← Chapters

အခန်း (၁၆၀၄)

Vol. 115 Ch. 1604

အခန်း (၁၆၀၄)

Vol. 115 Ch. 1604

ဝမ်ကျန်းဟိုင်က နေရာမှာ မတ်တတ်ရပ်နေစဉ် သူ၏ နှုတ်ခမ်းက တုန်ယင်သွားသည်။ သူ၏ မျက်နှာကြွက်သားသည်ပင် တွန့်ရှုံ့သွားသည်။

“ မ… မဖြစ်နိုင်တာ… ဆရာက ငါ့ကို မျက်နှာသာပေးတာလား ”

“ အဲ့ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ငါ့ကို ယုမင်ဓားဂိုဏ်းထဲကနေ နှင်ထုတ်လိုက်တဲ့ ဆရာမှ ဟုတ်ရဲ့လား… ”

သူ၏ အကြည့်က ဟန်မူယဲ့ပေါ်သို့ ကျရောက်သွားသည်။ သူက တစ်ခဏကြာ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ ဆရာ စိတ်ချပါ… ကျုပ်ဝမ်ကျန်းဟိုင်က ယုမင်ဓားဂိုဏ်းရဲ့ အမွေအနှစ်ကို ဆက်လက် တိုးတတ်အောင် သေချာပေါက် လုပ်ဆောင်ပါ့မယ် ”

သူ၏ စကားသံ ဆုံးသွားသည်နှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က စတင်ပြောင်းလဲသွားသည်။

ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေစဉ် သူ၏ အကြည့်က အရှေ့မှ တလိပ်လိပ် မြှောက်တတ်လာနေသော မြူခိုးပေါ်သို့ ကျရောက်သွားသည်။

မြူခိုးထဲတွင် ပုံရိပ်တချို့က ရွေ့လျားနေကြသည်။

ပုံရိပ်တစ်ခုစီက ကျင့်ကြံခြင်းအမွေအနှစ်တစ်ခုကို ကိုယ်စားပြုကြသည်။

ဝမ်ကျန်းဟိုင်သည် ယုမင်ဓားဂိုဏ်းမှ လက်ရွေးစင်တပည့်များကို ဦးဆောင်၍ နေရာတိုင်းမှာ တိုက်ပွဲများဆင်နွှဲနေသည်။ သူက ဘေးပတ်ဝန်းကျင်မှ တခြားဂိုဏ်းများထံမှ ရှေးဟောင်းစာအုပ်အားလုံးကို လိုက်လံလုယက်နေသည်။

ဂိုဏ်းအသီးသီးက ဒေါသထွက်သွားကြသည်။ သို့သော်လည်း သူတို့က မကျေနပ်ကြောင်း ထုတ်မပြောဝံ့ကြချေ။

ဟန်မူယဲ့က အရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ သူက ထိုပုံရိပ်ယောင်ထဲမှာ လှည့်ပတ်သွားသည်။

သူ၏ အနောက်တွင် ဝမ်ကျန်းဟိုင်နောက်သို့ လိုက်ရန် ရွေးချယ်လိုက်သော ရှုဖုန်းယန်က တိုက်ပွဲများထဲမှာ ကိုယ်တိုင်ပါဝင်လိုက်သည်။ ယင်းက သူ၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားကို အဆက်မပြတ် တိုးမြှင့်သွားစေသည်။

ရှုကျိချူးသည်တော့ လျောင်ဖန်းနောက်သို့ လိုက်ရန် ရွေးချယ်လိုက်ပြီး ယုမင်ဓားသိုင်းကို နက်နဲစွာ ဆင်ခြင်နားလည်နိုင်ရန် ကြိုးစားလိုက်သည်။

ပုံရိပ်ယောင်ထဲ ကျရောက်နေကြသော ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တခြားတပည့်များသည်တော့ ကိုယ်မှန်သည်ထင်သော လမ်းကြောင်းကို ရွေးချယ်လိုက်ကြပြီး ယုမင်ဓားဂိုဏ်း၏ ဖွင့်ဖြိုးတိုးတတ်ရေးအတွက် အင်တိုက်အားတိုက် ကြိုးစားလိုက်ကြသည်။

