ပြဿနာ ရှိလာနိုင်တယ်
Vol. 149 Ch. 2208
“ လီရုံဂျင်းက ထမင်းအတူ စားဖို့ ဖိတ်ချင်နေတာလား …”
ဤသတင်းက လင်းရီကို အံ့အားသင့်သွားစေသည်။
ဘာကြောင့်ဆိုတော့ ယခုမတိုင်ခင်တုန်းက သူတို့ ဖုန်းထဲကနေ ဆက်သွယ်စကားပြောခဲ့ဖူးသည်။ တွေ့ဆုံမည့်အကြောင်း သူမ ပြောသံလည်း မကြားဖူးခဲ့ချေ။
“ ထမင်းစားဖို့ သပ်သပ်တော့ ဘယ်ဟုတ်မှာ … သူက ပရောဂျက် တစ်ခု အကြောင်း ပြောချင်လို့ ရောက်လာတာ … ဒါကြောင့်မို့ ငါတို့က တွေ့ဆုံဖို့ စီစဉ်ရင်းနဲ့ နင့်ကိုပါ ခေါ်လိုက်တာ …”
“ တွေ့ဆုံပွဲက ဘယ်တော့လဲ …”
“ မနက်ဖြန်ည … နင် အချိန်မီရောက်အောင်တော့ လာနိုင်မယ်မလား ….” ကျီချင်းရန် စကားစမ်းသည့် အနေဖြင့် မေးလာခဲ့သည်။
“ ဒါပေါ့ … ဒီနေ့တင်ပဲ ဒီကိစ္စအကုန်လုံး ကိုင်တွယ်လို့ ပြီးတယ် ….”
“ ကောင်းတယ် … နင် ပြန်ရောက်ရင် ငါ့ကို ဖုန်းခေါ်လိုက် …”
“ အိုကေ ….”
ခေတ္တကြာ စကားပြောဆိုပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။
သူ့ဖုန်းနှင့် ခဏ ကစားလိုက်ရင်း လီရုံဂျင်း၊ ဒီအမျိုးသမီး ဘာလှည့်ကွက်တွေ ကစားချင်နေလဲဆိုတာ ခေတ္တ စဉ်းစားကြည့်လိုက်၏။
အဆင့်အတန်းနှင့် ရာထူးနေရာမှ ကြည့်ရှုမည်ဆိုပါက ၊ ကျီချင်းရန်နှင့် သူမမှာ အနေအထားချင်း မတူညီချေ။
သူမ ဤတစ်ကြိမ် ဟွာရှသို့ လာရောက်ရခြင်း ရည်ရွယ်ချက်က ထမင်းစားဖို့တော့ မဟုတ်လောက်ဘဲ အဓိကကတော့ သူနှင့် တွေ့ဆုံဖို့ ဖြစ်လောက်၏။
သို့ပေမယ့် ထို မိန်းမ၏ စရိုက်အကျင့်သဘာဝအရ အကယ်၍ အရေးကြီးကိစ္စ မရှိဘူးဆိုလျှင် သူမဘက်ကစပြီး ဆက်သွယ်လာမှာ မဟုတ်ချေ။
လင်းရီ မေးစေ့ပွတ်သပ်လိုက်၏။ ဤကိစ္စက အတော်လေး ဇဝေဇဝါ ဖြစ်ဖို့ ကောင်းသည်။
အသေးစိတ် အတိအကျ ဘာဖြစ်မလဲ ဆိုတာကိုတော့ တွေ့ဆုံပြီးမှပဲ သိနိုင်မည်။
ပြီးသည့်နောက် လင်းရီ ချီရှန်းကျောက်နှင့် အာယာနဲ မစ်ဆူထံသို့ ဆက်သွယ်လိုက်သည်။
သူတို့ကို အရင်က ပေးထားသည့် မစ်ရှင်များကို အသက်သွင်းဖို့ အချိန်ကျလေပြီ။
ဖန့်ချိန် ကုန်သည်ကြီးများအသင်း ပြိုလဲမှုက ဒိုမီနို လဲပြိုသည့်သဖွယ် ဖြစ်သွားမှာ ဖြစ်ပြီး အဓိက အဖွဲ့အစည်းကြီးများ ၊ အလယ်အလတ် အဖွဲ့အစည်းများနှင့် အသေးစား အဖွဲ့အစည်းငယ်လေးများပင် ယင်းသက်ရောက်မှု၏ အကျိုးဆက်ကို ခံစားရလိမ့်မည်။
နှစ်ယောက်လုံးကို ဆက်သွယ်ပြီးနောက် လင်းရီ ချီတုံချတုံ ဖြစ်နေမိသည်။ သို့တိုင် အဆုံး၌ သူ လီရုံဂျင်းထံတော့ မဆက်သွယ်ဖြစ်ခဲ့ချေ။
