← Chapters

အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်း...

Vol. 52 Ch. 769

အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်း...

Vol. 52 Ch. 769

အချိန်လေဟာနယ်နှလုံးသားက နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် သူ၏ တိုက်ရိုက်တပည့်အတွက် ပြင်ဆင်ထားသော ရတနာဖြစ်ပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းရာတွင် ကူညီပေးနိုင်သည်။ လင်းယွမ်က အလွှာဆယ့်နှစ်သို့ တက်လှမ်းရာတွင် သေချာသလောက်ဖြစ်နေသော်လည်း ပြင်ဆင်ထားခြင်းက ပိုကောင်းသည်။

လင်းယွမ်က အချိန်လေဟာနယ်နှလုံးသားကို မျိုချလိုက်ပြီး သူ၏ နှလုံးခုန်နှုန်းက ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်နှင့် လုံးဝ ပေါင်းစည်းသွားသကဲ့သို့ ဖြစ်သည်။ ဤအချိန်တွင် အချိန်လေဟာနယ်က လင်းယွမ်ဖြစ်ပြီး လင်းယွမ်က အချိန်လေဟာနယ်ဖြစ်နေသည်။

" ဒီလိုကိုး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အချိန်လေဟာနယ်နှလုံးသားက အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းအား မည်သို့မြှင့်တင်ပေးသည်ကို နားလည်သွားသည်။ ရှုထောင့်တစ်ခုမှ အချိန်မြစ်တွင် သူ၏ အချိန်ကို တိုးမြှင့်ခြင်း ဖြစ်သည်။ အခြားတစ်ခုမှာ အချိန်လေဟာနယ် ပေါင်းစည်းခြင်းဖြစ်ပြီး အချိန်မြစ်နှင့် ပင်မစကြာဝဠာ၏ တန်ပြန်ဖိနှိပ်မှုကို လျှော့ချပေးသည်။

ထိုအချိန်တွင် လင်းယွမ်က သူ၏ အသက်အနှစ်သာရ ဖိနှိပ်မှုကို လွှတ်ပေးလိုက်သည်။

လူသားမျိုးနွယ်မှ ကြီးမြတ်သူကိုးယောက်၏ အမူအရာများက ပြောင်းလဲသွားကြသည်။ သူတို့က စကြာဝဠာ၏ လေဟာနယ်မှာ မူလအစသို့ ပြန်ရောက်သွားသကဲ့သို့ ပြောင်လဲသွားသည်ကို ခံစားလိုက်ရသည်။ ထိုခဏတွင် ကြီးမြတ်သူကိုးယောက်၏ အကြည့်အောက်ရှိ စကြာဝဠာ၏ လေဟာနယ်က တိုက်ရိုက်ဆုတ်ဖြဲခြင်း ခံလိုက်ရသည်။

စကြာဝဠာလေဟာနယ်က ကြီးမားသော အတိုင်းအတာဖြင့် ဆုတ်ဖြဲခံလိုက်ရပြီး ဖရိုဖရဲဟင်းလင်းပြင်မှ မြင်ကွင်းများ ထွက်ပေါ်လာသည်။ အချိန်တိုအတွင်း အလင်းနှစ်ထောင်ချီကျယ်ဝန်းသော အက်ကြောင်းတစ်ခု ဆုတ်ဖြဲခံလိုက်ရသည်။ ၎င်းက အစသာဖြစ်ပြီး အချိန်တိုအတွင်း အက်ကြောင်းက ရူးသွပ်စွာ ကြီးထွားလာသည်။

အလင်းနှစ်တစ်သောင်း၊ အလင်းနှစ်ငါးသောင်း၊ အလင်းနှစ်တစ်သိန်း။ လွှမ်းမိုးနိုင်စွမ်းကြီးမားသော ဖရိုဖရဲဟင်းလင်းပြင်၏ အော်ရာက စကြာဝဠာထဲသို့ စီးဝင်လာသည်။

