← Chapters

မင်းရဲ့စိတ်ပျက်အားငယ်မှုဆိုတာ ငါ့ရဲ့နေ့စဉ်ဘဝပဲ

Vol. 27 Ch. 393

မင်းရဲ့စိတ်ပျက်အားငယ်မှုဆိုတာ ငါ့ရဲ့နေ့စဉ်ဘဝပဲ

Vol. 27 Ch. 393

“စီတုချန်၊ ခင်ဗျားက ဘယ်သူ့ဘက်ကလဲ ၊ တစ်ခါတလေကျရင် ခင်ဗျားက အရိပ်ကမ္ဘာရဲ့စွမ်းအားကိုငှားပြီး ကျုပ်တို့အားလုံးကို သတ်ချင်နေတယ်လို့တောင် သံသယဖြစ်မိတယ်”

ဝမ်ချန်းယီသည် စီတုချန်အပေါ် မကျေမနပ်ဖြစ်နေလေသည်။ အဆောက်အအုံ ၃ မှ အခြေအနေသည် ထူးခြားသည်။ အဆိုးရွားဆုံးအနာဂတ် ရောက်ရှိလာခဲ့ပြီး လူတိုင်းအား နားမလည်နိုင်သော ခြောက် ခြားမှုတစ်ခုဖြင့် ကူးစက်စေခဲ့သည်။

“သူကင်မရာအားလုံးကို ဖွင့်ထားမယ်လို့ ငါမထင်ထားဘူးလေ”

စီတုချန်က ပုခုံးတွန့်ပြသည်။

“ရှောင်လန်၊ မင်း ကောင်းမင်ရဲ့တည်နေရာကို ခြေရာခံပြီး သူ့အနီးအနားက ကင်မရာတွေကို ထိန်းချုပ်ထားဖို့ပဲလိုတယ် ၊အဆိုးရွားဆုံးအနာဂတ်မှာ ကောင်းမင် ဘယ်လိုရှင်သန်မလဲဆိုတာ ငါ တကယ်မြင်ချင်တယ်”

ရှောင်လန် အမည်ရှိ လူငယ်က သူ့မျက်မှန်ကို ပင့်လိုက်ပြီးသည် အမိန့်အတိုင်း ဆောင်ရွက်လိုက်သည်။ စောင့်ကြည့်ကင်မရာများမှတစ်ဆင့် သူတို့အဖွဲ့သည် ကောင်းမင်၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်လျက်ရှိသည်။ အဆောက်အအုံ ၃သည် မည်မျှကြောက်စရာကောင်းသည်ကို သူတို့သိကြသည်။ သူတို့က ပေါ်ပေါ်ထင်ထင် ပြသမနေသော်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။ ကပ်ဆိုးရောက်လာသည့်အခါ လုံလုံခြုံခြုံမှုနှင့်အခြားသူများ ဒုက္ခရောက်သည်ကို ကြည့်ရသည်ထက် ပိုပျော်စရာကောင်းသည့်အရာမရှိတော့ပေ။

...

“တစ်ယောက်ယောက်က ငါတို့ကို စောင့်ကြည့်နေသလို ခံစားရတယ်”

ကောင်းမင်သည် အဖွဲ့ကို အဆောက်အအုံ ၃သို့ ဦးဆောင်ခေါ်လာသည်။ သူက တစ်ဝက်ပွင့်နေသော ဝင်ပေါက်တံခါးကိုကြည့်၍ တုံ့ဆိုင်းသွားသည်။

“ရှင်ကျန်ရစ်ခဲ့သူတွေ ဖြစ်နိုင်မလား ၊ ကင်မရာတွေ လှုပ်ရှားနေတာကို အစောကတည်းက ငါမြင်ခဲ့တယ် ၊ ဒီလူတွေက ငါတို့ကို ထောင်ချောက်ထဲကို တမင်တွန်းပို့နေတာပဲ၊ ဘယ်လိုတိရစ္ဆာန်တွေပါလိမ့်”

