← Chapters

တိုးတက်မှုများ...

Vol. 52 Ch. 772

တိုးတက်မှုများ...

Vol. 52 Ch. 772

ကြယ်စကြာဝဠာတွင် လင်းယွမ်၏ စိတ်အသိက ပြန်လည်ဝင်ရောက်လာပြီး အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူက စိတ်နှလုံးနတ်ဆိုးကမ္ဘာတွင် စကြာဝဠာခေတ်များစွာ ကုန်လွန်ခဲ့သော်လည်း ပြင်ပကမ္ဘာတွင် အသက်ဆယ်ကြိမ်ရှူချိန်သာ ကြာခဲ့သည်။ ထိုအချိန်အတွင်း သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းစကြာဝဠာတို့က သိသိသာသာ တိုးတက်လာခဲ့သည်။

" ငါ့ရဲ့ ရုပ်ခန္ဓာက..." လင်းယွမ်က သူ၏ လက်များကို ကြည့်လိုက်သည်။

ဤအချိန်တွင် သူ၏ သွေးတစ်စက်စီက အဆုံးမဲ့ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ သူ၏ ရုပ်ခွန်အားသက်သက်ဖြင့် မည်သည့်နိယာမနည်းစနစ်များမပါဝင်ဘဲ သာမန်လမ်းစဉ်ခွဲထွက်ခြင်းအဆင့်တစ်ယောက်ကို ဖိနှိပ်နိုင်သည်။

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ထဲမှ ရုပ်ခန္ဓာကို အထူးပြုသော ကြီးမြတ်သူကုလီပင် လင်းယွမ်ကို ကျော်လွန်နိုင်မည်မဟုတ်ပေ။ ၎င်းက ကြီးမြတ်သူကုလီ၏ လမ်းစဉ်က မလုံလောက်ခြင်းမဟုတ်ဘဲ လင်းယွမ်၏ အခြေခံအုတ်မြစ်က အလွန်နက်ရှိုင်း​နေခြင်းဖြစ်သည်။

သူ၏ ရုပ်ခန္ဓာက ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို စုပ်ယူခြင်းအပြင် ရွှမ်ဟွမ်မူလခန္ဓာ၊ နတ်ဆိုးကျောက်စိမ်းအင်မော်တယ်ခန္ဓာနှင့် အခြားကဏ္ဍများမှ အကျိုးကျေးဇူးများကြောင့် သူ၏ ရုပ်ခန္ဓာက စိတ်ကူးမယဉ်နိုင်သောအဆင့်သို့ ရောက်သွားခဲ့သည်။

" ရွှမ်ဟွမ်မူလခန္ဓာ..." အလွှာဆယ့်နှစ်သို့ အောင်မြင်စွာ တက်လှမ်းပြီးနောက် လင်းယွမ်၏ ရွှမ်ဟွမ်မူလခန္ဓာကလည်း အလွှာဆယ့်နှစ်သို့ ရောက်သွားခဲ့သည်။

ရွှမ်ဟွမ်မူလခန္ဓာ၏ အရင်းအမြစ် စားသုံးမှုက အလွန်ကြောက်စရာကောင်းလှသည်။ စကြာဝဠာအတွင်း အလွှာဆယ့်နှစ်၏ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရန်ပင် လင်းယွမ်အတွက် မျှော်လင့်ချက်မဲ့နေသကဲ့သို့ ဖြစ်သည်။

" ဒါပေမယ့် ရွှမ်ဟွမ်မူလခန္ဓာအတွက် လိုအပ်တဲ့အရင်းအမြစ်တွေကို ဖရိုဖရဲကုန်းမြေက ရယူနိုင်လောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

စကြာဝဠာက အလွှာဆယ့်နှစ် ကြီးမြတ်သူများကို အပြင်သို့ ထွက်ခြင်းအား ကန့်သတ်ထားပြီး တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကိုယ်ပွားဖြင့် ထွက်ခွာခြင်းဖြစ်သည်။ သို့သော် စကြာဝဠာက ပြင်ပမှ အရင်းအမြစ်များဝင်ရောက်ခြင်းကို ကန့်သတ်မထားပေ။

လင်းယွမ်က ကုမင်ဖရိုဖရဲကုန်းမြေမှ အရင်းအမြစ်များကို ရယူပြီး မူလခန္ဓာကိုယ်ကျင့်ကြံရန်အတွက် ပြန်ပို့ပေးနိုင်သည်။ အရင်းအမြစ်ရရှိရန် အလွယ်ဆုံးနည်းလမ်းမှာ ကန်ဝေယန်းချန်ခဲ့သော ဖရိုဖရဲအဆင့် ရတနာကို ရောင်းချခြင်းဖြစ်သည်။

