← Chapters

မင်းငါ့ကို အထင်သိပ်သေးလွန်းတယ်

Vol. 149 Ch. 2213

မင်းငါ့ကို အထင်သိပ်သေးလွန်းတယ်

Vol. 149 Ch. 2213

“ အခုမှ သိလို့ နောက်ကျသွားပြီ …” ကတုံးနှင့် လူမည်းက နေရာတွင် တည်ငြိမ်စွာရပ်ရင်း ပြောလိုက်သည်။ သူ့မျက်လုံး အကြည့်တို့ထဲ အထင်သေးမှုတို့က အပြည့်ဖြစ်နေသည်။

“ စိတ်မကောင်းပေမယ့် …. ဒီနေ့ ငါမင်းတို့ ဘယ်သူ့ကိုမှ ထွက်သွားခွင့်မပေးနိုင်ဘူး … နှစ်ယောက်လုံး ဒီမှာ နေရစ်ခဲ့ရမယ် ….”

“ ဒါဟွာရှ … နင် ငါ့ကို တစ်ခုခု လုပ်ရဲရင် နင်လည်း ဒီက ထွက်သွားနိုင်မယ် မထင်နဲ့ …..”

စွန်းရှန်းရှီက တုန်လှုပ်စွာ ပြောလိုက်၏။ ထို့နောက် သူမရဲ့ စိတ်အလျင်က လျင်မြန်စွာ ဖြတ်ပြေးသွားပြီး သူမ ဤနေရာကနေ လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာဖွေသည်။

သို့သော် အဆုံး၌ မည်သည့် သင့်လျော်သည့် အခွင့်အလမ်းကိုမျှ စဉ်းစားလို့ မတွေ့ချေ။

သူမက သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ပေ။ သူမ နောက်ရှိ မောက်မာသည့်လူကလည်း လုံးဝကို အားကိုး၍ မရသည့်လူဖြစ်၏။ သူတို့လက်ထဲကနေ လွတ်အောင်ပြေးဖို့ဆိုသည်မှာ လွယ်ကူမှာ မဟုတ်ချေ။

“ ငါတို့မှာ အဲ့သလောက် အစွမ်းအစ နည်းနည်းလေးတောင် မရှိဘူးဆိုရင် လီရုံဂျင်းကို နောက်ယောင်ခံလိုက်ဖို့ တန်ပါဦးမလား ….”

သူ့စကားဆုံးသည်နှင့် လူမည်းက စွန်းရှန်းရှီထံ ခြေနှစ်လှမ်း တိုးလာသည်။ စွန်းရှန်းရှီကလည်း နောက်သို့ ဆက်တိုက်ဆုတ်သွားကာ ထိုလူမည်းနှင့် သူမကြားရှိ အကွာအဝေးကို တတ်နိုင်သလောက် ခြားလိုနေသည်။

သို့သော် တစ်ဖက်က သူမကို အခွင့်အရေးမပေး။ ခြေကန်ချက် တစ်ခုက မျက်စိရှေ့သို့ ကျရောက်လာခဲ့ကာ သူမမှာ လေးမှ ပစ်လွှတ်ခံလိုက်ရသည့် မြားတစ်စင်းနှယ် လွင့်ထွက်သွားခဲ့သည်။

ထို့နောက် ဝမ်းဗိုက်ထံသို့ တူညီသည့် လက်သီးချက်က ထပ်မံကျရောက်လာကာ စွန်းရှန်းရှီးကို အသက်ရှူရှိုက်ရန် အခွင့်အရေးပင် မပေးချေ။

သူမ တုံ့ပြန်နိုင်စွမ်း ကင်းမဲ့သွားခဲ့၏။

နာကျင်စွာ ညည်းညူးရင်း စွန်းရှန်းရှီသည် သူမရဲ့ ဝမ်းဗိုက်ကို လက်ဖြင့် ဖိနှိပ်ထားလျက် သေမတတ် ဖြူလျော်နေသည်။ မြေပြင်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့ပြီး ဝေဒနာကြောင့် ပြန်မထနိုင်တော့ချေ

