← Chapters

သတ်ဖြတ်ရ ခက်ခဲသော

Vol. 27 Ch. 404

သတ်ဖြတ်ရ ခက်ခဲသော

Vol. 27 Ch. 404

“ဖုန်းဖြေတဲ့လူတွေက တစ်ယောက်မှ ကောင်းမင်မဟုတ်ဘူးတဲ့လား”

လော်တုန်းက ထိုစကားကို ဆက်စပ်တွေးကြည့်ရင်း သူ့ကျောရိုးတစ်လျောက်အေးစိမ့်မှုတစ်ခု ခံစားလိုက်ရသည်။

“ဒါက အထူးဆန်းဆုံး မဟုတ်သေးဘူး”

ထိုလူက သူ့ခေါင်းကို လော်တုန်းဘက် စောင်းလိုက်သည်။

“ဖုန်းထဲက အသံတွေက အစတုန်းကတော့ ကျုပ်တို့နဲ့ မရင်းနှီးဘူး ၊ ဒါပေမယ့် ကျုပ်တို့ဖုန်းတစ်ခါခေါ်လိုက်တဲ့ အကြိမ်တိုင်း အသံက နောက်ဆုံး ကောင်းမင်ရဲ့အသံနဲ့ ချွတ်စွပ်တူလာတဲ့အထိ နည်းနည်းချင်းတူတူလာခဲ့တယ်၊ ဒါပေမယ့် သူ့ရဲ့အမူအကျင့်နဲ့ အသေးစိတ်အချက်သေးသေးလေးတွေတဆင့် အဲဒါက ကောင်းမင်အစစ်မဟုတ်ဘူးဆိုတာ ကျုပ်တို့သေချာပေါက် ပြောနိုင်တယ်လေ”

“အသံက ကောင်းမင်နဲ့ ပိုပိုပြီး တူလာခဲ့တာလား”

မိမိ၏မိသားစုကို တဖြည်းဖြည်းအစားထိုးခံနေရသည့် ခံစားချက်က လော်တုန်းကို အလွန်ပင်အကူညီမဲ့စေ၏။

“အမှန်ပဲ ၊ ဒါကလည်း ကျုပ်တို့ သူ့ကိုလာရှာရတဲ့ အကြောင်းရင်းထဲက တစ်ခုပဲ”

လော်တုန်း တိတ်ဆိတ်သွားသည်။သူတို့သည် သူတို့သားဖြစ်သူ သရဲများ၏ခြောက်လှန့်ခံနေသည်ကို သိကြသော်လည်း သူ့ကိုရှာဖွေရန် တွန့်ဆုတ်မနေခဲ့ကြပေ။

“ခင်ဗျား ဒီကိုဘယ်လိုရောက်လာလဲ မသိပေမယ့် ကျုပ်တို့ အိမ်ကထွက်လာခဲ့တုန်းက အပြင်ဘက်ကမ္ဘာကြီးဟာ လုံးဝခြားနားနေတယ်ဆိုတာ သိလိုက်ရတယ်၊ ကျုပ်တို့က တခြားဒိုင်မေးရှင်းတစ်ခုထဲ ရောက်သွားသလိုခံစားခဲ့ရတယ်၊ လမ်းမီးတွေကလည်း မှိန်ဖျော့နေပြီး အရိပ်ထဲမှာ အမည်မသိအရာတွေ တွားသွားနေခဲ့ကြတယ် ၊ ဒါပေမယ့်လည်း ကျုပ်တို့က ကောင်းမင်ကို စိုးရိမ်နေခဲ့လို ဒါတွေကို ဂရုမစိုက်ခဲ့ကြဘူး၊ သူပေးထားတဲ့ လိပ်စာအတိုင်း ကျုပ်တို့ဒီနေရာကို ရှာတွေ့ခဲ့ကြတယ်”

