← Chapters

အခန်း (၁၆၀၀)

Vol. 115 Ch. 1600

အခန်း (၁၆၀၀)

Vol. 115 Ch. 1600

အတွေ့အကြုံရှာခြင်း… ။

သေခြင်းရှင်ခြင်းက ကိုယ့်ရဲ့ လက်ထဲမှာ… ။

ဟန်မူယဲ့ထံမှ ထိုစကားကို ကြားသောအခါ ဓားပျိုးထောင်ခြင်းတဲအိမ်၏ အရှေ့မှ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားသည်။

တချို့က အံ့ဩသွားကြပြီး တချို့က ဝမ်းသာသွားကြသည်။

တချို့သည်တော့ တုန်လှုပ်ချောက်ချားသွားကြသည်။

ရှုကျိချူးက ရှုဖုန်းယန် မတ်တတ်ရပ်နေသော နေရာသို့ လှမ်းကြည့်လိုက်သည်။ တိုက်ပွဲစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အခြားတစ်ဖက်မှာတော့ ဓားရူးကောင်အမည်ရသော ရှုဖုန်းယန်က ဟန်မူယဲ့ကို ကြည့်လိုက်လေရာ ခန္ဓာကိုယ်ထဲမှ သွေးက ပွက်ပွက်ဆူသွားသည်။

ဟန်မူယဲ့က လူတိုင်း၏ အမူအရာကို ကြည့်လိုက်သည်။ ထို့နောက် သူက အနောက်လှည့်၍ ဓားပျိုးထောင်ခြင်းတဲအိမ်ထဲသို့ လျှောက်သွားသည်။

ဓားပျိုးထောင်ခြင်းတဲအိမ်ထဲတွင် ဓားများ၏ ပဲ့တင်သံက ဆက်တိုက် ပျံ့လွင့်နေသည်။

ဟန်မူယဲ့၏ အကြည့်က ရှေးကျသော ဓားရှည်တစ်လက်ပေါ်သို့ ကျရောက်သွားသည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး ဓားရိုးကို ဖမ်းဆုပ်လိုက်သည်။

သွေးအနှစ်သာရတချို့က ဓား၏ ကိုယ်ထည်အတွင်းသို့ စီးဝင်သွားသည့်အခါ ဓားက တုန်ယင်သွားသည်။ ထို့နောက် ပုံရိပ်အများအပြားက ဟန်မူယဲ့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် မိုင်သုံးထောင်အကွာမှာ ယုမင်ချောက်နက် တည်ရှိသည်။ အတိတ်မှာ ယုမင်ဓားဂိုဏ်းကို ထိုနေရာမှာ တည်ထောင်ခဲ့သည်။

ယုမင်ဓားဂိုဏ်းက ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲမှာ မပါဝင်သော်လည်း လွန်ခဲ့သော နှစ်တစ်သိန်းတွင် သူတို့၏ အင်အားက ဓားဂိုဏ်း(၃၆)ဂိုဏ်းထက် အားမနည်းပေ။

ယုမင်ဓားဂိုဏ်း၏ အမွေအနှစ်က ယုမင်ဓားကွက်(၁၃)ကွက် ဖြစ်သည်။ ယင်းက ယုမင်ဓားဂိုဏ်း၏ ကြယ်ပျံဓားသိုင်း ဖြစ်သည်။

ယခု ယန်မူယဲ့ကိုင်ထားသော ဓားသည် ယုမင်ဓားဂိုဏ်းမှ အကြီးအကဲတစ်ယောက်၏ ဓားဖြစ်သည်။

ဓားထဲမှာ ပါဝင်နေသော မှတ်ဉာဏ်များထဲတွင် ယုမင်ဓားဂိုဏ်း ဖျက်ဆီးခံခဲ့ရသော အကြောင်းအရင်းလည်း ပါဝင်နေသည်။

လွန်ခဲ့သော နှစ်ခုနစ်သောင်းတွင် သန္ဓေပြောင်းသားရဲများသည် ယုမင်ဓားဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲမှာ သေခြင်းရှင်ခြင်းအဆင့် အစွမ်းထက်ပညာရှင်များက ကိုယ်တိုင်ပါဝင်ခဲ့ကြလေရာ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားတွင် အပြောင်းအလဲများ ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးရလဒ်အနေဖြင့် ယုမင်ဓားဂိုဏ်းက တောင်တန်းများနှင့် ပင်လယ်များထဲသို့ နစ်မြုပ်သွားခဲ့သည်။

