← Chapters

အခန်း (၁၆၀၂)

Vol. 115 Ch. 1602

အခန်း (၁၆၀၂)

Vol. 115 Ch. 1602

ဓားအလင်းက ကောင်းကင်ဘုံကိုးခုမှ မိုးကြိုးကဲ့သို့ ထွန်းလင်းတောက်ပသွားသည်။

အဆုံးမဲ့သော လျှပ်စီးတန်းတစ်ခုက သုံးပေရှည်လျားသော ဓားပေါ်မှာ စုဝေးသွားသည်။ ဤသည်မှာ ထိုဓားချက်က မိုးကြိုးသွားကို ဆင့်ခေါ်နိုင်သည့်အလားပင်။

ဓားချက်က မယုံကြည်နိုင်သော အလျင်ဖြင့် အရှေ့သို့ ထွက်သွားသည်။ ထိုဓားအလင်းထဲမှာ အစွမ်းမည်မျှ ကိန်းအောင်းနေကြောင်း မည်သူမှ အာရုံမခံနိုင်ပေ။

“ ဘန်း ”

သုံးပေရှည်လျားသော မိုးကြိုးဓားက ယုမင်ဓားဂိုဏ်း၏ ယိုယွင်းပျက်စီးနေသော ဂိတ်တံခါးကို ထိုးဖောက်သွားသည်။ ဂိတ်တံခါးက အပိုင်းပိုင်းအစစ ပြိုကျသွားသည်။

ဓားသွားပေါ်မှာ ကိန်းဝပ်နေသော စွမ်းအားက ထောင့်တိုင်များကို ဖျက်ဆီးပစ်လိုက်ပြီး ကျောက်တုံးအပိုင်းအစများကို အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားစေသည်။

ဖုန်မှုန့်က တထောင်းထောင်း မြှောက်တတ်သွားပြီး လေထုက ညစ်ညမ်းသွားသည်။

အချင်းဆယ်မိုင်အတွင်း၌ မိုးမြေက တုန်ယင်သွားသည်။

ထိုဓားချက်က အန္တိမခွန်အားကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။

“ အဲ့ဒါက ဆရာရဲ့ အစစ်အမှန်ခွန်အား… ”

ရှုဖုန်းယန်က ဟန်မူယဲ့၏ ဓားအလင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်း နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ လိုချင်တောင့်တသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ထိုဓားချက်ထဲမှာ မိုးမြေကို နှစ်ခြမ်းခွဲပစ်နိုင်သော စွမ်းအားက ကိန်းအောင်းနေသည်။ ထိုသို့စွမ်းအားက အနည်းဆုံး ခြေလှမ်းဝက် စကြာဝဠာအဆင့်မှာ ဖြစ်သည်။

ရှုဖုန်းယန်၏ အမြင်တွင် ဟန်မူယဲ့၏ ကျင့်ကြံခြင်းအခြေခံက သိပ်မမြင့်မားပေ။ သို့သော် ဟန်မူယဲ့နှင့်ပတ်သက်ပြီး အဓိကကြောက်စရာကောင်းသည်မှာ သူ၏ ဓားကျင့်ကြံခြင်းနှင့် ဓားတာအိုအပေါ် ဆင်ခြင်နားလည်မှုသာ ဖြစ်သည်။

လက်ရှိအချိန်တွင် ဟန်မူယဲ့က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သည်။

သူက ဂိုဏ်းငယ်တစ်ခု၏ ဂိုဏ်းခေါင်းဆောင်မျှသာ ဖြစ်လင့်ကစား အံ့ဩဖွယ်ကောင်းသော ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။

သို့ဖြစ်လေရာ အကယ်၍ သူက ဂိုဏ်းထဲမှ ထွက်သွားမည်ဆိုလျှင် တစ်နေ့မှာ မည်သည့်အမြင့်ထိ တတ်လှမ်းသွားနိုင်မည်နည်း။

သူ့အနောက်တွင် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်အားလုံးက မိန်းမောတွေဝေသွားကြသည်။

ထိုဓားချက်က သူတို့၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အမွေအနှစ်က ထိုသို့အစွမ်းထက်သော ဓားချက်ကို ထုတ်လွှတ်နိုင်သည်လော။