အိုးရန်စုစုက ကျိန်ဆဲသည်။ သူမသည် ထိုလူများနှင့် မတွေ့ဖူးသေးသော်လည်း သူတို့က သူမတို့အား သတ်ချင်နေကြလေပြီ။

“မဟုတ်ဘူး ၊ ဒီအကြည့်က သက်ရှိတွေဆီက လာတာမဟုတ်ဘူး”

ကောင်းမင်က ကင်မရာများကို လျစ်လျူရှုလိုက်သည်။ လေးလံသော နှလုံးခုန်သံတစ်ခုဖြင့် သူတံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည်။ ကျယ်ဝန်းသော ဧည့်ခန်းမကြီးသည် သန့်ရှင်းနေပြီး မူမမှန်သောအရာ တစ်ခုမျှရှိမနေချေ။ ယင်းက ကောင်းမင်ကို ပို၍ပင် စိုးရိမ်စေသည်။

“လူရွေးပွဲမှာ ပါဝင်ခဲ့တဲ့ အဲဒီလူတွေက ဘာလို့ အဆောက်အအုံ ၃ကို စွန့်ပစ်ခဲ့တာလဲ ၊ ဒီမှာ ဘာဖြစ်ခဲ့တာပါလိမ့်”

ကောင်းမင်သည် အခြားသူများကို သူ့ထံမှ လုံခြုံသောအကွာအဝေးတစ်ခုတွင် နေရန် အချက်ပြလိုက်သည်။အဆောက်အအုံ၃ ထဲသို့ သူဦးဆုံးဝင်လိုက်သည်။ လူချမ်းသာရပ်ကွက်ရှိ ကွန်ဒိုတိုက်ခန်းတိုင်းကို အကောင်းဆုံးပစ္စည်းများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ကြင်လင်ပြီး ပြောင်လက်နေသော စကျင်ကျောက်ကြမ်းပြင်တွင် ကောင်းမင်၏အရိပ် ထင်ဟပ်နေလေသည်။ နံရံပေါ်ရှိ မီးဖိုအိုးများသည် အနုပညာလက်ရာများကဲ့သို့ဖြစ်သည်။ စိမ်းလန်းသောအပင်အိုးများသည်လည်း ကော်ရစ်ဒါလမ်းတစ်လျှောက် စီတန်းလျက်ရှိနေသည်။ ဤနေရာကား အလွန်ငြိမ်းချမ်းလှသည်။

ကောင်းမင်သည် ဓာတ်လှေကားများဆီသို့ လျှောက်သွားလိုက်ရာ ပန်နယ်ပေါ်ရှိ ပြောင်းလဲနေသော နံပါတ်ကို မြင်လိုက်ရသည်။

“တစ်ယောက်ယောက် ဓာတ်လှေကားသုံးနေတာလား”

နောက်ဆုံးတွင် ဓာတ်လှေကားသည် ပထမထပ်သို့ ရောက်လာခဲ့သည်။

ဒုန်း!

ဓာတ်လှေကားတံခါးများ ပွင့်လာရာ ရင်းနှီးသောမျက်နှာတစ်ခု ပေါ်ထွက်လာ၏။

“လော်တုန်းလား”