ယုမင်ချောက်နက်သည် ယခင်ယုမင်ဓားဂိုဏ်း၏ ဌာနချုပ်ဖြစ်သည်။

ယုမင်ဓားဂိုဏ်းသာ မြေကြီးအောက်ထဲသို့ နစ်မြုပ်သွားခြင်းမဟုတ်ဘဲ သေခြင်းရှင်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်များ၏ ဓားအရိုးများ၊ ဓားများနှင့် သန္ဓေပြောင်းသားရဲများ၏ အလောင်းများသည်လည်း မြေကြီးထဲမှာ နစ်မြုပ်သွားခဲ့ကြသည်။

အကျဉ်းချုပ်ဆိုရသော် ယုမင်ဓားဂိုဏ်း၏ အမွေအနှစ်များနှင့် ရတနာအမျိုးမျိုးက ချောက်နက်ထဲသို့ နစ်မြုပ်သွားခဲ့ကြသည်။

အသက်ရှင်ကျန်ရစ်သော ယုမင်ဂိုဏ်းသားများသည် အကြီးအကဲများ၏ လမ်းညွှန်မှုအောက်မှာ ချောက်နက်ထဲသို့ သွားရောက်နိုင်မည့် လမ်းကြောင်းတစ်ခုကို မျိုးဆက်အစဉ်အဆက် တူးဖော်ခဲ့ကြသည်။

ကံမကောင်းသည်မှာ ထိုသတင်းက အပြင်သို့ ပေါက်ကြားသွားပြီး ဘေးပတ်ဝန်းကျင်မှ ဂိုဏ်းအသီးသီးက ယုမင်ချောက်နက်ဆီသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြသည်။ ယုမင်ဓားဂိုဏ်းသည် လူမျိုးတုန်းသတ်ဖြတ်ခံရမည့်ဘေးကို ရှောင်တိမ်းရန် ချောက်နက်ဆီသို့ ဦးတည်နေသော လမ်းကြောင်းကို ဖျက်ဆီးလိုက်ပြီး တပည့်များကို အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲစေသည်။

ထိုအချိန်မှစ၍ ယုမင်ဓားဂိုဏ်းက အချိန်မြစ်ထဲမှာ ပျောက်ကွယ်သွားသည်။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့က ယုမင်ချောက်နက်ဆီသို့ ဦးတည်သွားရန် ရည်ရွယ်ထားသည်။

ဤဓား၏ မှတ်ဉာဏ်များထဲမှာ ယုမင်ဂိုဏ်း၏ ဘိုးဘေးများ ချန်ထားခဲ့သော လမ်းကြောင်း၏ တည်နေရာလည်း ပါဝင်သည်။

…..

သုံးရက်ကြာပြီးနောက်… ။

ကောင်းကင်အသင်္ချေဓားဂိုဏ်းက တစ်နှစ်ကြာပြီးမှ ဓားများကို ပြန်လည်ရောင်းချမည်ဟု ကြေညာချက်ထုတ်ပြန်လိုက်သည်။ ယင်းက ဂိတ်တံခါးအရှေ့မှာ စုဝေးနေကြသော ကျွမ်းကျင်ပညာရှင်အများစုကို စိတ်ပျက်သွားစေသည်။

သို့သော် မည်သူမှ မကျေနပ်ကြောင်း ထုတ်မပြောဝံ့ကြချေ။

လွန်ခဲ့သော သုံးရက်တွင် ယွင်ထျန်းတာအိုဂိတ်မှ အန္တိမတာအိုအဆင့် ကျွမ်းကျင်ပညာရှင်၏ အော်သံကြောင့် ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှာ ကနဦးမူလအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးရှိနေကြောင်း လူတိုင်း သိထားကြသည်။

သူက ဓားရူးကောင် ရှုထျန်းဖုန်းဖြစ်ကြောင်း ရှုဖုန်းယန်က ဝန်မခံခဲ့သော်လည်း လူတိုင်း၏ အမြင်တွင် ယင်းက အရေးမကြီးပေ။ တစ်ဖက်လူက မိုးကြိုးစာရင်းထဲမှ အစွမ်းထက်ပညာရှင်တစ်ယောက်မဟုတ်လျှင်ပင် ကနဦးမူလအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေဆဲပင်။

