မိဘတွေရဲ့အမြင်
Vol. 27 Ch. 402
တံခါးမှာ ဖြည်းညင်းစွာပွင့်လာလေသည်။နာရီသံများက သူ့နားထဲ တစ်ချက်ချက်မြည်နေခဲ့သည်။ လော်တုန်းက တံခါးဘောင်ကို ကိုင်၍ သူ့ရှေ့မှ မြင်ကွင်းကို တိတ်ဆိတ်စွာကြည့်ရှုလိုက်သည်။ အခန်းငယ်လေးထဲတွင် အမျိုးမျိုးသော နာရီများကို ချိတ်ဆွဲထားလေသည်။နာရီတစ်လုံးစီတိုင်းတွင် လူသားမျက်နှာပုံစံဖြစ်နေခဲ့သည်။သို့မဟုတ် ပိုတိကျစွာ ပြောရလျှင် နာရီတစ်လုံးစီက လူသားတစ်ယောက်ကို ကိုယ်စားပြုခြင်းဖြစ်သည်။လော်တုန်းက အခန်းထဲသို့ အရမ်းကာရောမဝင်ရဲချေ။ သူ တံခါးဝတွင်ရပ်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထိုအခန်းသည် အပြင်ဘက်မှ အခြားအခန်းများ ကွဲပြားပုံမရသော်လည်း ယင်းတွင် အခန်းနံပါတ်ရှိမနေခဲ့ချေ။ လူချမ်းသာရပ်ကွက်တွင် အချိန်တချို့နေခဲ့ပြီးနောက် အခန်းနံပါတ်များသည် ရက်စွဲများကို ကိုယ်စားပြုကြောင်း လော်တုန်းသိခဲ့ရသည်။ရက်စွဲများသည် အခန်းပိုင်ရှင်များအတွက် အရေးပါသည့်အရာများဖြစ်သည်။ဥပမာအားဖြင့် သူ့ကိုယ်ပိုင်အခန်း၏နံပါတ်သည် သူ့ဇနီးနှင့် ဆုံတွေ့ခဲ့ရသည့် ရက်စွဲဖြစ်သည်။
“ငါ ဘယ်ရောက်နေတာလဲ ၊ အနာဂတ်ရဲ့ အဆုံးသတ်ကို ရောက်နေတာလား”
ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများက လော်တုန်းကို မထိခိုက်စေနိုင်တော့ပေ။ သူ့စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး အခန်းဝင်၍ တံခါးကို ပိတ်လိုက်သည်။
နာရီများ၏အခန်းထဲတွင် နာရီလက်တံများသည် အဆုံးမရှိ တချက်ချက်လည်ပတ်နေကြသည်။ များစွာသော ကံကြမ္မာများက ချောက်နက်ကြီးဆီသို့ ဦးတည်လျက်ရှိကြသည်။လူတိုင်း၏ဘဝများသည် လော်တုန်းရှေ့တွင် ပေါ်လွင်နေတော့သည်။
“ငါ့နှလုံးသားထဲက အသံက ငါ့ကို ဒီခေါ်ခဲ့တာလား ဒါမှမဟုတ် ငါက ဒီနေရာကို လာချင်ခဲ့တာလား”
လော်တုန်းသည် လွန်ခဲ့သည့်နှစ်ရက်က ကောင်းမင်နှင့်တွေ့ခဲ့ရသည်။ကောင်းမင်က သူ့အား ထူးဆန်းသော စကားတချို့ကို ပြောခဲ့သေးသည်။ထိုအချိန်က ယင်းတို့ကို လော်တုန်းနားမလည်ခဲ့ချေ။သို့သော်လည်း ယင်းသည် ကောင်းမင်ထံမှ တောင်းဆိုချက်ဖြစ်နေသရွေ့ သူမဆိုင်းမတွ သဘောတူလိမ့်မည်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ကောင်းမင်က သူ့မိသားစုကို ကယ်တင်ခဲ့သောကြောင့်ပင်။
