← Chapters

ဒါက ပွင့်နေတာလား

Vol. 27 Ch. 395

ဒါက ပွင့်နေတာလား

Vol. 27 Ch. 395

ယင်းက ဇာတ်ကောင်စရိုက်နှင့် ပိုကိုက်ညီစေရန်ဖြစ်နိုင်သည်။ရွှမ်ဝမ် မရုန်းကန်တော့ဘဲ သူမအား မှောင်မဲနေသည့်ကော်ရစ်‌ဒါထဲသို့ ဆွဲခေါ်သွားနေသည့် ကောင်းမင်ကို ခွင့်ပြုလိုက်ရတော့သည်။ အဆောက်အအုံ ၃ တွင် မည့်သည့်အလင်းရောင်မှ မရှိချေ။ ကြက်သီးထစရာကောင်းခြင်းနှင့် ထူးဆန်းမှုတို့သာ နေရာအနှံ့ ပျံ့နှံ့လျက်ရှိသည်။သူတို့နှစ်ဦး၏ နှလုံးခုန်သံမှလွှဲ၍ တိတ်ဆိတ်နေပေသည်။သို့သော်လည်း ထိုဖိနှိပ်နေသောလေထုက ထူးဆန်းစွာပင် ရင်းနှီးနေသလို ခံစားရသည်။

ထိုအမျိုးသမီး ရွှမ်ဝမ်အစစ် ဖြစ်ခြင်း မဖြစ်ခြင်းက သိပ်အရေးမကြီးပေ။ ကောင်းမင်သည် သူမကို သံသယဝင်ရန် မရွေးချယ်ခဲ့ပါပေ။ သူသည် အတိတ်နတ်ဘုရား၏လှည့်စားခြင်းခံခဲ့ရသည်ဟူသော အချက်ကိုပင် သူ့ဆန္ဒဖြင့် ထုတ်ပြောလိုက်သေးသည်။ ကောင်းမင်သည် ဖဲတစ်ချပ်ဖွင့်၍ ကစားနေခြင်းဖြစ်သည်။ တစ်ဖက်လူသည် ရွှမ်ဝမ်အစစ်ဖြစ်ပါက သူမကို အမှန်အတိုင်းပြောပြသည်က အရေးမကြီးချေ။အကယ်၍ သူမသည် ရွှမ်ဝမ်အစစ်မဟုတ်ပါက လူသတ်သမားသာ ဖြစ်ရမည်။ သူမသည် အရာအားလုံးကို သိရှိပြီးသား ဖြစ်နေမည်ဖြစ်သောကြောင့် အမှန်အတိုင်း ပြောသည်က အရေးမကြီးပေ။ ကောင်းမင်၏ပွင့်လင်းမှုကြောင့် ရွှမ်ဝမ် စိတ်မသက်မသာ ဖြစ်နေရသည်။ ထိုအမျိုးသားသည် သူမကိုသံသယဝင်ပုံမရဘဲ သူမအပေါ် လုံးဝယုံကြည်မှု ပြနေခဲ့လေသည်။

လူရွေးပွဲတွင် ပါဝင်ခဲ့ကြသော လူများသည် ကောက်ကျစ်စဉ်းလဲတတ်ပြီး သူတို့နှလုံးသားထဲရှိ နက်ရှိုင်းသော ဒဏ်ရာများကို ဖုံးကွယ်ထားလိုကြသည်။ သူတို့ ပိုဖုံးကွယ်လေလေ လူချမ်းသာရပ်ကွက်ထဲ ရှိနေစဉ် ထိခိုက်နစ်နာမှုကို ပိုခံစားရလေဖြစ်သည်။ အကြောင်းမှာ သူတို့၏ ဒဏ်ရာများသည် အနာဂတ်နတ်ဘုရား၏ ရုန့်ရမ်းကြမ်းတမ်းစွာ ဆုတ်ဖြဲဖွင့်ချခံရမည် ဖြစ်သောကြောင့်ပင်။ သူတို့၏ ကြောက်ရွံ့မှုများသည် အစစ်အမှန်ဖြစ်လာလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ကောင်းမင်ကား စည်းပြင်ထွက်နေသူ ဖြစ်သည်။ သူသည် သူ့နာကျင်မှုကို မျှဝေရန် ဝန်မလေးချေ။ အမှန်ဆိုရလျှင် သူ၏စိတ်ပျက်အားငယ်မှုကိုပင် လွတ်လပ်စွာ မျှဝေခဲ့သည်။

