မူလအဖြေ
Vol. 27 Ch. 398
“ကောင်းမင် ငါမင်းကို လေးစားခဲ့ပါတယ် ၊ မင်းဆီမှာ ငါနဲ့တူတာတွေ အများကြီး မြင်နေရတယ်”
အလောင်းရုပ်သေး၏နူတ်ခမ်းများ လှုပ်ရှားသွားသည်။
“ဒါပေမယ့် မင်းရဲ့လျှို့ဝှက်တွေအားလုံးကို ငါသိပြီးတော့ ငါမင်းကို အထင်ကြီးခဲ့မိမှန်းသဘောပေါက်သွားတယ် ၊ မင်း ငါ့ကို လိုက်မှီဖို့အကြိမ်များစွာ သေခဲ့ရပြီး ဒီလောက်အားနည်းတဲ့ နည်းလမ်းလေးနဲ့ ငါ့ကို ပိတ်လှောင်ထားခဲ့တယ် “
ကောင်းမင်က အလောင်းရုပ်သေးကို မနှောက်ယှက်ဘဲ ဆက်ပြောခွင့်ပြုထားသည်။သူတစ်ခုတော့ သိချင်မိသည်။ဘယ်သူက အလောင်းကိုထိန်းချုပ်နေတာလဲ၊အနာဂတ်နတ်ဘုရားလား ဒါမှမဟုတ် တကယ်ပဲ စီတုအန်းအစစ်လား။
“ဘက်ပေါင်းစုံက ကြည့်ရင် မင်းက အရမ်းရိုးအလွန်းတယ် ၊ အဆုံးမှာ လုဇန်က ဘာလို့မင်းကို ရွေးချယ်ခဲ့လဲ သိလား”
အလောင်းရုပ်သေးက တစ်နည်းနည်းဖြင့် ပြုံးလိုက်သည်။
“ဘာကြောင့်လဲဆိုတော့ မင်းကို အလွယ်တကူထိန်းချုပ်လို့ရမယ်လို့ သူယုံကြည်ခဲ့လို့ပဲ ၊ မင်းဆီကအရာအားလုံးကို သူအလွယ်လေး ခိုးယူနိုင်တယ်”
“အနက်ရောင်ရေကန်အောက်က သွေးနီရောင်မြို့တော်ရဲ့လူသေဓာတ်ပုံထဲမှာ ရွေးချယ်ခံ ၁၃ယောက်ရှိတယ်၊ သူတို့တစ်ယောက်ချင်းတိုင်းက မြို့တော်ရဲ့အုပ်ချုပ်သူတစ်ယောက်ဖြစ်လာဖို့ အကြောင်းပြချက်တစ်ခုရှိတယ်၊ ဒါပေမယ့် မင်းကတော့ ချွင်းချက်ပဲ ၊ မင်းရဲ့ဖြစ်တည်မှုက ကံကြမ္မာရဲ့အကြည့်ကို ရှောင်လွဲဖိုသက်သက်ပဲ ၊ မင်းဟာ ကိုယ့်နာမည်ကိုတောင်မသိတဲ့ သနားစရာပိုးကောင်လေးတစ်ကောင်ပါပဲ”
“အခုချိန်ထိ မင်းက ဒီထူးဆန်းတဲ့နာမည်ကို မင်းနာမည်အဖြစ်သဘောထားနေတုန်းပဲ ၊ တစ်နေ့ကျရင် လူတွေက မင်းရဲ့လျှို့ဝှက်နာမည်ကောင်းမင်ကိုပဲ မှတ်မိပြီး မင်းအစစ်အမှန်ကို ဘယ်သူမှ မမှတ်မိကြမှာ မစိုးရိမ်ဘူးလား”
စီတုအန်းသည် အချိန်ကြာမြင့်စွာ အကျဉ်းချခံခဲ့ရသောကြောင့် နာကြည်းမုန်းတီးနေခြင်းလား သို့မဟုတ် အနာဂတ်နတ်ဘုရားက အလွန်အကျွံလုပ်နေခြင်းလား မသိနိုင်ချေ။အလောင်းရုပ်သေးက အရာများစွာထုတ်ဖော်လိုက်သည်။ကောင်းမင် ယင်းထံမှ အချက်အလက်အများအပြား ဆွဲထုတ်လိုက်မိသည်။သတင်းအချက်များက မမှန်ပါစေဦးတော့ အမှန်တရားအစိတ်အပိုင်းအနည်းငယ်ပါလျှင်ပင် ကောင်းမင်အတွက် ထိုက်တန်သည်။
“ကောင်းမင်က ကျုပ်နာမည်ဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမကြီးပါဘူး၊ကျုပ်က ကျုပ်ဖြစ်နေသရွေ့ လုံလောက်တယ် “