ထိုတပည့်များက ဝိညာဉ်ကို မထိန်းချုပ်နိုင်ကြတော့လေရာ သူတို့ကိုယ်သူတို့ ယုမင်ဓားဂိုဏ်း၏ ဂိုဏ်းသားများအဖြစ် ယုံကြည်နေကြသည်။ ဤနေရာက ပုံရိပ်ယောင်တစ်ခုသာဖြစ်ကြောင်း သူတို့မမှတ်မိကြတော့ချေ။

ဤနေရာမှာ သူတို့ရရှိထားသော ကျင့်ကြံခြင်းစွမ်းအားက ပုံရိပ်ယောင်သာဖြစ်သော်လည်း အတွေ့အကြုံများက သူတို့၏ စိတ်ထဲမှာ စွဲမြဲနေလိမ့်မည်။

သို့သော် သူတို့၏ သေခြင်းရှင်ခြင်းအခက်အခဲများက အစစ်အမှန်ဖြစ်သည်။ သို့ဖြစ်၍ ဤနေရာမှာ အသက်ဆုံးရှုံးသွားကြမည့် လူများက အမှန်တကယ် သေဆုံးသွားကြလိမ့်မည်။

ပုံရိပ်ယောင်ထဲမှ အသက်ရှင်လျက် ပြန်လွတ်မြောက်လာမည့် လူများသည်တော့ နှစ်ပေါင်းတစ်ရာ ကျင့်ကြံခြင်းအတွေ့အကြုံများကို ပိုင်ဆိုင်သွားကြလိမ့်မည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များအတွက်တော့ ထိုအတွေ့အကြုံများက တန်ဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည်။

ပုံရိပ်ယောင်လောကထဲသို့ ဝင်ရောက်သွားသူများကြားထဲတွင် ဟန်မူယဲ့က တိတ်တဆိတ် လမ်းလျှောက်နေသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း နှစ်ပေါင်းများစွာ ကုန်ဆုံးသွား၏။

သူက ထိုပုံရိပ်ယောင်ထဲမှ အရာအားလုံးကို ထွင်းဖောက်မြင်သွားသည်။

ထို့ပြင် ပုံရိပ်ယောင်ထဲမှာ သူမြင်တွေ့နေရသော အရာအားလုံးက သူ့ကိုယ်ပိုင် ဉာဏ်အလင်းများအဖြစ် ပြောင်းလဲသွားသည်။

“ ဟား ဟား… ဂျူနီယာညီလေးဟန်… ဒီနေ့ စန်းရွှမ်ဓားဂိုဏ်းကို ငါဝင်ရောက်စီးနင်းခဲ့တယ်… ရော့ ဒီမှာ စန်းရွှမ်ဓားသိုင်း… အဲ့ဒါကို မင်းအတွက် ငါမိတ္တူယူလာတယ် ”

ဝမ်ကျန်းဟိုင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မိတ္တူတစ်စုံကို ပစ်ပေးလိုက်သည်။

ပုံရိပ်ယောင်လောကထဲတွင် နှစ်ပေါင်းတစ်ရာ ကုန်ဆုံးသွားသည်။

ဤအတောအတွင်းမှာ ဟန်မူယဲ့က ဝမ်ကျန်းဟိုင်၏ တိုက်ပွဲများထဲမှာ မပါဝင်ခဲ့သော်လည်း ဝမ်ကျန်းဟိုင်ပေးသော ဓားတာအိုအမွေအနှစ်များကို တစ်ခါမှ မငြင်းဆန်ခဲ့ပေ။

ဝမ်ကျန်းဟိုင်သည် တိုက်ပွဲမှ ပြန်ရောက်လာသည့်အခါတိုင်း တခြားဂိုဏ်းများ၏ ဓားတာအိုအမွေအနှစ်များကို ဟန်မူယဲ့ထံသို့ မိတ္တူတစ်စုံ ပေးလိမ့်မည်။

ဟန်မူယဲ့သည် ထိုဓားတာအိုအမွေအနှစ်များကို ဆင်ခြင်သုံးသပ်ပြီးနောက် သူရရှိလာသော ဉာဏ်အလင်းများကို ယုမင်ဓားသိုင်း၏ ဓားကွက်များထဲသို့ ပေါင်းထည့်လိုက်သည်။ ထို့နောက် သူက ယင်းတို့ကို ဝမ်ကျန်းဟိုင်ထံသို့ ပြန်ပေးလိမ့်မည်။