ထိုလူ၏ မိုးကာဦးထုတ်က နောက်သို့တဖြည်းဖြည်းလျှောကျလာပြီး သူ့လည်းပင်းတဝိုက်တွင် ရှိနေသော သွေးအစအနများကို ထုတ်ပြလိုက်သည်။

“ခင်ဗျားလဲ ခင်ဗျားရဲ့ကလေးကို လာရှာတာလား”

“ကျုပ်က မူမမှန်ဖြစ်ရပ်တစ်ခုထဲမှာ ပိတ်မိနေခဲ့တာ ၊ ကျုပ်မိန်းမနဲ့ကျုပ်သမီးတို့ရဲ့ ဝိညာဉ်တွေက အပြီးတိုင်ဖျက်ဆီးခံခဲ့ရတယ် ၊ ကျုပ်သားလေးတစ်ယောက်တည်းပဲ ပျောက်ဆုံးသွားတာ”

လော်တုန်းက သွေးများကို လျစ်လျူရှုထားရန် အကောင်းဆုံးကြိုးစားလိုက်သည်။

“မကြောက်ပါနဲ့ ၊ ဒီသွေးတွေက …လူသွေးမဟုတ်ပါဘူး…”

ထိုလူက ရုတ်တရက် တုန်ယင်သွားပြီး သူ့မျက်လုံးများ ကျုံ့သွားသည်။

“ကောင်းမင် ငှားနေတဲ့အိမ်ကို အမြန်သွားဖို့ ကျုပ်တို့တက္ကစီတစ်စီး စီးခဲ့ကြတယ် ၊ ဒရိုင်ဘာက ကျုပ်တို့ကို လမ်းတစ်လျှောက်လုံး လွန်ခဲ့တဲ့က နှစ်အနည်းငယ်က ဟန်ဟိုင်းတစ်မြို့လုံးမှာ ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုတွေအပါအဝင် သရဲဇာတ်လမ်းတွေအများကြီးပြောပြခဲ့တယ် ၊ သူက အရမ်းကို အသေးစိတ်ကျကျပြောနေလို့ ရာဇဝတ်မှုမှာ သူကိုယ်တိုင်ပါနေသလို ခံစားခဲ့ရတယ် ၊ ကျုပ်တို့က သူ့ကို လူသတ်သမားလို့ သံသယရှိခဲ့ပေမယ့် တခြားခရီးသည်တွေက သူ့ကိုပြောပြခဲ့တာလို့ပြောတယ် ၊ ပြီးတော့ သူက ကျုပ်တို့ကို ဇာတ်လမ်းတစ်ပုဒ်ပြောပြစေချင်ခဲ့တယ်”

“ခင်ဗျား သူ့ကို ဘာဇာတ်လမ်းပြောခဲ့တာလဲ “

လော်တုန်းက မသိစိတ်ဖြင့် မေးလိုက်သည်။

“ကျုပ်တို့စကားပြောနေရင်း အချက်နှစ်ချက်ကို ကျုပ်သတိထားမိတယ် ၊ ဒရိုင်ဘာက ကားကို ကောင်းမင်ရဲ့နေရာကို မောင်းနေတာမဟုတ်ဘူး ၊ ဒါထက် သူပြောတဲ့ဇာတ်လမ်းတွေက တဖြည်းဖြည်းနဲ့ အစစ်အမှန်ဖြစ်လာခဲ့တယ်၊ သူက လူသတ်မှုတွေအားလုံးရဲ့နောက်ကွယ်မှာ ရှိမယ်လို့ ကျုပ်သံသယရှိခဲ့တယ် ဒါကြောင့်…”

သက်လတ်ပိုင်းလူက လော်တုန်းကို စိုက်ကြည့်လိုက်သည်။လော်တုန်း’အသက်ရှင်လျက်’ ရှိနေကြောင်း အတည်ပြုလိုက်ပြီးနောက် သူအလေးအနက်ဆက်ပြောသည်။