ကောင်းမင်သည် ခြောက်ခြားဂိမ်းကစားသမားများထဲတွင် လော်တုန်းနှင့် ဖန်လီတို့ကို မျှော်လင့်ချက်အမြင့်ဆုံးထားခဲ့ခြင်းဖြစ်သည်။ ထိုနှစ်ဦးသည် အနာဂတ်တွင် အလွန်ထူးခြားလာလိမ့်မည်ဖြစ်သည်။ သို့သော် လော်တုန်းသည် ကောင်းမင်ရှေ့တွင် ခေါင်းပြတ်တစ်ခုအနေဖြင့် ပေါ်လာခဲ့ချေသည်။ သူ၏မျက်လုံးများသည် ပြူးကျယ်နေပြီး ပါးစပ်တွင် မိသားစုပုံတူတစ်ခုကို ကိုက်ထားသည်။ ကောင်းမင်မြင်ခဲ့သော အနာဂတ်က မရောက်ရှိခဲ့သော်လည်း အဆိုးရွားဆုံးအနာဂတ်က ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကောင်းမင်သည် လော်တုန်း၏ ခေါင်းပြတ်ကို ကိုင်မြှောက်၍ အတုအစစ်ကြည့်ရန် ကြိုးစားသော်လည်း အလွန်အစစ်အမှန်ခံစားရသည်။ ကောင်းမင်၏လက်ချောင်းများမှ စိုစွတ်နေသောသွေးများ စီးကျလာခဲ့သည်။ ကောင်းမင်၏ ဘယ်ဘက်မျက်လုံးတွင် အတိတ်နတ်ဘုရား၏နတ်ဘုရားပုံစံကွက် ထွက်ပေါ်လာသော်လည်း လူချမ်းသာရပ်ကွက်အတွင်းမှ နတ်ဘုရားစွမ်းအားက အလွန်အနှောင့်အယှက်ဖြစ်နေသည်။ ခေါင်းပိုင်ရှင်မသေဆုံးမီ ခံစားခဲ့ရသည့်နာကျင်မှုကို သူ မမြင်နိုင်ခဲ့ချေ။

“ဘယ်သူက ခင်ဗျားကို သတ်လိုက်တာလဲ ၊ အနာဂတ်နတ်ဘုရားလား”

မျက်နှာအမူအရာတစ်ချက်မပျက်ဘဲ ကောင်းမင်က သူ့ကျောင်းဝတ်စုံကို ချွတ်၍ လော်တုန်း၏ ခေါင်းကိုပတ်ကာ သူ့အလောင်းတွင် ချည်နှောင်လိုက်သည်။ သူ နောက်လှည့်ကြည့်လိုက်ရာ ဝင်ပေါက်တံခါး ပိတ်သွားခဲ့ပြီဖြစ်သည်။ ဖန်လီနှင့် ကျန်လူများ ပျောက်ကွယ်သွားကြလေသည်။ သူ တစ်ယောက်တည်း ကျန်ခဲ့ပုံရသည်။

“အတိတ်နတ်ဘုရားက အတိတ်ဆီ ပြန်ပို့တယ် ၊ အနာဂတ်နတ်ဘုရားကတော့ အနာဂတ်ကို ပြသတာဖြစ်မယ်”

ကောင်းမင်သည် တည်ငြိမ်စွာဖြင့် ဓာတ်လှေကားထဲ ဝင်သွားလိုက်သည်။

အဆောက်အအုံ ၅မှ ရှင်သန်သူများက မော်နီတာကိုကြည့်၍ အံ့အားသင့်နေကြသည်။ ဖန်သားပြင်ပေါ်ရှိ ဗီဒီယိုသည် ထိတ်လန့်ဖွယ်ရာဖြစ်သည်။ ယင်းဗွီဒီယိုသည် ဆယ်စက္ကန့်ခန့်သာ ရှိသေးသော်လည်း သူတို့အား အကြီးအကျယ်သက်ရောက်မှုရှိစေခဲ့သည်။

သူတို့၏အမြင်အရ ကောင်းမင်သည် သန္ဓေပြောင်းကော်ရစ်ဒါထဲသို့ တစ်ကိုယ်တည်း ဝင်သွားခဲ့ခြင်းဖြစ်သည်။ မကောင်းဆိုးဝါးတစ်ကောင်၏ပါးစပ်ပုံစံရှိသော ဓာတ်လှေကားသည် ပွင့်ဟလာခဲ့သည်။ ကောင်းမင်က ကျိန်စာသင့်နေသော ဧရာမမျက်လုံးတစ်ခုကို ကောက်ယူလိုက်သည်။ သူသည် ယင်းကို ရွံရှာပုံမရ။ အမှန်ဆိုရလျှင် သူသည်အဝတ်အစားများကို ချွတ်၍ ဦးခေါင်းကို သပ်သပ်ရပ်ရပ်ပတ်ကာ သူ့အလောင်းတွင်ပင် ချည်နှောင်လိုက်သေးသည်။ အလောင်းအကြောင်းပြောရလျှင် သူ့ကျောပေါ်ရှိ အလောင်းသည် တဖြည်းဖြည်း အသက်ပြန်ရှင်လာပုံရသည်။ မွန်းကျပ်မှုကြောင့် သေဆုံးသွားသော ဖူးယောင်နေသည့်မျက်နှာသည် ကင်မရာများကို ပြုံးပြနေပုံရသည်။ ခဏရပ်တန့်နေပြီးနောက် ကောင်းမင်သည် နံရံပေါ်ရှိ ဧရာမပါးစပ်ထဲသို့ သူ့ဘာသာဝင်ရောက်သွားခဲ့သည်။ သူသည် သွေးများနှင့်အခြားညစ်ညမ်းသော အရာများ ပြင်းပြင်းထန်ထန် စွန်းပေနေသည့် ဓာတ်လှေကားထဲတွင် ပိတ်မိနေခဲ့သည်။