ထိုဓားနည်းစနစ်များသည် ဝမ်ကျန်းဟိုင်၏ ဓားကျင့်ကြံခြင်းကို သိသာစွာ တိုးမြှင့်ပေးသည်။ သို့ဖြစ်၍ သူ၏ တိုက်ပွဲစွမ်းအားက အလွန်မြန်ဆန်စွာ တိုးတတ်သွားသည်။

ထိုသို့လုပ်ဆောင်နေစဉ်အတွင်း ဝမ်ကျန်းဟိုင်နှင့် ဟန်မူယဲ့ကြားမှ ဆက်ဆံရေးက ပိုပြီးနီးကပ်လာသည်။

“ ဘာမှစိတ်မပူပါနဲ့… ဆယ်ရက်အတွင်း ဒီဓားသိုင်းကို အပြည့်အဝ တတ်မြောက်အောင် ငါဆင်ခြင်သုံးသပ်မယ် ”

ဟန်မူယဲ့က ဓားသိုင်းမိတ္တူကို လက်ခံလိုက်ပြီး လေးနက်စွာ ပြောသည်။

ဝမ်ကျန်းဟိုင်က ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး အဝေးသို့ ပြေးထွက်သွားသည်။

တခြားတပည့်များက ဟန်မူယဲ့ကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏ အမြင်တွင် ဟန်မူယဲ့က ယုမင်ဓားဂိုဏ်းထဲမှာ ပါရမီအရှိဆုံးနှင့် ဉာဏ်အကောင်းဆုံးတပည့် ဖြစ်သည်။

ဓားနည်းစနစ်များကို ဆင်ခြင်သုံးသပ်ခြင်းတွင် ဟန်မူယဲ့ကို မည်သူမှ မယှဉ်ပြိုင်နိုင်ပေ။

ဟန်မူယဲ့က သူ၏ လက်ထဲမှာ စန်းရွှမ်ဓားသိုင်းမိတ္တူကို ဖမ်းဆုပ်လိုက်ပြီး လမ်းလျှောက်လိုက်သည်။ သူက လမ်းလျှောက်နေရင်း စန်းရွှမ်ဓားသိုင်း၏ စာမျက်နှာများကို လှန်ဖတ်လိုက်သည်။

တောင်ထွတ်ပေါ်မှ ခန်းဆောင်အရှေ့သို့ သူရောက်ရှိသွားသည့်အချိန်မှာ စန်းရွှမ်ဓားသိုင်းနှင့်ပတ်သက်သော အရာအားလုံးကို အပြည့်အဝ သူနားလည်သဘောပေါက်သွားသည်။

“ ဝှီး ”

ဓားတစ်လက်က သူ၏ အရှေ့သို့ ကျဆင်းလာသည်။

ဟန်မူယဲ့က သာမန်ကာလျှံကာ လက်ဝှေ့ယမ်းလိုက်လေရာ ဓားအလင်းတစ်ခုက ဓားဖျားနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

ဓားအလင်းက ထွန်းလင်းတောက်ပသွားပြီး ရောင်စဉ်သုံးမျိုးကို ထုတ်လွှတ်လိုက်သည်။

“ စန်းရွှမ်ဓားဝင်္ကပါ ”

“ မင်း အဲ့လောက်မြန်မြန် နားလည်သွားတာလား ”

လျောင်ဖန်းက ဓားကို ဝှေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူ၏ မျက်လုံးက အံ့ဩမှုကြောင့် ပြူးကျယ်နေသည်။ သူ၏ ဓားက လေကို ဖြတ်သန်းသွားပြီး ရောင်စဉ်တန်းသုံးခုကို ဖျက်ဆီးပစ်လိုက်သည်။

ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်သည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဓားအလင်းက ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။ သူ၏ ဓားချက်တိုင်းမှာ ရောင်စဉ်တန်းများက ထွက်ပေါ်လာသည်။

လျောင်ဖန်း၏ ဓားသည်လည်း အားမနည်းချေ။ သူ၏ ဓားသွားက ရောင်စဉ်တန်းများကြားထဲမှာ လင်းလက်တောက်ပနေသည်။