ဖရိုဖရဲအဆင့် ရတနာက လင်းယွမ် အလွှာဆယ့်နှစ်သို့ ရောက်ရှိသော်လည်း အသုံးပြုနိုင်ခြင်းမရှိပေ။ ၎င်းကို ဖုန်တက်ခံမည့်အစား အရင်းအမြစ်အဖြစ် ပြောင်းလဲလိုက်ခြင်းက ပိုကောင်းသည်။

" စိတ်ဝိညာဉ်ကလည်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ကို ရောက်သွားပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အမြင့်ဆုံးခုန်ပျံကျော်လွှားမှု ပြီးသောအခါ အလွှာဆယ့်နှစ်သို့တက်လှမ်းပြီးနောက် စိတ်ဝိညာဉ်ကလည်း သဘာဝအတိုင်း အဆင့်မြှင့်တင်မှုကို ရရှိသည်။

" ငါ့ရဲ့ စိတ်စွမ်းအားက အနည်းဆုံး သန်းခြောက်ဆယ် ကျော်သွားလောက်ပြီ။ "

စိတ်စွမ်းအားမြှင့်တင်ခြင်းက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ မြှင့်တင်ခြင်းထက် ပိုမိုခက်ခဲသည်။ အထူးသဖြင့် စိတ်စွမ်းအားညွှန်ကိန်း သန်းနှစ်ဆယ်သို့ ရောက်ရှိပြီးနောက်တွင် ဖြစ်သည်။

ဆယ့်တစ်ကြိမ်မြောက် ဆင်းသက်မှုတွင် လင်းယွမ်က အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်တွင် ​နိယာမများစွာကို နှစ်ပေါင်းများစွာ လေ့လာပြီးနောက် စိတ်စွမ်းအားညွှန်းကိန်း သန်းလေးဆယ်သို့ ရောက်ရှိခဲ့သည်။

စိတ်စွမ်းအားညွှန်းကိန်း သန်းလေးဆယ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ဖြစ်သည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် အများစုပင် ထိုမျှကြီးမားသော စိတ်စွမ်းအားကို မပိုင်ဆိုင်ကြပေ။ စိတ်စွမ်းအားညွှန်းကိန်း သန်းခြောက်ဆယ်က လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ် ဖြစ်ပေလိမ့်မည်။

" ငါကြုံတွေ့ခဲ့ရတဲ့ စိတ်နှလုံးနတ်ဆိုးကမ္ဘာက အချိန်မြစ်က လာတာပဲ။ အဲ့ဒါက ငါ့ရဲ့ အခြေခံအုတ်မြစ်နဲ့အညီ ဖွဲ့စည်းထားတာ။ " လင်းယွမ်က တွေးလိုက်သည်။

ထိုစိတ်နှလုံးနတ်ဆိုးကမ္ဘာတွင် လင်းယွမ်က စကြာဝဠာခေတ်ပေါင်း မည်မျှကြာအောင် နေထိုင်ခဲ့သည်ကို မသိနိုင်ပေ။ ၎င်းက သာမန်အလွှာဆယ်တစ် တစ်ယောက် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ လင်းယွမ်ဖြတ်သန်းခဲ့ရသော စိတ်နှလုံးနတ်ဆိုးကမ္ဘာက ပို၍ ပြင်းထန်သောကြောင့် သူ၏ စိတ်စွမ်းအားကလည်း သန်းခြောက်ဆယ်အထိ တိုတက်လာခြင်းဖြစ်သည်။

" ဒါကြောင့် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ရှိရင်တောင် အလွှာဆယ့်နှစ်ကို တက်လှမ်းဖို့ မသေချာဘူးလို့ ပြောတာကိုး။ စိတ်နှလုံးနတ်ဆိုးကမ္ဘာက အလွှာဆယ့်တစ်သက်ရှိတိုင်းအတွက် မတူညီဘူး။ အခြေခံအုတ်မြစ် ပိုခိုင်မာလေ စိတ်နှလုံးနတ်ဆိုးကမ္ဘာက ​ပိုပြင်းထန်လေပဲ။ "

စိတ်နှလုံးနတ်ဆိုးကမ္ဘာကို မကြုံတွေ့မီ အချိန်မြစ်နှင့် စကြာဝဠာ၏ တန်ပြန်မှုက လင်းယွမ်အတွက် သာမန်သာဖြစ်သည်။ စိတ်နှလုံးနတ်ဆိုးကမ္ဘာကို ကြုံတွေ့မှသာ လင်းယွမ်က ခက်ခဲမှုကို ခံစားခဲ့ရခြင်းဖြစ်သည်။