ကျယ်လောင်သော မြည်သံနှင့်အတူ ဂိတ်တံခါးက ပြိုကျပျက်စီးသွားသည့်အခါ မရေမတွက်နိုင်သော ဓားအလင်းများက အရှေ့မှ ချောက်နက်ထဲမှ ထွက်ပေါ်လာကြသည်။ ထိုဓားအလင်းများက ချောက်နက်၏ မည်သည့်နေရာထံမှ ထွက်ပေါ်လာကြောင်းကိုတော့ မသိရပေ။

ထို့ပြင် ဓားအလင်းတစ်ခုစီက အနက်ရောင်အလင်းကို သယ်ဆောင်ထားကြသည်။ ဤသည်မှာ ထိုဓားအလင်းများက မိုးမြေ၏ ကောင်းချီးပေးမှုကို ရရှိထားကြသည့်အလားပင်။

သို့သော်လည်း ဓားအလင်းများ ထွက်ပေါ်လာသည်နှင့် ယင်းတို့က အရှေ့မှ မြူခိုးထုကြောင့် ချိပ်ပိတ်ခံလိုက်ကြရပြီး ဖိနှိပ်ခံလိုက်ကြရသည်။ ဤသည်မှာ ချောက်နက်က ထိုဓားအလင်းများကို ဖိနှိပ်ရန် ဖြစ်တည်နေသည့်အလားပင်။

“ ဂရောင်း ”

ဓားအလင်းကြောင့် အက်ကွဲသွားသော ချောက်နက်ထဲမှ ချောက်ချားဖွယ်ကောင်းသော ဟိန်းသံများ ပဲ့တင်ထပ်လာသည်။

ဂိတ်တံခါး၏ အရှေ့မှာ လှည့်ပတ်သွားနေကြသော သန္ဓေပြောင်းသားရဲများက ဟန်မူယဲ့ထံသို့ ဖြည်းဖြည်းချင်း ချီတတ်သွားကြသည်။

သန္ဓေပြောင်းသားရဲတစ်ကောင်စီက တာအိုအဆင့်၏ အထွတ်အထိပ်မှာဖြစ်ကြပြီး အန္တိမတာအိုအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

အရှေ့မှ ဦးဆောင်လာသော သန္ဓေပြောင်းသားရဲတချို့က ကနဦးမူလအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ထို့ပြင် ဘေးပတ်ဝန်းကျင်၌ ပိုမိုများပြားသော သန္ဓေပြောင်းသားရဲများက ထွက်ပေါ်လာကြသည်။

အနည်းဆုံး သန္ဓေပြောင်းသားရဲတစ်ထောင်ခန့်က ဂိတ်တံခါးအရှေ့မှ နယ်မြေကို ဝိုင်းရံလိုက်ကြသည်။

“ လာစမ်း… ”

“ ယုမင်ဓားဂိုဏ်းရဲ့ အမွေအနှစ်က ဘယ်လောက်ကျန်သေးလဲ ဒီဘုရင် ကြည့်ဦးမယ် ”

အသံတစ်သံက ချောက်နက်၏ အနက်ပိုင်းထဲမှ ပဲ့တင်ထပ်လာသည်။

ထိုအသံက အစောနက ထွက်ပေါ်လာခဲ့သော အသံကဲ့သို့ ရှေးကျပြီး ချောက်ချားဖွယ်ကောင်းသည်။ ယင်းက တစ်စုံတစ်ယောက်၏ နှလုံးသားကို တုန်လှုပ်သွားစေရန် လုံလောက်သည်။

တာအိုဝင်ရောက်ခြင်းအဆင့် တပည့်အားလုံးက အလိုအလျောက် တုန်ယင်သွားကြသည်။ သူတို့၏ လက်ထဲမှ ဓားကိုပင် လွတ်ကျလုနီးပါး ဖြစ်သွားကြသည်။

“ ယုမင်ဓားဂိုဏ်းရဲ့ အမွေအနှစ်လား ”

ဟန်မူယဲ့က သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီး အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။

သူက အရှေ့သို့ ရုတ်တရက် ဓားထိုးသွင်းလိုက်လေရာ ပေတစ်ထောင်ရှည်လျားသော ဓားအလင်းက အဝေးသို့ ပျံသန်းထွက်သွားသည်။

