← Chapters

အလွှာဆယ့်နှစ် ကြီး​မြတ်သူများ ကူကယ်ရာမဲ့ခြင်း....

Vol. 52 Ch. 768

အလွှာဆယ့်နှစ် ကြီး​မြတ်သူများ ကူကယ်ရာမဲ့ခြင်း....

Vol. 52 Ch. 768

ကပ်ဘေးမျိုးနွယ်က နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်ရာတွင် မပါဝင်ရုံသာမက သူတို့၏ အစီအစဉ်များကိုလည်း နဂါးငွေ့တန်းကြယ်သခင်အား အသိပေးခဲ့သည်ကို အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများ မသိကြပေ။

ထိုအခြေအနေတွင် နဂါးငွေ့တန်းကြယ်သခင်က အလျှာဆယ့်နှစ်သို့ တက်လှမ်းခဲ့လျှင် ကပ်ဘေးမျိုးနွယ်က ထိခိုက်မှု နည်းပါးပေလိမ့်မည်။ အရေးကြီးဆုံးမှာ ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က နဂါးငွေ့တန်းကြယ်သခင်ကို မဟာသူတော်စင်တစ်ပါး ပြန်လည်ဝင်စားခြင်းဖြစ်သည်ဟု ခန့်မှန်းခဲ့ကြသည်။

ထို့ကြောင့် သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်ရာတွင် ပါဝင်ရဲလိမ့်မည်မဟုတ်ပေ။ ထိုသူက ဖရိုဖရဲဟင်းလင်းပြင်တွင် လွတ်လပ်စွာ လှည့်လည်သွားလာနိုင်သော ပြိုင်ဘက်ကင်း မဟာသူတော်စင်တစ်ပါး ဖြစ်သည်။

" ငါတို့ဘာလုပ်ကြမလဲ။ " အချိန်အတော်ကြာပြီးနောက် အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်က ပြောလိုက်သည်။

ပတ်ဝန်းကျင်ရှိ အလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း အချင်းချင်း ကြည့်လိုက်ကြသည်။ အကယ်၍ ကပ်ဘေးမျိုးနွယ်မှ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်နှစ်ယောက် ပါဝင်ခြင်းမရှိလျှင် သူတို့ဘက်က နဂါးငွေ့တန်းကြယ်သခင်အား ယှဉ်ပြိုင်နိုင်စွမ်းကို ဆုံးရှုံးသွားပြီဖြစ်သည်။

လူသားမျိုးနွယ်နှင့် အလုံးစုံစစ်ပွဲကို စတင်ခြင်းက နည်းလမ်းတစ်ခုဖြစ်သော်လည်း လက်တွေ့အကောင်ထည်ဖော်ရန် အလွန်ခက်ခဲသည်။ စစ်ပွဲစတင်ခြင်းအတွက် အထွတ်အထိပ်မျိုးနွယ်များက ပြင်ဆင်ရန် ရာစုနှစ် သို့မဟုတ် ထောင်စုနှစ်များ လိုအပ်သည်။

ထိုမျှကြာအောင် အချိန်ကုန်သွားလျှင် နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ်နှစ်သို့ တက်လှမ်းပြီးပြီဖြစ်သောကြောင့် အဓိပ္ပါယ်မရှိတော့ပေ။ အလွှာဆယ့်နှစ် ကြီးမြတ်သူများက လူသားမျိုးနွယ်၏ နယ်မြေကို တိုက်ခိုက်ခြင်းကလည်း လက်တွေ့မကျပေ။

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က တိုက်ရိုင်တိုက်ခိုက်ရန် မလိုအပ်ဘဲ သူတို့က မျိုးနွယ်ကာကွယ်ရေးလက်နက်၏ ကာကွယ်မှုအတွင်း၌ နေရုံသာ လိုအပ်သည်။ ထို့အပြင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက ထိုသို့ ပြုလုပ်ရန် မလိုအပ်ပေ။

သူတို့က ချောင်ပိတ်တိုက်ခိုက်လျှင် လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က သူ​သေကိုယ်သေ တိုက်ခိုက်လျှင် သူတို့လည်း ထိခိုက်မှုရှိပေလိမ့်မည်။ ထို့အပြင် သူတို့က ထိုသို့လုပ်ခြင်းမှာ နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းကို အနှောက်အယှက်ဖြစ်စေမည်မဟုတ်ပေ။

