← Chapters

ဖရိုဖရဲနဂါးသားရဲ၏ ထိတ်လန့်မှု...

Vol. 52 Ch. 766

ဖရိုဖရဲနဂါးသားရဲ၏ ထိတ်လန့်မှု...

Vol. 52 Ch. 766

" အသက်တစ်ထောင်နဲ့ ဒီလိုခွန်အားမျိုးကို ပိုင်ဆိုင်တာ နဂါးငွေ့တန်းကြယ်သခင်က မဟာသူတော်စင်တစ်ပါး ဝင်စားတာလား။ " တဲအိမ်အတွင်းမှ မယုံကြည်နိုင်သော အသံတစ်သံ ထွက်ပေါ်လာသည်။

ကပ်ဘေးမျိုးနွယ်က စကြာဝဠာအတွင်း ပုန်းအောင်းပြီး စကြာဝဠာခေတ် တစ်ခုပြီးတစ်ခု ဖြတ်သန်းခဲ့ကြသည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် ဖရိုဖရဲအရှင်သခင်များ ဖန်တီးထားသော ဖရိုဖရဲကုန်းမြေများပင် တစ်နေ့ ပျက်ဆီးနိုင်သော်လည်း ကပ်ဘေးမျိုးနွယ်က စကြာဝဠာအတွင်း အမြဲတမ်း တည်ရှိနေသကဲ့သို့ ဖြစ်သည်။

စကြာဝဠာပျက်ဆီးခြင်းဆိုသည်မှာ လုံးဝ ပျက်ဆီးခြင်းမျိုးမဟုတ်ဘဲ ကြီးမားသော ကပ်ဘေးတစ်ခုပြီးနောက် ၎င်းက ပြန်လည်မွေးဖွားလာပြီး စကြာဝဠာခေတ်သစ်တစ်ခုကို စတင်မည်ဖြစ်သည်။

ဖရိုဖရဲမဟာသူတော်စင်များပင် စကြာဝဠာကို အချိန်မတိုင်မီ ပျက်ဆီးစေနိုင်သော်လည်း သူတို့က စကြာဝဠာ၏ ပြန်လည်မွေးဖွားခြင်းကို တားဆီးနိုင်ခြင်းမရှိပေ။ စကြာဝဠာတစ်ခုကို လုံးဝ ဖျက်ဆီးရန် ပြည့်စုံသော အချိန်သက်ရှိနှင့် နီးစပ်သူများပင် မလုပ်ဆောင်နိုင်ကြပေ။ အကြောင်းမှာ ၎င်းက ဖရိုဖရဲဟင်းလင်းပြင်၏ အခြေခံတာအိုနှင့် ယှဉ်ပြိုင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။

ကပ်ဘေးမျိုးနွယ်က နောက်လာမည့် စကြာဝဠာခေတ်သို့ ဝင်ရောက်နိုင်သောကြောင့် စကြာဝဠာစိတ်အသိက သူတို့ကို ပစ်မှတ်ထားနေခဲ့သည်။ သို့သော် ၎င်းက အလိုလိုတုန့်ပြန်မှုဖြစ်သောကြောင့် ကပ်ဘေးမျိုးနွယ်ကို တိုက်ခိုက်မည်မဟုတ်ပေ။

" ပြန်လည်ဝင်စားလာတဲ့ မဟာသူတော်စင်တစ်ပါးလား။ " တဲအိမ်အပြင်ဘက်ရှိ ကြီးမြတ်သူက အတွေးထဲတွင် နစ်မြောသွားသည်။

ဖရိုဖရဲမဟာသူတော်စင်အဆင့်တွင် အစစ်အမှန်စိတ်ဝိညာဉ်က မပျက်စီးလျှင် ပြန်လည်ဝင်စားခြင်းကို ပြုလုပ်နိုင်သည်။ ပြန်လည်ဝင်စားပြီးနောက် မဟာသူတော်စင်တစ်ပါးက အရာအားလုံး ဖယ်ရှားခံရပြီး မှတ်ဉာဏ်များလည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။

သို့သော် အဆင့်တစ်ခုသို့ ရောက်သောအခါ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်း နိုးထလာပြီး လျင်မြန်စွာ တိုးတက်လာနိုသည်။ သို့သော် ပြန်လည်ဝင်စားနိုင်သော မဟာသူတော်စင်က အလွန်ရှားပါးသည်။ သူတို့၏ စွမ်းအားဖြင့် ဘယ်သူက သူတို့ကို ပြန်လည်ဝင်စားအောင် လုပ်နိုင်မှာလဲ။