ဓားအလင်းက ဖော်မပြနိုင်အောင် မြန်ဆန်သည်။ ယင်းက သူ့အရှေ့မှ ပေသုံးဆယ်နီးပါး ရှည်လျားသော ဘီလူးတစ်ကောင်၏ လည်ပင်းကို တိုက်ရိုက် ထိုးဖောက်သွားသည်။ ဘီလူး၏ သွေးအနှစ်သာရက အပြင်သို့ ထွက်ကျလာပြီး ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲသွားသည်။

နောက်အခိုက်အတန့်မှာ ဇလုံအရွယ်အစားခန့်ရှိသော အဆင့်မြင့် မဟာပန်သွန်ကျောက်တုံးဆယ်တုံးက မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။

ဓားတစ်ချက်က အဆင့်နိမ့် မဟာပန်သွန်ကျောက်တုံးတစ်သောင်းကို ပိုင်ဆိုင်သွားစေသည်။

အစွမ်းထက် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် မဟာပန်သွန်ကျောက်တုံးများက ဘာမှမဟုတ်ပေ။

အစွမ်းထက် ကျင့်ကြံသူများက မည်သို့ကြောင့် မဟာပန်သွန်ကျောက်တုံးများကို မရှားပါးကြောင်း ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များက နောက်ဆုံးမှာတော့ နားလည်သွားကြသည်။

“ အဲ့ဒါ ယုမင်ဓားကွက်(၁၃)ကွက်ထဲက အဖွင့်ဓားကွက်ပဲ ”

ရှုကျိချူးက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ မယုံကြည်နိုင်မှုကြောင့် သူ၏ မျက်လုံးက ပြူးကျယ်နေသည်။

“ ယုမင်ဓားကွက်(၁၃)ကွက်ထဲက အစောပိုင်း ဓားကွက်တွေကို ငါတို့ရဲ့ ဂိုဏ်းသားတွေဆီ အဆင့်ဆင့် လက်ဆင့်ကမ်းပေးခဲ့တယ်… ဂိုဏ်းထဲက အကြီးအကဲတွေ ပြောတာက အဲ့ဒီဓားကွက်တွေက အံ့ဩဖို့မကောင်းဘူး… အဲ့ဒါက ယုမင်ဓားဂိုဏ်းရဲ့ အစစ်အမှန် အမွေအနှစ်နဲ့ အများကြီး ဝေးကွာနေတယ်လို့ ပြောကြတယ် ”

သို့တိုင် ယခု ဟန်မူယဲ့၏ လက်ထဲတွင် ယုမင်ဓားဂိုဏ်း၏ အစစ်အမှန် အမွေအနှစ်နှင့် အများကြီး ဝေးကွာနေသော ဓားကွက်က ထိုမျှကြောက်စရာကောင်းသော တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်လိုက်သည်လော။

အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။

“ ဒီလောကမှာ အသုံးမဝင်တဲ့ ဓားကွက်ဆိုတာ မရှိဘူး… အဲ့ဒါကို ဘယ်လိုအသုံးချမလဲဆိုတာပဲ အရေးကြီးတယ်… စစ်မှန်တဲ့ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ တစ်စုံတစ်ယောက်က ဓားကွက်တွေကို သူ့ကိုယ်ပိုင် ဓားတာအိုထဲ ပေါင်းထည့်ရမယ်… အဲ့ဒါက ဓားကျင့်ကြံသူတိုင်းရဲ့ ပန်းတိုင်ဖြစ်တယ် ”

ဟန်မူယဲ့က စကားပြောနေရင်း သူ၏ ဓားကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။

ဤတစ်ကြိမ်တွင် သူက ဓားကို မထိုးသွင်းတော့ပေ။ ယင်းအစား သူက ဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ပေတစ်သောင်းရှည်လျားသော ကြယ်အလင်းရောင်က ပေါ်လျှိုးလာသည်။