“ကျုပ် သူ့ကို တက္ကစီဒရိုင်ဘာတစ်ယောက်အကြောင်း ပြောပြခဲ့တယ် ၊ ရူးနေတဲ့တက္ကစီဒရိုင်ဘာဟာ မိုးသည်းတဲ့ညတစ်ညမှာ သူ့အလုပ်ချိန်အတွင်း စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေတဲ့ ဇနီးမောင်နှံတစ်တွဲနဲ့ ကြုံတွေ့ခဲ့ရတယ်ပေါ့ ၊ ဒရိုင်ဘာက သူ့အတိတ်ကကြောင်းတွေကို အဲ့ဒီလင်မယားကို ကြွားဝါခဲ့ပေမယ့် နောက်ဆုံးမှာ အဲ့ဒီစုံတွဲရဲ့ သတ်ဖြတ်တာခံခဲ့ရတယ် “

လော်တုန်းစိတ်ရှုပ်ထွေးသွားသည်။ဒီလူက ဇာတ်လမ်းကိုပြောနေတာလား အမှန်တရားကို ပြောနေတာလား။ဒါမှမဟုတ် နှစ်ခုလုံးရောထားတာကို ပြောနေတာလား။

“ခင်ဗျား တစ်ခုခုသောက်မလား”

စကားပြောနေရင်း ထိုလူ၏နှလုံးခုန်သံမှာ ပြတ်တောင်းပြတ်တောင်းထွက်ပေါ်နေခဲ့သည်။သူက လော်တုန်း၏မျက်လုံးတည့်တည့်ကို စိုက်ကြည့်နေခြင်းဖြစ်သည်။မီးဖိုချောင်ထဲမှ အသားခုတ်သံမှာ ပိုပိုကျယ်လာနေလေသည်။

‌ရေနွေးကရားနှစ်အိုးကို စားပွဲပေါ်တင်လိုက်သည်။တစ်အိုးမှာ အဖြူရောင်ဖြစ်ပြီး နောက်တစ်အိုးမှာ အနီရောင်ဖြစ်သည်။သက်လတ်ပိုင်း လူက လော်တုန်းအတွက် အနီရောင်ရေနွေးကရားထဲမှ ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

“မစိုးရိမ်ပါနဲ့ ၊ ကျုပ်တို့ ဒီရောက်နေတာပဲလေ ၊ ဒရိုင်ဘာကလည်း အသက်မရှိတော့သလို ဟိုလင်မယားကလည်း မရူးဘူးဆိုတာ ခင်ဗျားသိသင့်တယ်”

ထိုလူက အကြည့်လွှဲလိုက်သည်။

“ကျုပ်တို့ အဲ့ဒီဇာတ်လမ်းကို ပြောပြခဲ့ပြီးတော့ ကျုပ် ညလုံးပေါက်ကားဆက်မောင်းခဲ့တယ် ၊ ကျုပ်တို့ ထူးဆန်းတဲ့ခရီးသည်တွေအများကြီး ကြုံတွေ့ခဲ့ရပြီး နောက်ဆုံး အချိန်အကြာကြီးနေပြီးတော့မှ ဒီကို ရောက်လာခဲ့ကြတယ်”

လော်တုန်းသည် သူ့ကိုယ်သူ စိတ်အေးအေးထားနိုင်ရန် တတ်နိုင်သမျှကြိုးစားနေရသည်။ ဇာတ်လမ်းနောက်ဆုံးအပိုင်းတွင် ထိုလူသည် ခရီးသည်နေရာမှ ဒရိုင်ဘာအဖြစ်သို့ပြောင်းလဲသွားသည်ကို သူသတိပြုမိသည်။ သူသည် ဒရိုင်ဘာ၏တည်နေရာကို မမေးခဲ့သလို အခြားခရီးသည်များကို မည်သို့ပို့ဆောင်ခဲ့ကြောင်းမမေးခဲ့ပေ။အခြားခရီးသည်များ မည်သည့်နေရာသို့ ရောက်သွားသည်ကိုပင် သူသိလိုစိတ်မရှိချေ။

