ကျိန်စာနှင့် ခေါ်ဆိုမှု
Vol. 27 Ch. 401
“ခင်ဗျားတို့ ဘယ်သူ့ကို ရှာနေတာလဲ”
ဒေါက်တာလီသည် မူမမှန်ဖြစ်ရပ်ထဲတွင် ဧည့်သည်များကို မမျှော်လင့်ထားပေ။ပုံမှန်အးဖြင့် သူတံခါးဖွင့်၍ ပြန်ဖြေမည်မဟုတ်သော်လည်း အိမ်အတွင်းထဲရှိအခြေအနေသည် အိမ်အပြင်ဘက်ထက် ပိုမကောင်းသောကြောင့်ဖြစ်သည်။
“ကျွန်မတို့သားနာမည်က ကောင်းမင်ပါ၊ သူ အိမ်ပြန်မလာသေးဘူးလေ ၊ သူက ဒီလောက်နောက်ကျအောင် အပြင်မှာ နေမယ့်သူမဟုတ်ဘူး”
သက်လက်ပိုင်းအရွယ်အမျိုးသမီးသည် ဖက်ရှင်ကျကျ ဝတ်ဆင်ထားသည်။သူမ၏ မျက်လုံးထောင့်နားတဝိုက်တွင် အရေးအကြောင်းများ ရှိနေခဲ့သည်။
“တစ်ယောက်ယောက်က သူဒီအဆောက်အအုံထဲရောက်နေတယ်ပြောခဲ့လို့ပါ၊ ရှင်သူ့ကို တွေ့မိသေးလား”
“ကောင်းမင်တဲ့လား”
ဒေါက်တာလီက ထိုနာမည်ကို အသံထွက်လိုက်သည်။ကောင်းမင်၏ မိဘများနှင့်တွေ့ဆုံရခြင်းသည် သူ့ခန့်မှန်းချက်ထဲ မပါချေ။ထိုစုံတွဲသည် သူနှင့်အသက်အတူတူလောက်သာဖြစ်ပြီး သူတို့နှင့်ပတ်သက်၍ မည်သည့်ထူးဆန်းမှုမှ မရှိချေ။
“ဟုတ်တယ် ၊ ခင်ဗျား သူ့ကို တွေ့ခဲ့သေးလား”
သက်လတ်ပိုင်းအရွယ်အမျိုးသားက စိတ်လှုပ်ရှားသွား၏။
“လူတွေက မူမမှန်မှုထဲကို သူတို့ရဲ့မိဘတွေ ခေါ်လာတတ်လို့လား”
ဒေါက်တာလီ နူတ်ခမ်းကိုက်လိုက်သည်။အကယ်၍ ယင်းသည် အခြားလူတစ်ယောက်ဖြစ်ပါက သူတို့အား သူယုံကြည်မည် မဟုတ်ပေ။သို့သော် ကောင်းမင်ကား ချွင်းချက်ပင်။ထို့ထက် ကောင်းမင်သည် သူ့အထက်တန်းကျောင်းသားဘဝကို ထာဝရဘဝအိမ်ရာတွင် စတင်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာလီသည် ယင်းကို တိတ်တဆိတ်တွေးနေမိသည်။ရုတ်တရက် အိပ်ခန်းထဲမှ ကလေးငိုသံထွက်ပေါ်လာလေသည်။ အိုးရန်စုစုက ကလေးကိုပွေ့ချီ၍ ဧည့်ခန်း၏အရိပ်ထဲတွင် ရပ်လိုက်သည်။သူမ ပြောလိုက်သည်။
“အချစ်ရေ တံခါးဝမှာ ဘယ်သူတွေလဲ ၊ သန်းခေါင်ရောက်တော့မယ်နော်”
ဒေါက်တာလီနှင့်အိုးရန်စုစုတို့ လက်ထပ်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။အိုးရန်စုစုက သူ့အား ‘အချစ်ရေ’ဟုခေါ်သည့်အခါလောက် ကြောက်ရွံ့တာမျိုးတစ်ခါမှ မဖြစ်ဖူးခဲ့ချေ။
“ကလေးက အရမ်းငိုနေတော့တာပဲ ၊ သူကြောက်နေတာထင်တယ် ၊ အချစ်ရေ ပြန်လာပါတော့ ၊ သူစိမ်းတွေနဲ့ စကားမပြောနဲ့တော့”
အိုးရန်စုစုသည် တံခါးအပြင်မှလူများကို ပွင့်ပွင့်လင်းလင်းပင် ရန်လိုစွာကြည့်လိုက်သည်။သူမ မျက်လုံးထဲရှိ အနက်ရောင်လိုင်းများသည် အနာဂတ်နတ်ဘုရား၏ လွှမ်းမိုးခြင်းခံထားရလေသည်။