ထိုအတောအတွင်း လင်းရီမှာ ကတုံးနှင့် လူမည်းကို အကဲခတ်လေ့လာနေလျက် ရှိသည်။

သူ့အဆင့်က အတော်လေး အံ့ဩဖို့ကောင်းလှပြီး အုတ်မြစ်ကလည်း ခိုင်မာသည်။ စွန်းရှန်းရှီထက် တစ်ဆင့်သာလျှင် မြင့်သော်ငြားလည်း သူမကို တုံ့ပြန်နိုင်စွမ်း မရှိတော့သည်အထိ တိုက်ခိုက်နိုင်လိုက်သည်က သူ၏ အရည်အချင်းကို အများအပြား ပြောပြရာ ရောက်နေခဲ့သည်။

ဖရီးမေဆင်၏ လေ့ကျင့်ရေး နည်းစနစ်တို့က အတော်လေး အသိအမှတ်ပြုဖို့ ကောင်း၏။

စွန်းရှန်းရှီး မှောက်သွားတော့ ဖရီးမေဆင်၏ လူသုံးယောက်အကြည့်က ကျန်ရှိသည့် တစ်ဦးတည်းသော လင်းရီထံ ကျရောက်လာသည်။

“ ဂရက် … ငါတို့ ဒီငနဲကို ဘယ်လိုကိုင်တွယ်ကြမလဲ ….”

အစောပိုင်း ကင်းစောင့်တာ၀န်ကျသည့် တခြား ကတုံးက မေးလိုက်သည်။

“ မင်းက ဟိုနှစ်ယောက်ကို ကိုင်တွယ်လိုက် …. သူတို့ကို ကားထဲထည့်ပြီး ပင်လယ်ထဲသာ ငါးစားကျွေးလိုက် ….”

“ ငါတို့ မစ်ရှင်ကကျတော့ ဘယ်လိုလုပ်မှာ …..”

“ အစီအစဉ် အတိုင်းပဲ ဆက်သွားမယ် ….” ဂရက် ပြောလိုက်ပြီး “ ဘာပဲဆိုဆို လီရုံဂျင်းကလည်း သူတို့ကို သတ်လိုက်တာက ငါတို့ဆိုတာ သိမှာ မဟုတ်ဘူး … ဒီတိုင်း သူ့ကို ဆက်ပြီး စောင့်ကြည့်နေလို့ရတယ် ….”

“ နားလည်ပြီ …”

သို့နှင့် အနောက်တိုင်းသားကလည်း လင်းရီထံသို့ လျှောက်လှမ်းလာသည်။

“ မင်း ငါတို့ကို ဒီနေရာထိ လိုက်ဖမ်းခဲ့တာက အကြီးဆုံး အမှားပဲ …. မသေခင် ကုသိုလ်ယူသွားတယ်လို့မှတ် … ဘာလို့ဆို မင်းက ငါးစာ ဖြစ်သွားတော့မှာလေ …”

အနောက်တိုင်းသားက အပိုစကားတွေ ထပ်မပြောတော့ဘဲ လင်းရီကို တန်းပြီး ဂုတ်ဆွဲလာသည်။

လင်းရီ တည်ငြိမ်သည့် အမူအရာဖြင့်ပဲ လက်ဆန့်တန်းကာ အနောက်တိုင်းသားရဲ့ ပခုံးနေရာကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အရိုးနေရာကို အားအပြည့်ဖြင့် အပေါ်သို့ဆွဲတင်လိုက်၏။

ချက်ချင်းဆိုသလို အရိုးကျိုးအက်သံတို့က လေထုထဲ ပြည့်နှက်သွားသည်။

အနောက်တိုင်းသားမှာ နာကျင်မှုကြောင့် ချက်ချင်း ဒူးထောက်ကျသွားခဲ့၏။

လင်းရီ ခြေထောက်မြှောက်ပြီး အနောက်တိုင်းသား၏ ရင်ဘက်သို့ ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။

အနောက်တိုင်းသားရဲ့ ပါးစပ်ထဲကနေ သွေးတို့ပနးထွက်လာခဲ့ပြီး မျက်လုံးအပြူးသားဖြင့် မြေပြင်သို့ လဲကျသွားခဲ့၏။

“ ဒါ …. ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ….”