" အတွင်းစကြာဝဠာ..." လင်းယွမ်၏ စိတ်အသိက အတွင်းစကြာဝဠာထဲသို့ ဆင်းသက်သွားသည်။

ယခုအချိန်တွင် လင်းယွမ်၏ အတွင်းစကြာဝဠာက အလင်းနှစ် ၂.၂သန်းသို့ ရောက်ရှိသွားသည်။ အမြင့်ဆုံးခုန်ပျံကျော်လွှားမှုမတိုင်မီ လင်းယွမ်၏ အတွင်းစကြာဝဠာက အလင်းနှစ် ငါးသိန်းသာ ရှိခဲ့သည်။

" နောက်ပိုင်း အတွင်းစကြာဝဠာ ကျယ်ပြန်လာဖို့နဲ့ဆိုရင် ငါ့ရဲ့အတွင်းစကြာဝဠာက အလင်းနှစ် ရှစ်သန်းကို ရောက်လောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

ပုံမှန် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်၏ အတွင်းစကြာဝဠာက အလင်းနှစ် တစ်သောင်းမှ တစ်သိန်းကြားတွင် ရှိပြီး လင်းယွမ်၏ အတွင်းကမ္ဘာက အလင်းနှစ် ရှစ်သန်းသို့ ရောက်ရှိပေလိမ့်မည်။

" လွှမ်းမိုးခြင်းအဆင့်ရဲ့ အတွင်းစကြာဝဠာနဲ့ သိပ်မကွာခြားလောက်ဘူး။ " လင်းယွမ်က စိတ်လှုပ်ရှားနေသည်။ " ငါ့ရဲ့ လက်ရှိ နိယာမတွေအပေါ် နားလည်မှုနဲ့ဆို လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်လို့ ပြောလို့ရတယ်။ "

လင်းယွမ်က ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ စိတ်စွမ်းအား၊ အတွင်းစကြာဝဠာ၊ နိယာမများကို နားလည်မှု မည်သည့်ကဏ္ဍတွင်ဖြစ်စေ သာမန် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များထက် သာလွန်သည်။ သူ၏ အသက်အဆင့်က လွှမ်းမိုးခြင်းအဆင့်သို့ မရောက်သေးသော်လည်း တိုက်ခိုက်ရေးစွမ်းအားက လွှမ်းမိုးခြင်းအဆင့်အေက် မနိမ့်ကျပေ။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်တွင် လွှမ်းမိုးခြင်းအဆင့်နှင့် ယှဉ်နိုင်ခြင်းက ဖရိုဖရဲဟင်းလင်းပြင်မှာပင် အလွန်ရှားသည်။ သူတို့က မဟာသူတော်စင်များ၏ မျိုးဆက်များ သို့မဟုတ် အချိန်သွေးမျိုးဆက်ရှိသော သက်ရှိများသာဖြစ်သည်။

ထို့အပြင် လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်ရှိရုံသာဖြစ်ပြီး နောက်နှစ်ပေါင်းများစွာအတွင်း ဆက်လက်တိုးတက်နေဦးမည်ဖြစ်သည်။ ထိုအချိန်တွင် သူက လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်များနှင့်ပင် ယျဉ်နိုင်လောက်ပေသည်။

" ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဖိနှိပ်ခံထားရတယ်။ " လင်းယွမ်က ကြယ်စကြာဝဠာကို ကြည့်လိုက်သည်။

လွှမ်းမိုးခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော သူ၏ တိုက်ခိုက်ရေးစွမ်းအားကို စကြာဝဠာက သိမ်မွေ့စွာ ဖိနှိပ်ထားပြီး တိုက်ခိုက်ရေးစွမ်းအား အပြည့်အဝကို ထုတ်ဖော်ခွင့်မပြုပေ။

လင်းယွမ်က ၎င်းကို အံ့ဩခြင်းမရှိပေ။ ဧကရာဇ်ရွှမ်ဟွမ်၏ မှတ်တမ်းများထဲတွင် ထိုသို့သော အခြေအနေများကို တွေ့ခဲ့ရသည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် မရေတွက်နိုင်သော စကြာဝဠာများ မွေးဖွားပြီး မရေတွက်နိုင်သော သက်ရှိများ နေထိုင်ကြသည်။ ဤစကြာဝဠာအတွင်းရှိ အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားမှာ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ဖြစ်သည်။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်က စကြာဝဠာ၏ အမြင့်ဆုံးစွမ်းအား ဖြစ်နေသည်မှာ အကြောင်းရင်းရှိသည်။ စကြာဝဠာခေတ်တစ်ခုအတွင်း လွှမ်းမိုးခြင်းအဆင့်သို့ ရောက်ရှိရန် အမှန်ပင် ခက်ခဲသည်။ သို့သော် မရေတွက်နိုင်သော စကြာဝဠာများ၊ မရေတွက်နိုင်သော စကြာဝဠာခေတ်များအတွင်း ပုံမှန်မဟုတ်သော အရာများရှိနေသည်။