“သူ အရမ်းကိုပုံမှန်အတိုင်း လုပ်နေတာ မဟုတ်ဘူးလား”

ဝမ်ချန်းယီက မျက်မှောင်ကြုတ်လိုက်သည်။

“အနာဂတ်နတ်ဘုရားက အဆိုးရွားဆုံးအနာဂတ်ကို ပြသလိမ့်မယ် ၊ မြင်ကွင်းတိုင်းက လူတစ်ယောက်ရဲ့ စိတ်ကို ပျက်စီးစေနိုင်တယ် ၊ ဒါပေမဲ့ သူကတော့ မျက်တောင်တစ်ချက်တောင် မခတ်ဘူး”

စကားများစွာပြောခဲ့သော စီတုချန်တစ်ယောက် တိတ်ဆိတ်သွားပြီး စောင့်ကြည့်ကင်မရာများကို စိုက်ကြည့်နေတော့သည်။ ဓာတ်လှေကားက အပေါ်သို့ ဖြည်းညင်းစွာ တက်သွားသည်။ တတိယထပ်သို့ ရောက်သောအခါ ဓာတ်လှေကားတံခါးများ သူ့အလိုလို ပွင့်သွားပြီး သွေးစွန်းနေသော လက်တစ်စုံက တံခါးဘောင်ကို ဖမ်းကိုင်လိုက်သည်။

စောင့်ကြည့်ရေးအခန်းထဲရှိ လူတိုင်း အသက်အောင့်လိုက်ကြသည်။ လက်များ လှုပ်ရှားလာပြီး ဓာတ်လှေကားအပြင်ဘက်တွင် သုံးမီတာခန့်မြင့်သော အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။ ကင်မရာက သူမခန္ဓာကိုယ်၏တစ်ဝက်ကိုသာ ဖမ်းယူနိုင်သည်။ သွေးစွန်းနေသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးသည် ခါးကိုင်းလိုက်ပြီး သူမ၏ဦးခေါင်းကို အတွင်းသို့ ထိုးထည့်လိုက်သည်။ ကာတွန်းပုံစံဆံပင်ညှပ်ကလစ်များသည် သူမ၏ ကုလားကာကဲ့သို့ ရှည်လျားလှသော ဆံပင်များကို အလှဆင်ထားလေသည်။ စီတုချန်နှင့် ကျန်လူများသည် ဖန်သားပြင်မှတစ်ဆင့် သူမကိုမြင်လိုက်သောအခါ လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြသည်။

“ကောင်းမင်က တော်တော်ကံဆိုးတာပဲ ၊ အခုမှ ရည်းစားနဲ့ တွေ့ရတယ်လို့”

