နဖူးစည်း တစ်ခုနဲ့ မင်းတို့ အားလုံးကို ထိုးသတ်မယ်
Vol. 36 Ch. 697
အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းရန် ကြာသော အချိန် နောက်ပိုင်း။
ကျူးကွက် စီရင်စု၏ တစ်ဝက်သည် ကမ္ဘာ ပျက် သည့် အလား ဖြစ်နေသည်။ တစ္ဆေ ဩဘာ အရှိန်အဝါ သည် အလွန် သိပ်သည်းသောကြောင့် ကိုယ့်လက်ကိုပင် ငုံ့ကြည်၍မမြင်နိုင်၊ ကောင်းကင်တွင် မိုးခြိမ်း သံများ မြည်နေပြီး အရိပ်များ အတွင်း၌ ပြင်းထန်သောစွမ်းအားများပြေးလွှားနေကြသည်။ တစ်ခုမှာ ပြင်းထန်လွန်သောယင်စွမ်းအား နှင့် မှောင်မိုက်နေပြီး နောက်တစ်ခုမှာ အမျိုးအမည်သေချာ မသိရသေးသော်လည်း အလွန် အားကောင်းပြီး တန်ခိုး ကြီးမားသည်။
ထိုစွမ်းအားကြီးနှစ်ခုသည် အချင်းချင်း မနှောင့်ယှက်ဘဲ အပြိုင် ပြေးနေသည်။ ဒီလို ထူးဆန်းတဲ့ မြင်ကွင်းနှင့် မရင်းနှီးတဲ့ အရှိန်အဝါဩဘာနှင့်အတူ ကျူးကွက် စီရင်စုတစ်ခုလုံးသည် လောကကြီး၏အဆုံးသတ်သဖွယ် ပြင်းထန်လွန်သောစွမ်းအားများ ဖျက်ဆီးမှုအောက်တွင်ပြားပြားဝတ်နေသည်
ထိုဒေသမှ နတ်ဆိုးတွေအတွက်တော့ဒီ ကမ္ဘာ ပျက်တော့မလိုဖြစ်နေသောနယ် မြေမှ အရူး တွေ့လို ထွက်ပြေးဖို့ တွန်းအား ပေးခဲ့သည်။ သူတို့၏ စိတ်ထဲမှာ အတွေး တစ်ခုသာ ရှိသည်။ သူတို့ ဘယ်ကို ရောက်ရှိသွားခဲ့တာလဲ။ ဒါက နတ်ဆိုး ဘုံ ဟုတ်သေးရဲ့လား။ အင်အားကြီးသူ တစ်ဦးဦးက သူတို့၏ ထူးခြားသော စွမ်းရည်များ သုံးပြီး ကျူးကွက် တိုက်ကို အပြင် လေဟာနယ်အာကာသကောင်းကင်သို့ ပို့လိုက်တာ ဖြစ်နိုင်သလား။
ဖေးချူရှာသည် ဖွဲ့စည်းမှု အစီရင်အလယ်တွင် တစ်ယောက်တည်း ရပ်နေပြီး ဝေးလံသော အရပ်ကို ကြည့်နေသည်၊ သူမ၏ မျက်လုံးများ စိုးရိမ်မှုများ ပြည့်နှက်နေသည်။ သူမ နတ်ဆိုးလောကမှ ထွက်ခွာခြင်းကို ဖုံးကွယ်ဖို့အတွက်။ ယဲ့ယွီသည် နတ်ဘုရား ရတနာလက်နက်များ အမျိုးမျိုးကို တစ်ကိုယ်တည်း သုံးပြုကာတိုက်ခိုက်နေပြီး နတ်ဆိုး သခင်ဘုံ ကျွမ်းကျင်သူ ငါးဦးကို ရှေ့သို့ တက်မလာနိုင်စေရန် ဖိအား ပေးထားသည်။ သူမ ထွက်ခွာဖို့ အဖိုးတန် အချိန် ပေးဖို့အတွက်သာ။