“သူတို့က ကောင်းမင်ရဲ့မိဘတွေပါ ၊ သူတို့က လူဆိုးမဟုတ်လောက်…”
ဒေါက်တာလီ၏စကားများက လည်ချောင်းဝတွင် တစ်ဆို့သွားသည်။သက်လတ်ပိုင်းအရွယ်စုံတွဲနှင့် ယှဉ်ပါက အိုးရန်စုစုချီထားသော ကလေးသည် သရဲနှင့်ပိုတူ၏။ထို့ထက် သူတို့ကလေးမှာ မွေးဖွားစဉ်ကာလအတွင်း သေဆုံးသွားခဲ့ပြီဖြစ်သည်။
ဒေါက်တာလီ ပြန်လာရန်ငြင်းဆန်လိုက်သဖြင့် အိုးရန်စုစုက ကလေးကို စတင်ချော့မြူလိုက်သည်။ သူမ၏ အမူအရာမှာ ချစ်ခြင်းမေတ္တာများပြည့်နှက်နေသဖြင့် ဒေါက်တာလီ၏ဦးရေပြားများ ထုံကျင်သွားသည်။သူမ၏ ကြီးမားလှသောခန္ဓာကိုယ်က ကလေးကိုဖုံးကွယ်လိုက်သည်။သူမ၏ မျက်နှာသည် ကလေး၏လက်သေးသေးများဖြင့် အလွန်နီးကပ်နေလေသည်။
“အချစ်ရေ ရှင်ဒီနေရာက သေချာပေါက်ထွက်သွားမယ်ဆိုရင် ဒီနေရာအနည်းငယ်လောက်ပဲ သွားသင့်တယ်လို့ ကလေးက ကျွန်မကို ခုလေးတင်ပြောလိုက်တယ် “
ကလေးငိုသံမှာ ပြောင်းလဲသွား၏။အိုးရန်စုစုက ယင်းကို နားလည်ပုံရသည်။
“ကော်ရစ်ဒါတစ်လျှောက်က တံခါးတွေ အနီရောင်ပြောင်းသွားရင် ထွက်ပြေးပါ၊ဒီအဆောက်အအုံထဲမှာ ဓာတ်လှေကားတစ်ခုပဲ သုံးလို့ရတယ် ၊ကျန်တာတွေက ရှင့်ကို သင်္ချိုင်းကိုပို့လိမ့်မယ်၊ အမည်မသိအိမ်တစ်လုံးထဲ ရှင်ဝင်သွားရင် ဘာအသံမှ မထွက်ပါနဲ့၊တကယ်လို့ အိမ်မှာ လူသေပုံတူတစ်ခုရှိနေခဲ့ရင် လေးစားမှုပြဖို့ အမွေးနံ့သာထွန်းပေးဖို့ မမေ့ပါနဲ့…”
သူ့ဇနီးဆက်လက်ရေရွက်နေစဉ်တွင် ကောင်းမင်၏ဖခင်ဟု သူ့ကိုယ်သူမိတ်ဆက်ခဲ့သော လူက ဒေါက်တာလီအား ဆွဲခေါ်သွားလေသည်။
“နေပါဦး ၊ ကျုပ်ခင်ဗျားတို့နဲ့ သွားမယ်လို့မပြောခဲ့ဘူးလေ”
ဒေါက်တာလီက အိပ်ခန်းကို စိုးရိမ်တကြီးကြည့်ရင်း ထိုလူ၏လက်ထဲမှ ရုန်းကန်လိုက်သည်။
“ငါ သူတို့နဲ့လိုက်သွားမယ်လို့ မပြောခဲ့ဘူးနော်”
ဒေါက်တာလီမှာ ခက်ခဲသည့်ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေရသည်။ဖြစ်နိုင်လျှင် သူသည် သူ့ဇနီးနှင့် အတူနေချင်သော်လည်း ကလေးသည် ကောင်းမင်၏မိဘများနှင့် နီးနီးကပ်ကပ်ရှိစေလိုသည့်ပုံ မပေါ်ပေ။ကလေးက သူ့မျက်လုံးများ ပြုတ်ထွက်မတတ် စူးစူးဝါးဝါးအော်ငိုတော့သည်။အိုးရန်စုစုက ကလေးကိုသာ အာရုံစိုက်လိုက်သည်။သူမ ပြောစရာရှိသည်ကို ပြောပြီးနောက် အိပ်ခန်းတံခါးကို ပိတ်လိုက်လေသည်။
“ကလေးသရဲက ကြောက်နေတာလား ၊ သူဘာကြောက်နေတာလဲ”
