ခက်ခဲသည့် အခြေအနေ
Vol. 4 Ch. 55
လင်ကျဲ အခြေအနေ အရပ်ရပ်ကို ကောက်ချက်ချကာ အပြင်ဘက်ရှိ အခြေအနေကို စိတ်ကူးယဉ် ကြည့်လိုက်၏။
သူ့ဆိုင်ရှေ့ လမ်းမထက်တွင် နော်ဇင်၏ တရားဝင် တံဆိပ် ပါရှိသော ကင်းလှည့်ကား တစ်စီး ရပ်ထားပေလိမ့်မည်။ ၎င်းမှာ ရှေ့မီးလုံးများကို အပြည့်အဝ ဖွင့်ထားကာ စာအုပ်ဆိုင် တွင်းမှ အမြင်ကို ပိတ်ဆို့ရန် အတွက် အဖြူရောင် ရှေ့မီးများကို ထိုးထားပေလိမ့်သည်။ ကားသံကို မကြားခဲ့ရသည့် အချက်က အနည်းငယ် သံသယ ဖြစ်စရာ ကောင်းသော်လည်း သူတို့က အသံမထွက်သည့် လျှပ်စစ်ကားများကို အသုံးပြုနေခြင်းလည်း ဖြစ်နိုင်သည်။
လက်နက်ကိုင် ရဲအရာရှိ အနည်းငယ်မှာ မိုးရေထဲတွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး သူတို့၏ အကြည့်များသည် စာအုပ်ဆိုင်အပေါ် ခိုင်မြဲစွာ ရှိနေပေလိမ့်မည်။
အဆင့်မြင့် တာဝန်ခံ တစ်ဦးက အသံချဲ့စက် ကို ကိုင်ထားပြီး ‘အတွင်းမှ လူပုဂ္ဂိုလ် ခင်ဗျား... ခင်ဗျားဟာ ကျွန်တော်တို့ နော်ဇင်ရဲ့ တရားမဝင် ဝင်ရောက်မှုနဲ့ အတုအယောင် သက်သေခံ ကတ်ပြား ဥပဒေတွေကို ချိုးဖောက်ထားပါတယ်... ချက်ချင်း လက်နက်ချပါ’ ဟု အော်ဟစ်ရန် အသင့်ရှိနေပေလိမ့်မည်။
လင်ကျဲ စိတ်ကူးယဉ် ပုံဖော်ထားသမျှက ရုပ်ရှင်များထဲမှ ရဲများ၏ ပုံစံမျိုး ဖြစ်သည်။ လင်ကျဲ ၎င်းတို့ကို ရမ်းသမ်း ခန့်မှန်းနေခြင်း မဟုတ်ပါချေ။ အန္တရာယ် အရိပ်အမြွက် တစ်ခုကို မရေမရာ ခံစားမိသောကြောင့် အဖြစ်နိုင်ဆုံး အရာကို ပုံဖော်ထားခြင်းသာ ဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပင်... ဤအန္တရာယ်က အလွန်အမင်း ထိခိုက်မှု မရှိနိုင်ဟု ခံစားရသည်။ ဘလက်ကီကြောင့်လော။
အပြင်ဘက်၌ ရှိနေသည့် အရာကို ပိုမို ရှင်းရှင်းလင်းလင်း ကြည့်ဖို့ သူ ထိုင်ရာမှ ထရပ်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း... သူ ထရပ်လိုက်သည်နှင့် ဒိုရစ်က လက်ကို ကာလိုက်လိုက်၏။
“ခဏလေး စောင့်ပါ သူဌေး... ကျွန်မ သူတို့ကို ချက်ချင်း ဖယ်ရှားပေးပါ့မယ်... ပြန်လာတော့မှ ကျွန်မတို့ စကားဆက်ပြောကြတာပေါ့”
ထို့နောက် သူမက ထရပ်လိုက်၏။
“...”