အလွန် ဝမ်းနည်းနေသော်လည်း ဖေးချူရှာ သည် ဉာဏ်အရမ်းကောင်းသူဖြစ်သဖြင့် မှန်ကန်သော ရွေးချယ်မှု ဘာလဲဆိုတာကို ကောင်းကောင်း သိသည်။ ထို့ကြောင့်သူမသည်စိတ်ကိုစုစည်းကာ ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်သည်။ ကျားခေါင်း ဖိနပ်များကို သိုလှောင် လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ် အတွင်းရှိ နတ်ဆိုး စွမ်းအင်ကို တစ်ဖန် လှုပ်ရှားပြီး နယ်နိမိတ် ဖြတ်ကျော် ကျောက်တုံးထဲသို့ နတ်ဆိုးချီများထိုးသွင်းကာ တယ်လီပို့ ဖွဲ့စည်းမှုအစီအရင် ကို စတင်ခဲ့သည်။
ချက်ချင်းမှာ သူမ၏ ခြေထောက်အောက်ရှိ ကြီးကျယ်သော ဖွဲ့စည်းမှု ထူးဆန်းသောအရောင်ဝါများ လင်းလာသည်။ ထိုအချိန်တွင် မြေပြင်ပေါ်ရှိ နယ်နိမိတ် ဖြတ်ကျော် ကျောက်တုံးသည် ဖြည်းဖြည်းချင်း လေထဲသို့ တက်လာသည်။ ဖေးချူရှာ၏ လက်ထဲရှိ တာအို တံဆိပ် ဆက်လက် ပြောင်းလဲနေစဉ်။ သူမ၏ ခြေထောက်အောက်ရှိ ကြီးကျယ်သော ဖွဲ့စည်းမှုမှ အလင်းသည် ပိုမို တောက်ပစွာ ထွန်းလင်းလာသည်။
နယ်နိမိတ် ဖြတ်ကျော် ကျောက်တုံး လုံးဝ ကွဲအက်သွားသော အချိန်မှာ ဖေးချူရှာ၏ နှလုံးသား တင်းကျပ်သွားပြီး သူမ ယဲ့ယွီ ထွက်ခွာသွားသော အရပ်သို့ ချက်ချင်း လှည့်ကြည့်သည်။ သူမ ခွဲခွာရခြင်းကို အလွန် နှမြောမိသည်။
ဒါပေမဲ့ နောက်တစ်စက္ကန့်... ကြီးမားသော အလင်း တန်း တစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး ဖေးချူရှာကို ဖုံးလွှမ်းသည်။ အသက် အနည်းငယ် ရှူချိန်အကြာပြီးနောက်တွင် အလင်းများတောက်ပနေသော ဖေးချူရှာသည် ဒီ နတ်ဆိုး ဘုံမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်၊ သူတို့ တစ်ခါမှ မရှိခဲ့သလိုပင်။ မြေပြင်ပေါ်ရှိ နတ်ဆိုး စွမ်းအင်၏ ကျန်ရှိမှုများသာ ဖွဲ့စည်းမှု တစ်ခါက ရှိခဲ့ကြောင်း သိနိုင်တော့သည်။
အခြား တစ်ဖက်မှာ။ မိုင် တစ်ရာ အကွာနေရာ တွင် ယဲ့ယွီသည် သူ့ လက်ထဲတွင်ဓား ကိုတင့်းကြပ်စွာကိုင်ကာ ရပ်နေသည်၊ ဓား ဝိညာဉ် ရှန်စီးဇီ သည် သူ့ ဘေးတွင် ထက်ရှစွာတည်ရှိနေကာ ပြေးဝင်လာသောရန်သူများအား