ဒေါက်တာလီက သူ့အကြည့်များကို ကောင်းမင်၏မိဘနှစ်ပါးထံ ဖြည်းညင်းစွာရွေ့လိုက်သည်။ သူ့ဇနီးကား အနာဂတ်နှင့်ကလေးရဲ၏ ဝင်စီးခံထားရပြီဖြစ်သည်။သူဆက်နေလျှင်ပင် သူဘာမှ တတ်နိုင်လိမ့်မည်မဟုတ်ပေ။တကယ်တမ်းတွင် သူသည်လည်း သူ့ဇနီး၏ပုံရိပ်ယောင်ထဲသို့ နစ်မြှုပ်သွားနိုင်သည်။အနည်းငယ်တွေးတောလိုက်ပြီးနောက် ဒေါက်တာလီသည် သူ့မျှော်လင့်ချက်များကို ကောင်းမင်၏မိဘများထံသာ ပုံအပ်ထားလိုက်တော့သည်။
“ကျုပ်က ကောင်းမင်နဲ့အတူ ထာဝရဘဝအိမ်ရာက ထွက်ပြေးလာခဲ့တာပါ၊ ကျုပ်သူ့ကို
နောက်ဆုံးမြင်လိုက်ရတာက ပထမထပ်မှာပဲ”
စုံတွဲက သူ့ကို ကျေးဇူးတင်စကားပြောသည်။သူတို့သည် ဒေါက်တာလီအား လမ်းတစ်လျှောက်လုံးဆွဲခေါ်လာပြီး ပထမထပ်သို့ ပြန်ရောက်လာကြသည်။ဒေါက်တာလီက သူ့ဇနီးသွားခဲ့သည့် လမ်းကြောင်းကို မှတ်သားထားသည်။သို့သော်လည်း အဆက်မပြတ်ပြောင်းလဲနေသော ကော်ရစ်ဒါများကြောင့် သူထိတ်လန့်သွားရသည်။တူညီသော လမ်းကြောင်းသည် နာရီအနည်းငယ်တိုင်း ပြောင်းလဲနေခြင်းဖြစ်သည်။
“လျှို့ဝှက်စီးချက်တစ်ခု ရှိရမယ် ၊ ဒါက အခန်းတစ်ခုချင်းစီရဲ့ နာရီတွေနဲ့ ပတ်သက်နေတာ ဖြစ်ရမယ်”
နာရီများပေါ်ရှိအချိန်သည် မတူညီကြကြောင်း ဒေါက်တာလီသတိပြုမိသည်။ အဆောက်အအုံ ၃ရှိ အခန်းတိုင်းသည် ကိုယ်ပိုင်အချိန်စီးကြောင်းများဖြင့် လည်ပတ်နေကြဟန်ရှိသည်။
“ကောင်းမင် ဒီမှာ မရှိဘူး”
သက်လတ်ပိုင်းစုံတွဲမှာ ပထမထပ်ရှိ အခန်းအနည်းငယ်တွင် ရှာဖွေလိုက်ကြသည်။သူတို့သည် ပို၍ပင် စိုးရိမ်လာကြတော့သည်။
“သူ ဒုက္ခရောက်နေတာများလား ၊ ကျွန်မကြားတာတော့ သူ့မှာဝမ်ကျားလို့ခေါ်တဲ့ အခန်းဖော်တစ်ယောက်ရှိတယ်တဲ့ ၊ သူက ဒေါသကြီးပြီး တိရိစ္ဆာန်သေးသေးလေးတွေကို နှိပ်စက်ရတာကြိုက်တယ်တဲ့ ၊ သူလည်း ဒီမှာနေတာပဲ”
ကောင်းမင်၏မိခင်ဖြစ်သူမှာ ကြောက်ရွံ့နေပြီး ဖခင်ဖြစ်သူမှာ ချွေးများစီးကျနေလေသည်။သူတို့သည် ကော်ရစ်ဒါအဆုံးရှိ အခန်းတံခါးကို ဖျက်ဆီးလိုက်ပြီး ကောင်းမင်၏နာမည်ကို အော်ခေါ်လိုက်ကြသည်။ဒေါက်တာလီမှာ ထိုသက်လတ်ပိုင်းစုံတွဲကို သတိပေးချင်သော်လည်း သူတို့က နားမထောင်ကြချေ။
သူ ခေါင်းသာခါမိတော့သည်။အခန်းထဲ ဝင်ဝင်မိချင်းပင် တစ်ခုခုမှားနေသည်ကို သူခံစားလိုက်ရသည်။သူ့အား တစ်ယောက်ယောက်က ကြည့်နေသလို ခံစားနေရခြင်းဖြစ်သည်။
သူလှည့်ကြည့်လိုက်ရာ ဧည့်ခန်းထောင့်တွင် ပူဇော်စားပွဲတစ်ခုကို မြင်လိုက်ရသည်။ ထိုပူဇော်စားပွဲပေါ်တွင် အဘွားအိုတစ်ယောက်၏ အဖြူအမဲ ဓာတ်ပုံတစ်ခုရှိနေလေသည်။
