← Chapters

ရတနာမြေပုံ

Vol. 5 Ch. 60

ရတနာမြေပုံ

Vol. 5 Ch. 60

လေလံပွဲသို့တက်ရောက်သူတိုင်းက ခုန်အိမ်တော်ကဲ့သို့ သီးသန့်အခန်းတွင်နေထိုင်ပြီး အစေခံများ၏ဝန်ဆောင်မှုပေးခြင်းကို ခံစားခွင့်ရှိသည် မဟုတ်ပေ။

ထို့ကြောင့်ပစ္စည်းလဲလှယ်လိုသူများက ကိုယ့်ပစ္စည်းကိုယ်ကိုင်ဆောင်ကာ စင်မြင့်ထက်သို့တက်လာပြီး ကိုယ်တိုင်ပြသရသည်။

တစ်ယောက်ယောက်က သူ့ပစ္စည်းကို အလဲအထပ်ဖြင့် ယူငင်မည်လားဟု မျှော်လင့်ရုံသာ တတ်နိုင်သည်။

ခုန်မင်ကတော့ ပစ္စည်းလဲလှယ်သည့်အစီအစဉ်ကို တစ်လျှောက်လုံး အာရုံစိုက်နေခဲ့သည်။

ရုတ်တရက်...

ထူးခြားသောပုံပန်းရှိသူတစ်ယောက် ခြေလှမ်းမှန်မှန်ဖြင့် စင်မြင့်ထက်တက်လာသည်ကိုမြင်လိုက်သည်နှင့် သူရင်ထဲ တဒိတ်ဒိတ်ခုန်သွားရသည်။

ထိုသူက အလွန်ပိန်လှီသော အဘိုးအိုတစ်ယောက်ဖြစ်သည်။

သူ၏မျက်နှာထက်တွင် နက်ရှိုင်းသည့်အရေးအကြောင်းများထင်နေပြီး ပြုံးရယ်လိုက်လျှင် ပိန်လှီသောမျက်နှာက တွန့်လိမ်သွားတတ်သည်။

ထိုပိန်လှီသည့်အဘိုးအိုမှာ လမ်းဘေးစျေးတန်းတွင် ခုန်မင်အား တိုရီယာလက်စွပ် အပိုပေးလိုက်မိသည့် လောဘကြီးသော ဆိုင်ရှင်သာ ဖြစ်တော့၏။

လေလံပွဲအပြင်ဘက် လမ်းဘေးဆိုင်တန်းများတွင် ကုန်ပစ္စည်းရောင်းချနေသည့် အဘိုးအိုတစ်ယောက်က လေလံခန်းမအတွင်း ရောက်ရှိလာသည်ဆိုခြင်းမှာ...

သူ၏နောက်ခံက သာမန်မဟုတ်ကြောင်း ပြသနေပေသည်။

ခွန်းကာမြို့ပတ်ပတ်လည် လီတစ်‌ထောင်အတွင်း လေလံပွဲအတွက် ဖိတ်စာ(၃၀၀)သာ ထုတ်ပေးထားခြင်း ဖြစ်၏။

ယခု ဤပိန်လှီသောအဘိုးအိုက လေလံပွဲဖိတ်ကြားစာ ရရှိသူဖြစ်နေသည်ကိုကြည့်ခြင်းအားဖြင့် သူ့နောက်ခံကို အတိုင်းအတာတစ်ခုအထိ ဖော်ပြနေသည်။

သို့ပေသိ ခုန်မင် မည်သို့ပင်အာရုံခံကြည့်ပါစေ ထိုအဘိုးအိုထံမှ ဒြပ်စင်စွမ်းအားအငွေ့အသက် အနည်းငယ်ပင် အာရုံမခံမိပေ။

ထိုအဘိုးအိုက သူ၏တန်ခိုးစွမ်းအားကို လုံးဝ ဖုံးကွယ်ထားသည်အထိ အဆင့်မြင့်လွန်းသူဖြစ်နေသည်လား။ သို့မဟုတ် တကယ်ပင် ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ သာမန်လူတစ်ယောက်များလား။

မည်သို့ပင်ဖြစ်စေ အဘိုးအိုမှာ သာမန်လူမဟုတ်ကြေငာ်း အတိအကျ အာရုံခံမိနေသဖြင့် ခုန်မင် သူ့ကို အနီးကပ်စောင့်ကြည့်ရန် စဉ်းစားလိုက်သည်။

နောက်ဆုံးမှာတော့ အဘိုးအို စင်မြင့်အလယ်ဗဟိုသို့ ရောက်ရှိလာသည်။

သူက မေလင်ကို စကားတစ်ခွန်းမှမဆိုဘဲ စုတ်ပြတ်ကာ အဝါရောင်သမ်းနေသည့် တိရိစ္ဆန်အရေခွံတစ်ခုအား ဆွဲထုတ်လိုက်သည်။

ထို့နောက် လမ်းဘေးဆိုင်ခန်းတွင် ပစ္စည်းရောင်းချနေကျအသံအတိုင်း အော်ဟစ်ပြောဆိုလိုက်၏။

