စိတ်နှလုံးနတ်ဆိုးကမ္ဘာ...
Vol. 52 Ch. 771
" ငါ့တပည့်လေး..." ချီခွန်ကြယ်သခင်က အချိန်လေဟာနယ် လှုပ်ရှားမှုများကို ခံစားမိပြီး လင်းယွမ် အလွှာဆယ့်နှစ်ကို တက်လှမ်းသည်ကို ခန့်မှန်းမိသည်။
" ဘာအမှားအယွင်းမှ ဖြစ်လို့မရဘူး။ " ချီခွန်ကြယ်သခင်ကလည်း အလွန်စိုးရိမ်ပူပန်ခဲ့သည်။
သူက အလွှာကိုးတွင်သာ ရှိသော်လည်း အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းက အာမခံချက်မရှိကြောင်း သူနားလည်သည်။ အလွှာဆယ့်တစ်တွင် အစွမ်းထက်ဆုံးသူများပင် ကျရှုံးနိုင်သည်။
ချီခွန်ကြယ်သခင်က သူ၏ တပည့် လင်းယွမ်ကို အလွန်တန်ဖိုးထားသည်။ ကြီးမြတ်သူရှချင်နှင့် ယှဉ်လျှင် သူက လင်းယွမ် အလွှာငါးကတည်းက သူ၏ကြီးထွားလာမှုကို စောင့်ကြည့်ခဲ့သည်။
သူက လင်းယွမ်ကို တပည့်အဖြစ် လက်ခံခဲ့သည်မှာ မကြာသေးသော်လည်း ချီခွန်ကြယ်သခင်က လင်းယွမ်ကို မိသားစုသဖွယ် ဆက်ဆံခဲ့သည်။ လူသားမျိုးနွယ်တွင် ဆရာနှင့် တပည့်က မိသားစုကဲ့သို့ ဆက်ဆံပြီး တစ်ခါတစ်ရံ မိသားစုထက်ပင် ပို၍ နီးစပ်ကြသည်။
" နဂါးငွေ့တန်းကြယ်သခင် မင်းအောင်မြင်လို့မရဘူး။ မင်းအောင်မြင်ရင် ငါတို့ ဘာလုပ်ရမှာလဲ။ " အလွှာဆယ့်နှစ် ကြီးမြတ်သူများက စိတ်ရှုပ်ထွေးနေကြသော်လည်း တူညီသော အတွေးတစ်ခု ရှိနေသည်။
၎င်းမှာ နဂါးငွေ့တန်းကြယ်သခင် အမြင့်ဆုံးခုန်ပျံကျော်လွှားမှုကို အောင်မြင်ရန် ဆန္ဒမရှိကြခြင်းဖြစ်သည်။
" နဂါးငွေ့တန်ကြယ်သခင် မင်းသေရမယ်။ အချိန်မြစ်ရဲ့ တန်ပြန်မှုအောက်မှာ မင်းပျက်ဆီးသွားရမယ်။ " ထျန်းယုမျိုးနွယ်ဘိုးဘေး၏ မျက်နှာက မဲမှောင်နေသည်။
သူက လင်းယွမ်ကြောင့် အချိန်မြစ်ထဲတွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီး နောက်ပိုင်းတွင် တောင်ပံနှစ်ခုပျက်ဆီးသွားခဲ့သည်။ ၎င်းက စကြာဝဠာပျက်ဆီးခြင်းမှ လွတ်မြောက်ရန် မျှော်လင့်ချက်ကို သိသိသာသာ လျော့ကျသွားစေသည်။
ဤအချိန်တွင် သူက လင်းယွမ်ကို အောင်မြင်ရန် မလိုလားဆုံးဖြစ်သည်။ အကြောင်းမှာ လင်းယွမ်က အလွှာဆယ့်နှစ်သို့ အောင်မြင်စွာ တက်လှမ်းခဲ့လျှင် သူက လက်စားချေရန် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။
မြူခိုးများကြားတွင် လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည်လိုက်သည်။
" ဒါက အချိန်မြစ်ရဲ့ အပေါ်မှာလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို လေ့လာနေသည်။ အောက်တွင် ကြီးကျယ်ခမ်းနားသော မြစ်တစ်စင်းရှိနေပြီး ကမ်းခြေတွင် မြင့်မားသော ပုံရိပ်များ ရပ်နေကြသည်။
" အဲ့ဒါငါလား။ " လင်းယွမ်က အချိန်မြစ်ထဲတွင် ဧရာမသတ္တဝါတစ်ခု ရစ်ခွေနေသည်ကို တွေ့လိုက်ရသည်။ ၎င်းက အချိန်မြစ်ထဲမှ သူ၏ ပုံရိပ်ဖြစ်သည်။