လင်ကျဲ တစ်ယောက် ကြောင်အအဖြင့် သူမကို ကြည့်လိုက်မိ၏။ ဤဖောက်သည်သစ်၏ အမူအရာက သူ့ထက်ပင် ပို၍ ခက်ထန် နေသည်ကို သဘောပေါက်လိုက်သည်။ မသိပါက မိန်းကလေးမှာ တစ်စုံတစ်ဦးကို သတ်ဖြတ်လိုသည့် အတိုင်းပင်...။
သို့သော်လည်း... ဤသခင်မလေးမှာ နူးညံ့ပြီး လှပသည့် ရုပ်ရည် ရှည်လေရာ ဒေါသကြောင့် ရုပ်ဆိုး အကျည်းတန်သွားခြင်းတော့ မရှိပါချေ။ သို့သော် သူမက အဘယ်ကြောင့် ရုတ်တရက် ဒေါသထွက်သွားရပါသနည်း။
မည်သို့ပင် ဆိုစေ... ဤသခင်မလေး၏ စကားပြောပုံနှင့် စကားပြောပုံတို့ ပြောင်းလဲသွားခြင်း ကို ကြည့်ခြင်းအားဖြင့် အပြင်ဘက်မှ လူများမှာ ကောင်းသော ရည်ရွယ်ချက်ဖြင့် လာသူများ မဟုတ်ကြောင်း ပို၍ ထင်ရှား သွားခဲ့ပြီ ဖြစ်သည်။
လင်ကျဲမှာ ကောင်တာ အတွင်းပိုင်းတွင် ထိုင်နေလေရာ တည်နေရာ အနေအထားအရ အမြင်အာရုံတွင် အတားအဆီးများ ရှိနေသည်။ သို့သော်လည်း ဤသခင်မလေးကတော့ ကောင်တာ၏ အပြင်ဘက်တွင် ရပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူမမှာ အခြေအနေကို ပိုမို ရှင်းလင်းစွာ မြင်နိုင်သည်။
ဒိုရစ်က အပြင်ဘက်ကို လှည့်ကြည့်လိုက်၏။ ထို့နောက်... သူမ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သည့် အပြုံး အနည်းငယ် ပေါ်လာကာ ဆက်ပြောသည်။
“သူတို့က ဒီနေရာမှာ လာပြီး လုပ်ရဲတာ နည်းတဲ့ သတ္တိလား...”
သူမ၏ စကားလုံးများကို နားထောင်ရင်း လင်ကျဲ၏ အတွေးများမှာ ပိုမို၍ ခိုင်မာလာခဲ့သည်။ အမှန်စင်စစ် မည်သူပင် ဖြစ်စေကာမူ ထိုလူများမှာ သူ့ အတွက် လာရောက်ကြခြင်း ဖြစ်သည်။
လင်ကျဲမှာ ခန္ဓာဗေဒ ဘာသာစကား ကို ဖတ်ရှုရာတွင် အမြဲတစေ ထူးချွန်သူဖြစ်သည်။
ဤအဲလ်ဖ် သခင်မလေးမှာ ဒေါသထွက်နေသော်လည်း၊ ခြုံငုံ၍ ကြည့်ပါက တည်ငြိမ်နေဆဲဖြစ်ပြီး သူနှင့် စကားပြောရာတွင်လည်း ဣန္ဒြေ ကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။
ထို့ကြောင့်ပင် ကားမီးထိုးသည့် အရိုင်းအစိုင်း အဖွဲ့မှာ ဤသခင်မလေးအတွက် ပြဿနာကြီးကြီးမားမား မဖြစ်စေနိုင်ကြောင်း လင်ကျဲ က ကောင်းစွာ မြင်ယောင်နိုင်သည်။
ထို့အပြင်... သူမမှာ ကျိကျစ်ရှို့ ၏ သူငယ်ချင်းဖြစ်ပြီး ‘မျိုးနွယ်စု’ မှ လာသူဖြစ်သည်။ ချမ်းသာသူ တစ်ဦးမှာ သာမန်လူများထက် အမြဲတစေ ပိုမို အဆင့်အတန်းမြင့်မားပြီး သူမထံ၌ အာဏာ တစ်မျိုးမျိုး ရှိနိုင်ပေသည်။ ၎င်းက မျက်ကန်းယုံကြည်မှု မျိုး မဟုတ်ပေ။
သို့သော်လည်း... အရှေ့မှ ပုဂ္ဂိုလ်မှာ နူးညံ့သော သခင်မလေး တစ်ဦး ဖြစ်နေဆဲ ဖြစ်လေရာ လင်ကျဲ တစ်ယောက် မစိုးရိမ်ပဲ မနေနိုင်ခဲ့ချေ။
“ပြဿနာ တကယ် မရှိဘူးဆိုတာ သေချာလား... ကျွန်တော့်ဘာသာ ဖြေရှင်းလိုက်ရမလား...”