မြင်လိုက်ရသည့်လူတိုင်း အံ့ဩဘနန်း ဖြစ်သွားသည်။ လူမည်းကတုံးပင် မယုံကြည်နိုင်စွာဖြင့် လက်နှစ်ဖက်မြောက်လျက် သူ့ကတုံးသူ ပွတ်သပ်မိသွားသည်။

သူတို့ မျက်လုံးထဲတွင် လင်းရီက အုပ်စုထဲတွင် အားအနည်းဆုံး ဖြစ်၏။ သို့သော်လည်းပဲ ထင်မှတ်မထားစွာဖြင့် သူ့တွင် ထိုသို့သော အင်အားမျိုး ရှိနေသည်။

တစ်ချက်တည်းဖြင့် D အဆင့် ခွန်အားရှိသူကို မြေပြင်သို့ လဲကျသွားစေခဲ့ပြီး သွေးအန်သွားစေခဲ့သည်။

သူ့ အဖော်ရဲ့ စို့နင့်ဖွယ်ရာ အခြေအနေကို မြင်တော့ နှစ်ဖက်ကြားရှိ လေထုက တင်းမာသွားလေသည်။

ဤကဲ့သို့သော ခွန်အားမျိုးနှင့် လူတစ်ယောက်က အနည်းဆုံး D အဆင့်ပင်။ သူတို့တွေ လုံးဝ အထင်သေးလိုက်၍ မဖြစ်ပေ။

“ မင်းက တကယ်ပဲ ဘယ်သူများလဲ ….” ဂရက် သတိထားသည့် လေသံဖြင့် မေးလာသည်။

“ ငါ ဘယ်သူလဲဆိုတာတောင် မသိဘူးဆိုတော့ ကြည့်ရတာ ဖရီးမေဆင်ထဲ မင်းရဲ့ ရာထူးလေးက အတော်လေးသေးလို့ ဖြစ်ရမယ် …. ဒီတော့ အများကြီးသိနေလို့လည်း အလကားပဲ ….”

“ ငါတို့က မင်းကို အဲ့လို အခွင့်အရေးမျိုး ပေးမယ်ထင်လား …” ဂရက်ပြောလိုက်ပြီး “ မင်းက ဖရီးမေဆင်ကို အထင်သေးနေတယ် ….”

ပြောရင်းဖြင့် ဂရက်က သူ့ခါးကနေ အနက်ရောင် ပစ္စတို တစ်လက်ကို ဆွဲထုတ်လာခဲ့ပြီး လင်းရီထံသို့ ချိန်ရွယ်ထားလိုက်သည်။

“ မင်းရဲ့ စကေးက တကယ်ကို မြင့်တယ် … ငါက မင်းပြိုင်ဘက် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်… ဒါပေမယ့် ငါ့လက်ထဲမှာ သေနတ်ရှိတယ် …. မီးတစ်ချက်ပွင့်တာနဲ့ မင်းအသက်လည်း ငါ့လက်ထဲ ရောက်ပြီဆိုတာ မင်းယုံလား ….”

“ ငါ မယုံဘူး ….”

“ ဒါဆိုလည်း မင်းရဲ့ ဘုရားသခင်နဲ့ အခုပဲ သွားတွေ့လိုက်တော့ ….”

ပြောပြီးနောက် ဂရက်က တုံ့ဆိုင်းခြင်း မရှိ ခလုတ်ကို ဆွဲလိုက်သည်။

ဘန်း …

လိမ္မော်နီရောင် မီးညွှန့်က ပြောင်းဝကနေ ထွက်ပေါ်လာခဲ့ပြီး ကျည်တစ်တောင့်က လေထုကို ထိုးခွင်းသွားသည်။ ပြင်းထန်သည့် အပူရှိန်က လင်းရီရဲ့ မျက်နှာတည့်တည့်ကို လာရောက် ရိုက်ခတ်၏။

ထိုအချိန်မှာပဲ လင်းရီ ခေါင်းကို တစ်ဖက်သို့ တိမ်းလိုက်ပြီး ပူလောင်နေသည့် ကျည်ဆံကလည်း လင်းရီရဲ့ နားနံဘေးကနေ ရှပ်ပြီး ဖြတ်သန်းသွားလေသည်။ ဖြတ်သန်းသွားသည့် ကျည်ဆံရဲ့ အသံက သူ့နားထဲတွင် မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းသွားခဲ့သည်။