“မင်း ဒီကို ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး ၊ ဒါပေမဲ့ ဒါက ငါမင်းကို မျှော်လင့်ထားတဲ့အတိုင်းပဲလို့လည်း ငါခံစားရတယ်”

ကောင်းမင်သည် ရွှမ်ဝမ်၏လက်ကို ဆုပ်ကိုင်ထား၏။ သူသည် ထာဝရဘဝအိမ်ရာမှ သူ၏အတိတ်ဘဝ ဗားရှင်းပုံစံအားလုံးနှင့် ပြန်လည်သင့်မြတ်ခဲ့ပြီးပြီဖြစ်သည်။ သေဆုံးမှတ်ဉာဏ်အားလုံးသည် သူ့စွမ်းအားအတွက် လောင်စာများ ဖြစ်လာကြသည်။ သူ၏သေဆုံးမှုအားလုံးတွင် ရွှမ်ဝမ်မှာ အဓိကနေရာတွင် ပါဝင်နေခဲ့သည်။ သူ ရွှမ်ဝမ်နှင့် သိကျွမ်းခဲ့ကြသည်မှာ ကြာပြီဟုမထင်ရသော်လည်း ကောင်းမင်၏အမြင်အရ သူတို့သည် မျိုးဆက်ပေါင်းများစွာကတည်းက တစ်ယောက်ကိုတစ်ယောက် သိကျွမ်းခဲ့ကြပြီးချေပြီ။ မျိုးဆက်တိုင်း၏ဇာတ်လမ်းသည် ကြေကွဲဖွယ်ကောင်းပြီး နှလုံးသားကို ထိခိုက်စေ၏။ ကြေကွဲစရာသည် သူတို့၏ဘေးတွင် ထာဝရရှိနေခဲ့သည်။ သူတို့သည် ချစ်သူများ မဖြစ်ခဲ့ကြသော်လည်း ငရဲကို အတူတကွ ဖြတ်သန်းခဲ့ကြရသည်။

ကောင်းမင်သည် ရွှမ်ဝမ်၏အမူအကျင့်များကို သိပြီး သူမ၏အတွေးများကို မျှဝေခဲ့သည်။ သူသည် ဤကမ္ဘာကြီးတွင် ရွှမ်ဝမ်နှင့်အနီးစပ်ဆုံးလူတစ်ယောက်လည်း ဖြစ်သည်။ သူ၏အတွေ့အကြုံများကို မျှဝေပြီးနောက် ကောင်းမင်က ရွှမ်ဝမ့်ထံ လှည့်လိုက်သည်။ သူက စိုးရိမ်စွာ မေးသည်။

“ဒီမှာ မင်းဘာတွေဖြစ်ခဲ့တာလဲ”

ကောင်းမင်သည် အခြေအနေအား ထိုကဲ့သို့ ဖန်တီးလိုက်လေသည်။ ရွှမ်ဝမ်က တစ်ခုခု ပြောပြသင့်သည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း အနာဂတ်နတ်ဘုရားက တစ်ခုခုကို စိုးရိမ်သွားဟန်ရှိသည်။ သူမ ပါးစပ်ဖွင့်ရုံရှိသေးသည် ကော်ရစ်ဒါလမ်းတစ်လျှောက် စီတန်းလျက်ရှိနေသော အခန်းများအတွင်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည်။ တံခါးအဟများကြားမှ ဖျော့တော့တော့ အလင်းရောင်များ အားနည်းစွာ ထွက်ပေါ်လာခဲ့သည်။ ကောင်းမင်က ရွှမ်ဝမ်ကို သူ့နောက်တွင် ချက်ချင်းကာကွယ်လိုက်သည်။ တံခါးများထဲမှ တစ်ခုကို သူ တဖြည်းဖြည်း တွန်းဖွင့်လိုက်သည်။