" တကယ်တော့ နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်။ " ထျန်းယုမျိုးနွယ်၏ ကြီးမြတ်သူက ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများက စိတ်အားတက်သွားကြပြီး သူ့ကို ကြည့်လိုက်ကြသည်။

" နဂါးငွေ့တန်းကြယ်သခင်က အရမ်းသန်မာတာ မှန်ပေမယ့် အမြင့်ဆုံးခုန်ပျံကျော်လွှားမှု ပြုလုပ်တဲ့အခါ ကျရှုံးနိုင်ခြေရှိနေတုန်းပဲ။ " ထျန်းယုမျိုးနွယ်၏ ကြီးမြတ်သူက ပြောလိုက်သည်။ " ငါတို့ နဂါးငွေ့တန်းကြယ်သခင် ကျရှုံးတာကို စောင့်ဆိုင်းဖို့လိုတယ်။ "

နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်သို့ တက်လှမ်းချိန်တွင် ကျရှုံးသွားလျှင် လုံးဝ သေဆုံးသွားမည်ဖြစ်ပြီး အထွတ်အထိပ်မျိုးနွယ်ဆယ့်နှစ်ခုက ဟန်ချက်ညီသွားပေလိမ့်မည်။

" နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်နှစ်ကို တက်လှမ်းတာ ကျရှုံးဖို့ စောင့်ဆိုင်းရမှာလား။ " အသွင်ပြောင်းလဲခြင်းဧကရီက တိတ်ဆိတ်သွားသည်။ " နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်ကို တက်လှမ်းတာ အောင်မြင်သွားခဲ့ရင်ရော..."

" အလွှာဆယ့်နှစ်ကို တက်လှမ်းနိုင်သွားရင်လား။ " ထျန်းယုမျိုးနွယ်၏ ကြီးမြတ်သူက ခေါင်းခါလိုက်သည်။ " အဲ့ဒီအချိန်ကျ ငါတို့မှာ တခြားရွေးချယ်စရာမရှိတော့ဘူး။ "

ထျန်းယုမျိုးနွယ်မှ ကြီးမြတ်သူ၏ နည်းလမ်းက အမှန်တကယ် နည်းလမ်းတစ်ခု မဟုတ်သော်လည်း ၎င်းက သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် အမြင့်ဆုံးခုန်ပျံကျော်လွှားမှု ပြုလုပ်သောအခါ အချိန်မြစ်သာမက စကြာဝဠာ၏ တန်ပြန်ဖိနှိပ်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

အသက်အနှစ်သာရက မည်မျှအားကောင်းသည်ဖြစ်စေ လုံးဝ ပျက်ဆီးနိုင်ခြေက အမြဲတမ်းရှိနေသည်။ ၎င်းက နဂါးငွေ့တန်းကြယ်သခင် သေဆုံးသွားရန်အတွက် တစ်ခုတည်းသော နည်လမ်းဖြစ်သည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။

" အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါး။ " လင်းယွမ်၏ စိတ်အသိက သူ၏ စိတ်ထဲမှ ကြီးကျယ်ခမ်းနားသော ဂိတ်တံခါးကို ကြည့်လိုက်သည်။

ယခုအချိန်တွင် ပထမဆုံး ရင်းမြစ်ကမ္ဘာ၏ ဆုံမှတ်များက ဖရိုဖရဲဟင်းလင်းပြင်ကဲ့သို့ ကျယ်ပြောလှပြီး လေထုထဲတွင် ကြီးမားသော အော်ရာများ စီးဆင်းနေသည်။

" ငါ အလွှာဆယ့်နှစ်ကို တက်လှမ်းပြီး အရာအားလုံး တည်ငြိမ်သွားတာနဲ့ ဆယ့်နှစ်ကြိမ်မြောက် ဆင်းသက်မှုကို လုပ်ဆောင်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။

နောက်ထပ် ဆင်းသက်မှုမပြုမီ အရာအားလုံး တည်ငြိမ်သည်အထိ စောင့်ရသည့် အကြောင်းရင်းမှာ ရင်းမြစ်ကမ္ဘာ၏ အချိန်စီးဆင်းမှုက ဖရိုဖရဲဟင်းလင်းပြင်နှင့် အတူတူပင် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုနေရာတွင် တစ်နှစ်က ပင်မစကြာဝဠာတွင် နှစ်သုံးရာ ကြာမြင့်မည်ဖြစ်သည်။