သူ စိတ်ပူစွာဖြင့် မေးလိုက်၏။ သူ၏ စကားပြော စွမ်းရည် အရ ရဲများကို အချိန်ဆွဲထားဖို့ ပြဿနာ မရှိနိုင်ချေ။ ထို့နောက်တွင်မှ ဖောက်သည်ဟောင်းလေး ချီလီကို ဆက်သွယ်ပြီး ပြဿနာကို ဖြေရှင်းခိုင်းရမည်။
ထို့ထက်ပို၍ လင်ကျဲစိတ်ဝင်စားနေသည့် အရာက ဘလက်ကီ ဖြစ်သည်။ သူ ဒုက္ခရောက်နေသည့် အချိန်မျိုးတွင် ဘလက်ကီ ထွက်ပေါ်လာမည်လား သူ သိလိုနေခဲ့သည်။ ထိုထူးခြားသော ဖြစ်တည်မှုမှာ သူ့ကို ကမ္ဘာချင်း မတူသည့် နေရာတစ်ခုကို ခေါ်ဆောင် လာနိုင်ခဲ့ရာ စိတ်ကူးမယဉ်နိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားကြောင်း သေချာသည်။ သို့သော်လည်း... ၎င်းမျာ အမြဲတစေ ရှာရခက်ကာ လင်ကျဲမှာ ဆက်သွယ်လိုသော်လည်း နည်းလမ်းမရှိပေ။
လင်ကျဲ၏ စကားကို ကြားရသောအခါ ဒိုရစ်၏ အမူအရာက ပိုမို၍ ပြတ်သား လာခဲ့၏။ သူမက အင်္ကျီလက်ကို အနည်းငယ် မတင်လိုက်ရင်း လှပ၍ သိက္ခာရှိသော အပြုံး တစ်ခုကို ပြုံးပြလိုက်သည်။
“ဒီကောင်တွေက လူရမ်းကာ အဖွဲ့သာသာပါ... သူတို့ ခေါင်းဆောင်ကပဲ နည်းနည်း ပြဿနာ ဖြစ်စေနိုင်ပါတယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... ကျွန်မရဲ့ ကိုယ်ပိုင် အမှတ်အသား ပေါ်သွားရင်တောင် သူဌေးနဲ့ သဘောတူထားပြီးပြီ ဖြစ်တဲ့အတွက် ပြဿနာ မရှိပါဘူး”
“ဒီနေ့ ဖြစ်စေ နောင်မှာ ဖြစ်စေ... ဒီအဖွဲ့ဟာ သူဌေးကို ထိခိုက်အောင် လုပ်နိုင်ဖို့ အခွင့်အရေး ရမှာ မဟုတ်တော့ပါဘူး... သူဌေး ကျွန်မကို အသိအမှတ် ပြု လာအောင် လုပ်ပါ့မယ်... သူဌေးရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးရတာ ကျွန်မအတွက် ဂုဏ်ယူစရာ ပါပဲ”
ဒိုရစ်၏ အတော်လေး ပြင်းထန်သည့် စကားလုံးများကို နားထောင်ရင်း လင်ကျဲ တစ်ယောက် ဘာပြန်ပြောရမှန်း မသိတော့ချေ။ ငြင်းပယ်ပါကလည်း မိမိ၏ အဓိပ္ပာယ် ပြန်လည် ဖော်ဆောင်ရန်အတွက် ပြင်ပ အကူအညီကို အပူတပြင်း လိုအပ်နေသည့် ဆုတ်ယုတ်နေသော မျိုးနွယ်စုလေးအား အထင်သေး သကဲ့သို့ ဖြစ်သွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း... ဒိုရစ်၏ ယုံကြည်ချက် ပြင်းထန်သည့် စကားလုံးများ အရ ဆိုလျှင် သူတို့က ဆုတ်ယုတ် နေသော်ငြားလည်း ကိုယ်ပိုင် မာန်မာနနှင့် အတူ ထိပ်တန်း အဆင့် အာဏာ သို့မဟုတ် အင်အားတို့ကို ဆက်လက် ထိန်းသိမ်းထားနိုင်သေးသည့် မျိုးနွယ်စု တစ်ခု ဖြစ်ပုံ ပေါ်သည်။
‘ဟူး... ငါက သူတို့ကို အထင်သေးနေတယ်လို့ ဒီသခင်မလေး ထင်သွားရင် ဒုက္ခ...’