ဘေးပတ်ဝန်းကျင်မှ ဂိုဏ်းတပည့်များက ခေါင်းမော့လိုက်ကြသည်။ အံ့ဩသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ စီနီယာအကိုလျောင်ဖန်းရဲ့ ကျင့်ကြံခြင်းက ပိုပြီးနက်ရှိုင်းလာပြီ ”

“ သူ့ရဲ့ ဓားသိုင်းက ဒီအဆင့်ထိ ရောက်နေပြီဆိုတော့ ယုမင်ဓားသိုင်းကို (၈)ကွက်ထိ သူဆင်ခြင်သုံးသပ်နိုင်ပြီထင်တယ် ”

“ (၈)ကွက်လား… အရင်တစ်ခေါက်တုန်းက သတ္တမမြောက်ဓားကွက်ကို သူဖန်တီးခဲ့တာ လွန်ခဲ့တဲ့ နှစ်နှစ်ကမလား… သူက နှစ်နှစ်တည်းနဲ့ နောက်ထပ် ဓားတစ်ကွက်ကို ဆင်ခြင်သုံးသပ်နိုင်ခဲ့တာလား ”

လူတိုင်းထံမှ အကြည့်က လျောင်ဖန်း၏ ဓားအလင်းပေါ်သို့ ကျရောက်သွားသည်။ ချီးကျူးလေးစားသော အရိပ်အမြွက်က သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ထိုသို့ဓားသိုင်းဖလှယ်မှုက သူတို့အတွက် ရှားပါးအခွင့်အရေးတစ်ခု ဖြစ်သည်။

“ စီနီယာအကိုဟန်က တကယ့် ဓားပါရမီရှင်ပဲ… ”

ထိုစကားကို မည်သူက ပြောလိုက်မှန်း မသိရပေ။

သို့သော်လည်း ဘေးပတ်ဝန်းကျင်မှ လူတိုင်းက သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်သည်။

ယုမင်ဓားဂိုဏ်းထဲဝယ် နေရာအနှံ့မှ ဓားတာအိုအမွေအနှစ်များကို လိုက်လုယက်နေသော ဝမ်ကျန်းဟိုင်မှလွဲလျှင် ဟန်မူယဲ့တစ်ယောက်တည်းကသာ လျောင်ဖန်းကို ယှဉ်ပြိုင်နိုင်သည်။

ထို့ပြင် ဟန်မူယဲ့က လျောင်ဖန်းကဲ့သို့ ယုမင်ဓားသိုင်းကို ဆင်ခြင်သုံးသပ်ခြင်းမပြုလုပ်သလို ဝမ်ကျန်းဟိုင်ကဲ့သို့ တိုက်ပွဲများဖြင့်လည်း လက်ရည်မသွေးပေ။ သူက ဂိုဏ်းအတွင်းမှာ တိတ်ဆိတ်အေးချမ်းစွာ ကျင့်ကြံသည်။

သို့တိုင် သူက ဂိုဏ်းထဲမှ အသန်မာဆုံး တပည့်နှစ်ယောက်နှင့် တိုက်ခိုက်နိုင်ပေသည်။ သို့ဖြစ်လေရာ မည်သူက သူ့ကို မနာလိုဘဲ နေမည်နည်း။

ကျင့်ကြံခြင်းလမ်းစဉ်က ခါးသီးသော ခရီးလမ်းဖြစ်ကြောင်း လူတိုင်းနားလည်ကြသည်။

“ ထန် ”

ဓားနှစ်လက် ထိခတ်သွားသည့်အခါ ဓားအလင်းက အက်ကွဲသွားသည်။

ဟန်မူယဲ့က လက်ထဲမှ ဓားနှင့်အတူ အရှေ့သို့ ချီတတ်လိုက်သည်။

အခြားတစ်ဖက်မှာတော့ လျောင်ဖန်းက တည်ကြည်လေးနက်သော အမူအရာဖြင့် ခေါင်းခါလိုက်သည်။

“ ကြည့်ရတာ ငါဆင်ခြင်နားလည်ထားတဲ့ အဌမဓားကွက်က မှားယွင်းနေတဲ့ပုံပဲ… မဟုတ်ရင် ငါ့ရဲ့ အဌမဓားကွက်က စန်းရွှမ်ဓားဝင်္ကပါကို မကျော်ဖြတ်နိုင်စရာ ဘာအကြောင်းမှမရှိဘူး ”

“ ဂျူနီယာညီလေးဟန်… ငါ့ရဲ့ အဌမဓားကွက်က ဘယ်နေရာမှာ မှားနေလဲဆိုတာ မင်းကူကြည့်ပေးပါဦး ”

ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လျောင်ဖန်းနှင့်အတူ ခန်းဆောင်ထဲသို့ လျှောက်သွားသည်။

…..