ယွင်ပြည်နယ်တွင် ကနဦးမူလအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်က နယ်မြေတစ်ခုကို အုပ်ချုပ်ရန် အရည်အချင်းပြည့်မီသည်။

ယခင်က လူတိုင်းတွေးထားကြသည်မှာ ဟန်မူယဲ့က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်သည်။ သို့သော်လည်း ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ စစ်မှန်သော ဝှက်ဖဲကတ်က ကနဦးမူလအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်နေမည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။

သို့ဖြစ်၍ ဂိတ်တံခါးအရှေ့မှ ကျွမ်းကျင်ပညာရှင်များသည် နာခံစွာ ထွက်သွားကြသည်။

ထိုစဉ် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်တစ်ထောင်ကျော်သည် ဟန်မူယဲ့၏ ဦးဆောင်မှုအောက်မှာ အနောက်အရပ်သို့ ဦးတည်သွားနေကြသည်။

ထိုတပည့်တစ်ထောင်ထဲတွင် လက်တလောမှ ဂိုဏ်းထဲသို့ ဝင်ရောက်လာကြသော အစွမ်းထက်ကျင့်ကြံသူများသာမက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တောင်ထွတ်အသီးသီးမှ လက်ရွေးစင်တပည့်များလည်း ပါဝင်ကြသည်။

ဓားပျိုးထောင်ခြင်းတဲအိမ်၏ အပြောင်းအလဲကို အပြင်လူများက မသိနိုင်သော်လည်း တောင်ထွတ်အသီးသီးမှ တောင်ထွတ်အရှင်သခင်များနှင့် အကြီးအကဲများက ရှင်းလင်းစွာ မြင်နိုင်ကြသည်။

အတိတ်မှာ တာအိုဝင်ရောက်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်များက ဂိုဏ်းထဲမှာ ဩဇာအာဏာကြီးမားခဲ့ကြသည်။ သို့သော်လည်း လက်ရှိ ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲတွင် သူတို့က စကားပြောရန်ပင် ဘောင်မဝင်ကြတော့ချေ။

ဓားပျိုးထောင်ခြင်းတဲအိမ်၏ အရှေ့မှာ အခြေချနေထိုင်ကြသော လူများထဲတွင် တာအိုချိုးဖြတ်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်များက ဒါဇင်ခန့် ရှိကြသည်။

ဓားရောင်းချခြင်းက ဂိုဏ်း၏ အမွေအနှစ်ကို ကုန်ဆုံးစေသည်ဆိုလျှင်ပင် ယင်းက အစွမ်းထက်ကျွမ်းကျင်သူများကို ဂိုဏ်းထဲသို့ ဆွဲခေါ်နိုင်ခဲ့သည်။ ထို့ပြင် ဓားများက သက်မဲ့အရင်းအမြစ်များဖြစ်ပြီး လူပုဂ္ဂိုလ်များက သက်ရှိအရင်းအမြစ်များ ဖြစ်ကြသည်။

သို့ဖြစ်၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှ တောင်ထွတ်အသီးသီး၏ စုပေါင်းအင်အားက ဓားပျိုးထောင်ခြင်းတဲအိမ်အရှေ့မှ လူများ၏ ဆယ်ပုံတစ်ပုံကိုပင် မယှဉ်ပြိုင်နိုင်ပေ။ အရေးကြီးသည်မှာ ထိုလူများက ဟန်မူယဲ့၏ စကားကိုသာ နာခံကြသည်။

ထို့ကြောင့် တောင်ထွတ်အသီးသီးမှ တောင်ထွတ်အရှင်သခင်များနှင့် အကြီးအကဲများသည် ဟန်မူယဲ့၏ စကားကို နာခံရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိကြချေ။

လူတစ်ထောင်ပါဝင်သော စစ်တပ်သည် မိုင်သုံးထောင်အကွာအဝေးကို ခရီးနှင်ပြီးနောက် တောင်တန်းဒေသတစ်ခု၏ အရှေ့မှာ ရပ်လိုက်ကြသည်။