သူ့နှလုံးသားထဲမှ အသံများကို လော်တုန်းနားထောင်လိုက်သည်။နောက်ဆုံးတွင် သူ့နားထဲ၌ နာရီသံတစ်ခုသာ ကျစ်ရစ်ခဲ့သည်။လော်တုန်းသည် အနှောက်အယှက်များကို ရှင်းထုတ်လိုက်ပြီး အချိန်စီးကြောင်းနောက် လိုက်ပါစီးမျောသွားသည်။သူ့မျက်လုံးများကို ဖွင့်လိုက်သောအခါ ပင်မအိပ်ခန်းထဲရောက်ရှိနေခဲ့ပြီဖြစ်သည်။သူသည် ထောင့်တစ်ခုတွင်ရပ်နေခြင်းဖြစ်သည်။ သူ့ရှေ့တွင် နာရီတစ်လုံး ရှိနေခဲ့သည်။နာရီများ၏အခန်းထဲတွင် ဤအခန်းသည် ပုံမှန်ဖြစ်နေပြီး အရေးမပါပုံရသည်။
“ဒါက ငါ့ကို ခေါ်နေတဲ့အရာလား”
ထာဝရဘဝအိမ်ရာတွင် လျှို့ဝှက်အထပ်များနှင့် လျှို့ဝှက်အခန်းများရှိသည်။ လူချမ်းသာရပ်ကွက်တွင်လည်း အတူတူပင်ဖြစ်သည်။ လော်တုန်းသည် ကြမ်းပြင်ပေါ်ဒူးထောက်၍ နာရီကို လေ့လာလိုက်သည်။ထိုအချိန်တွင် အိမ်အပြင်ဘက်မှ ခြေသံများထွက်ပေါ်လာလေသည်။
“အခန်းပိုင်ရှင် အိမ်ပြန်လာတာလား”
လော်တုန်း တွေဝေနေခြင်းကို ရပ်တန့်လိုက်သည်။သူက နာရီအဖုံးကို ဖွင့်လိုက်၏။သူ့ရည်ရွယ်ချက်မှာ နာရီမျက်နှာပြင်ကို ဝှက်ရန် သို့မဟုတ် ဖျက်ဆီးရန်ဖြစ်သည်။သို့သော်လည်း သူ့လက်က လက်တံကိုထိလိုက်သည်နှင့် ပါးလွှာသောအမျှင်ငါးခုက သူ့ခန္ဓာကိုယ်အား ရစ်ပတ်လိုက်သည်။တစ်ချိန်တည်းမှာပင် လော်တုန်း၏ နှလုံးသားသည် သတ်မှတ်ထားသည့် စည်းချက်တစ်ခုအတိုင်း စတင်ခုန်ပေါက်လာတော့သည်။သူ့ကံကြမ္မာသည် လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် နာရီထဲမှ တစ်စုံတစ်ခုဖြင့်ချည်နှောင်ထားခဲ့ပုံရသည်။ထို ဆက်သွယ်မှုကား ဖြတ်တောက်မရပါချေ။
လက်တံများ လှုပ်ရှားသွား၏။တံခါးပွင့်လာသည့်အချိန်တွင် လော်တုန်းသည် ကံကြမ္မာနှင့်အချိန်တို့၏ အဆုံးမရှိသော ချည်မျှင်များဖြင့် နာရီထဲသို့ ဆွဲခေါ်ခြင်းခံလိုက်ရသည်။နာရီသည်လည်း ရွေ့လျားနေခြင်း ရပ်သွားသည်။
လော်တုန်းနှင့်မသက်ဆိုင်သော မှတ်ဉာဏ်များ သူ့စိတ်ထဲသို့ စီးဝင်လာလေသည်။စိုးရိမ်ပူပန်နေသော စုံတွဲတစ်တွဲကို သူမြင်လိုက်ရသည်။သူ့လိုပင် သူတို့သည် တစ်ချိန်က ပြည့်စုံသော ပျော်စရာမိသားစုလေးရှိခဲ့သည်။ သို့သော် မူမမှန်မှုများ စတင်သည့်နေ့တွင် သူတို့ကလေးမှာ ပျောက်ဆုံးသွားခဲ့ရသည်။ကံကြမ္မာ၏ ချည်မျှင်များ ပိုမိုတင်းကျပ်စွာ ရစ်ပတ်လာ၏။လော်တုန်း၏ နှလုံးသားမှာ ပေါက်ကွဲလုမတတ်ပင်။သူသည် ထိုစုံတွဲ၏ နာကျင်မှု ၊ စိတ်ပျက်အားငယ်မှုတို့ဖြင့် ပဲ့တင်ထပ်သွားပြီး သူ့ကံကြမ္မာက သူတို့နှင့်ထပ်တူကျသွားတော့သည်။လော်တုန်း မျက်လုံးဖွင့်လိုက်သည်နှင့် အမောတကောအသက်ရှူလိုက်ရသည်။