ထို့ကြောင့် လင်းယွမ်က ဆယ့်နှစ်ကြိမ်မြောက် ဆင်းသက်မှုမပြုမီ အန္တရာယ်များ မရှိစေရန် သေချာစေရမည်ဖြစ်သည်။ ဆင်းသက်မှုအလယ်၌ ပင်မစကြာဝဠာတွင် တစ်ခုခုဖြစ်ခဲ့လျှင် ဆင်းသက်မှုကို အဆုံးသတ်လိုက်ရမည်ဖြစ်သည်။

ယခင် ဆင်းသက်ခဲ့သည့် ကမ္ဘာများ၏ အချိန်စီးဆင်းမှုက ပင်မစကြာဝဠာထက် ပို၍ နှေးကွေးသည်။ သူက ထိုကမ္ဘာများတွင် အချိန်ကြာကြာ နေခဲ့လျှင်တောင် ပင်မစကြာဝဠာတွင် အချိန်များစွာ မကုန်ခဲ့ပေ။

" အလွှာဆယ့်နှစ်ကို တက်လှမ်းပြီးရင် ဂိတ်တံခါးက တစ်ခုခုပြောင်းလဲသွားလိမ့်မယ်လို့ ငါခံစားရတယ်။ " လင်းယွမ်က မျှော်လင့်နေမိသည်။

သူက အချိန်လေဟာနယ် နားလည်မှုတွင် သတ္တမအဆင့်သို့ ရောက်သောအခါ ရင်းမြစ်ကမ္ဘာ ၃၃ခု၏ ဆုံမှတ်များက ဂိတ်တံခါးပေါ်တွင် ပေါ်လာခဲ့သည်။ သူက အလွှာဆယ့်နှစ်သို့ တက်လှမ်းလိုက်သည်နှင့် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ လျို့ဝှက်ချက်များပေါ်လာနိုင်သည်။

အလွှာဆယ့်နှစ်က အနန္တကမ္ဘာများ၏ မူလဂိတ်တံခါးကို လက်ခံနိုင်ခြင်းမရှိသေးသော်လည်း ဂိတ်တံခါးနှင့် ပက်သက်သော အချက်အလက်များကိုတော့ လက်ခံနိုင်သည်။

" အလွှာဆယ့်နှစ်ကို တက်လှမ်းမယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ကို ဆက်သွယ်လိုက်သည်။

VR ကမ္ဘာတွင် လင်းယွမ်က လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်နှင့် တွေ့ဆုံနေသည်။

" လင်းယွမ် မင်း..." ကြီးမြတ်သူရွှမ်ယွမ်က လင်းယွမ်ကို ကြည့်ပြီး တစ်စုံတစ်ခုက ခန့်မှန်းမိလိုက်သည်။

လင်းယွမ်နှင့် ထျန်းယုမျိုးနွယ်ဘိုးဘေးတို့၏ တိုက်ပွဲပြီးနောက် ကြီးမြတ်သူကိုးယောက်က သူ့ကို နှောက်ယှက်ခြင်းမရှိခဲ့ပေ။ ယခု လင်းယွမ်က သူတို့ကို စတင်ဆက်သွယ်လာသည်။

" ကျွန်တော် အလွှာဆယ့်နှစ်ကို တက်လှမ်းတော့မယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူက အချိန်လေဟာနယ် သတ္တမအဆင့်ကို နားလည်ခဲ့ပြီး ဖရိုဖရဲနိယာမကို ကျွမ်းကျင်ခဲ့သည့်အပြင် အခြားအောင်မြင်မှုများလည်း ရရှိခဲ့သည်။ သူက အရာအားလုံးကို ပြည့်စုံအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သောကြောင့် အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းက သေချာသလောက်ဖြစ်သည်။

" အလွှာဆယ့်နှစ်ကို တက်လှမ်းမယ်။ " ကြီးမြတ်သူကိုးယောက်က လင်းယွမ်ကို ကြည့်လိုက်ကြသည်။

သူတို့က ထိုဖြစ်နိုင်ခြေကို ခန့်မှန်းခဲ့သော်လည်း မစိုးရိမ်ဘဲ မနေကြပေ။ သူတို့ကိုယ်တိုင် အလွှာဆယ့်နှစ်ကို တက်လှမ်းခြင်းထက်ပင် ပို၍ စိတ်လှုပ်ရှားနေကြသည်။