တစ်ခုတည်းသော သေချာသည့်အချက်က ကောင်းမင်၏မိဘများသည် ကောင်းမင်ကို ရှာဖွေရန် တစ်ညလုံး အခက်အခဲများစွာကို ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။အမှန်တကယ် အသေးစိတ်အချက်အလက်များကိုတော့ သူတို့သာ သိပေလိမ့်မည်။

“ကောင်းမင်ကို ရှာဖို့ ခင်ဗျားအတွက်ခက်ခဲခဲ့ရမှာပဲ”

လော်တုန်း သက်ပြင်းချသည်။သို့သော်လည်း ထိုလူက ခေါင်းခါ၏။

“ပြဿနာက ဘယ်လောက်ပြင်းထန်နေမှန်း ကျုပ်တို့ဒီရောက်လာမှသာ သိခဲ့ကြတယ် ၊ ကောင်းမင်က အခန်းထဲမှာ ရှိမနေခဲ့ဘူး ၊ ကျုပ်နဲ့ကျုပ်မိန်းမက တစ်ခုခုကြောင့် ဆွဲဆောင်ခံခဲ့ရပြီး ဒီမှာ ပိတ်မိနေကြတော့တာပဲ “

ထိုလူ၏အကြည့်များက စားပွဲအောက်ရှိ သစ်သီးလှီးဓားဆီသို့ ရွေ့လျားသွား၏။

“ဒါဆို…ခင်ဗျားလည်း ကောင်းမင်ဘယ်မှာရှိလဲဆိုတာ မသိဘူးပေါ့”

လော်တုန်း၏နှလုံးသားထဲတွင် ကောင်းမင်သည် ခြောက်ခြားဂိမ်းကစားသမားများကြားတွင် နတ်ဘုရားသဖွယ်ဖြစ်သည်။သူသာ ဤနေရာတွင်ရှိနေပါက ထိုပြဿနာကို အလွယ်တကူဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။

“ကောင်းမင်က…”

ရုတ်တရက်ထွက်ပေါ်လာသော တံခါးခေါက်သံက ထိုလူကိုနှောက်ယှက်လိုက်သည်။သူက လော်တုန်းကို ရေချိုးခန်းထဲပုန်းရန် အချက်ပြသည်။လော်တုန်း ပုန်းအောင်းလိုက်ပြီးနောက် ထိုလူက ခွက်ထဲမှ ရေကို သူ့မိုးကာအင်္ကျီပေါ် ပက်ဖျန်းလိုက်သည်။ အပြင်မှ ပြန်လာသယောင်ဖြစ်အောင် လုပ်လိုက်ခြင်းပင်။သူက ရှေ့တံခါးသော့ကို သွားဖွင့်လိုက်သည်။

ကျောင်းယူနီဖောင်းဝတ်ထားသောကောင်းမင်သည် ကျောပိုးအိတ်ကို လွယ်၍ တံခါးဝတွင် ရပ်နေလေသည်။သူ့အမူအရာသည် စက်ရုပ်ဆန်ဆန်ဖြစ်မနေဘဲ လော်တုန်းမှတ်မိသည့် သူပင်ဖြစ်သည်။

“အဖေ ၊ လေ့လာရေးခရီးမှာ ကျွန်တော်တို့စီးလာတဲ့ဘတ်စ်ကားက ပြဿနာလေးဖြစ်သွားလို့ အိမ်ပြန်နောက်ကျသွားတာပါ”

ကောင်းမင်သည် ထူးဆန်းသည့်လက်ဆောင်သေတ္တာတစ်ခုကို ကိုင်ဆောင်ထားသည်။သူက ထိုနေရာသည် အမှန်တကယ်သူ့အိမ်ဖြစ်သကဲ့သို့ အိမ်ထဲလှမ်းဝင်လိုက်လေသည်။