သူမက ကျိုးဟိုင်ကို လာဖို့ စီစဉ်နေသဖြင့် အများအပြား ဆက်သွယ်နေဖို့ မလိုပေ။ ပြီးတော့ အကယ်၍ ပြဿနာ တစ်စုံတစ်ခု ရှိနေပါကလည်း မျက်နှာချင်းဆိုင် တွေ့ဆုံပြီး စကားပြောသည်က ပို၍ကောင်းသည်။
လင်းရီ သူမထံသို့ ရိုးရှင်းသည့် စာတစ်ကြောင်းသာ ပို့လိုက်၏။
“ လှုပ်ရှားတော့ …”
ဤသို့ဖြင့် ဖန့်ချိန်ရှိ ကိစ္စရပ်များအားလုံး ကိုင်တွယ်ပြီးစီးသွားခဲ့လေပြီ။
လင်းရီ ပျင်းရိစွာ အညောင်းဆန့်ရင်း နွမ်းနယ်မှု လှိုင်းတံပိုးက သူ့တစ်ကိုယ်လုံးသို့ တိုက်စားသွားသည့်နှယ် ခံစားလိုက်ရသည်။
မူလတုန်းက သာမန် လူပျောက်သည့် အမှုတစ်ခုဟူ၍သာ ထင်ထားခဲ့သော်လည်း ယခုလောက်အထိကို ရှုပ်ထွေးသွားလိမ့်မည်လို့ လုံးဝ ထင်မှတ်မထားမိတာ အမှန်ပင်။
အတော်လေး အိပ်မက်ဆန်သည့် သဖွယ် ခံစားနေရသည်။
သို့သော် သူ့ကို စိတ်ဖိစီးအောင် ပြုလုပ်နေသည့် အရာတစ်ခုလည်း ကျန်ရှိနေသေး၏။
စနစ် ပေးထားသည့် ‘ ကယ်တင်ခြင်း ‘ မစ်ရှင်က ယခုထိတိုင် မည်သည့် သဲလွန်စမျှ မရှိသေးချေ။ ယင်းက သူ့ကို အတော်လေး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်စေသည်။
ရှည်ကြာစွာ အချိန်ဆွဲမိလေလေ ၊ ခက်ခဲမှုက ပို၍ ကြီးမားလေလေ ဖြစ်ပြီး အကျိုးသက်ရောက်မှုကလည်း အတော်လေး ပြင်းထန်လိမ့်မှာ ဖြစ်၏။
ဤတစ်ကြိမ်တွင်တော့ စနစ်က ဘာဖြစ်ချင်နေလဲဆိုတာကို လင်းရီ လုံးဝ နားမလည်နိုင်တော့ချေ။
သုံးနာရီခွဲလောက်ကြာတော့ အရာအားလုံး ကိုင်တွယ်သိမ်းဆည်းပြီးသွားခဲ့ပြီး လင်းရီနှင့် သူ့အသင်းလည်း ကျိုးဟိုင်သို့ ပြန်ရောက်လာသည်။
လေယာဉ်ပေါ်က ဆင်းပြီးနောက် လင်းရီ သူ့အသင်းကို နေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီး ထမင်းအတူစားကာ ကျိုကျုံးဗီလာတွင် နေထိုင်ဖို့ နေရာချထားပေးလိုက်သည်။
“ အထက်က တာဝန် အသစ်တွေ ပေးလာပြီလား …”
ကျိုကျုံးဗီလာကို ရောက်တော့ လင်းရီ စူးစမ်းကြည့်လိုက်သည်။
“ သံသယ ဖြစ်ဖို့ကောင်းတဲ့လူကို ဖမ်းမိထားပြီလို့တော့ ပြောတာပဲ … ဒါပေမယ့် အဲ့ဒီလူရဲ့ အထောက်အထားကိုတော့ စုံစမ်းနေတုန်း ရှိသေးတယ် … သက်သေအထောက်အထားတွေ လုံလောက်ရင်တော့ သူတို့တွေ ကျွန်မတို့ကို အဲ့ဒီဆီ လွှတ်လောက်တယ် ..” ရှောင်းပင်း ပြောလိုက်သည်။
“ သံသယ တရားခံက ဘယ်မှာ …”
“ စုန့်ကျန်း ရဲစခန်းမှာ ….”