ကောင်းမင်သည် လီစန်းဆေးရုံတွင် ရှိခဲ့စဉ်ကတည်းက လုဇန်နှင့်ပြောဆိုရင်း အချို့အရာများကို သိရှိခဲ့ပြီးဖြစ်သည်…ဒါပေမယ့် ဒါက ဘာကိုပြောင်းလဲနိုင်မှာလဲ။
“တကယ်အရေးမကြီးဘူးလား ၊ ဒါဆို မင်းမိဘတွေကို လောင်းကြေးအဖြစ်ထားပြီး ဂိမ်းတစ်ခုဆော့ကြမယ်လေ”
အလောင်းရုပ်သေးက လှောင်ပြောင်လိုက်သည်။
“မင်းမိဘတွေ ဘာလုပ်နေလဲ မင်းမသိချင်ဘူးလား ၊ သူတို့က ဘယ်သူတွေလဲ၊ သူတို့ အခုဘယ်ရောက်နေလဲဆိုတာကိုရောပေါ့”
အလောင်းရုပ်သေးက အားရဝမ်းသာ ပြုံးသည်။သူကား ကမ္ဘာကြီးပေါ် ဖရိုဖရဲများကို လွတ်ချရန်အဆင်သင့်ဖြစ်နေခဲ့သည်။
“လုဇန်က မင်းကို ဟန်ဟိုင်းဟာ ထောင်အကြီးကြီးတစ်ခုလို့ ပြောပြခဲ့မှာပဲ ၊ ဟန်ဟိုင်းပြင်ပနဲ့ ပက်သက်ရဲ့ မင်းရဲ့မှတ်ဉာဏ်တွေအားလုံးအတုပဲ၊ အဲ့ဒါတွေအားလုံးကို ကံကြမ္မာကဖန်တီးထားတာ ၊ ဒီလိုဆိုရင် မင်းမိဘတွေက တကယ်ပဲ မင်းရဲ့မိဘတွေလား”
ကောင်းမင် မျက်လုံးများမှေးကျဉ်းသွားသည်။အလောင်းရုပ်သေးများ၏ စကားများက သူ့ကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သည်ကိုတော့ ဝန်ခံရမည်ဖြစ်သည်။သူသည် အကြိမ်များစွာသေဆုံးခဲ့ရပြီး အရာများစွာဆုံးရှုံးခဲ့ရသော်ငြား သူ့မစွန့်ပစ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့မိဘများနှင့်သူ၏ဆက်ဆံရေးဖြစ်သည်။
“လုဇန်က မင်းကိုရွေးချယ်လိုက်တော့ ငါလဲ စတင်စုံစမ်းခဲ့တယ် ၊ မင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတစ်ခု ငါရှာတွေ့ခဲ့တယ် ၊ မင်းရဲ့မိဘတွေက တစ်ချိန်ချိန်ကစပြီး ထူးထူးဆန်းဆန်းပျောက်ဆုံးသွားတာပဲ ၊ မြို့တော်အရှေ့ပိုင်းရဲ့ အရင်းအမြစ်တွေအားလုံးသုံးပြီး ရှာခဲ့ပေမယ့် အချည်းအနှီးပဲ ၊ သူတို့နဲ့ ဆက်နွယ်နေတဲ့လူတိုင်းရဲ့ မှတ်ဉာဏ်တွေကလည်း ဝေဝေဝါးဝါးဖြစ်နေခဲ့တယ် ၊ ကံကြမ္မာက သူတို့ကို ဖျက်ပစ်လိုက်သလိုမျိုးပဲ”
“ငါ့စုံစမ်းမှုတွေ နက်ရှိုင်းလာတော့ ဝှက်ထားတဲ့အမှန်တရားတစ်ခုကို ငါနားလည်သွားတယ် ၊ အဲ့ဒါဟာ လုဇန်က မင်းကို ဘယ်တော့မှ ပြောပြမှာမဟုတ်တဲ့ အကြောင်းအရာတစ်ခုပဲ”
အလောင်းရုပ်သေးမျက်နှာတွင် အက်ကွဲကြောင်းများပေါ်နေသော်လည်း သူသည် အလွန်ပျော်ရွှင်နေပုံရသည်။
“ခင်ဗျား ကျုပ်မိဘတွေနဲ့ တွေ့ခဲ့တာလား ၊ သူတို့က သာမန်လူတွေပဲဖြစ်မယ် ၊ သူတို့နဲ့ပတ်သက်ပြီး ဘာမှ မထူးခြားပါဘူး”