ပြန်လည်ဝင်စားခြင်းက အန္တရာယ်မရှိသည်တော့ မဟုတ်ပေ။ ပထမ ပြန်လည်ဝင်စားခြင်းတွင် မှတ်ဉာဏ်များ နိုးထခြင်းမရှိလျှင် နောက်ဘဝများတွင်လည်း နိုးထနိုင်ခြေ နည်းပါးသွားပြီဖြစ်သည်။ လုံလောက်စွာ ပြန်လည်ဝင်စားပြီးလျှင် ပြန်လည်ရှင်သန်နိုင်ခြင်း ပျောက်ကွယ်သွားမည်ဖြစ်သည်။

နဂါးငွေ့တန်းကြယ်သခင်၏ လက်ရှိစွမ်းဆောင်ရည်များက ပြန်လည်ဝင်စားလာသော မဟာသူတော်စင်တစ်ပါး ဖြစ်နေနိုင်သည်။

" ဖြစ်နိုင်ပါတယ်။ " တဲအိမ်အပြင်ဘက်ရှိ ကြီးမြတ်သူက ခဏစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။

အလွှာဆယ့်နှစ် ကြီးမြတ်သူများက အချိန်လေဟာနယ်တွင်းနက်ရှေ့တွင် နဂါးငွေ့တန်းကြယ်သခင်ကို ဝန်းရံတိုက်ခိုက်ခဲ့ခြင်းက အချည်းနှီးဖြစ်သွားပြီး ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက နဂါးငွေ့တန်းကြယ်သခင်၏ ဖိနှိပ်ခြင်းခံရသည့်အပြင် အချိန်မြစ်ထဲသို့ ဆွဲချခြင်းခံခဲ့ရသောကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။ ထိုသတင်းက စကြာဝဠာတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင်က ထျန်းယုမျိုးနွယ်ရဲ့ ဘိုးဘေးကို ရိုက်နှက်ခဲ့တာလား။ "

" အလွှာဆယ့်တစ်က အလွှာဆယ့်နှစ်ကို ရိုက်နှက်တာလား။ "

" မဖြစ်နိုင်ဘူး။ ငါမယုံဘူး။ "

ကြယ်စကြာဝဠာအတွင်းရှိ အင်အားကြီးသူများက မယုံကြည်နိုင် ဖြစ်နေကြသည်။ အလွှာဆယ့်တစ် အင်အားကြီးသူများက အလွှာဆယ့်နှစ်များ၏ တိုက်ပွဲသက်ရောက်မှုများကို ခံစားမိခဲ့သော်လည်း တိုက်ပွဲတွင် နဂါငွေ့တန်းကြယ်သခင် ပါဝင်လိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့မိကြပေ။

သို့သော် သတင်းများ ဆက်လက်ပျံ့နှံ့လာသည်နှင့်အမျှ အလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း ၎င်းကို ငြင်းဆိုခြင်းမရှိကြပေ။ အထူးသဖြင့် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက မည်သည့်တုန့်ပြန်မှုမှ မပြခဲ့ပေ။ ထို့ကြောင့် အခြားမျိုးနွယ်များမှ အင်အားကြီးသူများက ၎င်းက အမှန်ဖြစ်နိုင်ကြောင်း နားလည်သွားကြသည်။

လူသားမျိုးနွယ်တွင် နဂါးငွေ့တန်းကြယ်သခင်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူဖြစ်ကြောင်း ငြင်းခုံနေကြသော ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားများကလည်း ထိုသတင်းကို ရရှိခဲ့ကြသည်။

" နဂါးငွေ့တန်းကြယ်သခင်က... အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်ကို ဖိနှိပ်ခဲ့တယ်..." ချီခွန်မျိုးနွယ်တွင် တပည့်များကို ညွှန်ကြားနေသော ချီခွန်ကြယ်သခင်က ထိုသတင်ကို ကြားပြီး နားမလည်နိုင်ဖြစ်နေသည်။ သူ၏ တပည့်က အလွှာဆယ့်နှစ်တစ်ယောက်ကို ဖိနှိပ်ခဲ့တာလား။

ဝမ်ယန်ကြယ်နယ်မြေတွင် ဝမ်ယန်တော်ဝင်သားတော်ကလည်း ထိုသတင်းကို ကြားပြီး ထိတ်လန့်သွားခဲ့သည်။ " ငါအရင်က ယှဉ်ပြိုင်ခဲ့တဲ့ နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်ကိုတောင် ရိုက်နှက်နိုင်ပြီလား။ "

ထိုသတင်းက အလွှာဆယ့်နှစ်များကြား တိုက်ပွဲများထက်ပင် ထိတ်လန့်စရာကောင်းသောကြောင့် ဆင့်ကဲပြောင်းလဲသူများစွာက မယုံကြည်နိုင်ဖြစ်နေကြသည်။ အလွှာဆယ့်တစ်တစ်ယောက်က အလွှာဆယ့်နှစ်ကို ဖိနှိပ်ခြင်းမှာ ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကို လှုပ်ခါလိုက်ခြင်းပင်ဖြစ်သည်။