တစ်စုံတစ်ယောက်က ဧည့်ခန်းထဲတွင် သွေးထွက်သံယိုစမ်းသပ်မှုတစ်ခု ပြုလုပ်ထားပုံရသည်။ စမ်းသပ်ခံရသူအား မှန်စားပွဲပေါ်တွင် တင်ထား၏။ သူ့ခန္ဓာကိုယ်သည် လက်တွေ့အားဖြင့် ပျက်စီးနေခဲ့ပြီဖြစ်သည်။ ထိုလူခံစားခဲ့ရသော ညှဉ်းပန်းနှိပ်စက်မှုသည် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

“ကျိုးဘိုလား”

အခန်း ၁၃မှ ကျောင်းသားများထဲတွင် ကျိုးဘိုသည်လည်း ကောင်းမင်နှင့်အလားတူ စံနှုန်းများရှိသည်။ သူတို့သည် တက္ကသိုလ်တစ်ခုတည်း တက်ရောက်ခဲ့ကြသည်။ သို့သော် ကျိုးဘိုသည် တက္ကသိုလ်တက်နေစဉ်အတွင်း ရူးသွပ်သွားခဲ့သည်။ သူသည် စိတ်ပျက်အားငယ်မှုထဲတွင် လမ်းပျောက်နေသော ကောင်းမင်နှင့်တူပေသည်။ တစ်ခါတရံတွင် ကောင်းမင်သည် ကျိုးဘိုထဲမှ သူ့ကိုယ်သူ ပြန်မြင်နေရသည်။ သူ့နှုတ်ခမ်းများက သွေးများပေကျံနေ၏။ ကျိုးဘို၏ခန္ဓာကိုယ်သည် မမှတ်နိုင်လောက်အောင် ပျက်ယွင်းနေသော်လည်း ထူးဆန်းစွာပင် သူ့မျက်နှာကိုတော့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသည်။ ညှဉ်းပန်းနှိပ်စက်သူသည် ညှဉ်းပန်းနှိပ်စက်စဉ် ကျိုးဘို၏ တုံ့ပြန်မှုနှင့်မျက်နှာအမူအရာတို့ကို အနီးကပ် စောင့်ကြည့်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုသို့ လုပ်ဆောင်ခဲ့ပုံရသည်။

“ဝမ်ကျား… အဲ့ဒါ ဝမ်ကျား…”

ကျိုးဘိုစကားပြောတိုင်း သူ့ပါးစပ်မှ သွေးများစွာပန်းထွက်လာ၏။ သူ ကောင်းမင်၏လက်မောင်းကို ဆွဲကိုင်ရန် ကြိုးစားလိုက်သည်။

“သူ မင်းကို ရှာနေတယ်…”

“ဝမ်ကျား၊ ဟုတ်လား”

ကောင်းမင်သည် ကြမ်းပြင်ပေါ်ရှိ သွေးစွန်းဖိနပ်ရာများကို သတိပြုမိသည်။ ၎င်းတို့သည် စုံစမ်းစစ်ဆေးရေးဌာနများ အဖွဲ့ဝင်အားလုံး ဝတ်ဆင်လေ့ရှိသော တိုက်ခိုက်ရေးဘွတ်ဖိနပ်များ ဖြစ်သည်။ သုံးနှစ်ကြာအခန်းဖော်သည် ကောင်းမင်ကို သစ္စာဖောက်၍ သူတို့၏အတန်းဖော်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အရာအားလုံးသည် အဆိုးရွားဆုံးအနာဂတ်သို့ ဦးတည်နေသော်လည်း ရွှမ်ဝမ်သည် ကောင်းမင်ထံတွင် စိတ်ခံစားမှုအတက်အကျများကို ဖတ်မရနိုင်ခဲ့ပေ။

“မင်းရဲ့ နာကျင်မှုကို အဆုံးသတ်ပေးဖို့ ငါကူညီပါ့မယ်”

ကောင်းမင်သည် ကျိုးဘို၏လည်ပင်းကို လက်များဖြင့် ပိတ်ဆို့လိုက်ရင်း ညင်ညင်သာသာ ပြောလိုက်သည်။

