← Chapters

အမျိုးသမီး လက်ဝှေ့သမား

Vol. 149 Ch. 2212

အမျိုးသမီး လက်ဝှေ့သမား

Vol. 149 Ch. 2212

လင်းရီနှုတ်ကနေ ထိုသို့ပြောလာသံကြားတော့ နိုင်ငံခြားသားက ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။

“ မင်းဘာတွေ လာပြောနေတာ … မင်း ပြောနေတာတွေ ငါ တစ်လုံးမှ နားမလည်ဘူး …”

“ နားမလည်လည်း ရတယ် … သီးသန့် စကားပြောလို့ကောင်းမယ့် တစ်နေရာ ရှာကြတာပေါ့ … ပြီးရင် ငါမင်းကို သေချာလေး ရှင်းပြပေးမယ် …..”

လင်းရီ ဂုတ်ဆွဲရန်အတွက် သူ့လက်ကို ဆန့်တန်းလိုက်သည်။ သို့သော် နိုင်ငံခြားသားက သူ့ကို အဝေးသို့ တွန်းထုတ်ပြီး ဆန့်ကျင်ဘက် အရပ်သို့ တုံ့ဆိုင်းခြင်း မရှိ ချက်ချင်း ပြေးသည်။

လင်းရီ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး အပြုံးတစ်ခု ဖြစ်တည်လာကာ ရှည်ရှည်ဝေးဝေး တွေးတောမနေဘဲ အနောက်ကနေ ချက်ချင်း ပြေးလိုက်သည်။

စွန်းရှန်းရှီသည်လည်း ထို့အတူပင်။

ယခု အခြေအနေသို့ ရောက်လာပြီးသည့်တိုင် သူမက ဘာတွေ ဖြစ်နေလဲဆိုတာကို မသိသေးဘူးဆိုပါက လီရုံဂျင်းရဲ့ ဘော်ဒီဂတ်ဖြစ်ဖို့ ထိုက်တန်တော့မှာ မဟုတ်ချေ။

“ ဒါရိုက်တာလင်း … နင့်ကို ဒီမှာ မလိုဘူး … ကျန်တာ ငါ့ဘာငါပဲ ကိုင်တွယ်လိုက်မယ် … နင် ပြန်သွားလိုက်တော့ ….”

စွန်းရှန်းရှီက ပြေးလိုက်နေစဉ် ပြောလာသည်။

“ မင်း ကိုင်တွယ်နိုင်တာ သေချာလို့လား ….”

ဤအမျိုးသမီးက အနည်းငယ် မောက်မာသည်ဟု လင်းရီ ခံစားနေရသည်။ သူ ဘယ်သူလဲဆိုတာကိုပင် မသိပါဘဲ ရဲတင်းသည့် စကားတို့ ပြောဝံ့နေသည်။

“ ငါ အရင်က ကိုးရီးယားရဲ့ အစိုးရ အရာရှိကြီးတွေ အများကြီးကို ကာကွယ်ပေးခဲ့ဖူးတယ် … ငါ့အစွမ်းအစကို မေးခွန်းထုတ်ဖို့ မလိုဘူး … ငါ့ကို အမျိုးသမီး ဖြစ်တာနဲ့ပဲ အားနွှဲ့တယ်ဆိုပြီး ရှေ့က ဒီခုလို အခြေအနေကို မကိုင်တွယ်နိုင်ဘူး မထင်လိုက်နဲ့ ….”

“ မင်းရဲ့ ကိုယ်ရေးမှတ်တမ်းတွေက အထင်ကြီးစရာပါပဲ … ဒါပေမယ့် ရှေ့က ဒီကိစ္စကို ဖြေရှင်းနိုင်မလားဆိုတာကတော့ မသေချာသေးဘူးနော်…” လင်းရီ ပြောလိုက်သည်။

“ မင်း ဒီကိစ္စတွေကို ဖြေရှင်းပြီးမှပဲ အဲ့စကားတွေ ငါ့ကိုလာပြော …”

လင်းရီ ခေါင်းမာနေတာက လီရုံဂျင်းကြောင့်သာ မဟုတ်ဘဲ သူသည်လည်း ဖရီးမေဆင်၏ အမည်ပျက်စာရင်းထဲ ပါဝင်နေသောကြောင့်ပင်။