ပုံမှန်သက်ရှိများက ၎င်းကို မအောင်မြင်ခဲ့လျှင်တောင် ပြန်လည်ဝင်စားလာသော မဟာသူတော်စင်များက သူတို့၏ မှတ်ဉာဏ်အချို့သာ ပြန်လည်ရရှိလာလျှင် စကြာဝဠာခေတ်တစ်ခုအတွင်း လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။ အမှန်မှာ စကြာဝဠာကိုယ်တိုင်က လွှမ်းမိုးခြင်းအဆင့် ဖြစ်သောကြောင့် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ထက်ကျော်လွန်သော အရာအားလုံးကို ဖိနှိပ်ထားသည်။

၎င်းက ပတ်ဝန်းကျင်၏ ကန့်သတ်ချက်ဖြစ်ပြီး ပြန်လည်ဝင်စားလာသော ဖရိုဖရဲမဟာသူတော်စင်များပင် လိုက်နာရမည်ဖြစ်သည်။ သူတို့က လွှမ်းမိုးခြင်းအဆင့် သို့မဟုတ် ဖရိုဖရဲအဆင့် စွမ်းအားကို ထုတ်ဖော်လိုလျှင် ဖရိုဖရဲဟင်းလင်းပြင်သို့ ဝင်ရောက်ရမည်ဖြစ်သည်။

သို့သော် စကြာဝဠာအတွင်း ဖရိုဖရဲမဟာသူတော်စင်၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်လျှင် ထိုကန့်သတ်ချက်ကို ချိုးဖျက်နိုင်သည်။ ထိုစွမ်းအားမျိုးက စကြာဝဠာအတွင်းရှိ အရာအားလုံးကို ပျက်စီးစေရုံသာမက စကြာဝဠာကိုယ်တိုင်ကိုပင် စောစီးစွာ ပျက်ဆီးသွားစေနိုင်သည်။

" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်စွမ်းအားက လုံလောက်ပါတယ်။ " လင်းယွမ်က စဉ်းစားလိုက်သည်။

သူ၏ စွမ်းရည်များနှင့် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် စွမ်းအားရှိလျှင်တောင် ဤစကြာဝဠာအတွင်းရှိ အလွှာဆယ့်နှစ် ကြီး​မြတ်သူတိုင်းကို ဖိနှိပ်နိုင်သည်။ ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများ လင်းယွမ်နှင့် တိုက်ခိုက်ရဲလျှင် သူတို့အတွက် တစ်ခုတည်းသော အဆုံးသတ်မှာ လုံးဝပျက်ဆီးသွားခြင်းပင်ဖြစ်သည်။

" ဟင် ဘူးသီးခြောက်က..." လင်းယွမ်က လက်ကိုမြှောက်၍ အချိန်လေဟာနယ်၏ နက်ရှိုင်းရာသို့ နှိုက်လိုက်သည်။ ပြန်ထုတ်လိုက်သောအခါ သူ၏ လက်ထဲတွင် လက်ဝါးအရွယ် ဘူးသီးခြောက်တစ်ခု ပေါ်လာသည်။

ထိုဆန်းကြယ်သော ဘူးသီးခြောက်က လင်းယွမ် နဂါးငွေ့တန်းကြယ်နယ်မြေကို ရှင်းလင်းချိန်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ကောင်းကင်ကို ဆန့်ကျင်ကာ အတွင်းကမ္ဘာ၏ ကန့်သတ်ချက်များကို ချိုးဖျက်နိုင်သည်။

ထို့အပြင် ၎င်းက ရုပ်ခန္ဓာကိုလည်း မြှင့်တင်ပေးနိုင်သည်။ ယနေ့အထိ လင်းယွမ်က ထိုကဲ့သို့သော စွမ်းရည်များကို မကြားဖူးခဲ့ပေ။ ဖရိုဖရဲဟင်းလင်းပြင်တွင် အလားတူ အကျိုးသက်ရောက်မှုရှိသော ရတနာများနှင့် အခွင့်အလမ်းများ ရှိသည်။

သို့သော် ၎င်းတို့က အလွန်ရှားပါးပြီး ဖရိုဖရဲအရှင်သခင်နှင့် ဖရိုဖရဲမဟာသူတော်စင်များပင် ရရှိရန် ခက်ခဲသည်။ လင်းယွမ်က ဆန်းကြယ်သော ဘူးသီးခြောက်အတွင်းမှ အရောင်ခုနှစ်မျိုးရှိသော အရည်များကို စုပ်ယူပြီးနောက် သူ၏ အတွင်းကမ္ဘာက အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲရန် လိုအပ်သည်ကို တွေ့ခဲ့ရသည်။ ဆိုလိုသည်မှာ အလွှာဆယ့်နှစ်သို့ တက်လှမ်းရမည်ဖြစ်သည်။

All Chapters