← Chapters

ငါ့ကို ချိန်းတွေ့ဖို့ အချိန်လေးပေးပါဦး

Vol. 27 Ch. 394

ငါ့ကို ချိန်းတွေ့ဖို့ အချိန်လေးပေးပါဦး

Vol. 27 Ch. 394

“ကောင်းမင် ၊ ကောင်းမင်ရေ”

ဖန်လီက တိုးတိုးခေါ်လိုက်သည်။သို့သော် ကောင်းမင်က သူ့ခေါ်သံကို ကြားပုံမရချေ။သူသည် ဓာတ်လှေကားရှေ့တွင် တစ်ယောက်တည်း ရပ်နေပြီး အမှောင်ထုကသူ့ကို ရုတ်တရက်ဝါးမျိုသွား၏။ ကောင်းမင်ကို သတိပေးရန် ဖန်လီနှင့် အခြားသူအနည်းငယ်က အဆောက်အအုံ ၃ထဲသို့ ကမန်းကတန်း ပြေးဝင်လာကြသည်။ သူတို့ အလွန်လျင်လျင်မြန်မြန် ပြေးလိုက်သော်လည်း ကောင်းမင်အား ဖမ်းမမိတော့ချေ။

“မူမမှန်ဖြစ်ရပ်တွေမှာ ဓာတ်လှေကားတွေကို ဘယ်တော့မှ မသုံးရဘူး၊ ပိတ်ထားတဲ့ နေရာတွေထဲ မဝင်ရဘူး၊ ဒါက အခြေခံအကျဆုံး အသိပညာပဲ ၊ သူ တစ်ခုခု ရှာတွေ့သွားတာများလား”

ကောင်းမင်ထွက်သွားပြီးနောက် ဟယ်ကျင်းမှာ ပိုနေလို့ကောင်းသွားသည်။ မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာန၏လုံခြုံရေးဌာန ဒု-ကပ္ပတိန်အနေဖြင့် သူသည် ထိုခြောက်ခြားဂိမ်းကစားသမားများထက် များစွာ ပိုသန်မာလိမ့်မည်ဟု သူယုံကြည်ထားသည်။

“ကောင်းမင်မှာ ဒီကိုလုပ်ရတဲ့ အကြောင်းပြချက်တော့ ရှိမှာပါ ၊ ဒါပေမဲ့…”

ဖန်လီက စိုးရိမ်တကြီးဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

“ဝင်ပေါက်တံခါးက လော့ကျသွားပြီ ၊ ငါတို့ ထွက်သွားလို့ မရတော့ဘူး”

“ကိစ္စမရှိဘူး ၊ ငါ့အပေါ်က ရွှံ့ရုပ်တုတွေ့ရဲ့ကန့်သတ်ချက်တွေက နည်းလာနေပြီ၊ သရဲတက်တူးရဲ့ စွမ်းအားက အန္တရာယ်အများစုကို ဖြေရှင်းဖို့ လုံလောက်ပါတယ်”

ဟယ်ကျင်းက ယုံကြည်မှုရှိစွာဖြင့် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်မှာပင် သူ့အပြုံးက အေးခဲသွားသည်။ သူ့လက်ဖဝါးတွင် သရဲတက်တူးများ ဖုံးလွှမ်းနေသင့်သော်လည်း မှိန်ဖျော့နေသည့် ပုံစံကွက်တစ်ခုသာ ကျန်နေခဲ့သည်။ လူချမ်းသာရပ်ကွက် အဆောက်အအုံ ၃၌ သူ့ကိုဖိနှိပ်ထားသည့် စွမ်းအားအသစ်တစ်ခု ရှိနေခဲ့ခြင်းဖြစ်သည်။

“ထာဝရဘဝအိမ်ရာက အတိတ်နတ်ဘုရားရဲ့ စိုက်ခင်းဖြစ်တယ် ၊ လူချမ်းသာရပ်ကွက်ကတော့ အနာဂတ်နတ်ဘုရားရဲ့ နယ်ပယ်ပဲ”