အမြင့်ဆုံးခုန်ပျံကျော်လွှားမှုအတွင်း အသက်အနှစ်သာရ ပုံရိပ်က သူ၏ စိတ်အသိနှင့်အတူ အချိန်မြစ်ထဲမှ ခုန်ထွက်ပြီး အချိန်မြစ်နှင့်စကြာဝဠာ၏ တန်ပြန်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။
" အလွှာဆယ့်နှစ် ကြီးမြတ်သူတွေက ငါ့ကို မတွေ့နိုင်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
သူက အချိန်မြစ်၏ အပေါ်တွင် ရှိနေသော်လည်း အခြားဒိုင်မန်းရှင်းတစ်ခုတွင် ရှိနေသည်။ ထို့ကြောင့် အမြင့်ဆုံးခုန်ပျံကျော်လွှားမှုအတွင်း အလွှာဆယ့်တစ်များကို မရပ်တန့်နိုင်ခြင်းဖြစ်သည်။
" တန်ပြန်တိုက်ခိုက်မှု လာတော့မယ်..." လင်းယွမ်က ပြင်ဆင်ပြီးသည်နှင့် တန်ပြန်လှိုင်းလုံးတစ်ခုက သူ့ထံသို့ စီးဝင်လာသည်။ ထိုတိုက်ခိုက်မှုက အချိန်မြစ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။
" ဟင်..." လင်းယွမ်က အံ့ဩသွားသည်။
အချိန်မြစ်၏ တန်ပြန်မှုက အလွန်အားနည်းနေသည်။ ၎င်းက လင်းယွမ်ကို မထိခိုက်စေရုံသာမက လှုပ်ရှားမှုပင် မဖြစ်စေခဲ့ပေ။ တန်ပြန်မှုက မည်မျှတိုးလာသည်ဖြစ်စေ လင်းယွမ်က မတုန်မလှုပ် ရှိနေသည်။
" ငါ့ရဲ့ အခြေခံအုတ်မြစ်က အလွှာဆယ့်တစ်ထက် အများကြီး ကျော်လွန်နေတာပဲ။ အချိန်မြစ်ရဲ့ တန်ပြန်မှုက ငါ့ကို သက်ရောက်မှုရှိရင် သူတို့ဆို ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်က အချိန်မြစ်နှင့် စကြာဝဠာ၏ တန်ပြန်မှုကို လွယ်ကူစွာ ခံနိုင်သည်။ သို့သော် အမြင့်ဆုံးခုန်ပျံကျော်လွှားမှုတွင် တိုက်ရိုက် တန်ပြန်မှုအပြင် စိတ်နှလုံးနတ်ဆိုးကဲ့သို့ သွယ်ဝိုက်သော တန်ပြန်မှုလည်း ရှိနေသည်။ အမြင့်ဆုံး ခုန်ပျံကျော်လွှားမှုပြုလုပ်ရန်အတွက် စိတ်စွမ်းအားညွှန်းကိန်းက ဆယ်သန်သို့ ရောက်ရှိရန် လိုအပ်သည်။
ထိုလိုအပ်ချက်၏ အကြောင်းရင်းမှာ စိတ်စွမ်းအားညွှန်းကိန်း ဆယ်သန်းရှိမှသာ အမြင့်ဆုံးခုန်ပျံကျော်လွှားမှု၏ စိတ်နှလုံးနတ်ဆိုးကပ်ဘေးမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
" ဒါဘယ်နေရာလဲ။ " လင်းယွမ်က အအေးဓာတ်တစ်ခုကို ခံစားလိုက်ရသည်။ သူ၏ အဆင့်တွင် အအေးဓာတ်ကို မခံစားနိုင်သော်လည်း ယခု အအေးဓာတ်က သူ၏ အရိုးထဲထိ စိမ့်ဝင်လာနေသည်။
" ဒါအမြင့်ဆုံးခုန်ပျံကျော်လွှာခြင်းရဲ့ စိတ်နှလုံးနတ်ဆိုကမ္ဘာလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ရေခဲကောင်းကင်နှင့် နှင်းမြေပြင်ကိုသာ မြင်တွေ့ရသည်။
" နိယာမတွေမရှိဘူး။ ဖရိုဖရဲနိယာမကိုလည်း မခံစားနိုင်တော့ဘူး။ ရုပ်ခန္ဓာနတ်စွမ်းရည်တွေလည်း ပျောက်ကွယ်သွားပြီ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