အဆောက်အအုံ ၃ထဲ ဝင်လာသူတိုင်းသည် သူတို့၏အဆိုးရွားဆုံးအနာဂတ်တွင် ပိတ်မိသွားကြမည်ဖြစ်သည်။ထိုအဆိုးရွားဆုံးအနာဂတ်တွင် ဖော်ပြနိုင်သော သရဲအနည်းငယ်ရှိသည်။ ၎င်းတို့သည် မတူညီသောလူများက မတူညီသောပုံစံများဖြင့် ပေါ်လာကြခြင်းဖြစ်သည်။ ၎င်းတို့သည် စိတ်ကူးယဉ်အနာဂတ်တွင် ရည်းစား၊ ချစ်သူ၊ ဖခင်၊ မိခင်၊ ကလေးများနှင့် အခြားဇာတ်ကောင်များကဲ့သို့သော အခန်းကဏ္ဍများကို သရုပ်ဆောင်ကြသည်။ စောင့်ကြည့်ကင်မရာတွင် သရဲများ၏ အစစ်အမှန်ပုံသဏ္ဍာန်ကို ပြသသော်လည်း အဆောက်အအုံ၃ ထဲမှ လူများအတွက်မူ အနာဂတ်နတ်ဘုရား၏ပုံရိပ်ယောင်များကိုသာ မြင်နိုင်ကြသည်။

“ရည်းစားက ကိုင်တွယ်ရခက်ခဲပြီး လူသားတွေကို ကစားရတာ ကြိုက်တယ် ၊ သူက ဝိညာဉ်ကို စုပ်ယူမှာပဲ ၊ ကောင်းမင် သေဖို့ အခွင့်အရေးများတယ်”

ဝမ်ချန်းယီက သူ့အတွေးများကို ပြောပြလိုက်စဉ် ဆံပင်များထောင်ထသွားစေမည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ကောင်းမင်သည် သူ့ရည်းစားဆီသို့ သဘာဝကျကျ ချဉ်းကပ်သွားသည်။ သူ့လက်များက သူမ၏ ‘ခါး’ ကို ပွေ့ဖက်လိုက်ပြီး သူမအား ဓာတ်လှေကားနံရံနှင့် ဖိထားလိုက်သည်။

သရဲမသည် သူမ၏လည်ပင်းကို ကိုင်း၍ ဦးခေါင်းကို အောက်သို့ ငုံ့ချလိုက်သည်။ သူမ၏နက်မှောင်သောဆံပင်များက ကောင်းမင်၏မျက်နှာကို ထိလုနီးပါးဖြစ်နေခဲ့သည်။ သို့သော်လည်း ကောင်းမင်သည် မည်သည့်အရာကိုမျှ စိတ်ထဲရှိပုံမရဘဲ သူ့ကိုယ်သူတီးတိုးပြောဆိုနေလေသည်။

သူတို့သည် ကောင်းမင်၏အသံကို မကြားရသောကြောင့် ရည်းစား၏တုံ့ပြန်မှုမှတစ်ဆင့် ကိစ္စများကို ခန့်မှန်းရုံသာ တတ်နိုင်ခဲ့သည်။ ဆယ်စက္ကန့်ခန့် ကြာပြီးနောက် သရဲမ မတုံ့ပြန်နိုင်ခင် ကောင်းမင်က သူမ၏လက်ကို ဆွဲကိုင်လိုက်သည်။ ကောင်းမင်သည် သူမအား ကင်မရာမျက်ကွယ်တစ်နေရာသို့ ခေါ်သွားလိုပုံရသည်။

“သူ ဘာလုပ်နေတာလဲ”

ဗီဒီယိုကို လေ့လာသုံးသပ်ရန် မဖြစ်နိုင်တော့ပေ။ ကောင်းမင်သည် အလောင်းတစ်လောင်းကို သယ်ဆောင်လာပြီး သူ့ဝတ်စုံဖြင့် ပတ်ထားသော ဧရာမမျက်လုံးတစ်ခုရှိသည်။ပြီးနောက် သရဲတစ်ကောင်၏လက်ကိုလည်း ကိုင်ထားသေးသည်။ သူ၏မျက်နှာအမူအရာသည် ကြောက်ရွံ့မှုများ ရှိမနေချေ။ ဆိုရလျှင် သူသည် သူ့ဘဝ၏နောင်တများကို ပြန်လည်ပြင်ဆင်ရန် ဒုတိယအခွင့်အရေးတစ်ခု ရရှိလာခြင်းအတွက် ဝမ်းမြောက်စွာ ပြုံးနေခဲ့သည်။

All Chapters