လင်းယွမ် အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ခဲ့လျှင် လူသားမျိုးနွယ်အပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို ကြီးမြတ်သူကိုးယောက်က ရှင်းလင်းစွာ သိကြသည်။ အနည်းဆုံးတော့ လူသားမျိုးနွယ်က စကြာဝဠာတွင် အသန်မာဆုံး အင်အားစု ဖြစ်လာပေလိမ့်မည်။ သူသာ ပို၍ အစွမ်းထက်လျှင် စကြာဝဠာတစ်ခုလုံးကို လွှမ်းမိုးပြီး ယှဉ်ပြိုင်နိုင်သူ ရှိမည်မဟုတ်ပေ။

လူသားမျိုးနွယ်က သာမန် အလွှာဆယ့်နှစ် တစ်ယောက် သို့မဟုတ် ဆယ်ယောက် ထွက်ပေါ်လာလျှင်တောင် အများဆုံး အထွတ်အထိပ်မျိုးနွယ်များကိုး အတင်းအကျပ် ပူးပေါင်းစေရုံသာ ဖြစ်သည်။ သို့သော် လင်းယွမ် အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ကို ဆိုလိုပြီး စကြာဝဠာအတွင်း အသန်မာဆုံး ဖြစ်လာပေလိမ့်မည်။

" လင်းယွမ် ဘာလို့နည်းနည်းထပ်မစောင့်တာလဲ။ စကြာဝဠာပျက်ဆီးခြင်းနဲ့က ဝေးသေးတယ်။ အလျင်မလိုနဲ့။ " ကြီးမြတ်သူရွှမ်ယွမ်က ခဏစဉ်းစားပြီး အကြံပေးလိုက်သည်။

သူက လင်းယွမ် ကျရှုံးမည်ကို အမှန်ပင် စိတ်ပူမိသည်။ အမြင့်ဆုံးခုန်ပျံကျော်လွှားမှုကို ကျရှုံးခြင်းက ပြန်လည်ရှင်သန်နိုင်စွမ်းမရှိတော့ပေ။ လင်းယွမ်က လက်တစ်ဖက်တည်းနှင့် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို အချိန်မြစ်အတွင်းသို့ ဆွဲချခဲ့ပြီး အကယ်၍ လင်းယွမ်သာ သေဆုံးသွားလျှင် အလွှာဆယ့်နှစ် ကြီးမြတ်သူများလည်း ကယ်တင်နိုင်မည်မဟုတ်ပေ။

" စောင့်စရာမလိုတော့ပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သူက ယခု အထွတ်အထိပ်တွင် ရှိနေပြီး နှစ်တစ်ထောင်၊ နှစ်တစ်သောင်းကြာလျှင်တောင် အတူတူပင်ဖြစ်ပေလိမ့်မည်။ သူက အလွှာဆယ့်နှစ်ကို မတက်လှမ်းဘဲ ဆင်းသက်မှုပြုလုပ်ခဲ့လျှင် ရင်းမြစ်ကမ္ဘာတွင် အလွှာဆယ့်နှစ်သို့ တက်လှမ်ရမည်ဖြစ်သည်။ ထိုအစား ပင်မစကြာဝဠာတွင် အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်က ပိုကောင်းသည်။

" ပြဿနာမရှိဘူး။ " ကြီးမြတ်သူရွှမ်ယွမ်က ပြောလိုက်သည်။ " ငါတို့ကိုးယောက်က မင်းကို အစွမ်းကုန် ကာကွယ်ပေးမယ်။ "

" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။

လူသားမျိုးနွယ်၏ နယ်မြေတွင် လင်းယွမ်က ပေါ်လာပြီး ကြီးမြတ်သူကိုးယောက်ကလည်း ပတ်ဝန်းကျင်တွင် ပေါ်လာကြသည်။

" စမယ်။ " လင်းယွမ်က လေဟာနယ်အလွှာအတွင်းသို့ ဝင်ရောက်သွားပြီး ခြေချိတ်ထိုင်လိုက်သည်။

" ပထမဆုံး အချိန်လေဟာနယ်နှလုံးသားကို အသုံးပြုရမယ်။ " လင်းယွမ်၏ ရှေ့တွင် နတ်ဆိုးကျောက်စိမ်းမျှော်စင်မှရရှိသော အချိန်လေဟာနယ်နှလုံးသားက ပေါ်လာသည်။

All Chapters