ဆယ်နှစ်ကြာပြီးနောက်… ။

အနှစ်တစ်ရာကြာပြီးနောက်… ။

ဝမ်ကျန်းဟိုင်နှင့် တခြားတပည့်များ၏ ဦးဆောင်မှုအောက်မှာ ယုမင်ဓားဂိုဏ်းက အချင်းမိုင်သုံးသန်းဧရိယာကို လွှမ်းမိုးခြယ်လှယ်နိုင်သွားသည်။

ဝမ်ကျန်းဟိုင်၏ ကျင့်ကြံခြင်းက စကြာဝဠာအဆင့်၏ အထက်သို့ တတ်လှမ်းသွားပြီး သူက ယင်ယန်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လာသည်။ ယခု သူက သေခြင်းရှင်ခြင်းအဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။

ထိုသို့ကျင့်ကြံခြင်းအဆင့်က အချင်းမိုင်တစ်သန်းဧရိယာထဲမှာ ပြိုင်ဘက်ကင်းပေသည်။

ယုမင်ဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သော ကျူးယွင်ရှုသည်ပင် သေခြင်းရှင်ခြင်းအဆင့်မှာသာ ဖြစ်၏။

ဝမ်ကျန်းဟိုင်၏ ကျင့်ကြံခြင်းက မည်မျှမြင့်မားပြီး သူ၏ တိုက်ပွဲစွမ်းအားက မည်မျှအားကောင်းပါစေ လျောင်ဖန်းကို အပြတ်အသတ် အနိုင်ယူရန် မဖြစ်နိုင်သေးပေ။

ယုမင်ဓားသိုင်းကို (၁၂)ကွက်အထိ တိုးမြှင့်နိုင်ပြီးနောက် လျောင်ဖန်း၏ တိုက်ပွဲစွမ်းအားက သေခြင်းရှင်ခြင်းအဆင့်ထိ မြင့်တတ်သွားသည်။

သူက ဤနှစ်များမှာ သေခြင်းရှင်ခြင်းအဆင့် ပညာရှင်များကို စိန်ခေါ်ရန် ခရီးထွက်သွားခဲ့သည်။ ထို့နောက် သူက တစ်ပွဲမှ မရှုံးနိမ့်ဘဲ ပြန်လာနိုင်ခဲ့သည်။

ထိုသို့အောင်မြင်မှုမှတ်တမ်းကြောင့် ယုမင်ဓားဂိုဏ်း၏ အမွေအနှစ်က တစ်ဟုန်ထိုး နာမည်ကျော်ကြားသွားသည်။

သေခြင်းရှင်ခြင်းအဆင့် ပညာရှင်များကို လိုက်စိန်ခေါ်သော ဂုဏ်သတင်းက ဝမ်ကျန်းဟိုင်၏ တိုက်ပွဲမှတ်တမ်းများထက် သာလွန်သွားသည်။

“ ဒေါင် ”

“ ဒေါင် ”

“ ဒေါင် ”

ခေါင်းလောင်းမြည်သံက ယုမင်ဓားဂိုဏ်း၏ အဓိကခန်းဆောင်ထံမှ ပဲ့တင်ထပ်လာသည်။

ပုံရိပ်အများအပြားက အဓိကခန်းဆောင်ဆီသို့ မြန်ဆန်စွာ ရောက်လာကြသည်။

အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဟန်မူယဲ့က လိပ်ပြာတစ်ကောင်နှယ် မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်သည်။

အခြားတစ်ဖက်တွင်တော့ လူသတ်အရှိန်အဝါဖြင့် ဖုံးလွှမ်းနေသော ဝမ်ကျန်းဟိုင်က အရှေ့သို့ အမြန်လျှောက်လာသည်။

“ စီနီယာအကိုဝမ် ”

“ စီနီယာအကိုဝမ်ကို အရိုအသေပေးပါတယ် ”

“ ကျုပ်တို့တွေ စီနီယာအကိုဝမ်ကို နှုတ်ဆက်ပါတယ် ”