“မဟုတ်ဘူး”
အလောင်းရုပ်သေးက အခိုင်အမာငြင်းဆိုလိုက်သည်။
“မင်းရဲ့မိဘတွေက အထူးနေရာတစ်ခုမှ ပိတ်လှောင်ခံထားရတာ ၊ သူတို့ ထွက်သွားလို့မရဘူး၊ သူတို့ဟာ ကျရှုံးမှုတွေကို ထပ်ခါထပ်ခါကြုံတွေ့ရဖို့ ထွက်ပြေးလွတ်မြောက်ဖို့ အကြိမ်ကြိမ်အခါခါကြိုးစားနေကြရတယ် ၊ အဲ့ဒါက ရက်စက်တဲ့သံသရာစက်ဝန်းတစ်ခုပဲ”
ကောင်းမင်မျက်နှာ မဲမှောင်သွားသည်။ဤသည်မှာ အဆိုးရွားဆုံးအနာဂတ်ထဲသူဝင်လာကတည်းက ပထမဆုံးအကြိမ်အဖြစ် သူ့အမူအရာပြောင်းလဲသွားခြင်းပင်။
“ကံကြမ္မာကိုလှည့်စားဖို့က လွယ်ကူတာမဟုတ်ဘူး ၊ လုဇန်က အဲ့ဒီလိုလုပ်ဖို့ သံသရာစက်ဝန်းတွေကို တစ်ခုပြီးတစ်ခု ဖန်တီးခဲ့တယ် ၊ စက်ဝန်းတစ်ခု ကျိုးပျက်သွားတာနဲ့ ကျန်တဲ့စက်ဝန်းတွေပါ လိုက်ပါလာလိမ့်မယ် “
အလောင်းရုပ်သေး၏ အသံမှာ ရူးသွပ်မှုဖြင့် ဗလုံးဗထွေးဖြစ်နေခဲ့သည်။
“မင်းက စက်ဝန်းတစ်ခု ၊ ကောင်းယန်က စက်ဝန်းတစ်ခု ၊ အရိပ်ကမ္ဘာရဲ့ ရစ်ဝဲနေတဲ့ အသိစိတ်ကလည်း စက်ဝန်းတစ်ခုပဲ ၊ ဒါပေမယ့် စက်ဝန်းတွေအား တစ်နေရာရာမှ စတင်ခဲ့ကြတာ ၊ အဲဒီနေရာက ဘယ်နေရလို့ မင်းထင်လဲ”
ကောင်းမင် သူ့မှတ်ဉာဏ်များကို မွှေနှောက်ကြည့်လိုက်သည်။ အရာအားလုံး ဘတ်စ်ကားမှ စတင်ခဲ့ဟန်ရှိသည်။
“ဘတ်စ်ကားလား”
“ဒါက ဒီလောက်ရိုးရှင်းနေရင် ကံကြမ္မာက ဒါကို အစောကြီးကတည်းက ရှာတွေ့ပြီးဖြစ်နေမှာပေါ့ ၊ တကယ့်အစက ဖုံးကွယ်ထားတာဖြစ်ရမယ် ၊ အဲ့ဒါကို သိတဲ့သူနည်းလေကောင်းလေပဲ ၊ သူတို့ရဲ့ဖြစ်တည်မှုက သော့ချက်တစ်ခုဖြစ်ပြီး မင်းဆီက ပထမမဆုံးအပြောင်းအလဲကို သူတို့ယူလာခဲ့ကြတာပဲ”
အသံသည် ကုတ်ခြစ်နေသကဲ့သို့ဖြစ်နေပြီး နားကြားရသည်ကို မသက်မသာဖြစ်စေသည်။
“မင်းမမှတ်မိဘူးလား ၊ မင်း အစသစ်တစ်ခု စတင်တိုင်း မင်းရဲ့ဘဝများစွာထဲမှာ သူတို့က သတ်မှတ်ထားတဲ့ အချိန်တစ်ခုထဲ အမြဲပေါ်လာတတ်ကြတယ်”
ထိုစကားစုသည် ကောင်းမင်စိတ်ထဲတွင် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ဖြစ်သွားသည်။ သူ ဥမင်ထဲက ထွက်လာသည့်အခါတိုင်း အမြဲတမ်းဖြစ်ပျက်ခဲ့သည့် အရာတစ်ခုရှိလေသည်။သူ့မိဘများက ပထမဆုံးညမှာ အမြဲတမ်းအိမ်ပြန်ရောက်လာကြခြင်း။