လော်တုန်းက ယင်းကိုမြင်သောအခါ အံ့အားသင့်သွားသည်။ထိုကောင်းမင်သည် လေ့လာရေးခရီးပြီးဆုံးသည့်ညတွင် ပိတ်မိနေပုံရလေသည်။ သူသည် အသက်ကြီးမသွားသော ကလေးတစ်ယောက်ကဲ့သို့ဖြစ်သည်။

သက်လတ်ပိုင်းလူက ယင်းကိုအသားကျနေပုံရသည်။သူက လက်ဆောင်သေတ္တာနှင့် ကျောပိုးအိတ်ကို သဘာဝကျကျ လက်ခံလိုက်သည်။

“သားအမေက မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတုန်းပဲ ၊ သားအရင်ဆုံး ရေသွားချိုးလိုက်လေ”

ကောင်းမင်က ခေါင်းခါ၍ ထိုလူကို ကြည့်လိုက်သည်။သူပြုံးလိုက်ပြီး

“ကျွန်တော် ဘတ်စ်ကားပေါ်မှာ အိမ်မက်တစ်ခုမက်ခဲ့တယ် ၊ အိမ်မက်ံထဲမှာ ကျွန်တော်က ရေချိုးနေတုန်း နောက်ကျောကနေဓားထိုးခံရတယ် ၊ ကျွန်တော့်ရဲ့ တန်ဖိုးအရှိဆုံးလက်ဆောင်လည်း ဖျက်ဆီးခံလိုက်ရတယ်”

“အဲ့လိုလား တခြားဘာတွေ မက်ခဲ့သေးလဲ “

“အရမ်းကြောာက်စရာကောင်းတယ် ၊ကျွန်တော် နည်းလမ်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတယ်လို့ ကျွန်တော်အိမ်မက်မက်ခဲ့တယ် ၊ ဒါပေမယ့် ဒါတွေအားလုံးက ဒီအဆောက်အဦးတစ်ခုထဲမှာပဲ ဖြစ်ပျက်ခဲ့တာပဲ ၊ ဒါပေမယ့်လည်း အကြိမ်တိုင်း ကျွန်တော့်ကို သတ်ခဲ့တဲ့ လူသတ်သမားကို မမြင်လိုက်ရဘူး”

“အိမ်မက်တွေက အမြဲတမ်းပြောင်းပြန်ဖြစ်တတ်ပါတယ်”

ထိုလူက သူ့မိုးကာအင်္ကျီကိုချွတ်လိုက်ရာ အောက်တွင် ညစ်ပတ်နေသော ရှပ်အင်္ကျီတစ်ထည် ပေါ်လာခဲ့သည်။

“အဖေလဲ ခုမှ အလုပ်ဆင်းလာတာ ၊ ခုတလော အပြင်ဘက်မှာ မအေးချမ်းဘူး ၊ သတင်းဌာနတွေက လူသတ်သမားသတင်းတွေနဲ့လူပျောက်သတင်းတွေပဲ ကြေညာနေကြတယ် ၊ သား အိမ်မှာပဲနေသင့်တယ် “

ထိုလူက အဖြူရောင်ရေနွေးကရားကို ယူ၍ ကောင်းမင်အတွက် ရေတစ်ခွက်လောင်းထည့်ပေးလိုက်သည်။

“ရေနွေးများများသောက်ပြီး အချိုရည်လျှော့သောက်”

ကောင်းမင်မျက်နှာပေါ်မှ အပြုံးက အေးခဲသွားသည်။သူခေါင်းခါလိုက်သည်။

“ကျွန်တော် ရေအေးနဲနဲသောက်တာပဲ ကောင်းမယ်ထင်တယ်”

သူ စားပွဲသို့လျှောက်သွားလိုက်ပြီး အနီရောင်ကရားထဲမှ သူ့ဘာသာရေတစ်ခွက်ငှဲ့လိုက်သည်။တစ်ကျိုက်တည်းမော့သောက်လိုက်၏။ ထို့နောက် သူ့ကျောပိုးအိတ်ထဲတွင် တစ်ခုခုကို မွှေနှောက်ရှာဖွေလိုက်သည်။

All Chapters