ခုတ်းပိုင်းရန်အဆင်သင့်နေထား ဖြင့်ရှိနေပြီးတော့
သူ့ နောက်တွင် တိုက်ပွဲ ကောင်းကင် ဝိညာဉ် ဖျက်ဆီး လှံ သည် ရွှေရောင် အလင်း ထုတ်လွှတ်နေသည်။ နတ်ဘုရား ဝိညာဉ်များ၏ အပိုင်းအစများသည် တစ္ဆေစစ်သည်တော်များသဖွယ် အရပ် လေးမျက်နှာကို စောင့်ကြပ်နေသည်။
ယဲ့ယွီ၏ အပေါ်တွင် ကောင်းကင် တစ်ခုလုံးကို "သရဲ တစ်သောင်း ည ချီတက် ပုံပန်းချီ စာလိပ် ဖြန့်ကျက်ထားပြီး မရေမတွက်နိုင်သော သရဲများနဲ့ ဝိညာဉ် အရိပ်များ လူးလာခေါက်တုန့်လမ်း လျှောက်နေကြသည်။ ဘယ်ဘက်တွင် အစွန်းရောက် ယင် လင်းနို့ ယပ်တောင် သည် ဖြည်းဖြည်းချင်း ယက်ခပ်ကာ ယိမ်းနွဲ့နေပြီး မရေမတွက်နိုင်သော ဧရာမ လင်းနို့များ မှောင်မိုက်ထဲတွင် နီရဲသောမျက်လုံးများဖြင့် လှည့်လည်နေသည်။ ညာဘက်တွင် အဆိပ် တစ်သောင်း ကျောက်စိမ်း အရိုး နဖူးစည်း သည် လေထဲတွင် ယိမ်းနွဲ့နေပြီး သူ့ ကျောက်စိမ်း အစိမ်းရောင် ဩဘာသည် ပေါက်ကွဲဖို့ အသင့် ဖြစ်နေသည်။
ဒါ့အပြင် မရေမတွက်နိုင်သော တစ္ဆေစွမ်းအင် ဖြည့်တင်းထားသော သရဲများ ပတ်ဝန်းကျင်တွင် ပျားအုံတစ်ခုမှထွက်လာသောပျားများသဖွယ် ရန်သူကိုရှာဖွေကာ လှည့်လည်နေသည်။ သူတို့၏ ပေါ်ပေါက်လာမှုသည် ဝိညာဉ် ခေါ် နဖူးစည်း - ကြောင့် ဖြစ်သည်။ ယဲ့ယွီ၏ တည့်တည့် ရှေ့တွင် ပေ တစ်ထောင် နီးပါး ရှည်သော ဝိညာဉ် ခေါ် နဖူးစည်းသည် မိုးတိမ်များ ဆီသို့ တက်နေသည်။ ပိုမို နီးကပ်စွာ စစ်ဆေးကြည့်လျှင် ခရမ်းရောင် သွေးများ ဝိညာဉ် ခေါ် နဖူးစည်း၏ အောက်ခြေတွင်စွန်းထင်းကာ ကျန်ရှိနေသည်ကို မြင်နိုင်သည်။ ဒါက အရိပ် နတ်ဆိုး တုန်းဖန် ဖော ၏ သွေး ဖြစ်သည်။
မူလက ယဲ့ယွီ ရန်သူကို အလစ် ဝင်တိုက်ဖို့ ဝိညာဉ် ခေါ် နဖူးစည်းကို တိုက်ရိုက် မထုတ်ခဲ့ပေ။ သူ ဗရမ်းဗတာ ဖြစ်နေသောအခြေအနေကို အခွင့်ကောင်း ယူပြီး ရုတ်တရက် ဆင့်ခေါ်ကာ နတ်ဆိုး သခင်ဘုံ ကျွမ်းကျင်သူ တစ်ဦးကို သတ်နိုင်မလား ကြည့်ဖို့ စီစဉ်ခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ အစီအစဉ်က ကောင်းသည်။ ဒါပေမဲ့ နတ်ဆိုး သခင်ဘုံ ကျွမ်းကျင်သူ တစ်ဦး၏ ကြီးမားလွန်သောစွမ်းအင်အဆင့်အတန်းနဲ့ တိုက်ပွဲအတွေ့အကြုံများကိုပေါ့ပေါ့တန်တန် သဘောထားလို့ရသောအရာများ မဟုတ်ပေ။ သူတို့၏ အသက် ကယ် ဝှက်ဖဲများစွာရှိခြင်းနှင့် နည်းစနစ်များစွာကို ကျွမ်းကျင်စွာအသုံးပြုနိုင်ခြင်းတို့ကြောင့် သူတို့ကိုသတ်ဖြတ်ရန်လုံးဝမလွယ်ကူ ပေ။ သူတို့ အာရုံများနေစဉ် အလစ်ချောင်းပြီး ဝင်တိုက်သည့်အခါပင် အရိပ် နတ်ဆိုးကို မသတ်နိုင်ခဲ့၊ ပြင်းထန်စွာ ဒဏ်ရာ ရစေရုံသာ တတ်နိုင်ခဲ့သည်။ ဒါက ယဲ့ယွီကို အလွန် မပျော်မရွှင်စေခဲ့ပေ။
သူတို့ မသိလိုက်သော်လည်း တုန်းဖန် ဖော၏ ခံစားချက်များသည် ယဲ့ယွီ၏ ခံစားချက်များထက် အဆ တစ်ထောင်၊ အဆ တစ်ရာ ပိုပြီး နာကျင်နေသည်။ သူသည် သူ့ဘဝ တစ်သက်လုံး နတ်ဆိုး သခင်ဘုံသို့ ရောက်ရှိဖို့ အရာအားလုံးကိုပေးဆပ်ခါစွမ်းဆောင်ခဲ့သည်။ ဒီ ကမ္ဘာမှာတည်ရှိသမျှသော နတ်ဆိုး အားလုံးကို အထင် သေးစွာကြည့်နိုင်တဲ့ တည်ရှိမှု ဖြစ်သည့် ။ မမျှော်လင့်ဘဲ နောက်ဆုံး အဆင့် နတ်ဆိုး သခင် တစ်ဦးကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရခဲ့သည်။ ပြီးတော့ အရေးကြီးဆုံးက နတ်ဆိုး သခင်ဘုံ ကျွမ်းကျင်သူ ငါးဦး၏ ပေါင်းစပ် တိုက်ခိုက်မှု ကပင်ထိုဘယ်နေရာမရောက်လာမှန်းမသိသော နတ်ဆိုးကို အနိုင်မယူနိုင်ခြင်းမှာတော်တော်လေးစိတ်အနှောင့်ယှက်ဖြစ်စရာ ဖြစ်သည်။
ထိုနတ်ဆိုးလေးမှပြသနေသော အဆင့်မြင့်လွန်သော တိုက်ခိုက်ရေး စွမ်းအား။ ဒါက တုန်းဖန် ဖောကို လောကကြီး၏ အဓိပ္ပာယ်ကို မေးခွန်း ထုတ်ဖို့ စတင် စေခဲ့သည်။ သူ တစ်ဦးတည်း မဟုတ်ဘဲ ချိုင်ကျိကော့ အပါအဝင် အခြား နတ်ဆိုး သခင်ဘုံ ကျွမ်းကျင်သူ လေးဦးလည်း များစွာ ဖိအား ခံစားခဲ့ရသည်။ သူတို့ ကျင့်ကြံမှု အဆင့်နဲ့ လူ အရေအတွက် နှစ်ခုလုံးမှာ ယဲ့ယွီ ထက် အသာ စီး ရသော်လည်း။ ယဲ့ယွီသည် ထိပ်တန်း ကျင့်ကြံမှု နည်းပညာများ အမျိုးမျိုးနဲ့ အကောင်းဆုံး နတ်ဘုရား ပစ္စည်း အမျိုးမျိုး ကိုတစ်ခုပြီးတစ်ခုထုတ်သုံးကာာ ကျင့်ကြံမှုနဲ့လူအရေအတွက်ကွာခြားမှု ချို့ယွင်းချက်ကို ဖြည့်ဆည်းနိုင်ခဲ့သည်။ သူတို့ လုံးဝ အနိုင်ယူခံရပြီး အရိုက်ခံခဲ့ရသည်။