“ ဘာလို့ ရဲစခန်းကို ပို့လိုက်တာလဲ … ဒီကိစ္စကို သူတို့ ကိုင်တွယ်လို့ မသင့်ဘူးမဟုတ်လား ….”
“ ပြဿနာက ခရီးသွားအေဂျင်စီက သူ့ကို လက်ဆုပ်လက်ကိုင် သက်သေအထောက်အထားနဲ့ ဖမ်းမိတာ မဟုတ်လို့ပဲ … သူ့ကို ဒီတိုင်း သံသယပဲ ရှိတာ … မတော်တဆမှုတွေ မဖြစ်အောင်ဆိုပြီး ကျပန်း အကြောင်းပြချက်နဲ့ စုန့်ကျန်းရဲစခန်းကို ဖမ်းခိုင်းလိုက်တာ …”
လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီလေ … မင်းတို့ဘာမင်းတို့ ကြည့်လုပ်ကြပေါ့ … ငါတော့ သွားတော့မယ် …”
အသင်းကို နှုတ်ဆက်ပြီးနောက် လင်းရီ လျန်ရူရွှယ်နှင့် တွေ့ဆုံဖို့ ထွက်လာခဲ့လိုက်သည်။
သူမရဲ့ နေရာကိုရောက်တော့ ည သန်းခေါင် အချိန် ရှိနေလေပြီ။
လျန်ရူရွှယ်က ညဇီးကွက်ဖြစ်သောကြောင့် လင်းရီ ရောက်လာသည့် အချိန်၌ အိပ်ရာ မဝင်ရသေးပေ။
သူမက အပြာဖျော့ရောင် ညအိပ်ဂါဝန်ကို ဝတ်ထားပြီး ထိုဂါဝန်က သူမရဲ့ တင်ပါးကို ဖုံးရုံမျှသာ ဖုံးထားနိုင်သည်။ ခြေထောက်တွင်လည်း မီးခိုးရောင် ယုန်ပုံစံ ညှပ်ဖိနပ်ကို စီးနင်းထား၏။
ညအိပ်ဂါဝန်နှင့် ညှပ်ဖိနပ်က သာမန်ပင်။ သို့သော် လျန်ရူရွှယ်၏ ကိုယ်ပေါ် အရောက်တွင်တော့ ပြင်းပြသည့် ရမ္မက်ကို ဖိတ်ခေါ်နေသယောင်ပင်။
အထူးသဖြင့် နှင်းသဖွယ် ဖြူဖွေးနေသည့် ပေါင်သားများဖြစ်သည်။ ယင်းတို့က အမှောင်ထဲရှိ မျှော်လင့်ချက် လင်းရောင်ခြည်နှယ် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်စွမ်း ကြီးမားလွန်းလှ၏။
ကော်ဖီ စားပွဲပေါ်တွင် စာရွက်စာတမ်းတို့ ရှုပ်ယှက်ခပ်နေပြီး ၎င်းတို့နှင့် ကပ်လျက် ဘေးတွင်တော့ စိတ်အပန်းပြေစေသည့် အခါးရည်တစ်ခွက်ကို ချထားသည်။
ဤသည်ကတော့ လျန်ရူရွှယ်၏ ပုံမှန် နေ့စဉ်နှင့်အမျှ လုပ်နေကြ ကိစ္စ တစ်ရပ်ဖြစ်၏။
သူမ တစ်ညလုံး နိုးနိုးကြားကြား နေနိုင်သည်။ သို့သော် မနက်စောစောထဖို့ကတော့ မမေးသင့်သည့် မေးခွန်းဖြစ်၏။
“ အားလုံး အဆင်ပြေခဲ့တယ်မလား ….”