သူ ရှောင်လိုက်တယ် …

ကြက်သေသေမှု ၊

ရှော့ခ်ရမှု ၊

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် လူတိုင်း အေးခဲတောင့်တင်းသွားသည်။

သူတို့တွေ တုန်လှုပ်လွန်း၍ နှလုံးပင် လည်ချောင်းဝသို့ တက်လာသည်ဟု ခံစားနေရ၏။

“ သေနတ်တစ်လက်လောက်နဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေရင်တော့ … မင်းငါ့ကို အထင်သေးလွန်းသွားပြီ …”

“ မဟုတ်ဘူး … ဒါ မဖြစ်နိုင်ဘူး …”

ဂရက် ဆက်တိုက် နောက်ဆုတ်သွားသည်။ “ ငါ … ငါ အဲ့လိုလုပ်ဖို့ မရည်ရွယ်ဘူး ….”

“ မင်းဘာမင်း ရည်ရွယ်တာပဲဖြစ်ဖြစ်၊ မရည်ရွယ်တာပဲ ဖြစ်ဖြစ် အခု ကိစ္စ မရှိဘူး … ရလဒ်က အဖြေပေါ်ပြီးသားပဲ ….”

ပြောရင်းဖြင့် လင်းရီ ဂရက်နှင့် လူမည်းထံသို့ သာမန်မျက်လုံးနှင့် မမြင်နိုင်လောက်အောင် လျင်မြန်သည့် အရှိန်နှုန်းဖြင့် လျှပ်တစ်ပြက် ရောက်ရှိလာသည်။

လက်သီးတစ်ချက် ၊ ခြေကန်ချက် တစ်ချက်စီဖြင့် အနောက်တိုင်းသား ကတုံးကို မြေပေါ်အမှောက်သိပ်လိုက်ပေးရာ ဆက်လက်တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားသည်။

သူမရှေ့ရှိ လူနှစ်ယောက်လုံး အမှောက်သိပ်ခံလိုက်ရသည်ကို မြင်တော့ စွန်းရှန်းရှီ၏ မျက်လုံးတို့ ပြူးကျယ်သွား၏။

လင်းရီ သူမကို ပြသသွားခဲ့သည့် တိုက်ပွဲခွန်အားက မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။

နိုင်ငံခြားသား နှစ်ဦးက D အဆင့်များဖြစ်ပြီး သို့တိုင် လင်းရီ၏ လွယ်လင့်တကူ အနိုင်ယူခြင်းကို ခံလိုက်ရသည်။ ထိုမျှနှင့်မကသေး၊ ထိုကောင်က ကျည်ဆံကိုလည်း ရှောင်တိမ်းပြသွားခဲ့၏။ D အဆင့် မဟုတ်သည်ကတော့ သေချာသည်။

C အဆင့်သို့ ရောက်နေဖို့ များသည်။

ဤသည်ကို သတိပြုမိတော့ စွန်းရှန်းရှီ၏ ဆံပင်အဖျားပိုင်းတို့ ထောင်ထသွားခဲ့၏။ ဤမျှ စကေးကြမ်းသည့် လူနှင့် သူမ ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံဖူးခြင်းပင်။

' မမလေးလီက အတူလိုက်ခဲ့ပေးစရာ မလိုဘူးလို့ ပြောတာ မထူးဆန်းတော့ပါဘူး … သူ့ဘေးမှာ ဒီလောက်ထိ အင်အားကြီးတဲ့ လူတစ်ယောက် ရှိနေမှတော့ သူမလိုက်နေလို့လည်း အပိုပဲလေ … ပြီးတော့ အခုလေးတင်လိုမျိုးပဲ ဝန်ထုပ်ဝန်ပိုးတောင် ဖြစ်သွားဦးမယ် …. '

လင်းရီ ထိုလူများအား သေအောင် မသတ်ပေ။ တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့အောင် ပြုလုပ်ပြီးနောက် မိုဟုန်ရှန်း၏ နံပါတ်ကို ဆက်သွယ်လိုက်၏။

“ ဟယ်လို အစ်ကိုရှန်း … အလုပ်များနေလား …”

“ ငါ အကြီးအကဲနဲ့ စစ်တုရင် ကစားနေတာ … ဘာကိစ္စ ရှိလို့ ….”