ဒါက မယုံနိုင်စရာ ကောင်းသည် ဟု ထင်ရသော်လည်း တကယ်ပဲ ဖြစ်ပျက်ခဲ့သည်။ ထို့ကြောင့် သူတို့သည် အခွင့်ကောင်း ကိုချောင်းကာ မိစ္စာနည်း စနစ်များဖြင့်ဖန်တီးထားသော အရိပ်များထဲတွင် ပုန်းအောင်းကာအခွင့်အရေးကိုချောင်းနေသည်၊ သင့်တော်သော အချိန်မှာ လှုပ်ရှားဖို့ ပြင်ဆင်နေသည်။
ချိုင်ကျိကော့သည် အရိပ် နတ်ဆိုး တုန်းဖန် ဖော၏ သွေး ထွက်နေဆဲ ပခုံးကို ကြည့်ပြီး သူ၏ လက်ထဲရှိ နတ်ဆိုးမှော်ရတနာ တုတ်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ "နတ်ဆိုး မိတ်ဆွေတို့ ကျွန်တော်တို့ အစွမ်းတွေကိုရှိုမထားဘဲနဲ့ အားကုန်တိုက်ခိုက်ကြစို့" ဒီ ကလေးကို ငါတို့အားလုံးပေါင်းတိုက်တာတောင်အနိုင်မရခဲ့ဘဲ ထွက်ပြေးခွင့် ပေးလိုက်ရင်... ဒါက နတ်ဆိုး ဘုံမှာသတင်းပြန်သွားရင်၏ အကြီးဆုံး ဟာသ ဖြစ်သွားလိမ့်မယ်!”
ထိုစကားအဆုံးတွင် ပတ်ပတ်လည်ရှိ နတ်ဆိုး သခင်ဘုံ ကျွမ်းကျင်သူများ အချင်းချင်း တဦးမျက်နှာတစ်ဦးကိုကြည့်ပြီး တိုက်ပွဲကိုပြန်လည်စတင်ရန် မိစ္ဆာစွမ်းအင်များကို သွေးေကြာများအတွင်း အစွမ်းကုန်လည်ပတ်ကာ ပုန်းအောင်းရာမှ ထွက်လာခဲ့ကြသည်။
ဒါကို မြင်သောအခါ ယဲ့ယွီ သိပ် အံ့အားသင့်ခြင်း မရှိပေ။ သူပိုင်ဆိုင်ထားသော တစ္ဆေနဲ့ နတ်ဘုရား ရတနာများကိုတိုက်ပွဲအတွင်းစွမ်းအားကို ထုတ်ဖော်ကာ ပြသပြီးနောက် သူသည် ဒီ နတ်ဆိုး သခင်ဘုံ ကျွမ်းကျင်သူ ငါးဦး၏ မျက်လုံးများထဲမှာ လူ ကြိုက် များသော ရတနာပစ္စည်း များစွာပိုင်ဆိုင်ထားသော ကောင်လေးတယောက် ဖြစ်သွားကြောင်း ကောင်းကောင်း သိသည်။ သူ့ကို ထွက်ခွာခွင့် ပေးဖို့ မဖြစ်နိုင်ပေ။ ဒါ့အပြင် အချိန် ကြာလာရင် အခြား အင်အားကြီး နတ်ဆိုး သခင်များ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်လိမ့်မည်။ ဒါက တကယ်ပဲ ကြီးမားတဲ့ ဖိအားလို့ ခေါ်တာပဲ။
သူ့အနေဖြင့် ထွက်ခွာချင်ရင် ဒီမိစ္ဆာသခင်များကို အရင် ဖယ်ရှားရမယ်!