" နဂါးငွေ့တန်းကြယ်သခင်..." လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က ကြိုတင်ခန့်မှန်းထားကြသော်လည်း လင်းယွမ် အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းထက် အရေးမပါဟု ထင်ခဲ့ကြသည်။

လင်းယွမ်က အလွှာဆယ့်တစ်သို့ တက်လှမ်းချိန်တွင် သူဖန်တီးခဲ့သော ဖရိုဖရဲဟင်းလင်းပြင်နှင့် ပင်မစကြာဝဠာတို့ ချိတ်ဆက်ထားသော အက်ကြောင်းက အလင်းနှစ်ရာချီကျယ်ဝန်းပြီး အလွှာဆယ့်တစ်အထွတ်အထိပ်တစ်ယောက် အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းထက် မလျော့ပေ။

သို့သော် လင်းယွမ်က အလွှာဆယ့်နှစ်သို့ စတင်တက်လှမ်းချိန်တွင် စကြာဝဠာအက်ကြောင်းက အလင်းနှစ် နှစ်သိန်းကျော်သွားခဲ့သည်။ ထို့အပြင် ၎င်းက ဆက်လက်ချဲ့ထွင်နေခဲ့သည်။ စကြာဝဠာအက်ကြောင်း၏ ချဲ့ထွင်မှုက တဖြည်းဖြည်း ရပ်တန့်သွားပြီး အလင်းနှစ် တစ်သန်းသို့ ရောက်ရှိသွားသည်။

" အလင်းနှစ် တစ်သန်း..." ကြီးမြတ်သူရွှမ်ယွမ်က အသက်ပြင်းပြင်းရှူလိုက်သည်။

သူတို့က အလွှာဆယ့်နှစ်သို့ တက်လှမ်းချိန်တွင် ဖြစ်ပေါ်ခဲ့သော စကြာဝဠာအက်ကြောင်းက အလင်းနှစ်ရာချီသာ ကျယ်ဝန်းခဲ့ပြီး လင်းယွမ်၏ စကြာဝဠာအက်ကြောင်းက အလင်းနှစ်တစ်သန်သို့ ရောက်ရှိခဲ့သည်။

" ဒါက ကြောက်စရာကောင်းတယ်။ " ကြီးမြတ်သူရှုချန်က မယုံကြည်နိုင်ဖြစ်နေသည်။

အလင်းနှစ် တစ်သန်းကျယ်ဝန်းသော စကြာဝဠာအက်ကြောင်းမှ စီးဝင်လာသော ဖရိုဖရဲဟင်းလင်းပြင်မူလရင်းမြစ်က အလွှာဆယ့်နှစ်၏ အတွင်းစကြာဝဠာကို ပေါက်ကွဲသွားစေနိုင်သည်။

" ဘယ်လိုအခြေခံအုတ်မြစ်မျိုးက ဒီလောက်ကြီးမားတဲ့ စကြာဝဠာအက်ကြောင်းကို ဆုတ်ဖြဲနိုင်တာလဲ။ " ကြီးမြတ်သူကုလီက ရေရွတ်လိုက်သည်။

အလွှာဆယ့်နှစ်သို့ တက်လှမ်းသောအခါ စကြာဝဠာအက်ကြောင်းက လူတစ်ယောက်၏ စွမ်းရည်အပေါ်တွင် မူတည်နေသည်။ ယခုအချိန်ထိ လူသားမျိုးနွယ်၏ ကြီးမြတ်သူများက လင်းယွမ်၏ အခြေခံအုတ်မြစ်ကို မမီကြပေ။ နက်နဲသော အခြေခံအုတ်မြစ်က သက်ရှိအနှစ်သာရနှင့် ဆက်စပ်နေသော်လည်း လုံးဝတော့မဟုတ်ပေ။