ဤသည်မှာ အဆုံးမဲ့သော စကြာဝဠာက ယုမင်ဓားကွက်(၁၃)ကွက်ထဲမှာ ကိန်းအောင်းနေသည့်အလားပင်။

ထိုဓားချက်က မူလတွင် အတုအယောင်သာ ဖြစ်၏။ သို့သော်လည်း ယခု ဟန်မူယဲ့၏ လက်ထဲတွင် ဓားအလင်းတန်းများက သန်းပေါင်းများစွာသော ကြယ်များအဖြစ် ပြောင်းလဲသွားကြသည်။ နောက်အခိုက်အတန့်မှာ ကြယ်များက ဘေးပတ်ဝန်းကျင်မှ သန္ဓေပြောင်းသားရဲများကို ထိုးဖောက်သွားကြသည်။

“ ဘယ်လောက် မိုက်လိုက်တဲ့ ‘ ကြယ်စင်စုဓားကွက်လဲ ’… အတိတ်မှာ လျောင်ရှီစန်းပြောခဲ့တာက ယုမင်ဓားကွက်(၁၃)ကွက်ရဲ့ ကြယ်အနှစ်သာရက ဘာမှအသုံးမဝင်ဘူးတဲ့… တကယ်လို့ မင်းရဲ့ ဓားကွက်ကို သူမြင်နိုင်မယ်ဆိုရင် ရှက်လွန်းလို့ လဲသေသွားလောက်တယ် ”

စိတ်လှုပ်ရှားသော အသံက ချောက်နက်၏ အနက်ပိုင်းထဲမှ ပဲ့တင်ထပ်လာသည်။ ထိုအသံထဲမှာ စိတ်ခံစားမှုတစ်စွန်းတစ်စ ကိန်းအောင်းနေသည်။

“ စီနီယာ… ခင်ဗျားက ဂိုဏ်းခေါင်းဆောင်လျောင်ဖန်ကို သတ်ခဲ့ပြီးပြီမဟုတ်လား ”

ဟန်မူယဲ့သည် ဓားကိုင်ထားလျက် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် တိမ်တိုက်များနှင့် မြူခိုးက ထူထဲစွာ စုဝေးနေသည်။

လျောင်ဖန်သည် ယုမင်ဓားဂိုဏ်း၏ ယခင်ဂိုဏ်းခေါင်းဆောင် ဖြစ်သည်။ သူက သေခြင်းရှင်ခြင်းအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော အစွမ်းထက်ပညာရှင်တစ်ဦး ဖြစ်သည်။

သူ၏ ဓားသိုင်းသည် ဓားတစ်ချက်ဖြင့် တောင်ကို ဖျက်ဆီးပစ်နိုင်သော အဆင့်ထိ ရောက်ရှိနေသည်။

“ ဟား ဟား… လျောင်ရှီစန်းက ယုမင်းဓားသိုင်း(၁၂)ကွက်ကိုပဲ တတ်မြောက်ခဲ့တာ… ဘယ်လိုလုပ် သူက ဒီအင်မော်တယ်ဘုရင်ကို ယှဉ်နိုင်မှာလဲ ”

“ အတိတ်မှာ ငါတို့ဆရာက သူ့ကို မျက်နှာသာပေးပြီး ဂိုဏ်းခေါင်းဆောင်ရာထူးကို သူ့ဆီ လွှဲပြောင်းပေးခဲ့တယ်… ဆရာပြောတာက ငါက ယုမင်ဓားဂိုဏ်းကို တိုးတတ်အောင် မဆောင်ရွက်ပေးနိုင်ဘူးတဲ့… ”

“ လျောင်ရှီစန်း… အဲ့ဒီကောင်က ပါရမီနည်းနည်းပဲ ရှိတာ… ယုမင်ဓားကွက်(၁၃)ကွက်ရဲ့ အမွေအနှစ်ကိုတောင် မဆက်ခံနိုင်ဘူး… ”

ကြည့်ရသည်မှာ ဟန်မူယဲ့၏ စကားက မြေကြီးအောက်ထဲမှ ထိုပုဂ္ဂိုလ်၏ စိတ်ခံစားချက်များကို လှုံ့ဆော်လိုက်ဟန် ရ၏။ ရူးသွပ်သော အသံက ကျယ်လောင်စွာ ပျံ့လွင့်သွားသည်။

ထိုအသံ ရပ်တန့်သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေက ရုတ်တရက် ပြောင်းလဲသွားသည်။

“ ကောင်လေး… ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ် ”

“ ငါ့ယုမင်ဓားဂိုဏ်းရဲ့ အမွေအနှစ်ကို မင်းတို့တွေ ဆက်ခံနိုင်မလား ကြည့်ကြည့်ရအောင် ”