ကုမင်ဖရိုဖရဲကုန်းမြေ၏ မြို့ကြီးကိုးမြို့ထဲမှ တစ်မြို့ဖြစ်သော မင်ချွမ်မြို့တွင် လင်းယွမ်က အိမ်ယာတစ်ခုကို ငှားရမ်းနေထိုင်နေသည်။ ၎င်းက အိမ်ယာဟုဆိုခြင်းထက် ကိုယ်ပိုင်ကမ္ဘာတစ်ခုဟု ဆိုလျှင် ပို၍ သင့်တော်ပေသည်။

လင်းယွမ်က အိမ်ယာကို ဆယ်နှစ်ငှားရမ်းရန် ဖရိုဖရဲသလင်းကျောက်ဆယ်တုံးကို ပေးခဲ့ရသည်။ ဆယ်နှစ်က ဖရိုဖရဲဟင်းလင်းပြင်နှင့်ယှဉ်လျှင် အလွန်တိုတောင်းလှသည်။ သို့သော် ဖရိုဖရဲဟင်းလင်းပြင်နှင့် ပင်မစကြာဝဠာ၏ အချိန်စီးဆင်းမှုကို တွက်ကြည့်လျှင် ဆယ်နှစ်က နှစ်သုံးထောင်နှင့် ညီမျှသည်။

" ဖရိုဖရဲဟင်းလင်းပြင်... " လင်းယွမ်က နိယာမများ၏ ပြင်းထန်သော လှုပ်ရှားမှုများကို အာရုံခံမိနေသည်။

ပင်မစကြာဝဠာအတွင်းရှိ နိယာမများနှင့် ယှဉ်လျှင် ဖရိုဖရဲဟင်းလင်းပြင်၏ နိယာမများက ပို၍ မြင့်မားသည်။ လင်းယွမ်က ကိုယ်ပွားတစ်ခုကို ကုမင်ဖရိုဖရဲကုန်းမြေတွင် အခြေချစေခြင်းမှာ နိယာများ၏ လည်ပတ်ပုံကို အပြည့်အဝ နားလည်ရန်ဖြစ်သည်။

လင်းယွမ်က လေ့လာခြင်းတွင် နစ်မြှုပ်နေသည်။ သူ၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း လင်းယွမ်၏ စိတ်အသိရှိနေသောကြောင့် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကျယ်ပြန့်သော နိယာမများကို လေ့လာပြီး နိယာမများအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

လင်းယွမ်၏ အသိအမြင်များက အဆက်မပြတ် မြင့်တက်လာပြီး ကျယ်ပြောသော မြစ်တစ်စင်းကို ခံစားလိုက်ရသည်။

" ဒါက ဖရိုဖရဲဟင်းလင်းပြင်ရဲ့ အချိန်မြစ်လား။ " လင်းယွမ်က ချက်ချင်း နားလည်လိုက်သည်။

စကြာဝဠာတွင် အလွှာဆယ့်နှစ်အောက်ရှိ သက်ရှိအားလုံး နစ်မြှုပ်နေသော အချိန်မြစ်ရှိသည်။ သဘာဝအတိုင်း ဖရိုဖရဲဟင်းလင်းပြင်တွင်လည်း အချိန်မြစ်တစ်ခုရှိနေသည်။

" အံ့ဩစရာပဲ။ " လင်းယွမ်က ရေရွတ်လိုက်၏။

ဖရိုဖရဲဟင်းလင်းပြင်၏ အချိန်မြစ်က ပင်မစကြာဝဠာ၏ အချိန်မြစ်ထက် များစွာပိုမိုကြီးမားလှသည်။ ဖရိုဖရဲဟင်းလင်းပြင်၏ အချိန်မြစ်ကို ပင်မမြစ်အဖြစ် ရှုမြင်လျှင် ပင်စကြာဝဠာမှ အချိန်မြစ်ကို မြစ်လက်တက်သဖွယ် ယူဆနိုင်သည်။

" အချိန်လေဟာနယ်..." လင်းယွမ်က အချိန်မြစ်ကို စောင့်ကြည့်နေသည်။ " ငါသာ ဖရိုဖရဲဟင်းလင်းပြင်ရဲ့ အချိန်မြစ်ထဲမှာ ရှိရင် ဘယ်လိုဖြစ်မလဲမသိဘူး။ "