ယခု သူတို့လူများက သူ့ကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သဖြင့် တစ်ဖက်ကို လွှတ်ပေးဖို့ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

စွန်းရှန်းရှီလို့ ခေါ်တဲ့ အမျိုးသမီးနှင့် ပတ်သက်၍တော့ သူမတွင် ဤကိစ္စကို ဖြေရှင်းနိုင်သည့် အစွမ်းအစ အမှန်တကယ် ရှိမရှိ၊ လင်းရီလည်း မသေချာပေ။ ဒါကြောင့်လည်း သူမကို တစ်ယောက်တည်း လွှတ်မထားပေးနိုင်တာ ဖြစ်သည်။

စွန်းရှန်းရှီက လင်းရီကို အထူးအဆန်းလုပ်ပြီး ကြည့်လာသည်။

သူမသည်လည်း …. များပြားလှသည့် ကိုးရီးယားနိုင်ငံသားများကဲ့သို့ ဟွာရှအပေါ် အထင်သေးမှုနှင့် ရန်လိုမှုတို့ ရှိသည်။ ဦးနှောက်ဆေးခံထားရသည်ဟု ပြောလျှင် ပိုမှန်မည်။

အမျိုးသားများနှင့် ရင်ဘောင်တန်းလိုသည့် သူမ၏ စိတ်ဓာတ်ကိုပါ ထပ်ပေါင်းထည့်လိုက်တော့ ဟွာရှ အမျိုးသားများက မောက်မာစီးပိုးသည်ဟု သူမ စွဲစွဲမြဲမြဲယုံကြည်ထားသည်။ ထို ဟွာရှလူမျိုးများက သမိုင်းအစဉ်အဆက်ကတည်းက အမျိုးသမီးများကိုဆို နှိမ့်ချပြီး လူရာမသွင်းကြပေ။

ယခု … လင်းရီကလည်း သူမကို အထင်သေးသည့်သဖွယ် ရှုမြင်လာခဲ့ရာ သူမရဲ့ ထိုစိတ်ဓာတ်များကို မီးစာလောင်းထည့်ပေးသည့်နှယ် ဖြစ်သွားသည်။

သူမ ဤပြဿနာကို ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေပြီး ၊ ပြီးသည့်နောက်တွင်မှ လင်းရီနှင့် သေချာစကားပြောဖို့ မောင်းတင်ထားလိုက်၏။

ဤမောက်မာသည့် ဟွာရှ အမျိုးသားကို အမျိုးသမီးတွေက သူတို့ထင်ထားသလို အားနည်းတဲ့လူတွေ ၊ အမြဲတမ်း နောက်မှာပဲနေပြီး ကာကွယ်ပေးတာကို စောင့်နေရတဲ့လူတွေ မဟုတ်ကြောင်း သက်သေပြမည်။

လင်းရီကတော့ စွန်းရှန်းရှီကဲ့သို့ များများစားစား တွေးတောမနေချေ။ သူ့ အမြန်နှုန်းကို အရှိန်တင်လိုက်ပြီး ရှေ့တွင် ပြေးနေသည့် နိုင်ငံခြားသားကို အမြန်ဖမ်းနိုင်ဖို့ လုပ်လိုက်၏။

သိုသော် ထိုအချိန်မှာပဲ နိုင်ငံခြားသားက လမ်းကြားထဲ ပြေးသွားသည်ကို သတိထားမိလိုက်သည်။

လင်းရီနှင့် စွန်းရှန်းရှီတို့လည်း တုံ့ဆိုင်းခြင်း မရှိ ချက်ချင်း ပြေးလိုက်သွားသည်။

လမ်းကြားထဲ ရောက်သည်တွင် နိုင်ငံခြားသားက ရုတ်ချည်း ရပ်တန့်သွားပြီး လင်းရီနှင့် မျက်နှာချင်းဆိုင် ရပ်တန့်လိုက်၏။

လင်းရီကို စိတ်ဝင်စားသွားစေသည်က ထိုအမျိုးသား နောက်တွင် ရှိနေသည့် အော်ဒီ အိမ်စီးကားကိုပင်။