ထိုစကားသံက အဆုံးမဲ့သော မှော်စွမ်းအားကို သယ်ဆောင်ထားသည့်အလား မိုးမြေအတွင်းမှ အရာအားလုံးကို ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။

မြူခိုးဖုံးလွှမ်းနေသော ယုမင်ချောက်နက်က စိမ်းစိုသော မြက်ခင်းပြင်အဖြစ် ပြောင်းလဲသွားသည်။

အစောနက ဟန်မူယဲ့ဖျက်ဆီးခဲ့သော ဂိတ်တံခါးက အကောင်းတိုင်း ပြန်ဖြစ်သွားပြီး ရွှေရောင်နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်သည်။ အလင်းရောင်က လွန်စွာ ထွန်းလင်းတောက်ပလေရာ အချိန်ကြာကြာ စိုက်ကြည့်ရန် မလွယ်ပေ။

ဂိတ်တံခါး၏ အပေါ်တွင် “ ယုမင်ဓားဂိုဏ်း ”ဟူသော ရွှေရောင်စာလုံးကြီးများ ရှိသည်။

“ အဲ့ဒါ… အဲ့ဒါ ပုံရိပ်ယောင်လား ”

“ အဲ့ဒါ ပုံရိပ်ယောင်မဟုတ်ဘူး… ဒီနေရာက သစ်ပင်တွေက အစစ်အမှန်တွေ ”

ဘေးပတ်ဝန်းကျင်မှ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တပည့်များက ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူတို့က မိုးမြေကြားထဲမှ အပြောင်းအလဲကို အာရုံခံနိုင်ကြသည်။ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက စစ်မှန်ပေသည်။

နောက်တစ်ကြိမ် ခေါင်းမော့ကြည့်လိုက်သည့်အခါ သူတို့၏ ဘေးပတ်ဝန်းကျင်တွင် သန္ဓေပြောင်းသားရဲများနှင့် မိစ္ဆာကောင်များက အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ယုမင်ဓားဂိုဏ်း၏ တပည့်များအဖြစ် အသွင်ပြောင်းလဲသွားကြောင်း သူတို့မြင်လိုက်ကြသည်။ သူတို့အားလုံးက ဓားတစ်လက်ကို သယ်ဆောင်ထားကြသည်။

ယုမင်ဓားဂိုဏ်းက တပည့်တွေ…။

“ ငါတို့… ”

“ ငါတို့လည်း ပုံပြောင်းသွားပြီ ”

တစ်စုံတစ်ယောက်က အလန့်တကြား အော်ပြောလိုက်သည်။

လူအုပ်ကြီး၏ အမြင်တွင် သူတို့သည်လည်း ယုမင်ဓားဂိုဏ်းမှ တပည့်များအဖြစ် အသွင်ပြောင်းလဲသွားကြသည်။

တီးတိုးစကားသံများကြားတွင် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များက စိတ်ရှုပ်ထွေးသွားကြပြီး ဇဝေဇဝါဖြစ်သွားကြသည်။

သူတို့က မည်သူဖြစ်ကြောင်း မမှတ်မိတော့ဟန် ရ၏။

ဟန်မူယဲ့က သူ၏ ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ သူ၏ အသွင်သဏ္ဍာန်က ယုမင်ဓားဂိုဏ်း၏ တပည်တစ်ဦး ဖြစ်လာသည်။

သူ၏ အသွင်သဏ္ဍာန်က ပြောင်းလဲသွားသော်လည်း သူ၏ ဝိညာဉ်က တည်ကြည်မြဲမြံစွာ ဆက်လက် ရှိနေသေးသည်။

“ ယုမင်ဓားဂိုဏ်းက သန္ဓေပြောင်းသားရဲတွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုကြောင့် ချောက်နက်ထဲ နစ်မြုပ်သွားခဲ့တယ်… အဲ့ဒါတွေအားလုံးက အတိတ်မှာ ဂိုဏ်းကနေ နှင်ထုတ်ခံလိုက်ရတဲ့ သားရဲတစ်သောင်းဓားဘုရင်ကြောင့်ပဲ ”