လင်ကျဲက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်ညိတ်လိုက်၏။
“ဒါဆိုရင်လည်း ဘေးကင်းလုံခြုံပါစေနော်...”
“နားလည်ပါတယ်... ခဏလေး စောင့်ပါ”
ဒိုရစ်က တောက်ပစွာ ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။ ထို့နောက် သူမက ကောင်တာမှ ထွက်ခွာကာ တည်ငြိမ် ပြတ်သားသည့် အကြည့်များဖြင့် တံခါးဆီသို့ ဦးတည်သွားခဲ့တော့သည်။
ဤသည်က စမ်းသပ်မှု တစ်ခု ဖြစ်ကြောင်း သူမ သိပေသည်။ စာအုပ်ဆိုင် ပိုင်ရှင်မှာ အစောပိုင်းက “ပြဿနာ မရှိပါဘူး” ဟု ပြောခဲ့သည်။ ၎င်းက ကောင်းချီးခံရသူ တစ်ဦးအနေဖြင့် လေဒီဆစ်ဗာ၏ အကြံဉာဏ်ကို ရယူနိုင်ကာ အိုင်းရစ်ပန်း၏ ဂုဏ်ကျက်သရေကို တစ်ဖန် ပေါ်ထွက်လာစေနိုင်သည်ဟု အဓိပ္ပာယ်ရသည်။
ထို့နောက်တွင်တော့ သူက “ဒါပေမဲ့...” ဟု စကားစကာ “ဖောက်သည်သစ်တွေ ထပ်ရောက်လာပြန်ပြီနဲ့ တူပါတယ်” ဟု ပြောခဲ့သည်။ သို့သော်လည်း အပြင်ဘက်မှ လူများမှာ သံသယဖြစ်ဖွယ်မရှိဘဲ ရန်သူများ ဖြစ်သည်။ သူက အဘယ်ကြောင့် ‘ဖောက်သည်တွေ’ ဟု သုံးခဲ့သနည်း။
မည်သို့ပင် ဆိုစေကာမူ... လင်ကျဲ၏ တောင်းဆိုချက်မှာ အိုင်းရစ် မျိုးနွယ်စု၏ ဂုဏ်ကို ပြန်လည် ထူထောင်ရန်အတွက် ပြတ်သားသော ဆုံးဖြတ်ချက် ကို ပြသသည့်အနေဖြင့် ဤသူများကို ဖယ်ရှားပစ်ရန် ဖြစ်ကြောင်း ထင်ရှားသည်။
စာအုပ်ဆိုင်ပိုင်ရှင်၏ ဆန္ဒကို ဒိုရစ် လုံးဝ နားလည်သည်။ သူမ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရင်း အဝေးမှ အဖြူရောင် အလင်းရောင် အရင်းအမြစ် ကို စိုက်ကြည့်လိုက်၏။
လင်းထိန်နေသော အဖြူရောင် မီးများမှာ စာအုပ်ဆိုင်၏ အပြင်ဘက်တွင် မဟုတ်ချေ။ ၎င်း၏ အမှန်တကယ် ရင်းမြစ်က ကီလိုမီတာ အနည်းငယ် ကွာဝေးသော နေရာတွင် ရှိနေသည်။