သူ၏ မှတ်ဉာဏ်များသာ မရှိလျှင် သူ့ကိုသူ သာမန်လူတစ်ယောက်ဟုသာ ထင်ပေလိမ့်မည်။ ပင်မစကြာဝဠာတွင် သူကြုံတွေ့သမျှက အိပ်မက်တစ်ခုသာ ဖြစ်သည်။
" ခံနိုင်ရည်ရှိရင် လုံလောက်ပြီ။ " လင်းယွမ်က အမြင့်ဆုံးခုန်ပျံကျော်လွှားမှုနှင့် ပက်သက်သော အချက်အလက်များကို လေ့လာထားပြီး စိတ်နှလုံးနတ်ဆိုးကမ္ဘာကို ဖြတ်ကျော်ရန်အတွက် ခံနိုင်ရည်ရှိရန်သာလိုအပ်သည်ကို သိထားသည်။
မည်မျှကြာသည်ကိုတော့ အချိန်အတိအကျ မရှိပေ။ စိတ်နှလုံးနတ်ဆိုးကမ္ဘာ၏ အချိန်က ပြင်ပကမ္ဘာနှင့် တစ်ထပ်တည်းမကျပေ။ ပြင်ပကမ္ဘာတွင် ခဏသာကြာသော်လည်း စိတ်နှလုံးနတ်ဆိုးကမ္ဘာတွင် စကြာဝဠာခေတ်ပေါင်းများစွာ ကြာနိုင်သည်။
" ဦးတည်ရာတစ်ခုအတိုင်း ဆက်လျှောက်သွားရမယ်။ " လင်းယွမ်က ဦးတည်ချက်တစ်ခုကို ရွေးပြီး စတင်လျှောက်သွားလိုက်သည်။
စိတ်နှလုံးနတ်ဆိုးကမ္ဘာတွင် လင်းယွမ်က သာမန်လူတစ်ယောက်သာဖြစ်ပြီး နတ်ဘုရားစွမ်းအားများ မပိုင်ဆိုင်ပေ။ အချိန်မည်မျှကြာသွားသည်ကို မသိရပေ။ အချိန်နှင့်လေဟာနယ်ကို ဖြတ်ကျော်ပြီး တိုးညှင်းသော အသံတစ်သံက လင်းယွမ်၏ နားထဲသို့ ဝင်ရောက်လာသည်။
" သိုင်းဘိုးဘေး..."
" သိုင်းဘိုးဘေး..."
" သိုင်းဘိုးဘေး..."
" ဟုတ်တယ်။ ငါက သိုင်းတာအိုရဲ့ ဘိုးဘေးပဲ။ " လင်းယွမ်က သူ၏ ခြေလှမ်းများကို ရပ်ပြီး အာရုံစိုက်နားထောင်နေသည်။ " ဒီအသံတွေက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံတဲ့သူတွေရဲ့ အသံတွေ ဖြစ်ရမယ်။ "
" ဒါက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းကိုး။ "
လင်းယွမ်က သူ့ကိုသူ မပျောက်ဆုံးစေရန် သိုင်းတာအိုကျင့်ကြံသူများအားလုံးကို ကျောက်ဆူးမှတ်အဖြစ် အသုံးပြုရန်ဖြစ်သည်။ သိုင်းတာအိုကျင့်ကြံသူများ ပိုများသည်နှင့် ကျောက်ဆူးမှတ်က ပို၍ လေးလံပြီး သူ့ကိုသူ ပို၍ ထိန်းထားနိုင်မည်ဖြစ်သည်။
" ဆက်သွားမယ်။ " လင်းယွမ်က မည်မျှကြာအောင် လမ်းလျှောက်နေသည်ကို မသိသော်လည်း သူက စိတ်နှလုံးနတ်ဆိုးကမ္ဘာ ပြိုကျသည်အထိ ဆက်သွားရမည်ကို သိနေသည်။
မကြာမီ လင်းယွမ်က ရေခဲနှင်းကမ္ဘာကို ဖြတ်ကျော်ပြီး မြေရိုင်းလွင်းပြင်သို့ ရောက်လာသည်။ သူက ရပ်တန့်ခြင်းမရှိဘဲ ဆက်လျှောက်နေသည်။ စိတ်နှလုံးနတ်ဆိုးကမ္ဘာတွင် အကြီးမားဆုံးအန္တရာယ်မှာ ပျောက်ဆုံးခြင်းနှင့် လဲကျခြင်းဖြစ်သည်။
ဤနေရာတွင် မည်သည့်စွမ်းအားမှ အသုံးမပြုနိုင်သောကြောင့် အလွှာဆယ့်တစ် သက်ရှိများက မိမိကိုမိမိ သံသယဝင်လာနိုင်သည်။ ထို့ကြောင့် တဖြည်းဖြည်း ရပ်တန့်သွားမည်ဖြစ်ပြီး အဆုံးမဲ့ခုန်ပျံကျော်လွှားမှုကို ကျရှုံးမည်ဖြစ်သည်။