“ သားရဲတစ်သောင်းဓားဘုရင်က ယုမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်လျောင်ဖန်ရဲ့ ဂျူနီယာညီလေးဖြစ်တယ်… သူက ဂိုဏ်းခေါင်းဆောင် ဖြစ်မလာတဲ့အတွက် ဂိုဏ်းအပေါ် ရန်ငြိုးထားခဲ့တယ်… သူက သားရဲတစ်သောင်းဓားသိုင်းကို အသုံးပြုပြီး မရေမတွက်နိုင်တဲ့ သားရဲတွေကို ယုမင်ဓားဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်စေခဲ့တယ် ”

“ ဂိုဏ်းခေါင်းဆောင်လျောင်ဖန်က ဂိတ်တံခါးအရှေ့မှာ ရပ်ပြီး သားရဲတစ်သောင်းဓားဘုရင်နဲ့ အတူသေဆုံးဖို့ ကြိုးစားခဲ့တယ် ”

“ အခုအခြေအနေအရဆို သားရဲတစ်သောင်းဓားဘုရင်ရဲ့ ဝိညာဉ်က မပျောက်ကွယ်သေးပုံပဲ… သူက မိုးမြေရဲ့ စွမ်းအားကို ကြိုးကိုင်ခြယ်လှယ်နိုင်တယ်ဆိုမှတော့ သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားက ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်မှာ ဖြစ်မယ် ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်… ။

ဟန်မူယဲ့၏ စကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်မှ တပည့်များက တုန်လှုပ်ချောက်ချားသွားကြသည်။

ထိုလူက သေခြင်းရှင်ခြင်းထက် ကျော်လွန်သွားသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

ဤအခိုက်အတန့်မှာ စိတ်ရှုပ်ထွေးမှုနှင့် ချောက်ချားမှုက ပိုပြီးတိုးပွားလာသည်။

“ သားရဲတစ်သောင်းဓားဘုရင်က ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်မှာဆိုရင်တောင် ဒီနေရာရဲ့ အတားအဆီးစွမ်းအားကိုပဲ သူထိန်းချုပ်နိုင်တယ်… သူကိုယ်တိုင် မလှုပ်ရှားနိုင်ဘူး… မင်းတို့တွေ ဝိညာဉ်ပျက်စီးတာကို ကာကွယ်ချင်တယ်ဆိုရင် ဒီနေရာရဲ့ စည်းမျဉ်းအတိုင်း လိုက်လုပ်ဆောင်ကြပါ ”

“ မိုးမြေရဲ့ အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေအောင်နေပြီး ယုမင်ဓားဂိုဏ်းရဲ့ တပည့်သရုပ်ကို ယူဆောင်ပါ… ဒီပုံရိပ်ယောင်ကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်မလား ဒီနေရာကနေ အကျိုးအမြတ်ရှာနိုင်မလားဆိုတာ မင်းတို့အပေါ်မှာပဲ မူတည်တယ် ”

ဟန်မူယဲ့က စကားဆုံးအောင် ပြောပြီးနောက် ကျယ်လောင်စွာ ရယ်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားသည်။

အရှေ့တွင် အဖြူရောင်ကျောက်တုံးလှေကားရှိပြီး ပုံရိပ်တစ်ခုက ထိုနေရာမှာ မတ်တတ်ရပ်နေသည်။

ဘေးပတ်ဝန်းကျင်တွင် ပုံရိပ်အများအပြားက အရှေ့သို့ အမြန်လျှောက်လာကြသည်။

“ တပည့်လျောင်ဖန်က ဆရာကို အရိုအသေပေးပါတယ် ”

“ တပည့်ဝမ်ကျန်းဟိုင်က ဆရာကို အရိုအသေပေးပါတယ် ”

“ ဟား ဟား… လျောင်ရှီစန်း ယုမင်ဓားကွက်(၃)ကွက်ကို မင်းတတ်ကျွမ်းသွားပြီလား ”

…..

ဟန်မူယဲ့က အရှေ့သို့ လျှောက်သွားသည်။ သူက လူအုပ်ကြားထဲမှ အရှေ့ထွက်လာပြီး အရိုအသေပေးလိုက်သည်။

“ တပည့်ဟန်မူယဲ့က ဆရာနဲ့ စီနီယာအကိုတွေကို အရိုအသေပေးပါတယ် ”

All Chapters