ဘေးပတ်ဝန်းကျင်တွင် အဆုံးမဲ့သော အော်ဟစ်ချီးမြှောက်သံများက ပဲ့တင်ထပ်သွားသည်။

ဝမ်ကျန်းဟိုင်၏ ဂုဏ်သတင်းသည် တပည့်များကြားတွင် သတ်ဖြတ်ခြင်းဖြင့် နာမည်ကျော်ကြားသည်။ ထို့ကြောင့် ဂိုဏ်းထဲမှ တပည့်များ၏ အမြင်တွင် သေခြင်းရှင်ခြင်းအဆင့် ပညာရှင်များကို စိန်ခေါ်တိုက်ခိုက်ခဲ့သော လျောင်ဖန်း၏ ဂုဏ်သတင်းထက် ဝမ်ကျန်းဟိုင်၏ ဂုဏ်အရှိန်အဝါက ပိုပြီးစစ်မှန်သည်။

တပည့်အများစုက ဝမ်ကျန်းဟိုင်ကို ကြောက်ရွံ့ရိုသေကြသည်။

ဝမ်ကျန်းဟိုင်က ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး ဟန်မူယဲ့၏ ဘေးသို့ လျှောက်သွားသည်။

“ ဂျူနီယာညီလေးဟန်… ဝူယွဲ့ဓားသိုင်းကို မင်းဆင်ခြင်သုံးသပ်တာ ဘယ်လိုအခြေအနေရှိပြီလဲ… ငါ ဝူယွဲ့ဓားဂိုဏ်းကို တိုက်ခိုက်တာ သုံးကြိမ်ရှိသွားပြီ… ဒါပေမဲ့ တစ်ခါမှ ဝူယွဲ့ဓားဂိုဏ်းရဲ့ ဂိတ်တံခါးကို ငါမချိုးဖြတ်နိုင်ခဲ့ဘူး… ဝူယွဲ့ဓားဂိုဏ်းရဲ့ အမွေအနှစ်က ဘာထူးခြားလဲ ငါ့ကို တစ်ချက်လောက် ကူကြည့်ပေးစမ်းပါ ”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ယင်းကို မြင်သောအခါ ဝမ်ကျန်းဟိုင်က ဝမ်းသာပျော်ရွှင်သွားသည်။

ဟန်မူယဲ့သာ ကူညီမည်ဆိုလျှင် မည်သည့်ဓားတာအိုပြဿနာကမှ သူတို့ကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်ချေ။

တစ်ခဏကြာပြီးနောက် ဂိုဏ်းခေါင်းဆောင်ကျူးယွင်ရှုက အဓိကခန်းဆောင်၏ အရှေ့မှာ ထွက်ပေါ်လာသည်။

လူတိုင်းက တိတ်တဆိတ် မတ်တတ်ရပ်လိုက်ကြသည်။

“ စီနီယာအကိုလျောင်ဖန်းက ဘယ်မှာလဲ ”

“ အမ်… စီနီယာအကိုလျောင်ဖန်းက ဒီနေ့ မလာဘူးလား ”

တီးတိုးစကားသံများက ဘေးပတ်ဝန်းကျင်မှာ ပျံ့လွင့်သွားသည်။

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး အဝေးမှ ခန်းဆောင်ဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုခန်းဆောင်က လျောင်ဖန်းတံခါးပိတ်ကျင့်ကြံသော နေရာဖြစ်သည်။ ဤအခိုက်အတန့်မှာ ဓားအလင်းများက ပင်လယ်လှိုင်းလုံးများသဖွယ် ထိုခန်းဆောင်ထဲမှ ထွက်ပေါ်လာသည်။

ယုမင်ဓားကွက်(၁၃)ကွက်က မကြာခင် ပြည့်စုံတော့မည်။

ဝမ်ကျန်းဟိုင်က ခေါင်းလှည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တိုက်ပွဲစိတ်ဆန္ဒ ထွက်ပေါ်လာသည်။

သူက ဓားကွက်(၁၃)ကွက်ကို လျောင်ရှီစန်း ပြီးမြောက်သွားသည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။

သို့မဟုတ်လျှင် သူတို့ကြားမှ တိုက်ပွဲက မည်သို့စိတ်ဝင်စားဖွယ်ကောင်းတော့မည်နည်း။

All Chapters