လင်းရီ ဝင်လာတာ မြင်တော့ သူမက အိမ်တွင်းစီး ညှပ်ဖိနပ်တစ်ရံကို ထုတ်ပေးလာသည်။
“ ခဲယဉ်းတာတွေတော့ သိပ်မရှိပါဘူး … ဒါပေမယ့် အဲ့လူတွေက ရွံရှာစက်ဆုပ်ဖို့ ကောင်းလွန်းတယ် …”
လင်းရီလည်း ဟိုတယ်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို လျန်ရူရွှယ်အား ပြန်ပြောင်း ပြောပြလိုက်သည်။ လျန်ရူရွှယ်ကလည်း တည်တည်ငြိမ်ငြိမ်နှင့် နားထောင်နေသည်။
“ သူတို့တွေ အဲ့လိုလုပ်ရပ်မျိုးတွေ လုပ်လာတာ အံ့ဩဖို့ မကောင်းပါဘူး… ဒါပေမယ့် အခု သူတို့တွေကို ကိုင်တွယ်ပြီးသွားပြီဆိုတော့ နောင်ကျ ပြဿနာ မများရတော့ဘူးပေါ့ ….”
“ မင်းပြောတာ မမှားဘူး … ဒါပေမယ့် ငါကတော့ ဒီကိစ္စကြောင့်နဲ့ အထိကရုဏ်းက ပိုပြီး ချဲ့ကားသွားမယ်လို့ ခံစားနေရတယ် …” လင်းရီ ပြောလိုက်ပြီး “ အခု အကြီးအကဲလုက တစ်ဦးတည်းသော တာဝန်ရှိသူပဲ … ပြီးတော့ ဖန့်ချိန် ကိစ္စမှာ ငါတို့လုပ်ပေးသင့်သလောက် လုပ်ပေးပြီးသွားပြီ … ကွမ်တုံး စီရင်စုတစ်ခုလုံးကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားရင် မီးက ကိုယ့်ပြန်လောင်လာနိုင်တယ်…”
“ သူတို့တွေ ကြံမိကြံရာနဲ့ ပြန်တိုက်ခိုက်လာမှာကို နင် စိတ်ပူနေတာမလား ….”
“ အဲ့တာက တစ်ကဏ္ဍ ၊ အပင်မြင့်လေ ၊ လေတိုက်ခံရလေ ၊ ပြီးတော့ လက်အောက်ငယ်သားက ဆရာဖြစ်သူထက် တော်ပြနေပြန်ရင်လည်း ပြဿနာတွေ ရှိလာနိုင်တယ် ….”
“ ငါ့အထင် ပြောရရင် အကြီးအကဲလုက နင်စိတ်ပူနေတဲ့ ကိစ္စတွေကို ထည့်သွင်းစဉ်းစားထားပြီးလောက်ပြီ … တကယ်လို့ ဒီဖြစ်ရပ်ကြောင့်သာ မဟုတ်ရင် သူက ဒီခြေလှမ်း လှမ်းလာခဲ့မှာ မဟုတ်ဘူး ….”
လင်းရီ ပျင်းရိစွာ အညောင်းဆန့်လိုက်၏။
“အကြီးအကဲလုက မြေခွေးအိုကြီးလေ … ငါ့ထက် ဉာဏ်ပိုကောင်းတယ် … ငါ တွေးမိတာကို သူလည်း တွေးမိလောက်မှာပါ …. ဒါပေမယ့် ငါကတော့ အခု ပါးလျတဲ့ ရေခဲချပ်ပြားလေးပေါ် ဖြတ်လျှောက်နေရသလို ခံစားနေရတယ် … ငါတို့တွေ အသာစီးရနေတုန်း နောက်ပြန်ဆုတ်ပြီး သိုသိုသိပ်သိပ်နဲ့ နေတာက ပိုကောင်းလိမ့်မယ် ….”
“ ကောင်းပြီလေ … ငါ မနက်ဖြန်ကျရင် နင့်အတွေးတွေကို အဖိုးဆီ ပြောပြလိုက်မယ် … ပြီးတော့ ငါလည်း အကြီးအကဲလုရဲ့ ရည်ရွယ်ချက်တွေကို အာရုံရနေတယ် ….”