အလင်းနှစ် တစ်သန်းကျယ်ဝန်းသော စကြာဝဠာအက်ကြောင်းက လင်းယွမ်၏ အခြေခံအုတ်မြစ် နက်ရှိုင်းမှုကို ဖော်ပြနေသည်။

" တကယ်တော့ လင်းယွမ် အလွှာဆယ့်နှစ်ကို တက်လှမ်းတာ ငါတို့ ကာကွယ်မှုကိုတောင် မလိုအပ်ဘူး။ " ကြီးမြတ်သူယုတိုင်က ပြောလိုက်သည်။

စကြာဝဠာအက်ကြောင်းမှ ထွက်ပေါ်လာသော ဖရိုဖရဲဟင်းလင်းပြင်၏ ဖိအားက လင်းယွမ်ကို ကာကွယ်ပေးထားသည်။ လက်ရှိ လင်းယွမ်ကို ဝန်းရံထားသော ဖရိုဖရဲဟင်းလင်းပြင်၏ ဖိအားက အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်များပင် အနီးကပ်ရန် မဖြစ်နိုင်ပေ။

အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း ခေါင်းညိမ့်လိုကြသည်။ ကြီးမြတ်သူယုတိုင်ပြောသည်မှာ မမှားပေ။ လင်းယွမ် ဆုတ်ဖြဲထားသော စကြာဝဠာအက်ကြောင်းက ဖရိုဖရဲဟင်းလင်းပြင်၏ မူလနယ်မြေနှင့် ချိတ်ဆက်ထားသည်။

ဖရိုဖရဲဟင်းလင်းပြင်၏ မူလနယ်မြေက ဖရိုဖရဲဟင်းလင်းပြင်၏ အမြုတေဖြစ်ပြီး ဖရိုဖရဲဟင်းလင်းပြင်စိတ်အသိက ကာကွယ်ထားသည်။ ထိုအချိန်တွင် အလွှာဆယ့်နှစ်ကို တက်လှမ်းနေသော သက်ရှိမှလွဲ၍ မည်သူမျှချဉ်းကပ်ရန် မဖြစ်နိုင်ပေ။

အင်အားကြီးမျိုးနွယ်များမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်နှစ်သို့ တက်လှမ်းသည်ကို စောင့်ကြည့်နေကြသည်။

" အလင်းနှစ်တစ်သန်း စကြာဝဠာအက်ကြောင်း။ နဂါးငွေ့တန်းကြယ်သခင်က ထျန်းယုမျိုးနွယ်ရဲ့ ဘိုးဘေးကို ဖိနှိပ်နိုင်တာ အံ့ဩစရာမရှိဘူး။ ဒီလို ကြောက်စရာကောင်းတဲ့ အခြေခံအုတ်မြစ်က ငါတောင် တစ်ခါမှမမြင်ဖူးဘူး။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက လေးနက်စွာ ပြောလိုက်သည်။

နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်သို့ လျို့ဝှက်စွာတက်လှမ်းမည်ကို သူတို့က စိုးရိမ်ခဲ့ကြသည်။ သို့သော် ယခု နဂါးငွေ့တနခးကြယ်သခင် အလွှာဆယ့်နှစ်သို့ သက်ရောက်မှုက ကြီးမားလှသည်။ အလွှာဆယ့်နှစ်များသာမက အလွှာဆယ့်တစ်များပင် ခံစားမိကြသည်။

" စကြာဝဠာအပြင်က သတင်းအချက်အလက်တစ်ချို့ကို ငါကြားဖူးတယ်။ အဲ့ဒီထဲမှာတောင် သူ့လို ကြောက်စရာကောင်းတဲ့သူမရှိဘူး။ "

" ဒီလိုခိုင်မာတဲ့ အခြေခံအုတ်မြစ်နဲ့ နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်ကို တက်လှမ်းတာ ဘယ်လိုလုပ်ကျရှုံးနိုင်မှာလဲ။ "