“ ကျုပ် ဖရီးမေဆင် အဖွဲ့သား နည်းနည်းကို လက်ပူးလက်ကြပ် မိထားတယ် … သူတို့ကို ရဲလက်အပ်လို့ကလည်း မသင့်လို့လေ … အစ်ကိုရှန်း ကိုယ်တိုင် ဒီလာပြီး သူတို့ကို ခေါ်သွားပေးပါလား … အကြီးအကဲရန်ကိုလည်း သူတို့ကို ဘယ်လိုကိုင်တွယ်သင့်လဲ မေးလိုက် ….”

“ အိုကေ … ငါ အခုချက်ချင်း ထွက်လာနေပြီ ….”

ဖုန်းချပြီးနောက် လင်းရီ အလျင်မလိုဘဲ လမ်းကြားဝင်ပေါက်ဝတွင် ရပ်နေ၍ မိုဟုန်ရှန်း ရောက်အလာကို စောင့်ဆိုင်းနေသည်။

ထိုအချိန်မှာပဲ အရက်သမား နှစ်ယောက်က ပါးစပ်ထဲတွင် စီးကရက်များကိုက်လျက် လမ်းကြားဝင်ပေါက်ဝသို့ ရောက်လာသည်။ ကြည့်ရသည်မှာတော့ ဖြတ်လမ်းက သွားချင်နေပုံပေါ်သည်။

“ ဒီလမ်း သွားလို့မရဘူး … ခင်များတို့ သွားချင်ရင် တစ်ခြားလမ်းကသွား ….” လင်းရီ ပြောလိုက်သည်။

“ ဟမ် ….”

သူတို့ထဲ လူတစ်ယောက်က ယစ်တစ်တစ်နှင့် ပြန်ပြောသည်။ “ ဘာလဲ … ဒီလမ်းက မင်းပိုင်တာလား … ငါ နေ့တိုင်းနေ့ ဒီလမ်းကနေပဲ လမ်းလျှောက်သွားတာ ငါ့ခြေရာတွေတောင် လမ်းမှာ အရာထင်နေပြီ …. ဒါကို မင်းကအခု ပိုက်ဆံလာတောင်းနေတယ်ပေါ့ ….”

ထို့နောက် … နောက်ထပ် အမျိုးသားတစ်ဦးက ပြောလာသည်။

“ -ီး-ီးလားလားတွေ လာလုပ်နေတယ် … ဘေးဖယ်စမ်းဟျောင့် … ရင်ထဲ ပန်းတွေ ပွင့်နေတာ မဟုတ်ဘူးနော်… ယီးတီးယားတား လာလုပ်ရင် စောက်ခွက်ထိုးခံရမယ် …”

လင်းရီ ပြုံးလိုက်သည်။ “ ဒါဆိုလည်း ခင်များတို့ ဝင်ကြပါ ဝင်ကြပါ …”

“ အဲ့လို အလိုက်သိစမ်းပါ ….”

အရက်သမားနှစ်ယောက်က တစ်ယောက်ပခုံး တစ်ယောက်ဖက်ပြီး ယိုင်တိုင်တိုင် ခြေလှမ်းတို့ဖြင့် လမ်းကြားထဲသို့ ဝင်လာသည်။ သို့သော် လှမ်းအနည်းငယ် လှမ်းပြီးနောက်မှာပဲ လမ်းပေါ်တွင် လူသုံးယောက်က သွေးများဖုံးလွှမ်းလျက် လဲလျောင်းနေတာကို မြင်တွေ့သွားခဲ့သည်။ အရေးကြီးဆုံးကတော့ ဘေးတွင် သေနတ်တစ်လက်ကလည်း ပြုတ်ကျနေသည်။

နှစ်ယောက်လုံး ချက်ချင်းလက်ငင်း အမူးပြေကုန်ကြသည်။

All Chapters