ဒဏ်ရာရနေသည့် ရှရန်သည် ဖန်လီကို မှီထားခဲ့သည်။

“အတိတ်ကိုက ခြေရာခံလို့ရနိုင်တယ်၊ ဒါပေမဲ့ အနာဂတ်ကတော့ မသိနိုင်ဘူး ၊ ငါတို့ နောက်ထပ် ဘာနဲ့ ရင်ဆိုင်ရမလဲဆိုတာ ခန့်မှန်းဖို့နည်းလမ်းမရှိဘူး”

“ခင်ဗျား ဘယ်လိုလုပ် မသေသေးတာလဲ”

ရှရန်ကြောင့် ဖန်လီ လန့်ဖျတ်သွားသည်။ သူက ရှရန်သေလောက်ပြီဟု ထင်နေခဲ့ခြင်းပင်။ ထိုလူ စကားပြောလာလိမ့်မယ်ဟု သူမထင်ခဲ့ပေ။ အဖွဲ့က ဓာတ်လှေကားရှေ့တွင် ခေတ္တရပ်သွားသည်။ တိတ်တဆိတ်နေခဲ့သော အိုးရန်စုစုက မှောင်မည်းနေသည့် ကော်ရစ်ဒါကိုလှည့်ကြည့်လိုက်သည်။ တစ်စုံတစ်ခုက သူမအား ဆွဲဆောင်နေဟန်ရှိသည်။ သူမသည် ယောက်ျားဖြစ်သူ၏လက်ကို လွှတ်ချလိုက်ပြီး ကော်ရစ်ဒါဘက်သို့ ခြေဦးလှည့်လိုက်သည်။

ယင်းကို သတိပြုမိသွားသဖြင့် ဒေါက်တာလီက အိုးရန်စုစု၏ပခုံးများကို ဖမ်းဆုပ်လိုက်သည်။

“ဘာဖြစ်လို့လဲ ၊ မင်း ဘာမြင်လို့လဲ”

“ကျွန်မတို့သမီးလေးက ကျွန်မတို့ကို လက်ပြနေတာ ၊ သူအရမ်းအေးပြီး ဗိုက်ဆာနေတယ်လို့ ပြောနေတယ် ၊ သူက အဝတ်အစားတချို့ ယူလာပေးပါတဲ့”

အိုးရန်စုစုသည် ဘာမှားနေမှန်း သဘောမပေါက်ချေ။သို့သော်လည်း ဒါပေမဲ့ဒေါက်တာလီ၏ မျက်နှာမှာ သိသိသာသာ ဖြူဖပ်ဖြူရော် ဖြစ်သွား၏။

“ခင်ဗျားတို့က သမီးလေး ရှိတာလား”

ဖန်လီ အံ့သြသွားသည်။

“ခင်ဗျားတို့ သူ့အကြောင်းကို တစ်ခါမှပြောတာ မကြားဖူးဘူးနော်”

ဒေါက်တာလီက အိုးရန်စုစုကို တင်းကျပ်စွာဖက်ထားရင်း အလင်းရောင်ကင်းမဲ့နေသော သူ့မျက်လုံးများဖြင့် ရှင်းပြသည်။

“ငါတို့ လက်ထပ်ခါစတုန်းက သူက သမီးလေးတစ်ယောက်ကို ကိုယ်ဝန်လွယ်ခဲ့ဖူးတယ် ၊ အကြောင်းအမျိုးမျိုးကြောင့် ကလေးလေးက ဒီလောကထဲကို ရောက်ခွင့်မရခဲ့ဘူးလေ ၊ အဲဒီအချိန်တုန်းက ငါက ဆရာဝန်ကို ဘာပဲဖြစ်ဖြစ်မိခင်ကိုပဲကယ်ဖို့ ပြောခဲ့တယ်”

“မမွေးသေးတဲ့ကလေးက ဒီမှာ ဘယ်လိုလုပ်ပေါ်လာနိုင်မှာလဲ”

ဖန်လီသည်လည်း အိုးရန်စုစုကို ထိန်းလိုက်သည်။

“ဒါ သရဲပဲ ဖြစ်ရမယ်!”