ထိုနေရာတွင် တောင်ကုန်းများက သိပ်မမြင့်မားကြချေ။ အစိမ်းရောင်ကျောက်တုံးကြီးများ၊ မင်ရည်ကဲ့သို့ နက်မှောင်သော ကျောက်နံရံများနှင့် ထင်းရှုးပင်များကို နေရာတိုင်းမှာ မြင်တွေ့နိုင်သည်။

မဟာပန်သွန်ဘုံတွင် အာခီမီပညာရပ်က နာမည်မကျော်ကြားပေ။ ရလဒ်အနေဖြင့် တောင်တန်းများပေါ်မှ ဆေးပင်များနှင့် ဝိညာဉ်အပင်များကို ကျင့်ကြံသူများက လျစ်လျူရှုထားကြသည်။

တောင်တန်းဒေသ၏ အဆုံးသတ်တွင် ပေတစ်ထောင်ကျယ်ပြောသော မြေရိုင်းလွင်ပြင်တစ်ခု ရှိသည်။ ထိုနေရာတွင် မိုင်သုံးရာနက်သော ချောက်နက်တစ်ခု ရှိသည်။

ချောက်နက်သည် အောက်ခြေမဲ့ဟန်ရပြီး ထူထဲသော မြူခိုးထုကို အမြဲတမ်း ထုတ်လွှတ်နေသည်။

ချောက်နက်ထဲမှ ထွက်ပေါ်နေသော သွေးချီအနှစ်သာရ သိပ်သည်းမှုကို မိုင်ပေါင်းဒါဇင်ခန့် အဝေးမှပင် အာရုံခံနိုင်ပေသည်။

“ အဲ့ဒါ ယုမင်ချောက်နက်ပဲ ”

“ ယုမင်ချောက်နက်က သန္ဓေပြောင်းသားရဲတွေကို ချိပ်ပိတ်ထားတဲ့နေရာလို့ ပြောကြတယ်… အတိတ်မှာ သန္ဓေပြောင်းသားရဲတွေကို ချိပ်ပိတ်ဖို့ ကျွမ်းကျင်ပညာရှင်အများအပြားက အသက်စတေးခဲ့ကြတယ် ”

“ ဂိုဏ်းခေါင်းဆောင်က ဘာလို့ ငါတို့ကို ဒီနေရာဆီ ခေါ်လာတာလဲ… ယုမင်ချောက်နက်က ဒီနယ်တစ်ဝိုက်မှာ တားမြစ်နယ်မြေတစ်ခုပဲ ”

လူအများအပြားက တီးတိုးရေရွတ်လိုက်လေရာ စိုးရိမ်ကြောင့်ကြသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ယုမင်ချောက်နက်က အလွန်အန္တရာယ်များသောနေရာ ဖြစ်သည်။

တာအိုရှာဖွေခြင်းအဆင့်နှင့် တာအိုဝင်ရောက်ခြင်းအဆင့် ကျင့်ကြံသူများကို မဆိုထားနှင့် တာအိုချိုးဖြတ်ခြင်းအဆင့်နှင့် တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူများသည်ပင် သူတို့၏ အသက်ကို ဆုံးရှုံးသွားနိုင်သည်။

“ ဆရာ… ကျုပ်တို့တွေ ယုမင်ချောက်နက်ဆီ ဝင်ကြမှာလား ”

ရှုဖုန်းယန်က အရှေ့သို့ လှမ်းကြည့်လိုက်သည်။ တည်ကြည်လေးနက်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အဲ့ဒီနေရာမှာ မိုးမြေအတားအဆီးရှိတယ်ဆိုတာ ကျုပ်အာရုံခံနိုင်တယ်… သေခြင်းရှင်ခြင်းအဆင့် စွမ်းအားမရှိရင် အဲ့ဒီအတားအဆီးကို ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး ”

အတားအဆီးဟူသည် မဟာပန်သွန်ဘုံ၏ မိုးမြေစွမ်းအားမှ အသွင်ပြောင်းလဲသွားသော ပုံရိပ်ယောင်စွမ်းအားဖြစ်သည်။

တစ်နည်းဆိုရသော် မဟာပန်သွန်ဘုံ၏ မူလစွမ်းအားက ဧရိယာတစ်ခုကို ကာကွယ်ပေးထားခြင်း ဖြစ်သည်။