အဘွားအိုကြီးက ကြင်နာစွာပြုံးနေခဲ့သည်။ဒေါက်တာလီသည် နံ့သာတိုင်ရှာချင်နေသော်လည်း ထိုစုံတွဲကတော့ ပူဇော်စားပွဲကို ရည်ရွယ်ချက်ရှိရှိ စိန်ခေါ်နေကြသည်။သူတို့သည် ရှာဖွေနေရင်းဖြင့် အမွေးနံ့သာအိုးကို ‘မတော်တဆ’ တိုက်မှောက်လိုက်လေသည်။အိုးထဲက ပြာမှုန်များကြောင့် ဒေါက်တာလီ၏ခန္ဓာကိုယ်တစ်ခုလုံး ဖြူဖွေးသွားသည်။ဓာတ်ပုံထဲရှိ အဘွားအိုကြီး၏အမူအရာမှာ ပိုခက်ထန်လာတော့သည်။သို့သော်လည်း ကောင်းမင်၏မိဘများက မည်သည့်အရာကိုမှ သတိပြုမိပုံမရဘဲ အသံကုန် အော်ခေါ်နေကြသည်။
ယင်းက ဒေါက်တာလီ၏နှလုံးကို တချက်ချက်တုန်ခါသွားစေ၏။ဒီစုံတွဲက အဘွားကြီးကျိန်စာတိုက်နိုင်အောင် ကောင်းမင်ရဲ့နာမည်ကို တမင်အော်ခေါ်နေကြတာလား။သူတို့က ကံဆိုးမှုအားလုံးကို သူ့အတွက် စုစည်းနေတာလား။
ဒေါက်တာလီသည် ထွက်သွားချင်နေပြီဖြစ်သည်။ထိုစုံတွဲက ကြောက်စရာကောင်းလှသည်ဟု သူတွေးမိသည်။
……
သူ့မိသားစုဓာတ်ပုံကို ကိုင်ထားရင်း လော်တုန်း၏မျက်နှာပေါ်တွင် မျက်ရည်များစီးကျနေခဲ့သည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများဖုံးလွှမ်းနေပြီး ကျိန်စာက သူ့အရိုးထဲအထိ စိမ့်ဝင်နေခဲ့ပြီဖြစ်သည်။လူချမ်းသာရပ်ကွက်သည် ဤမျှအန္တရာယ်များမည်ဟု သူမထင်မိခဲ့ချေ။
အဆိုးရွားဆုံးအနာဂတ်သည် အဆောက်အအုံ ၃တွင် ထွက်ပေါ်လာခဲ့သည်။သူသည် သွေးပျက်ဖွယ်သေဆုံးသွားသော သူ့ဇနီး ၊ ဝိညာဉ်ဖျက်ဆီးခံလိုက်ရသော သူ့သမီးနှင့် ရူးသွပ်သွားပြီး ထွက်ပြေးသွားသော သူ့သားတို့ကို မြင်ခဲ့ရသည်။သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
“ငါ သူ့ကို ရှာရမယ် “
တံခါးတိုင်း၏ နောက်ကွယ်တွင် အန္တရာယ်များပုန်းအောင်းနေနိုင်ကြောင်း လော်တုန်းသိသည်။သို့သော်လည်း သူ့ကလေးများအတွက် သူစွန့်စားရမည်ဖြစ်သည်။ ထိုယုံကြည်ချက်သာလျှင် သူရှေ့ဆက်နိုင်အောင် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ လွဲ၍ သူမျက်လုံးများသည် ရေကဲ့သို့ ကြည်လင်နေလျက်ရှိသည်။
လော်တုန်းသည် မတူညီသော အခန်းများကို စစ်ဆေးလိုက်သည်။သူသည် အချိန်နှင့် သူကိုယ်သူပင် မေ့လျော့သွားခဲ့သည်။သို့သော်လည်း သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ သန်မာသည်။
လော်တုန်း အခြားတံခါးတစ်ခုကို ခေါက်လိုက်သည်။ယင်းက အခြားကျိန်စာတစ်ခုဖြစ်မည်ဟု သူထင်လိုက်သည်။သူ့နှလုံးက အပြင်းအထန်ခုန်ပေါက်လာတော့သည်။သူ့ဒဏ်ရာများမှ သွေးများစိမ့်ထွက်လာပြီး အသားနံ့ခပ်သင်းသင်း ထုတ်လွှတ်လာလေသည်။
“ဒီတံခါးနောက်က တစ်ခုခုက ငါ့ကို ခေါ်နေတယ်…”