ထိုအချိန်မှာပဲ ကားတံခါးများ ပွင့်လာခဲ့ပြီး အမျိုးသားနှစ်ဦး ဆင်းလာသည်။

တစ်ယောက်က ကတုံးနှင့် ဖြစ်ပြီး ၊ ကျန်တစ်ယောက်က လူမည်း ဖြစ်၏။ နှစ်ဦးလုံးက ကတုံးနှင့်ဖြစ်ကာ သာမန် ရှပ်အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားကြ၏။

သူတို့ရဲ့ ရာထူးနေရာကို လင်းရီ ခန့်မှန်းကြည့်ရသလောက်တော့ ကားပေါ်က ဆင်းလာသည့်နှစ်ဦးမှာ လီရုံဂျင်းကို နောက်ယောင်ခံရန် တာဝန်ယူထားသည့် ခေါင်းဆောင်များ ဖြစ်ပုံပင်။

သို့သော် ပိုပြီး စိတ်ဝင်စားဖို့ကောင်းသည်က သူတို့နှစ်ယောက်မှာ သူ့ကို မြင်သည်နှင့် ချက်ချင်း ထွက်ပြေးမသွားကြချေ။ ဆိုလိုချင်သည့် အဓိပ္ပာယ်က သူတို့တွေ သူ မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိကြချေ။

ဤလူများက ဖရီးမေဆင်၏ ရာထူး အမြင့်ပိုင်းထဲက မဟုတ်ကြလောက်ချေ။

မဟုတ်ပါက သူတို့ရဲ့ ကမ္ဘာမကြေ ရန်သူတော်ကြီးကို မသိဘဲ မနေပေ။

သူတို့ပေးခံထားရသည့် အမိန့်ကလည်း လီရုံဂျင်းကို ခြေရာခံဖို့သပ်သပ်ပဲ ဖြစ်ရမည်။ ယင်းက ကိစ္စရပ်များကို ပိုပြီး လွယ်ကူသွားစေသည်။

လင်းရီ မလှုပ်ရှားနိုင်သေးခင်မှာပဲ စွန်းရှန်းရှီက ရှေ့သို့ တစ်လှမ်းတက်ပြီး လူသုံးယောက်ကို ပြောလိုက်သည်။

“ ဆိုတော့ နင်တို့သုံးယောက်က ကိုးရီးယားမှာကတည်းက ငါတို့ကို နောက်ယောင်ခံလိုက်နေကြတာပေါ့ ….”

“ ငါ အစကတော့ မင်းတို့တွေကို ခါချခဲ့ပြီး ဘာမှ မဖြစ်ခဲ့သလို နေလိုက်မလို့ပဲ… ဒါပေမယ့် မင်းတို့က ဒီအထိတောင် လိုက်လာရဲနေတယ်ဆိုတော့ လီရုံဂျင်းကို ဆက်ပြီး နောင်ယောင်ခံ မလိုက်ခင် မင်းတို့နဲ့ အရင်ရှင်းရတော့မယ် ….” မျက်လုံးအပြာနှင့် နိုင်ငံခြားသားက ပြောလိုက်သည်။

“ နင်က ငါ့ပြိုင်ဘက် ဖြစ်နိုင်မှပဲ အဲ့စကားမျိုးပြောစမ်း ….”

ထပ်ပြီး လေကုန်ခံမနေတော့ဘဲ စွန်းရှန်းရှီက ရှေ့သို့ ချီတက်သွားကာ အကြမ်းပတမ်း တိုက်ခိုက်သည်။

တစ်ချိန်တည်းတွင် အပြာရောင် မျက်လုံးနှင့် နိုင်ငံခြားသားကလည်း အားမနည်းသည့် အရည်အချင်းနှင့် ရှေ့သို့ တက်လာပြီး ထိပ်တိုက် ရင်ဆိုင်သည်။

သူပြေးခဲ့သည်က ကြောက်ရွံ့မှုကြောင့် ထွက်ပြေးခြင်း မဟုတ်သည်မှာ သိသာလှသည်။

ပြဿနာ မများချင်ရုံမျှသာ ဖြစ်၏။

ဘန်း ….