" ရေခဲ၊ မြေရိုင်းလွင်ပြင်၊ မီးတောင် အခြားကမ္ဘာတွေ မြန်မြန်လာခဲ့ကြစမ်း။ " လင်းယွမ်က သိုင်းတာအိုကျင့်ကြံသူများ၏ ခေါ်သံကို အဆက်မပြတ် ကြားနေရပြီး သူ၏ စိတ်စွမ်းအား သန်းလေးဆယ်နှင့် ပေါင်းစပ်ကာ ရပ်တန့်၍မရတော့ပေ။
" ဒီစိတ်နှလုံးနတ်ဆိုးကမ္ဘာမှာ ငါ ဘယ်လောက်ကြာအောင် ရှိနေတာလဲ။ စကြာဝဠာခေတ်တစ်ခုထက် အများကြီး ပိုများမှာ သေချာတယ်။ " လင်းယွမ်၏ အတွေးများက ဖြည်းညင်းစွာ ရွေ့လျားနေသည်။
အချိန်များ ကုန်လွန်သွားသည်။ စကြာဝဠာခေတ်ဆယ်ခု၊ စကြာဝဠာခေတ် တစ်ရာ၊ စကြဝဠာခေတ် တစ်ထောင်။
" ဟင်..." လင်းယွမ်က သဲကန္တာရ၏ အဆုံးတွင် အလင်းတံခါးတစ်ခုကို တွေ့လိုက်ရသည်။
" အဲ့ဒါက စိတ်နှလုံးနတ်ဆိုးကမ္ဘာရဲ့ အဆုံးလား။ " လင်းယွမ်က စိတ်ထဲတွင် သေချာသိနေပြီး အလင်းတံခါးဆီသို့ လျှောက်သွားသည်။
လင်းယွမ်က အလင်းတံခါးနှင့် ဆယ်မီတာအကွာတွင် ရပ်နေပြီး နိယာမလှုပ်ရှားမှုများကို မှေးမှိန်စွာ ခံစားလိုက်ရသည်။
" ပြီးသွားပြီ။ " လင်းယွမ်က တည်ငြိမ်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။
သဲမုန်တိုင်းများ ပြည့်နှက်နေသော သဲကန္တာရက ရေကဲ့သို့ လှိုင်းထလာပြီး မြစ်တစ်စင်းဖြစ်ပေါ်လာသည်။ ၎င်းက ဝေးကွာသော အတိတ်မှ အနာဂတ်သို့ စီးဆင်းနေသော အချိန်မြစ်ပင် ဖြစ်သည်။
ထိုအချိန်တွင် လင်းယွမ်၏ နောက်တွင် အဝေးမှ အနီးသို့ ပုံရိပ်များ ပေါ်လာသည်။ ထိုနေရာတွင် ဘုန်းကြီးဝတ်ရုံကို ဝတ်ဆင်ထားသော ဗုဒ္ဓသားတော်တစ်ပါး ရှိနေသည်။ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ကောင်းကင်သခင်တစ်ယောက်က လုံဟုတောင်မှ ဆင်းလာပြီး နတ်ဆိုးများကို ရှင်းလင်းခဲ့သည်။
မြစ်များကို ပြောင်းပြန်လှန်ပြီး တောင်များကို သန့်စင်နေသော ဧကရာဇ်တစ်ပါး၏ ကောင်းကင်စွမ်းအားက ကြီးကျယ်ခမ်းနားလှသည်။
ယန်စိတ်ဝိညာဉ်၊ ယင်စိတ်ဝိညာဉ်တို့နှင့်အတူ နတ်ဆိုးအရှင်တစ်ပါးက နယ်မြေငါးခုသို့ ပြန်လည်ဝင်ရောက်လာသည်။ တိမ်များထဲတွင် ပုန်းအောင်းနေသော လူတစ်ယောက်က အင်မော်တယ်တာအိုကမ္ဘာကို လေ့လာနေသည်။
နတ်ဆိုးသစ်ပင်တစ်ပင်က ကောင်းကင်ထိအောင် မြင့်မားစွာ တည်ရှိနေသည်။ သိုင်းဘိုးဘေးတစ်ပါးက ကောင်းကင်သို့ တက်လှမ်းနေသည်။ လူတစ်ယောက်က အလင်းပင်လယ်ထဲသို့ ဝင်ရောက်နေပြီး ကောင်းကင်မှ ကြယ်များ ကြွေကျလာသည်။
ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲတွင် ရပ်နေပြီး သူ၏ အတွေးများက နေရာတိုင်းတွင် ရှိနေသည်။မရေတွက်နိုင်သော ကမ္ဘာများကို လှည့်လည်သွားလာနေသော ပုံရိပ်တစ်ခုက နိယာမများအားလုံးကို ပေါင်းစပ်ပြီး ဖရိုဖရဲသို့ ဝင်ရောက်သွားသည်။
" ဒါက အလွှာဆယ့်နှစ်လား..." လင်းယွမ်က ပြုံးလိုက်ပြီး အလင်းတံခါးထဲသို့ ဝင်ရောက်သွားသည်။