“ငါ နာရီထဲ စုပ်ယူခံလိုက်ရသလို ခံစားရတယ် ၊ ဒါက နာရီနောက်မှာ လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိနေတာလား ၊ ငါ့စိတ်ထဲမှာ တခြားလူတွေရဲ့ မှတ်ဉာဏ်တွေ အများကြီးပေါ်လာတယ် ၊ အားလုံးက လက်ထပ်ပြီးတဲ့ ဇနီးမောင်နှံတစ်တွဲနဲ့ ဆက်စက်နေတာ ၊ သူတို့က သူတို့ကလေးကို ပျိုးထောင်ဖို့ အကောင်းဆုံးကြိုးစားခဲ့ကြတယ် ၊ သူတို့က ကြီးကြီးကျယ်ကျယ်တွေ မျှော်လင့်ခဲ့ကြတာမဟုတ်ဘူး ၊ သူတို့က သူတို့ကလေးကို ဘေးကင်းလုံခြုံစေချင်ရုံပဲ ၊ ဒါပေမယ့် သူတို့ကလေးက ထူးထူဆန်းဆန်းပျောက်ကွယ် သွားခဲ့တုန်းပဲ…”
မိဘတစ်ဦးအနေဖြင့် လော်တုန်းသည် သူတို့၏နာကျင်မှုကို နားလည်နိုင်သည်။
လေထုထဲရှိ အောက်သိုးသိုးမှိုနံ့က လော်တုန်း၏နှာခေါင်းကို တရှုံ့ရှုံ့ဖြစ်သွားစေ၏။သူ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“ငါ လူချမ်းသာရပ်ကွက်မှာ မဟုတ်တော့ဘူးလား”
အိုဟောင်းနေသော အဆောက်အအုံဟောင်းကြီးသည် ဆွေးမြေ့နေလေသည်။သံချေးတက်နေသော လက်ရန်းများတွင် ပိုးကောင်များတွားသွားနေကြသည်။ကျဉ်းမြောင်းသောကော်ရစ်ဒါတွင် လျှော်ထားသော အဝတ်များနှင့် အမှိုက်များ ပြည့်နှက်နေလေသည်။အင်္ဂတေကြမ်းပြင်သည်လည်း အပေါက်များဖြင့် ဇကာပေါက်များလို ဖြစ်နေလေသည်။
“ငါ ဘယ်ရောက်နေတာပါလိမ့်”
လေပြင်းတစ်ချက်ဝှေ့လိုက်သည်။ လှန်းထားသော အဝတ်များက သရဲများကဲ့သို့ တဖျတ်ဖျတ်လူးလွန့်သွား၏။ အခန်းတစ်ခန်းထဲမှ အလင်းရောင်ထွက်လာသည်ကို သူသတိပြုမိသည်။
“ငါ သွားသင့်လား”
အဆောက်အအုံ၏ပုံစံသည် ရှုပ်ထွေးခြင်းမရှိသော်လည်း ကော်ရစ်ဒါတွင် အမှိုက်များပြည့်နေသောကြောင့် လော်တုန်း၏အရှိန်ကို နှေးကွေးစေသည်။လော်တုန်းသည် သူသွားမည့်နေရာသို့ တစ်ဝက်လောက်ရောက်သောအခါ ခြေသံများကြားလိုက်ရသောကြောင့် ခေတ္တရပ်တန့်လိုက်သည်။သူ့လုံခြုံရေးအတွက် အမှိုက်ပုံနောက်တွင်ပုန်းလိုက်ပြီး သူ့ခေါင်းကို လွင့်ပစ်ထားသည့် အင်္ကျီတစ်ထည်ဖြင့် အုပ်ထားလိုက်သည်။
ခြေသံများက ဖြည်းညင်းစွာ နီးကပ်လာခဲ့သည်။လော်တုန်း လှည့်ကြည့်လိုက်ရာ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။လှေကားကနေ ဆင်းလာသူမှာ ကောင်းမင်ပင်။
လော်တုန်း၏နူတ်ခမ်းများ ပွင့်ဟသွားသော်လည်း သူ့ကို မခေါ်လိုက်မိပေ။ကောင်းမင်မှာ အနည်းငယ်ထူးဆန်းနေကြောင်း သူသဘောပေါက်သည်။သူသည် အလွန်ငယ်ရွယ်နေခြင်းဖြစ်သည်။ သူသည် ကျောင်းကျောပိုးအိတ်ကို လွယ်ထားပြီး သေတ္တာအလွတ်တစ်လုံးကို ကိုင်ထားသည်။ကျောင်းဝတ်စုံကိုလည်း ဝတ်ဆင်ထားပေသည်။
“ဒါက အရမ်းထူးဆန်းတယ်”
လော်တုန်း ဆက်ပုန်းနေခဲ့သည်။ကောင်းမင်က တံခါးတစ်ခုရှေ့တွင် ရပ်လိုက်သည်။သူက ညင်ညင်သာသာခေါ်လိုက်သည်။တံခါးက အတွင်းမှ ပွင့်လာခဲ့သည်။ကော်ရစ်ဒါမှာ ထပ်မံတိတ်ဆိတ်သွား၏။အခန်းထဲမှ မည်သည့်အသံမှ ထွက်မလာခဲ့ချေ။ လော်တုန်း မျက်မှောင်ကြုတ်သွားသည်။
