။ " ကြီးမြတ်သူဖန်ဟိုက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ဒဏ်ရာအပြင်းအထန် ရခဲ့ခြင်းမှာ အချိန်မြစ်ကြောင့်ဖြစ်သော်လည်း နဂါးငွေ့တန်းကြယ်သခင်က သူ့ကို ဆွဲချခဲ့ခြင်းဖြစ်သည်။

" အဲ့ဒီအချိန်တုန်းက ငါသာ ဝင်ပါခဲ့ရင်..." ကြီးမြတ်သူဖန်ဟိုက တုန်လှုပ်သွားသည်။

ကိုးရက်ဝတ်ပြုခြင်း လျို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့သောကြောင့် သူ၏ မူလရင်းမြစ်က အားနည်းနေခဲ့သည်။ ထို့ကြောင့် သူက နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်မည့်အစီအစဉ်တွင် ပါဝင်ခဲ့ခြင်းမရှိပေ။

ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက သူ၏ ခွန်အားအထွတ်အထိပ်တွင် ရှိသောကြောင့် အချိန်မြစ်၏ ချုပ်နှောင်မှုမှ လွတ်မြောက်ခဲ့သည်။ သို့သော် သူက မူလရင်းမြစ်အားနည်းနေချိန်တွင် အချိန်မြစ်ထဲသို့ ဆွဲချခံရပါက လွတ်မြောက်ခဲ့လျှင်တောင် ဒဏ်ရာများက ပို၍ ပြင်းထန်ပေလိမ့်မည်။

" အခု ငါတို့တော့ ဒုက္ခရောက်ပြီ။ " ကြီးမြတ်သူဖန်ဟိုက အကျိုးဆက်များကို စဉ်းစားနေသည်။

နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်သို့ မရောက်မီ ထိုကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်လျှင် အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးလျှင် လူသားမျိုးနွယ်က အထွတ်အထိပ်သို့ ရောက်သွားပြီး အခြားမျိုးနွယ်မှ ကြီးမြတ်သူများက သူတို့၏ နယ်မြေမှ အပြင်သို့ ထွက်ရဲတော့မည်မဟုတ်ပေ။

" သူတို့က ငါ့ကို ရှာနေတာလား။ " ကြီးမြတ်သူဖန်ဟိုက အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ ဆက်သွယ်မှုကို လက်ခံရရှိလိုက်သည်။

အကြောင်းအရာက နဂါးငွေ့တန်းကြယ်သခင်ကို ကိုင်တွယ်ရန်အတွက် ဆွေးနွေးရန်ဖြစ်သည်။ အတိအကျပြောရလျှင် နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် မည်သို့ဖြေရှင်းရမည်ကိုဖြစ်သည်။

သူတို့က အလွှာဆယ့်နှစ် ကြီးမြတ်သူများဖြစ်ကြသောကြောင့် အလွှာဆယ့်နှစ်သို့ တက်လှမ်းချိန်တွင် ကြီးမားသော အသွင်ပြောင်းလဲမှုကို သိရှိကြသည်။ ထိုအချိန်တွင် နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားက ကြောက်စရာကောင်းအောင် မြင့်တက်လာပေလိမ့်မည်။

ကပ်ဘေးမျိုးနွယ်၏ နယ်မြေ။

သစ်သားတဲအိမ်လေး၏ ရှေ့ရှိ အလွှာဆယ်နှစ် ကြီးမြတ်သူ၏ ရှေ့တွင် ထျန်းယုမျိုးနွယ်နှင့် လင်းယွမ်တို့၏ တိုက်ပွဲကို ထက်ခါတလဲလဲ ပြသနေသည်။

" ထူးဆန်းတယ်။ အရမ်းထူးဆန်းတယ်။ " ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူက ရေရွတ်လိုက်သည်။ နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားက သူ၏ မျှော်လင့်ချက်များထက် ကျော်လွန်ရုံသာမက မည်သည့်အကြောင်းရင်းထက်မဆို ကျော်လွန်နေသည်။

All Chapters