သို့သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသည့် အီသာ စွမ်းအင် ပမာဏမှာ စိတ်ကူးမယဉ်နိုင်သော အပူချိန်ကို သယ်ဆောင်လာကာ မျက်လုံးဖြင့် မြင်နိုင်သည့် အဖြူရောင် အလင်းတန်း တစ်ခု ဖြစ်လာခဲ့သည်။
ငြိမ်းချမ်း တိတ်ဆိတ်နေသည့် စာအုပ်ဆိုင် အတွင်းမှ မြင်နိုင်စွမ်း မရှိသော်လည်း... အပြင်ဘက်ရှိ မိုးရေ နှင့် လမ်းမပေါ် အထိ လျှံကျနေသည့် ရေများကတော့ လုံးဝ အငွေ့ပျံ သွားခဲ့ပြီး ဖြစ်သည်။ တစ်ကီလိုမီတာ ပတ်လည် တွင် မြူခိုးထူထပ် စွာ ဖြစ်ပေါ်နေကာ မိုးကြိုးနှင့် လျှပ်စီးများ လင်းလက်၍ လေပြင်း များ တိုက်ခတ်နေသည်။
စာအုပ်ဆိုင် ပြတင်းပေါက်များ ပေါ်တွင် ရေစက်များ စုဝေးနေ၏။ ၎င်းတို့မှာ မြေပြင်၏ သိမ်မွေ့သော တုန်ခါမှု နှင့်အတူ တုန်ခါနေကြသည်။
ပဉ္စလက် မီးလျှံ... ဝင်ရိုးစွန်း သေမင်းရောင်ခြည်...
ဖျက်ဆီးခြင်း အဆင့် ရှိသည့် ထိုတိုက်ခိုက်မှု စွမ်းအားမှာ အမှန်တကယ် သာမန်ထက် ထူးခြားပေသည်။ တစ်ခါ ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဤဧရိယာ တစ်ခုလုံးသည် လုံးဝ ဖျက်ဆီးခံရ လိမ့်မည်။ အောက်လမ်း မှော်ဆရာများမှာ တကယ့်ကို အရူးများနှင့် ဖွဲ့စည်းထားသည့် လူမိုက်အဖွဲ့ ဖြစ်ပေသည်။
ဒိုရစ်ပင်လျှင် ဤအရာက အတော်အတန် ခက်ခဲသော အခြေအနေ တစ်ခုဖြစ်သည်ဟု ခံစားရသည်။ သို့သော်လည်း... စာအုပ်ဆိုင် ပိုင်ရှင်ကတော့ လုံးဝ မတုန်လှုပ်လေရာ သူတို့ကြား၌ ကြီးမားသည့် အဆင့်အတန်း ကွာဟချက် ရှိကြောင်း သိသာစေသည်။ သူက သူမ စိတ်ကူးနိုင်သည်ထက် ပိုမို အားကောင်းသည်။
မည်သို့ပင် ဆိုစေ... သူမ ဤစမ်းသပ်မှု ကို လုံးဝ အောင်မြင် ရမည်။
ဒိုရစ်၏ ကျောက်စိမ်းပြာရောင် မျက်လုံးများမှာ ရွှေရောင် လင်း ဖြင့် တောက်ပလာပြီး သက်တံရောင် သည် အိုင်းရစ်ပန်း ပုံသဏ္ဍာန် ဖြစ်ပေါ်လာ၏။
သူမက တံခါးလက်ကိုင်ကို လှမ်းလိုက်ရင်း တံခါးကို ခပ်ဖွဖွလေး တွန်းဖွင့်လိုက်လေတော့သည်။
***