အိုးရန်စုစုရဲ့ မျက်လုံးတစ်ဝိုက်တွင် ပါးလွှာသည့် အနက်ရောင်သွေးကြောများ ကြီးထွားလာလေသည်။ သူမသည် အလွန်သန်မာသောကြောင့် လူနှစ်ယောက်အားနှင့်ပင် သူမကို မနည်းထိန်းနေရသည်။

“ငါတို့ အဆိုးရွားဆုံးအနာဂတ်ထဲ ရောက်လာပုံရတယ် ၊ ဒါကို ရပ်တန့်ဖို့က အဓိပ္ပာယ်မရှိဘူး ၊ ဒီမုန်တိုင်းကို ကျော်ဖြတ်နိုင်မှ ငါတို့ရှင်သန်နိုင်လိမ့်မယ်”

ရှရန်၏ ဦးခေါင်းက ငိုက်ကျသွားသည်။ ဆရာရှသည် အန္တရာယ်ပေးနိုင်စွမ်းမရှိသကဲ့သို့ အားနည်း ပုံပေါက်နေခဲ့သည်။ ယင်းသည် သူ့အား တခြားသူများ၏ယုံကြည်မှုကို အလွယ်တကူ ရယူနိုင်စေခဲ့သည်။

ရှရန်၏စကားကို ကြားပြီးနောက် ဒေါက်တာလီက လွှတ်ပေးလိုက်သည်။ သူသည် အိုးရန်စုစု၏ လက်ကို ဆုပ်ကိုင်ထား၏။မည်သည့်အရာများဖြစ်လာပါစေ သူမနှင့်အတူ ရင်ဆိုင်သွားမည်ဖြစ်သည်။

“ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး ၊ ငါတို့အတွက် အနာကျင်ဆုံးဖြစ်တဲ့အရာနဲ့ ရုန်းကန်ရလိမ့်မယ် ၊ နောက်ဆုံးကျရင် ငါတို့ အနာဂတ်ထဲမှာ ပျောက်ကွယ်သွားနိုင်တယ် ၊ ဒါမှမဟုတ် ငါတို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရနိုင်တယ် ၊ ဒါက ကံကြမ္မာပေါ် မူတည်တာပဲ ၊ အချိန်အများစုမှာတော့ ခွန်အားနဲ့ လုံးဝမဆိုင်ဘူး”

ရှရန်၏အဝတ်အစားပေါ်ရှိ ဆေးရောင်များက မှေးမှိန်နေခဲ့သည်။ သူသည်လည်း သက်ရောက်မှု ခံနေရခြင်းပင်။

“ငါတို့ အတူတူရှိနေသေးတာ တော်သေးတယ် ၊ ကောင်းမင်က အနာဂတ်ကိုတစ်ယောက်တည်း ရင်ဆိုင်နေတာဖြစ်မယ် ၊ သူ တကယ့်ကို အန္တရာယ်ကြားထဲ ရောက်နေတာပဲ”

“ဟုတ်တယ် ၊ အနာဂတ်နတ်ဘုရားက သူ့ကို ဘယ်လိုနှိပ်စက်မလဲဆိုတာ ငါစဉ်းစားလို့တောင် မရဘူး”

“သူ အရမ်းနာကျင်နေမှာပဲနော်၊ ဟုတ်တယ်မလား”

...