အဲဒီ အချိန်မှာ နတ်ဆိုး စွမ်းအင် တစ်ခု နောက်ကနေ လှိုင်းထန်စွာရိုက်ခတ်လာပြီး ယဲ့ယွီ သူ့ ခေါင်းကို လှည့်ကြည့်လိုက်သည်။ အလင်း တန်း တစ်ခု ကောင်းကင်သို့ တည့်တည့် မိုးပေါ်သို့ပစ်လွှတ်ပြီး လုံးဝ လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။ ဖေးချူရှာ အောင်မြင်စွာ ထွက်ခွာသွားပြီဟု ထင်ရသည်။
ဒီလို ဆိုရင် တကယ်ပဲ အဆုံးသတ်တိုက်ပွဲစပြီပေါ့! ယဲ့ယွီ ဖြည်းဖြည်းချင်း သူ့ လက်များကို မြှောက်လိုက်ပြီး သူ့ မျက်လုံးများကို မှိတ်လိုက်သည်။
သို့သော်လည်း ဒီ သေးငယ်သော လုပ်ရပ်က တုန်းဖန် ဖော၊ ချိုင်ကျိကော့နဲ့ အခြားသူများကို ချက်ချင်း ထိတ်လန့်သွားစေသည်၊ ကြောက်မက်ဖွယ် ကောင်းသော ရန်သူကို ရင်ဆိုင်နေရသလိုပင်!
မဖြစ်နိုင်။ သူတို့၏ မျက်လုံးများထဲမှာ ယဲ့ယွီသည် တကယ်ကိုပဲ အရမ်း ထူးခြားသည်။ တုန်းဖန် ဖော၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် သတိပေးချက် ဖြစ်သည်၊ သူတို့ ဒီကောင်လေးကို ကိုင်တွယ်ရာမှာ တကယ်ပဲ သတိထားရမည်!
ဒီ တစ်ကြိမ် ဒီကောင်လေး ထုတ်သုံးမှာက နတ်ဘုရား မှော် လား ဒါမှမဟုတ် တစ္ဆေ မှော် လား သူတို့ မခန့်မှန်းနိုင်သည်မှာလည်း ရင်တုန်စရာကောင်းလှသည့်။
နေစမ်းပါဦး။။ဒါက နောက်ထပ် မတူညီတဲ့ မှော်စွမ်းအင် တစ်မျိုး ထပ်ပြီးထွက်လာပါလား!
ချိုင်ကျိကော့ မယုံကြည်စွာ တစ်လှမ်း နောက်ဆုတ်လိုက်သည်။ သူ ညင်သာစွာ ရေရွတ်သည်- "မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ မိစ္ဆာ နတ်ဘုရား နည်းပညာကဒီလောကမှာ ဘယ်လို ရှိနိုင်တာလဲ။"
မှန်တယ်၊ ဒီ ဩဘာအရှိန်အဝါက မိစ္ဆာ စွမ်းအင်ပဲ!