“မင်းရူးသွပ်သွားခဲ့ရတာက ပုံရိပ်ယောင်တွေကို မြင်ခဲ့လို့ မဟုတ်ပါဘူး၊ တခြားသူတွေထက် စောပြီး အမှန်တရားကို မြင်လိုက်ရလို့ပါ ၊ မင်း တစ်ယောက်တည်း အကြာကြီး ခံစားခဲ့ရပြီ ၊ အချိန် တန်ပါပြီ ၊ ကျန်တာကို ငါနဲ့ ထားခဲ့လိုက်ပါတော့”

ရွှမ်ဝမ် သူ့ကိုတားဆီးရန် အချိန်မရလိုက်မီမှာပင် ကျိုးဘို၏လည်ပင်းမှာ ကျိုးကျသွား၏။ သူ၏ဦးခေါင်းသည် စားပွဲပေါ်သို့ ပြုတ်ကျသွားသည်။ တကယ်တော့ သူ့တွင် ပြောစရာတွေအများကြီး ကျန်နေသေးသော်လည်း ကောင်းမင်ထံမှ ထိုသို့လျင်မြန်လှသည့် ‘အကူအညီ’အား သူမျှော်လင့်မထားခဲ့ချေ။

“ငါတို့ ဝမ်ကျားနောက်လိုက်ပြီး မေးမြန်းသင့်လား”

ရွှမ်ဝမ်သည် အလောင်းကို သနားသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“မလိုအပ်ပါဘူး”

ကောင်းမင်က ကျိုးဘိုကို လည်ပင်းညှစ်ခဲ့သောလက်များဖြင့် ရွှမ်ဝမ်၏လက်ကို ပြန်ကိုင်လိုက်သည်။ နံရံပေါ်ရှိ တိုင်ကပ်နာရီကို သူလှည့်ကြည့်လိုက်၏။

“ထာဝရဘဝအိမ်ရာနဲ့အတူတူပဲ ဒီကအခန်းတိုင်းမှာလည်း နံရံကပ်နာရီတစ်လုံးစီ ရှိတယ်”

“နာရီတွေက ရပ်သွားမှာ မဟုတ်ဘူး ၊ ဒီထဲက အချိန်က အပြင်ထက်ပိုမြန်တယ် ၊ မကြာခင်မှာ မင်း လူတွေကို စားပစ်ချင်လောက်အောင် ဆာလောင်လာလိမ့်မယ်”

ရွှမ်ဝမ် ရုန်းကန်ရန်ကြိုးစားနေသော်လည်း ကောင်းမင်က သူမကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။

“နောက်တစ်ခန်းကို သွားစစ်ကြည့်ရအောင်”

သူတို့ တတိယထပ်မှ ပဉ္စမထပ်ထိ သွားခဲ့ကြသည်။ အခန်းတစ်ခန်းချင်းစီတိုင်းတွင် ကောင်းမင် မမြင်လိုသောအရာများ ရှိနေခဲ့သည်။ ကျန်းတင်းနှင့် သူ့မိတ်ဆွေများ သူ့ကို ကယ်တင်ရန် လူချမ်းသာရပ်ကွက်ထဲ ဝင်လာခဲ့သည့် များစွာသောသက်သေအထောက်အထားများ ရှိနေ၏။ သို့သော်လည်း သူတို့သည် ထောင်ချောက်မိနေကြပြီး ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ သို့သော် ယင်းက အဆိုးဆုံး မဟုတ်သေးချေ။ ကောင်းမင်သည် ပဉ္စမထပ်ရှိအနီရင့်ရောင် အပြင်အဆင်ရှိသော မီးဖိုချောင်ထဲတွင် အထူးဟင်းပွဲများရှိသည့် စားပွဲတစ်ခုဖြင့် ကြိုဆိုခံလိုက်ရသည်။ ဟင်းပွဲတိုင်းသည် သူ၏သရဲမိတ်ဆွေနှင့် သက်ဆိုင်လေသည်။ စားဖိုမှူးတွင် အရသာမျိုးစုံနှင့် ဟင်းချက်စတိုင်များစွာ ရှိသည်။ သူသည် ကောင်းမင်အတွက် အမှတ်အသားအချို့ပင် ချန်ထားခဲ့သေးသည်။

“စီတုအန်းလား ၊ နှိပ်စက်ခန်းက ပွင့်သွားပြီလား ၊ အနာဂတ်နတ်ဘုရားက သူ့ကို လွှတ်ပေးလိုက်တာလား”