“ ဒါပေါ့ … ဒီတော့ အခု အလုပ်နားတော့ … ညဉ့်နက်နေပြီ … ပိုပြီး အရေးကြီးကိစ္စတွေ လုပ်ရမယ်လေ ….” လင်းရီက လျန်ရူရွှယ်ရဲ့ နောက်ဘက်ခြမ်းကို အသာဖျစ်ညှစ်ရင်း ပြောလိုက်သည်။
သူမ ပါးတစ်ပြင်လုံး နီမြန်းသွား၏။ “ အာရုံလာနောက်မနေနဲ့ … ငါ သွားအိပ်ပြီ ….”
“ ဟေ့ … အဲ့အတိုင်းပဲ အိပ်တော့မလို့လား … ဘာမှ မဆေးမကြောပဲနဲ့လေ …”
“ အခု ဘယ်အချိန်ရောက်နေပြီလဲ နင် ကန်းနေလား … ငါ ရေချိုးထားပြီးပြီ …”
လင်းရီက လျန်ရူရွှယ်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ “ မင်း အဲ့လိုတွေ ကြိုပြီး ပြင်ဆင်ထားတတ်တာကို ကြိုက်တာ…..”
“ မင်း အခန်းထဲ အရင်ဝင်နှင့် … ငါ ရေအရင် သွားချိုးလိုက်ဦးမယ် ….”
လင်းရီ ရေချိုးခန်းထဲသို့သွားပြီး စာကလေးရေဆွတ်သလို အမြန်ရေချိုးလိုက်သည်။ ပြီးနောက် အခန်းထဲသို့ ရင်ဖို စိတ်လှုပ်ရှားစွာဖြင့် ပြန်လာသည်။
ထို့နောက် ….
သူနှင့် လျန်ရူရွှယ်တို့ နှစ်ယောက် နဖူးကချွေး၊ ခြေမ ကျသည်အထိ အချစ်သံစဉ်တွေ ကြိုးစားဖန်တီးကြတော့သည်။ မနက် သုံးနာရီထိုးတော့မှပဲ မောပန်းနွမ်းနယ်စွာဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တော့၏။
နောက်တစ်နေ့ နံနက် ရှစ်နာရီတွင် လင်းရီ အိပ်ရာနိုးချိန်၌ လျန်ရူရွှယ်က အိပ်ပျော်နေဆဲ ဖြစ်သည်။
လင်းရီ သူမကို နှောင့်ယှက်ဖို့ မရည်ရွယ်ပေ။
သူမ အိပ်စက်သည့် အကျင့်အရ အိပ်ရာက နိုးဖို့ နောက် တစ်နာရီလောက် လိုသေးသည်။
သို့သော် လင်းရီ အဝတ်လဲနေချိန်မှာပဲ လျန်ရူရွှယ်က ရုတ်ချည်း ထထိုင်လာကာ ရှုပ်ပွနေသည့် ဆံပင်နှင့် လင်းရီကို ငိုင်တွေတွေကြီး ငေးမောကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
သူ ဟာသလုပ်ပြီး စနောက်မည့် ဟန်ပြင်နေချိန်မှာပဲ လျန်ရူရွှယ် မျက်လုံးထဲရှိ ထိတ်ထိတ်ပျာပျာဖြစ်နေသည့် မျက်ဝန်းတို့ကို မြင်တော့ လင်းရီ မကောင်းသည့် ခံစားချက်များ ရရှိသွားသည်။
“ ဘာဖြစ်လို့လဲ … တစ်ခုခု ဖြစ်လို့လား ….”
လျန်ရူရွှယ်က သူမခေါင်းကို တောင့်တင်းစွာ ခါယမ်းရင်း မျက်ဝန်းတို့ထဲ တက်ကြွမှုတို့ ပျောက်ဆုံးနေသည်။
“ မနေ့က အန္တရာယ်များတဲ့ ရက်ဆိုတာ ငါ မေ့သွားတယ် … တစ်ခုခု ဖြစ်လာမှာကို ငါ ... ငါ အရမ်းကြောက်တာပဲ လင်းရီ …”