တုန်းဖန် ဖောနဲ့ အခြား နတ်ဆိုး သခင်ဘုံ ကျွမ်းကျင်သူ သုံးဦးစလုံး လုံးဝ ကြောင်သွားကြသည်! ဒါဆို မင်းဆိုတဲ့ကောင်လေးက နတ်ဘုံ၊ ငရဲ ဘုံ၊ ပြီးတော့ နတ်ဆိုး ဘုံ အားလုံးကို သွားခဲ့ပြီးပြီလား။ ရိုးသားစွာ ပြောရရင် မင်း အခု တခြားလောကက မှော် ပညာ တစ်ခု သုံးပြတာတောင်မှတော်တော်လွန်နေပြီ။ ခုကနတ်ဘုံက နတ်စွမ်းအင် ကိုသုံးပြပီးတာတောင် ခုမိစ္ဆာနတ်ဘုရား နည်းစနစ်ကိုထက်သုံးပြပြန်ပြီ။
နတ်ဆိုး သခင်ဘုံ ကျွမ်းကျင်သူ ငါးဦး၏ စောင့်ကြည့်မှု အောက်မှာ ယဲ့ယွီ၏ ပုံရိပ်သည် ဆက်တိုက် ကျယ်ပြန့်ပြီး ပိုမို ကြီးမားလာသည်။ အသက် အနည်းငယ် ရှူပြီးနောက်။ ကြီးမားသော ပုံရိပ် တစ်ခုသည် ကျူးကွက် ပြည်နယ် အတွင်း၌ တကယ်ပဲ ပေါ်လာခဲ့သည်။
မှန်တယ်၊ ဒါက ယဲ့ယွီ သူ့ နောက်ဆုံး အိပ်မက်မှာ ရရှိခဲ့တဲ့ ဆုလာဘ် ဖြစ်သည်။ ကောင်းကင် နတ်ဆိုး ဖျက်ဆီးခြင်း နည်းပညာ ဒါကို ထုတ်လွှတ်ပြီးနောက် ယဲ့ယွီသည် ထပ်မံ နှိုင်းယှဉ် မရသော စွမ်းအားကို ခံစားခဲ့ရသည်။ သူတို့သည် ကောင်းကင်နဲ့ ကမ္ဘာတစ်ခုလုံး၏ဖန်ဆင်းရှင်နှင့်အတူ ယှဉ်ပြိုင်ဖို့ ယုံကြည်မှုပင် ရရှိခဲ့သည်! ဒါက ကောင်းကင် နတ်ဆိုး ဖျက်ဆီးခြင်း နည်းပညာ၏ နက်နဲသော အဓိပ္ပာယ်၊ ကောင်းကင်နဲ့ ကမ္ဘာဖန်ဆင်းရှင် နှင့် နှိုင်းယှဉ်နိုင်သည်။
အရွယ်အစားအလွန်ကြီးမားလာသော ယဲ့ယွီ သူ့ မှော် ပစ္စည်း အမျိုးမျိုးကို ငုံ ကြည့်ပြီး ခဏ စဉ်းစားပြီးနောက် လတ်တလောအသုံးပြုရန် အသင့်တော်ဆုံး ဝိညာဉ် ခေါ် နဖူးစည်းကို ကောက်လိုက်သည်။ ယဲ့ယွီ ဝိညာဉ် ခေါ် နဖူးစည်းကို ဆုပ်ကိုင်ပြီး နတ်ဘုရား စွမ်းအင် ထိုးသွင်းလိုက်သည်။ နဂိုကတည်းက ပေ တစ်ထောင် မြင့်နေပြီဖြစ်သော နတ်ဘုရား သတ်နဖူးစီးအလံသည် ဆက်တိုက် ကြီးထွားလာပြီး အရွယ်အစား ဆယ်ဆ ကျော် တိုးလာသည်။ ဒါက ယဲ့ယွီ၏ ခန္ဓာကိုယ် နှင့် လုံးဝ ကိုက်ညီသည်။
လက်ရှိ အဓိက လက်နက်အဖြစ် ဒါကို ရွေးချယ်ရခြင်း၏ အကြောင်းရင်းက အတော်လေး ရိုးရှင်းသည်။ ဒါက ယဲ့ယွီ အိပ်မက် မက်တာ ဖြစ်သည်။ "ထူးခြား ဖြစ်ရပ်များက ကြီးမားသော အားထုတ်မှုဖြင့် ဖြစ်ပေါ်သည်" ဆိုသော စကားက တကယ်ပဲ မှန်သလား ကြည့်ချင်တယ်။
နတ်ဆိုး သခင်ဘုံ၊ ဟုတ်လား။ လာပါ၊ ငါ နဖူးစည်း တစ်ချက် ဝှေ့ယမ်းပြီး မင်းတို့ အားလုံးကို ထိုးသတ်မယ်!