အလွှာဆယ့်နှစ်ကြီးမြတ်သူတစ်ယောက်က ပြောလိုက်သည်။ သို့သော် သူတို့တတ်နိုင်သောအရာကလည်း အလွှာဆယ့်နှစ်သို့ တက်လှမ်းနေသော နဂါးငွေ့တန်းကြယ်သခင် ကျရှုံးရန်သာ ဖြစ်သည်။

" ဘာပဲဖြစ်ဖြစ် သူကျရှုံးနိုင်မလားဆိုတာပဲ ကြည့်ရမှာပေါ့။ " အကျဉ်း​ထောင်မျိုးနွယ်မှ ကြီးမြတ်သူက ခေါင်းခါလိုက်သည်။

နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်နှစ်သို့ မကြိုးစားမီကပင် သူ့ကို ကိုင်တွယ်နိုင်စွမ်းမရှိခဲ့ပေ။ ယခု ဖရိုဖရဲဟင်းလင်းပြင်၏ ဖိအားက နဂါးငွေ့တန်းကြယ်သခင်ကို ကာကွယ်ပေးနေချိန်တွင် ပြောစရာပင်မလိုပေ။

သက်ရှိများ၏ အသွင်ပြောင်းလဲမှုက ဖရိုဖရဲဟင်းလင်းပြင်အတွက်လည်း အကျိုးရှိသည်။ ထို့ကြောင့် မူလရင်းမြစ်က သူတို့အပေါ်သို့ ဆင်းသက်ခြင်းဖြစ်သည်။

သို့သော် စကြာဝဠာအတွက်မူ အချိန်မြစ်က ထွက်ခွာခြင်းက စကြာဝဠာ၏ အရင်းအမြစ်ကို ထာဝရသိမ်းယူသွားခြင်းဖြစ်သဖြင့် စကြာဝဠာနှင့် အချိန်မြစ်တို့၏ တန်ပြန်မှုကို ဖြစ်ပေါ်စေသည်။

" ဘာဖြစ်တာလဲ။ ငါ့စိတ်တွေ ဘာလို့လေးလံနေတာလဲ။ "

" ဟုတ်တယ်။ ကြီးမားတဲ့အန္တရာယ်တစ်ခု နီးကပ်လာသလိုပဲ။ "

" တစ်ခုခုပြောင်းလဲသွားတာလား။ "

ကြယ်စကြာဝဠာထဲရှိ သက်ရှိများကလည်း လင်းယွမ် အလွှာဆယ့်နှစ်သို့ တက်လှမ်းနေသည်ကို မသိကြသော်လည်း အလင်းနှစ်တစ်သန်း အက်ကြောင်းနှင့် ဖရိုဖရဲဟင်းလင်းပြင်၏ ကြီးမားသော ဖိအားက သူတို့အပေါ်သို့ သက်ရောက်နေသည်။

ဤအချိန်တွင် သက်ရှိတိုင်းက ကောင်းကင်နှင့် မြေကြီး ပြိုလဲသွားတော့မည်ကဲ့သို့ ကြီးမားသော ဖိအားကို ခံစားနေကြရသည်။ လေဟာနယ်ကို နားလည်ထားသော အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ် သက်ရှိများက တစ်စုံတစ်ယောက် အလွှာဆယ့်နှစ်သို့ တက်လှမ်းနေသည်ကို အနည်းငယ် သိရှိကြသည်။

" နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်ကို တက်လှမ်းနေတာလား။ "

" နဂါးငွေ့တန်းကြယ်သခင်တောင် အလွှာဆယ့်နှစ်ကို တက်လှမ်းဖို့ ကြိုးစားနေရတုန်းလား။ "

" နဂါးငွေ့တနခးကြယ်သခင်က အလွှာဆယ့်နှစ်ကို ချောချောမွေ့မွေ့ တက်လှမ်းနိုင်ပါ့မလား။ "