“ကောင်းမင်ရဲ့မှတ်ဉာဏ်ကို ဒီနာရီထဲမှာ ချိတ်ပိတ်ထားတာလား ၊ တစ်ယောက်ယောက်က သူ့မှတ်ဉာဏ်ကို ဖယ်ရှားပစ်ခဲ့တာပဲ ၊ ဒါပေမယ့် တစ်ခုခုတော့ မမှန်သလိုခံစားရတယ်…”
နာရီဝက်ခန့်ကြာသောအခါ ကော်ရစ်ဒါတွင် ရင်းနှီးနေသောခြေသံများ ထပ်မံပဲ့တင်ထပ်လာလေသည်။ကော်ရစ်ဒါတွင် ရှာဖွေနေသော လော်တုန်းက အလျင်အမြန်ပြန်ပုန်းလိုက်သည်။သူ အသက်အောင့်ထားလိုက်ပြီး ကော်ရစ်ဒါအား စိုက်ကြည့်နေလိုက်သည်။ ခြေသံပိုင်ရှင် ပေါ်ထွက်လာသောအခါ လော်တုန်း၏မျက်ဆံများ ကျုံ့သွားခဲ့သည်။
ငယ်ရွယ်သောမျက်နှာ ၊ ကျောင်းဝတ်စုံ ၊ ကျောင်းကျောပိုးအိတ်နှင့် သေတ္တာအလွတ် အားလုံးအတူတူပင်။ တူညီသောကောင်းမင်က တံခါးကိုခေါက်လိုက်ပြီး အခန်းထဲဝင်သွားခဲ့သည်။
တံခါး ပြန်ပိတ်သွား၏။လော်တုန်း ဆွံ့အသွားသည်။ဤအခန်းသည် ကောင်းမင်ကို စားရန် အထူးပြုလုပ်ထားသော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ပုံရသည်။
“ဘာလို့ ဒီမှာ ကောင်းမင်နှစ်ယောက်ရှိနေရတာလဲ “
လော်တုန်း တံခါးဆီသို့ လျှောက်သွားလိုက်သည်။အခန်းနံပါတ်သည် ၇၁၆ဖြစ်သည်။ဇူလိုင်လ ၁၆ရက်နေ့သည် ဆာလောင်တစ္ဆေပွဲတော်အပြီး နောက်တစ်နေ့လည်းဖြစ်သည်။
“အခန်းပိုင်ရှင်အတွက် ဆာလောင်တစ္ဆေပွဲတော်ရဲ့ နောက်တစ်နေ့ဟာ သူ့ဘဝရဲ့ အမှတ်တရအဖြစ်ဆုံးနေ့ ဖြစ်တယ် ၊ အဲဒီနေ့မှာ ဘာဖြစ်ခဲ့တာလဲ ၊ ဒါက တကယ်ပဲ ကောင်းမင်ရဲ့ မှတ်ဉာဏ်လား ၊ မဟုတ်ဘူးဆိုရင်ကော သူဘာလို့ ဒီမှာ ရှိနေတာလဲ ၊ အဲ့ဒါများ ဖြစ်နိုင်မလား…”
လော်တုန်းသည် ထိုနေရာတွင် သူပထမဆုံးပေါ်လာစဉ်က သူမြင်ခဲ့ရသော အရာများနှင့် သူ့ဦးနှောက်ထဲကို စီးဝင်လာသည့် မှတ်ဉာဏ်များကို ပြန်တွေးလိုက်သည်။
“ဒါက သူ့မိဘတွေရဲ့ မှတ်ဉာဏ်များဖြစ်နေမလား ၊ သူတို့က သူ့ကို ရှာဖို့ မူမမှန်ဖြစ်ရပ်ထဲဝင်သွားကြတာလား”
ခဏတာတုံ့ဆိုင်းနေပြီးနောက် လော်တုန်းက တံခါးကို အသာအယာခေါက်လိုက်သည်။
အတွင်းဘက်မှ လူတစ်ယောက်က တံခါးကိုဖွင့်လိုက်လေသည်။ထိုလူသည် မိုးကာအင်္ကျီဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။နောက်တစ်ယောက်ကမူ မီးဖိုချောင်ထဲ ရှိနေခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် လော်တုန်းသည် မီးဖိုချောင်ထဲမှ အသားခုတ်သံများကို ကြားနေရသောကြောင့်ဖြစ်သည်။
လော်တုန်း၏အမူအရာမှာ သဘာဝမကျ ဖြစ်လာတော့သည်။အကြောင်းမှာ ဤနေရာနှင့်ပတ်သက်၍ မှန်ကန်မှု သို့မဟုတ် ယုတ္တိဗေဒတို့ ဘာတစ်ခုမှ မရှိသောကြောင့်ပင်။