မဟာပန်သွန်ဘုံ၏ အစွမ်းထက်ဆုံး အတားအဆီးသည် ဘုံတစ်ခုလုံးကို ကာကွယ်ပေးထားသော မိုးမြေအတားအဆီး ဖြစ်သည်။

“ သေခြင်းရှင်ခြင်းအဆင့်လား ”

ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် စွမ်းအားနဲ့တောင် အဲ့ဒါကို မဖွင့်နိုင်ဘူး ”

ထိုအတားအဆီးသည် သေခြင်းရှင်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်ရာပေါင်းများစွာနှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် ကျွမ်းကျင်ပညာရှင်ဒါဇင်ခန့်တို့ အတူပူးပေါင်းပြီး ချိပ်ပိတ်ထားသောအရာ ဖြစ်သည်။

ထိုသို့အတားအဆီးကို ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အထက်အဆင့်မှ ပုဂ္ဂိုလ်များသာ ဖွင့်လှစ်နိုင်ပေသည်။

သို့သော် အတားအဆီးကို ချိုးဖြတ်ခြင်းသည် ယုမင်ချောက်နက်၏ ကမ္မတစ်ခုလုံးကို ယူဆောင်လိုက်ခြင်းနှင့် မခြားပေ။

“ သွားကြစို့ ”

ဟန်မူယဲ့က ဘေးဘီကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ဆက်လျှောက်သွားသည်။

အရှေ့သို့ သူလျှောက်သွားနေစဉ် ဝေဝါးသော အလင်းစီးကြောင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ စတင်ပေါ်လျှိုးလာသည်။

တိုးညင်းသော ဓားမြည်သံက ထိုအလင်းစီးကြောင်းထဲမှ ထွက်ပေါ်လာသည်။

ဓားအလင်းတန်းတစ်ခုက ဟန်မူယဲ့၏ လက်ထဲမှ ပျံသန်းထွက်သွားပြီး အေးစက်ထက်ရှသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

“ ဝီး ”

သူ့အရှေ့မှ မြူခိုးထုက ရုတ်တရက် ပြိုကွဲသွားပြီး လွင့်ပြယ်သွားသည်။

နောက်အခိုက်အတန့်မှာ ရှည်လျားသော လမ်းကြောင်းတစ်ခုက ပေါ်လျှိုးလာသည်။

“ အဲ့ဒါ ယုမင်ဓားဂိုဏ်းရဲ့ အမွေအနှစ် ”

ရှုဖုန်းယန်က အံ့အားသင့်စွာ ပြောသည်။

ယုမင်ဓားဂိုဏ်း၏ အမွေအနှစ်သာလျှင် ဘေးပတ်ဝန်းကျင်မှ မိုးမြေ၏ အပြောင်းအလဲများကို လှုံ့ဆော်နိုင်လိမ့်မည်။

ဟန်မူယဲ့က လမ်းကြောင်းပေါ်သို့ ခြေချလိုက်သည်။ သူ၏ လက်ထဲမှ ဓားအလင်းက လှုပ်ယမ်းသွားသည်။

ဓားအလင်းက သူ၏ ဆန္ဒအတိုင်း မနှေးလွန်း မမြန်လွန်း ရွေ့လျားသွားသည်။ ဓားအလင်း လှုပ်ရှားသွားသည့်အခါတိုင်း ဘေးပတ်ဝန်းကျင်မှ မိုးမြေက တုန်ယင်သွားပြီး အလင်းရောင်က ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။

“ ယုမင်ဓားကွက်(၁၃)ကွက်… ”

ရှုကျိချူးက နူးညံ့စွာ‌ ရေရွတ်လိုက်သည်။

ဒဏ္ဍာရီအရ ယုမင်ဓားကွက်(၁၃)ကွက်သည် ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ အမွေအနှစ်ထက် မလျော့သော အစွမ်းထက်ဓားတာအိုအမွေအနှစ် ဖြစ်သည်။