တစ်ခဏအတွင်းမှာပဲ သူတို့ရဲ့ လက်သီးတွေက တိုက်ပွဲအတွင်း အပြန်ပြန် အလှန်လှန် ထိတွေ့ပွတ်တိုက်နေကြသည်။

လင်းရီက နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်လျက် ပွဲကြည့်နေသည်။

စွန်းရှန်းရှီ အမည်ရသည့် အမျိုးသမီးက အမျိုးသမီး လက်ဝှေ့သမားနှင့် အနည်းငယ် ဆင်တူသော်လည်း အတော်လေးတော့ အစွမ်းအစရှိသည်။

သူမရဲ့ လက်ရှိ E အဆင့်တွင် နောက်ထပ် အားစိုက်မှု အနည်းငယ်နှင့် D အဆင့်အတွင်းသို့ နှစ်အနည်းငယ် အတွင်းမှာပဲ ဝင်ရောက်ကာ ကျုံးဝေ့တပ်ဖွဲ့ရဲ့ စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်လောက်သည်။

ဒါပေါ့။ ဒါကလည်း သူ ဝင်ချင်တယ်ဆိုဦးမှကိုး။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ စွန်းရှန်းရှီသည် သူမ၏ ကြမ်းကြုတ်ခက်ထန်သည့် အပိုင်းကို ချပြလာခဲ့ပြီး မျက်လုံးပြာနှင့် နိုင်ငံခြားသားကို ရင်ဆိုင်ရာ၌ လုံးဝ မတုန်မလှုပ် ရှိနေသည်။ သူမဘက်ကပင် အနည်းငယ် အသာစီးရနေသေး၏။

ဒါဇင်ချီအောင် တိုက်ကွက် ဖလှယ်ပြီးနောက် သူမရဲ့ ပြိုင်ဘက်က စတင်ပြီး သက်လုံလျော့ကျသည့် လက္ခဏာရပ်တို့ ပြသလာသည်။

စွန်းရှန်းရှီ၏ ဖိအားပေးမှုအောက်တွင် သူ့တွင် တိုက်စစ်ဆင်နိုင်စွမ်း မရှိတော့ကာ တရစပ် ခုခံပိတ်စို့နေရတော့၏။

ရုတ်ချည်းဆိုသလို စွန်းရှန်းရှီက ဖြစ်ပေါ်လာသည့် ဟာကွက်ကို အပြည့်အဝ ဆုပ်ဖမ်းလိုက်သည်။

သူမရဲ့ ခြေကန်ချက်က ရင်ဘက်ထံသို့ ရောက်ရှိသွားပြီး တစ်ဖက်လူကို နာကျင်စွာ ညည်းညူ၍ နောက်သို့ လွင့်ထွက်လူးလိမ့်သွားစေသည်။

စွန်းရှန်းရှီ သူမရဲ့ ကိုယ်ဟန်ကို ပြန်လည် ချိန်ညှိလိုက်၏။ ထို့နောက် အကြည့်က ကျန်ရှိသည့် လူနှစ်ယောက်ထံသို့ ကျရောက်သွားခဲ့သည်။

“ တစ်ယောက်ကတော့ ငါ့ကြောင့်နဲ့ မှောက်သွားပြီ … နင်တို့နှစ်ယောက်ကရော စမ်းကြည့်ချင်သေးလား …”

“ လီရုံဂျင်းရဲ့ ဘော်ဒီဂတ်လို့ မပြောရဘူး … မင်းရဲ့ စကေးတွေက တကယ်ကောင်းတယ် … ဒါပေမယ့် နှမြောဖို့ကောင်းတာက မင်းဒီနေ့ သေရတော့မှာပဲ … ငါတို့နှစ်ယောက်က မင်းကို အသက်ရှင်ခွင့် ပေးလိမ့်မယ် မထင်နဲ့ ….” ကတုံးနှင့် အမျိုးသားက ပြောလိုက်သည်။

“ ဒါပေမယ့် ငါတို့နှစ်ယောက်က အမျိုးသမီးတစ်ယောက်ကို တိုက်ခိုက်ရင် အနိုင်ကျင့်ရာ ကျလိမ့်မယ် … ဒီတော့ မင်းနဲ့အတူ ပါလာတဲ့ အဖော်ကိုလည်း ဝင်ခိုင်းလိုက် … တကယ့် ဟွာဟချက် အစစ်အမှန်က ဘာလဲ ဆိုတာ မင်းတို့သိအောင် ပြပေးမယ် …”