သူတို့ဟာ ကိတ်မုန့်တွေပို့ဖို့ပေါ်လာမယ် ၊ ပြီးရင် ထူးဆန်းတဲ့စကားတွေပြောမယ်။အတိတ်တွင် ကောင်းမင်က ထိုအကြောင်းကို မတွေးမိခဲ့ပေ။သို့သော်လည်း အတိတ်နတ်ဘုရား၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို သူရရှိခဲ့ပြီးနောက် ယင်းနှင့်ပက်သက်၍ ထူးဆန်းသည့်တစ်စုံတစ်ခုကို သူသတိပြုမိခဲ့သည်။အစပိုင်းတွင် သေဆုံးခဲ့သည် ကောင်းမင်များ၏မှတ်ဉာဏ်ထဲတွင် အဖေ အမေများ များစွာမရှိပေ။ကောင်းမင်၏ သေဆုံးမှုတစ်ခုစီတိုင်းတွင် မိဘစုံတွဲတစ်တွဲပိုတိုးလာခဲ့သည်။ သူတို့သည် ကောင်းမင်၏မွေးနေ့ပွဲကို ကျင်းပရန် သူ့တံခါးကို ခေါင်းမာစွာခေါက်နေခဲ့ကြခြင်းဖြစ်သည်။
“အစတုန်းက မိဘစုံတွဲတစ်တွဲပဲ ရှိခဲ့တာ ၊ အကြိမ်အများကြီး သေဆုံးခဲ့ပြီးတော့ ငါဟာ ငါပဲဖြစ်နေသေးပေမယ့် မိဘတွေကတော့ ပိုပိုတိုးလာခဲ့တယ်…ငါ့ရဲ့ပြောင်းလဲမှုလမ်းကြောင်းတိုင်းက မိဘတိုင်းဟာ အရိပ်ကမ္ဘာထဲဝင်လာပြီး မျဉ်းကြောင်းတစ်ခုတည်းမှာပဲ စုဝေးလာကြတယ် ၊ သူတို့က တစ်ခုခုကို ဆက်တိုက်ရှာဖွေနေကြလို့လား”
အတိတ်ရှိ ကောင်းမင်တစ်ယောက်ချင်းစီတိုင်းသည် ဥမင်လှိုင်ခေါင်း၏နံရံများထဲတွင် မြှုပ်နှံခံထားရပြီး အချိန်ကအေးခဲရပ်တန့်နေခြင်းဖြစ်သည်။သို့သော်လည်း ထိုကောင်မင်၏ မိဘများသည် သူတို့အား လက်မလျှော့ခဲ့ကြပေ။သူတို့သည် အရိပ်ကမ္ဘာထဲဝင်ရောက်ခဲ့ပြီး သူတို့(ကောင်းမင်)အား မတွေ့မချင်း အိမ်တွင် ရှာဖွေနေခဲ့ကြသည်။
အချိန်သည် ထပ်ခါတလဲလဲ ပြန်ကျော့နေ၏။သေဆုံးသွားသော ကောင်းမင်တစ်ယောက်၏ နောက်ကွယ်တွင် အရိပ်ကမ္ဘာထဲ နစ်မြှုပ်သွားသော စိတ်ပျက်အားငယ်နေသည့် မိဘစုံတွဲတစ်တွဲ ရှိလေသည်။သူတို့သည် အချိန်အေးခဲနေသောနေရာတွင် ပိတ်မိနေခြင်းမဟုတ်ပေ။အဲ့ဒီအချိန်က ဘယ်မှာပါလဲ။
အတိတ်နတ်ဘုရား၏လက်ဆောင်သည် တစ်စုံတစ်ယောက်၏ သူတို့ဘဝအတွက် အရေးအကြီးအရာဖြစ်သည်။ယင်းသည် နတ်ဘုရားပင် ဖုံးကွယ်ရန်ခက်လှသည့် မှတ်ဉာဏ်တစ်ခုဖြစ်သည်။
ကောင်းမင်၏လက်ဆောင်မှာ အလွန်ရိုးရှင်းသည်။ယင်းမှာ သူအစကတည်းက ရရှိခဲ့သော သူ့မွေးနေ့လူသေဓာတ်ပုံပင်ဖြစ်သည်။သူ့မိဘအားလုံးသည် သူ့ဘေးနားရှိနေကြပြီး သူ့ကို ဝန်းရံနေကြသည်။
သူတို့က ငါနဲ့အမြဲတမ်းရှိနေခဲ့တာလား။
ထိုအတွေးများက ရူးချင်စရာကောင်းလှသည်။လွန်ခဲ့သည့် လအနည်းငယ်က သူဥမင်ထဲမှ ထွက်လာစဉ်ကတည်းက အရာအားလုံးသည် လမ်းကြောင်းတစ်ခုကြောင့် ထိုးဖောက်ခံခဲ့ရသည်။နောက်ဆုံးတွင် အဖြေတစ်ခုရတော့မည်ဟု ကောင်းမင်ခံစားလိုက်ရသည်။