အလောင်းကို သယ်ဆောင်ထားရင်း ကောင်းမင် ဓာတ်လှေကားပေါ် တက်လိုက်သည်။ သူသွားမည့်အထပ်ကို မဆုံးဖြတ်ရသေးခင် ဓာတ်လှေကားက သူ့ဘာသာ စတင်လာပြီး တတိယထပ်တွင် ရပ်တန့်သွား၏။ ဓာတ်လှေကားတံခါးများ ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။ အနီရောင် လက်ဆောင်သေတ္တာတစ်လုံးကို ကိုင်ဆောင်ထားသော ရွှမ်ဝမ်က တံခါးဝတွင် ပေါ်လာလေသည်။ သူမသည် ကောင်းမင်ကို တွေ့လိမ့်မည်ဟု ထင်ထားခြင်းမရှိခဲ့ချေ။ သူမရဲ့ မျက်နှာအမူအရာသည် အံ့အားသင့်နေရာမှ ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွား၏။ ထိုနောက် သူမ ရပ်တန့်လိုက်ပြီး ကောင်းမင်အား သတိဖြင့်ကြည့်လိုက်သည်။

“နင့်ကို အနာဂတ်နတ်ဘုရား ဖန်တီးထားတာ ဖြစ်မယ်၊ ဟုတ်တယ်မလား ၊ အဆိုးရွားဆုံးအနာဂတ်မှာ ငါရှာနေတဲ့လူကို ငါ့ကို လှည့်စားဖို့ လွှတ်လိုက်တာပဲ”

ရွှမ်ဝမ်က လှောင်ပြောင်လိုက်သည်။ သူမသည် ဓာတ်လှေကားထဲသို့ မဝင်ခဲ့ပေ။

“နင်က သူ့လိုဟန်ဆောင်ပြီး ငါ့ကိုနာကျင်စရာတွေ ပေးဖို့ကြိုးစားနေတာပဲ ၊ ဒါပေမဲ့ နင်သတိမထားမိတာက ငါက အတိတ်ဆီ အကြိမ်ပေါင်းများစွာ ပြန်သွားခဲ့ပြီး အနာဂတ်ကိုလည်း အကြိမ်ပေါင်းများစွာ ရောက်ခဲ့ပြီးပြီ ၊ ဒါက ငါ့ကို စိတ်ပျက်အားငယ်စေမယ်လို့ နင်ထင်နေရင်တော့ ငါ့ကို အကြီးအကျယ်အထင်သေးလိုက်တာပဲ”

ကောင်းမင်မှာ သူ့သံသယများကို ထုတ်ပြောဖို့ အခွင့်အရေးတောင် မရလိုက်ပဲ တစ်ဖက်လူက သူ့စိတ်ထဲမှာရှိသမျှ အရာအားလုံးကို ပြောပြီးသားဖြစ်နေခဲ့သည်။

“မင်းက ငါ့ကို ရှာဖို့သက်သက်နဲ့ ဒီကို လာခဲ့တာလား”

ကောင်းမင်သည် ရွှမ်ဝမ်ကို သေချာကြည့်လိုက်သည်။ သူမထံတွင် ချို့ယွင်းချက်တစ်ခုမှ ရှာမတွေ့ခဲ့ချေ။

“သဘောတူညီချက်အရ ကောင်းမင်က ဒီလူရွေးပွဲကြီးမစခင် မူမမှန်ဖြစ်ရပ်က ထွက်လာသင့်တယ် ၊ သူ အဲလိုမလုပ်ခဲ့လို့ ငါတို့က သူ့ကိုရှာဖို့ဝင်လာရတာပဲ”

ရွှမ်ဝမ်သည် လက်ဆောင်ကိုကိုင်ထားရင်း ကောင်းမင်အား ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်သည်။

“နင်က သူ့ပုံစံရှိနေလို့ ငါနင့်ကို မသတ်တော့ဘူး”

ကောင်းမင်သည် ရွှမ်ဝမ်နှင့် ထိုသဘောတူညီချက် ရှိလေသည်။ သူ ၊ ရွှမ်ဝမ်နှင့် ကျန်းတင်းတို့သုံးဦးသာ ထိုအကြောင်းကို သိခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်က ဤအကြောင်းကို သိနေသည့်အတွက် ဖြစ်နိုင်ခြေနှစ်ခုသာ ရှိသည်။ပထမ ဤလူမှာ ရွှမ်ဝမ်အစစ် ဖြစ်သည်။ ဒုတိယ အနာဂတ်နတ်ဘုရားက ကောင်းမင်နှင့် ရွှမ်ဝမ်တို့၏မှတ်ဉာဏ်ထဲ ကြည့်၍ ဤပုံစံကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