ကောင်းမင် မမြင်ချင်သောအရာ အဆိုးဆုံးအရာကား ဖြစ်ပျက်နေခဲ့ချေပြီ။နောက်ဆုံးတွင် ရွှမ်ဝမ်၏ မျက်နှာပေါ်၌ အပြုံးခပ်ပါးပါးတစ်ခု ရှိလာခဲ့သည်။

စူးစမ်းလေ့လာခြင်းကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ သူတို့ ပဉ္စမထပ်ကော်ရစ်ဒါလမ်း၏ အဆုံးရှိ အခန်းသို့ ရောက်လာသောအခါ ရွှမ်ဝမ် ခဏတာတုံ့ဆိုင်းသွား၏။ယင်းကို ကောင်းမင် သတိထားမိလိုက်သည်။ အခန်းနံပါတ် ၀၉၀၉တံခါးကို သူပေါ့ပေါ့ပါးပါး တွန်းဖွင့်လိုက်သည်။

အခန်းသည် အလွန်သန့်ရှင်း၏။ နံရံတွင် ဇနီးမောင်နှံ၏လူသေဓာတ်ပုံတစ်ခု ရှိနေသည်။ သူတို့၏ ကဗျည်းတိုင်များနှင့် အရိုးပြာအိုးများကို အခမ်းအနားစားပွဲပေါ်တွင် တင်ထားသည်။

“လူချမ်းသာရပ်ကွက်ရဲ့ ဖုန်းရွှေက အရမ်းထူးခြားတယ်လေ ၊ လူချမ်းသာတွေက သူတို့ရဲ့ အနာဂတ်မျိုးဆက်တွေကို ကောင်းချီးပေးလိမ့်မယ်လို့ မျှော်လင့်ပြီး သူတို့ဘိုးဘွားတွေရဲ့ အရိုးပြာအိုးတွေကို ဒီမှာထားကြတယ်”

ရွှမ်ဝမ်က တိုက်တွန်းလိုက်သည်။

“ဒီလို အခန်းမျိုးက မသန့်စင်ဘူး ၊ ဒါက သေဆုံးသူတွေအတွက် ရည်ရွယ်ထားတာပဲ ၊ ငါတို့ ထွက်သွားသင့်တယ်”

“ဒါပေမဲ့ လူတွေက ဒီမှာသန့်ရှင်းရေးလုပ်ပြီး နေနေကြတာ”

ကောင်းမင်က စားပွဲပေါ်ရှိ သစ်သီးပန်းကန်များနှင့် အမွှေးတိုင်အစအနများကို ထိတွေ့လိုက်သည်။

“ဒါထက် ဒီလင်မယားက အရမ်းငယ်တဲ့ပုံပဲ ၊ အများဆုံး လေးဆယ်လောက်ပဲရှိမယ် ၊ ဒီလိုဆို သူတို့ရဲ့ ကလေးတွေက ငါ့ထက်တောင် ငယ်ဦးမယ် ၊ ဒီနေ့ခေတ်လူငယ်တွေက ဒီလောက်ထိ အယူသည်းနေကြပြီလား”

ကောင်းမင်သည် အမွှေးတိုင်သုံးချောင်းကို ထွန်းညှိ၍ အခန်းပတ်ပတ်လည် လမ်းလျှောက်လိုက်သည်။ ရွှမ်ဝမ်က သူ့ကို မတားဆီးပေ။ သူမသည် နံရံပေါ်ရှိ တိုင်ကပ်နာရီကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများက တဖြည်းဖြည်း နီရဲလာတော့သည်။

“ဒီလင်မယားမှာ သမီးတစ်ယောက် ရှိတယ်ထင်တယ်နော်”

ကောင်းမင်သည် အိပ်ခန်းကုတင်ပေါ်တွင် ပုံဆွဲစာအုပ်တစ်အုပ်ကို တွေ့လိုက်သည်။ စာအုပ်ပိုင်ရှင် အိပ်သောအခါ ထိုစာအုပ်ကိုကိုင်၍ အိပ်ပျော်လေ့ရှိမည်ဖြစ်သည်။

All Chapters