" အလွှာဆယ့်နှစ်ကို မရောက်ခင်ကတောင် နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်ကို ဖိနှိပ်နိုင်ရင် အလွှာဆယ့်နှစ်ကို တက်လှမ်းသွာရင် ဘယ်လိုဖြစ်လာမလဲ။ "

အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ်သက်ရှိများက ​မျှော်လင့်ချက်များနှင့် စောင့်ကြည့်နေကြသည်။ သူတို့က အဓိကအားဖြင့် အစွမ်းထက်ပြီး သာမန်မျိုးနွယ်စုများမှ ဖြစ်ကြသည်။

နဂါးငွေ့တန်းကြယ်သခင်မရှိလျှင် သူတို့က အင်အားကြီးမျိုးနွယ်များထံ အညံခံရမည်ဖြစ်ပြီး သူတို့အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမည်ဖြစ်သည်။ နဂါးငွေ့တန်ကြယ်သခင်သာ အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ခဲ့လျှင် လူသားမျိုးနွယ်က အလွန်အစွမ်းထက်လာမည်ဖြစ်ပြီး အများဆုံး သူတို့က လူသားမျိုးနွယ်ထံ အညံ့ခံရုံသာဖြစ်သည်။

၎င်းက ပို၍ ကောင်းမွန်နိုင်သည်။ အကြောင်းမှာ လူသားမျိုးနွယ်ကြောင့် သူတို့က ထိုအင်အားကြီးမျိုးနွယ်များကို တိုက်ခိုက်ရန် မလိုအပ်တော့ပေ။

ကပ်ဘေးမျိုးနွယ်၏ သစ်သားတဲအိမ်ရှေ့တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူက နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်နှစ်သို့ တက်လှမ်းနေသည့်မြင်ကွင်းကို အဝေးမှ စိုက်ကြည့်နေသည်။

" တကယ်ကို မဟာသူတော်စင်တစ်ပါး ပြန်လည်ဝင်စားတာပဲ။ အလွှာဆယ့်နှစ်ကို တက်လှမ်းတာက ဒီလိုကြီးမားတဲ့ သက်ရောက်မှုကို ဖြစ်ပေါ်စေတယ်။ " အလွှာဆယ့်နှစ် ကြီးမြတ်သူက စဉ်းစားလိုက်သည်။ " မဟာသူတော်စင်က ပြန်လည်ဝင်စားပြီးတဲ့နောက်မှာ မှတ်ဉာဏ်တွေက ပျောက်ကွယ်သွားလေ့ရှိပြီး ပုံမှန်အားဖြင့်တော့ အလွှာဆယ့်နှစ်ကို တက်လှမ်းပြီးမှ မှတ်ဉာဏ်အများစုကို ပြန်လည်ရရှိလိမ့်မယ်။ "

" မှတ်ဉာဏ်အများစုကို ပြန်ရသွားရင် မဟာသူတော်စင်က သူ့ရဲ့ အထွတ်အထိပ်ကို အမြန်ပြန်ရောက်သွားလိမ့်မယ်။ "

" မဟာသူတော်စင်ရဲ့ ပြန်လည်ဝင်စားခြင်း... ဖရိုဖရဲဟင်းလင်းပြင်ရဲ့ မရေတွက်နို င်တဲ့ စကြာဝဠာတွေထဲမှာ မဟာသူတော်စင်ရဲ့ ပြန်လည်ဝင်စားခြင်းနဲ့ ကြုံတွေ့ဖို့က အခွင့်အရေးအရမ်းနည်းတယ်။ ဒါတောင် ငါတို့ကြုံတွေ့ခဲ့ရတာလား။ " သစ်သားအိမ်အတွင်းမှ အလွှာဆယ့်နှစ် ကြီးမြတ်သူကလည်း မယုံကြည်နိုင်ဖြစ်နေသည်။

All Chapters