“ သူက ဘာမှမသိတဲ့ သာမန်လူပဲ … သူ ပါရင်တောင် အကူအညီရမှာ မဟုတ်ဘူး … ပိုဆိုးရုံပဲ ရှိမယ် … ငါ သူ့ကို မလိုဘူး …”

လင်းရီ “ …. “

စွန်းရှန်းရှီက တိုက်ခိုက်မည့် ကိုယ်ဟန်ကို ထိန်းသိမ်းလျက် ကတုံးနှင့် အမျိုးသားနှစ်ယောက်ကို စိန်ခေါ်လိုက်သည်။

“ အချိန်မဖြုန်းနဲ့ … တက်လာခဲ့လိုက် …”

ကတုံးနှစ်ယောက်လည်း အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကာ ထေ့ငေါ့ လှောင်ပြောင်သည့် အပြုံးတစ်ခုက မျက်နှာထက် ဖြစ်ပေါ်လာသည်။

စွန်းရှန်းရှီ၏ မျက်ကန်းယုံကြည်ချက်က သူတို့ရှေ့တွင် ဟာသတစ်ခုထက် မပိုပေ။

ကတုံးနှင့် လူမည်းက ခေါင်းကို ခါယမ်းလိုက်သည်။ “ မင်းလောက်ကတော့ ငါတစ်ယောက်တည်းနဲ့တင် လုံလောက်တယ် …”

“ မောက်မာလိုက်တာ …”

စွန်းရှန်းရှီ အော်ဟစ်ပြီးနောက် လေကုန်မခံတော့ဘဲ တိုက်ခိုက်လာသည်။

တစ်ဖက်ရှိ ကတုံးနှင့် လူမည်းကတော့ သက်တောင့်သက်သာ အမူအရာနှင့် ရှိနေပြီး စွန်းရှန်းရှီ၏ ဒေါသတကြီး တိုက်ခိုက်လာသည့် တိုက်ခိုက်ချက်များကို အသာအယာပဲ ကိုင်တွယ်နေသည်။

ဤသည်ကိုမြင်တော့ စွန်းရှန်းရှီ ခံပြင်းဒေါသတို့ ပြင်းထန်စွာ လောင်ကျွမ်းလာရသည်။

သူမ အမုန်းဆုံး အချက်က လူတွေ သူမကို အမျိုးသမီး ဟူ၍ နှိမ့်ချ အထင်သေးပြီး ထူးခြားစွာ ဆက်ဆံပေးသည်ကို ဖြစ်သည်။

ဤအတွေးကို စိတ်ထဲ တွေးတောရင်း သူမ နောက်တစ်ကြိမ် ထပ်ပြီး ခွန်အားများအားလုံး စုစည်းကာ သူမပြိုင်ဘက်ကို အခွင့်အရေး လုံးဝမပေးဖို့ စိတ်ပိုင်းဖြတ်လိုက်၏။

မကြာမီ သူမဘက်က ဆက်တိုက် တိုက်စစ်ဆင်လာသည်။

ကတုံးနှင့် လူမည်းကလည်း လျင်မြန်ပြီး သူမ၏ တိုက်ခိုက်မှုတိုင်းကို လွယ်လင့်တကူ ရှောင်တိမ်းပြနေတော့သည်။

သူတို့နှစ်ဦ အချင်းချင်း ဖြတ်သန်းသွားစဉ်တွင် ကတုံးနှင့် လူမည်း၏ လက်သီးက စွန်းရှန်းရှီ၏ ဝမ်းဗိုက်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့သည်။

ချက်ချင်းဆိုသလို စွန်းရှန်းရှီ၏ အမြင်တို့ ဝေဝါးသွားပြီး မခံမရပ်နိုင်အောင် နာကျင်သည့် ဝေဒနာက လူကို အော့အန်ချင်သလိုလို ဖြစ်စေသည်။ သူမ၏ မျက်လုံးတို့ထဲ ရှော့ခ်ရမှုတို့လည်း ပြည့်နှက်နေခဲ့သည်။

“ နင် … နင် တကယ်ကြီး D အဆင့်ကို ရောက်နေပြီ …”

All Chapters