ခဏစဉ်းစားလိုက်ပြီးနောက် ကောင်းမင်က မျက်နှာအမူအရာမရှိဘဲ ရှေ့သို့ လျှောက်သွားလိုက်ပြီး ရွှမ်ဝမ်အား ခါးမှဆွဲကိုင်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ကောင်းမင်သည် ဤလူနှင့် ပိုနီးကပ်ရန် ဆန္ဒရှိသည်။အကယ်၍ ရွှမ်ဝမ်အစစ်ဆိုပါက ကောင်းမင်ဝမ်းသာလိမ့်မည်ဖြစ်သည်။ မဟုတ်ခဲ့ပါက သူမထံမှ အားနည်းချက်တစ်ချို့ သူရှာတွေ့လိမ့်မည်ဖြစ်သည်။

ရွှမ်ဝမ်သည် ကောင်းမင်၏လုပ်ရပ်ကြောင့် အံ့သြသွားပြီး ဘေးသို့ ယိမ်းလိုက်သည်။ ကောင်းမင် နောက်ထပ် ခြေလှမ်းတစ်လှမ်း ရှေ့တိုး၍ ရွှမ်ဝမ်အား ဓာတ်လှေကားနံရံနှင့်ဖိကပ်လိုက်သည်။

“မင်း ရှာနေတဲ့ ကောင်းမင်က ဒီလိုမျိုး လုပ်ပါ့မလား”

ကောင်းမင်ရဲ့ နှုတ်ခမ်းများမှ အသံခပ်တိုးတိုးတစ်ခု ထွက်လာလေသည်။ သူသည် ရွှမ်ဝမ်နဲ့ အလွန်နီးကပ်နေခဲ့ခြင်းပင်။

ကောင်းမင်သည် သူ့ကိုယ်သူ ကြည့်ကောင်းလှသည်ဟု ထင်နေပုံရသည်။ သို့သော်လည်း ရွှမ်ဝမ့်အမြင်တွင် ကောင်းမင် ရှေ့ကိုင်းလိုက်သည်နှင့် သူ့ကျောပေါ်ကအလောင်းပါ ရှေ့ကိုင်းလာခဲ့သည်။ဖူးယောင်နေသော အပြုံးမျက်နှာမှာ ပျော်ရွှင်စွာ လှုပ်ရမ်းနေလေသည်။

ရွှမ်ဝမ်၏မျက်လုံးများ လှုပ်ခတ်သွား၏။ သူမက ယင်းကို ခုခံလိုက်သော်လည်း ကောင်းမင်က သူမလက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်၏။

“ဒီမှာ ကင်မရာတွေရှိတယ် ၊တခြားနေရာတစ်ခု ရှာရအောင်”

ရွှမ်ဝမ်အား ရုန်းကန်ရန်အခွင့်အရေးမပေးဘဲ ကောင်းမင်က သူမကိုဆွဲခေါ်သွားတော့သည်။

“ငါ့ကို လွှတ်စမ်း!”

“ငါတို့ ကံကြမ္မာတွေ ပြန်စလာတိုင်း ဒီထက်ပိုရင်းနှီးခဲ့ကြတာပဲလေ ၊ ဒါက ဘာမှမပြောပလောက်ပါဘူး”

ကောင်းမင် လိမ်ညာနေသည် မဟုတ်ပေ။ မရဏဥမင်လိုဏ်ခေါင်းမှ သူပြန်လာသည့်အခါတိုင်း သူ့ကို သယ်ဆောင်၍ အိမ်သို့ပြန်ခေါ်လာခဲ့သည်မှာ ရွှမ်ဝမ်သာဖြစ်ပေသည်။

All Chapters