တစ်စုံတစ်ယောက်က ယုမင်ဓားကွက်(၁၀)ကွက်ကို တတ်ကျွမ်းသွားမည်ဆိုလျှင် မိုးမြေကို ဖွင့်လှစ်နိုင်ပြီး ကိုယ်ပိုင်စကြာဝဠာတစ်ခုကို ဖွဲ့စည်းနိုင်လိမ့်မည်။ နောက်ဆုံးဓားကွက်(၃)ကွက်ကိုတော့ ဓားတာအိုတွင် အထူးပါရမီရှိသော ပုဂ္ဂိုလ်များသာလျှင် ဆင်ခြင်နားလည်နိုင်ကြသည်။

“ ရွှတ် ”

ဟန်မူယဲ့၏ လက်ထဲမှ ဓားအလင်းက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး သူ့အရှေ့မှ မြူခိုးထုကို ပိုင်းဖြတ်လိုက်သည်။

မြူခိုးထုက အလယ်မှ ပိုင်းဖြတ်ခံလိုက်ရပြီး ရေတံခွန်ပမာ ကွဲထွက်သွားသည်။ ထိုအခါ ဂိတ်တံခါးတစ်ခုက မြူခိုးထုထဲမှ ထွက်ပေါ်လာသည်။

ကြီးမြတ်သော အရှိန်အဝါနှင့် လွှမ်းမိုးဖိနှိပ်သော တည်ရှိမှုအငွေ့က ဂိတ်တံခါးထံမှ ချက်ချင်း ထွက်ပေါ်လာသည်။

ဂိတ်တံခါးထဲမှ ထွက်ပေါ်လာသော အော်သံများနှင့် ဟိန်းဟောက်သံများကြောင့် လူတိုင်းက ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားကြသည်။

“ ဓားတစ်လက်နဲ့ ကောင်းကင်ဘုံကို ဖွင့်လှစ်နိုင်တယ်… ဆရာရဲ့ ဓားတာအိုစွမ်းအားက ဘယ်လောက်တောင် သန်မာတာလဲ ”

ရှုဖုန်းယန်က သူ့အရှေ့မှ ဂိတ်တံခါးကို စိုက်ကြည့်လိုက်ပြီး လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ အခြားတစ်ဖက်တွင်တော့ တာအိုချိုးဖြတ်ခြင်းအဆင့် တပည့်များက ထိုဓားကွက်ကြောင့် အံ့ဩသွားကြသည်။

ထိုသို့ဓားကွက်သည် တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ထုတ်လွှတ်နိုင်သောအရာ မဟုတ်ပေ။

ဖြစ်နိုင်သည်မှာ သူတို့၏ ဂိုဏ်းခေါင်းဆောင်က ကနဦးမူလအဆင့် ကျင့်ကြံသူလော။

သို့ဆိုလျှင် သူတို့၏ ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှာ ကနဦးမူလအဆင့် ကျင့်ကြံသူနှစ်ယောက် ရှိနေသည်လော။

“ ဂိုဏ်းခေါင်းဆောင်… အဲ့ဒီဓားကွက်က…”

ရှုကျိချူးက စူးစမ်းလိုသော အမူအရာဖြင့် တိုးညင်းစွာ ပြောသည်။

ဟန်မူယဲ့က အနောက်လှည့်လိုက်ပြီး မထူးမခြားနား ပြောသည်။

“ ဒသမမြောက်ဓားကွက် ”

ယုမင်ဓားကွက်(၁၃)ကွက်ထဲမှ ဒသမမြောက်ဓားကွက်… ။

ထိုဓားကွက်က ကိုယ်ပိုင်စကြာဝဠာကို ဖွဲ့စည်းနိုင်သော အစွမ်းထက်ဓားကွက် ဖြစ်သည်။

ရှုကျိချူးက နေရာမှာ အံ့ဩစွာ ရပ်နေမိသည်။

ဟန်မူယဲ့၏ ကျင့်ကြံခြင်းအဆင့်က သူထင်မှတ်ထားသကဲ့သို့ ကနဦးမူလအဆင့်မှာ မဟုတ်ပေ။ ယင်းအစား စကြာဝဠာအဆင့်မှာ ဖြစ်သည်။

ဟန်မူယဲ့က ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး ဂိတ်တံခါးထဲသို့ လျှောက်သွားသည်။

သူ့အရှေ့တွင် သုံးပေရှည်လျားသော သန္ဓေပြောင်းသားရဲဆယ်ကောင်က ဟန်မူယဲ့ထံသို့ ခုန်အုပ်လိုက်ကြသည်။

All Chapters