သူ၏ အသက်အနှစ်သာရဖြင့် စကြာဝဠာထဲမှ အချိန်မြစ်များက သူ့ကို ထိန်းထားနိုင်ခြင်းမရှိပေ။ သူက တတ်နိုင်သမျှကွေးညွှတ်ထားသောကြောင့်သာ အချိန်မြစ်ထဲတွင် နေနိုင်ခြင်းဖြစ်သည်။ သို့သော် ဖရိုဖရဲဟင်းလင်းပြင်၏ အချိန်မြစ်က အလွှာဆယ့်တစ်ထက် ကျော်လွန်သော သက်ရှိများကိုပင် နေရာပေးနိုင်သည်။

ဖရိုဖရဲဟင်းလင်းပြင်က ကျယ်ပြောလှပြီး ဤနေရာတွင် အလွှာဆယ့်တစ်များ၏ ကန့်သတ်ချက်က စကြာဝဠာအတွင်းရှိ ကန့်သတ်ချက်ထက် များစွာ ကျော်လွန်သည်။

ကုမင်ဖရိုဖရဲကုန်းမြေ၏ အလယ်ရှိ အနက်ရောင်တောင်ထိပ်တစ်ခုက အနည်းငယ် တုန်ခါသွားသည်။ ထိုအနက်ရောင်တောင်ထိပ်က အရှင်သခင်ကုမင် ဖမ်းဆီးခဲ့သော ဖရိုဖရဲနဂါးသားရဲ၏ ဦးချိုပင်ဖြစ်သည်။

" ဘာဖြစ်တာလဲ။ ငါ ဘာလို့အန္တရာယ်တစ်ခုကို အာရုံခံမိနေတာလဲ။ " ဖရိုဖရဲနဂါးသားရဲက အပြာရောင်မျက်လုံးများကို ဖွင့်ပြီး ရှုပ်ထွေးသော အမူအရာပေါ်လာသည်။

ဖရိုဖရဲဟင်းလင်းပြင်မှ မွေးဖွားလာသော ဖရိုဖရဲနဂါးသားရဲက အချိန်သွေးမျိုးဆက်အနည်းငယ် ရှိသည်ဟု ပြောနိုင်သည်။ အလွှာဆယ့်နှစ် သက်ရှိများအားလုံးက လမ်းစဉ်ခွဲထွက်ခြင်းအဆင့်၊ လွှမ်းမိုးခြင်းအဆင့်နှင့် ဖရိုဖရဲအဆင့် မည်သည့်အဆင့်တွင်ရှိသည်ဖြစ်စေ သူတို့၏ အဆုံးစွန်သော ပန်းတိုင်မှာ ပြည့်စုံသော အချိန်သက်ရှိအဖြစ် ပြောင်းလဲရန် ဖြစ်သည်။

ပြည့်စုံသော အချိန်သက်ရှိဖြစ်လာရန် မလွယ်ကူပေ။ ဖရိုဖရဲအဆင့် အထွတ်အထိပ် မဟာသူတော်စင်များအတွက် ပထမဆုံး လိုအပ်ချက်မှာ အလွှာဆယ့်သုံးသို့ တက်လှမ်းပြီး အချိန်သက်ရှိအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။

အလွှာဆယ့်သုံး အချိန်သက်ရှိများက အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ထိန်းချုပ်ခြင်း သို့မဟုတ် ပြည့်စုံသော အချိန်သက်ရှိများကဲ့သို့ မည်သည့်အချိန်ကိုမဆို သွားနိုင်ခြင်းမရှိသော်လည်း သူတို့က အနာဂတ်ကို စောင့်ကြည့်နိုင်ကြဆဲ ဖြစ်သည်။

ဖရိုဖရဲနဂါးသားရဲက ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားအရ ဖရိုဖရဲအဆင့်နီးပါး ယှဉ်နိုင်ပြီး စစ်မှန်သော အဆင့်က လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်တွင် ရှိသည်။ သို့သော် ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ အချိန်သွေးမျိုးဆက်က ကြိုတင်သိမြင်နိုင်စွမ်းကို ပိုင်ဆိုင်သည်။

ထိုကြိုတင်သိမြင်နိုင်စွမ်းက အလွှာဆယ့်သုံး အချိန်သက်ရှိများကဲ့သို့ သူတို့နှင့် သက်ဆိုင်သော အနာဂတ် အချိန်အပိုင်းအခြားကို စောင့်ကြည့်ခြင်းနှင့် ဝေးကွာနေဆဲ ဖြစ်သည်။ သို့သော် ၎င်းက အန္တရာယ်ကို အာရုံခံစားမိရုံသာဖြစ်သော်လည်း အံ့ဩစရာကောင်းနေဆဲ ဖြစ်သည်။ ၎င်းက အရှင်သခင်ကုမင်ကို အန္တရာယ်များစွာမှ ရှောင်ရှားစေနိုင်ခဲ့သည်။

All Chapters