“ဒါက တောရိုင်းဒေသက ရရှိလာတဲ့ ရတနာမြေပုံပဲ ၊ ဒီမြေပုံထဲမှာ လောကကိုကိုင်လှုပ်နိုင်တဲ့ လျှို့ဝှက်ချက်တွေပါတယ် ၊ စျေးအမြင့်ဆုံးပေးနိုင်တဲ့သူရမယ် ၊ ဒါမျိုးက တစ်သက်မှတစ်ခါရမယ့် အခွင့်အရေးနော် ၊ ဒီလိုအခွင့်အရေးမျိုး လက်လွှတ်လိုက်ရင် နောင်တရသွားလိမ့်မယ်”

အဘိုးအို၏ လမ်းဘေးစျေးသည်ပုံစံ အော်ဟစ်လိုက်ခြင်းက အမှန်တကယ်ပင် လူအများ၏စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။

စင်မြင့်ထက်သို့ လူတစ်ယောက်တက်လာပြီး ထို “ရတနာမြေပုံ” ဆိုသည့်အရာကို အဘိုးအိုလက်ထဲမှယူပြီး တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် ချက်ချင်းပင် ရယ်မောလိုက်ပြီး...

“ဒီလိုမျိုး ခြစ်ရာတွေလျှောက်ထွင်းထားတာကို... ရတနာမြေပုံလို့ ပြောချင်တယ်ပေါ့လေ ၊ ဒါက သာမန် သိုးအအရေခွံတစ်ခုပဲ ၊ အသက်(၅)နှစ်ပဲရှိသေးတဲ့ ငါ့သားလေးတောင် ဒီလိုဟာမျိုးကို တစ်နေ့တည်းနဲ့ (၁၀)ခုလောက် ဆွဲပေးနိုင်သေးတယ် ၊ ဒီအဘိုးကြီးကတော့ လူလည်လုပ်ပြီး အမှိုက်ကိုလိမ်ရောင်းနေတယ်”

ထိုသို့ လှောင်ပြောင်ခံရသည်နှင့် ပိန်လှီသောအဘိုးအိုက မျက်လုံးများပြူးလိုက်ပြီး သူ၏ “ရတနာမြေပုံ” ကို ပြန်ဆွဲယူကာ ဒေါသတကြီး အော်ဟစ်တော့သည်။

“မျက်လုံးပါပြီး မျက်ဆံမရှိတဲ့ကောင်... ပါးစပ်ပိတ်ထားစမ်း ၊ ဒါလား သိုးအရေခွံ... ဒါက နဂါးအရေခွံပဲ ၊ ဒီမြေပုံပေါ်က သင်္ကေတတွေကို ဖော်ထုတ်နိုင်တဲ့သူက နဂါးမျိုးနွယ်တွေရဲ့ ရတနာသိုက်ကို ရှာတွေ့မှာပဲ ၊ ဒီမြေပုံကို အဖိုးမတန်ဘူးလို့ ဘယ်သူပြောဝံ့သလဲ”

စင်ပေါ်တက်ပြီး‌ မြေပုံကိုစစ်ဆေးကြည့်သူက လုံးဝထိတ်လန့်ခြင်းမရှိဘဲ ပိုမိုကျယ်လောင်စွာ ရယ်မောလိုက်သည်။

“နဂါးအရေခွံဟုတ်လား... ဒါဆိုရင်‌တော့ ငါ့သိုးခြံထဲက သိုးတွေအားလုံးကို နဂါးတွေလို့ ပြောရတော့မှာပဲ”

ဒေါသထွက်နေသောအဘိုးအိုက ထိုသူကိုအရေးမစိုက်တော့ဘဲ သူ၏ “ရတနာမြေပုံ” ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း ဆက်လက်ပြီး‌ အော်ဟစ်ရောင်းချနေတော့သည်။

သို့သော် ယခုအခါ မည်သူမှ သူ့ပစ္စည်းကို ဝယ်ယူခြင်းမရှိတော့ဘဲ အဘိုးအိုကိုသာ လူရွှင်တော်တစ်ယောက်သဖွယ် စိတ်ဝင်တစားကြည့်နေကြတော့သည်။

သူ့လက်ထဲမှပစ္စည်းက ရတနာမြေပုံဖြစ်သည်ဟု မည်သူမှ မယုံကြည်ကြတော့ပေ။

ဤအဘိုးကြီးက တစ်ခုခုတော့ တစ်ခုခုပင်။

ခုန်မင်စိတ်ထဲ အတွေးတစ်ခု ဖျတ်ခနဲထွက်‌ပေါ်လာသည်။

သူက ချက်ချင်းပင် စိတ်အာရုံစုစည်းလိုက်ပြီး ‘နတ်မျက်စိဖြင့်သုံးသပ်ခြင်း’ စွမ်းအားကိုထုတ်ဖော်ကာ အဘိုးအိုလက်ထဲမှ ‘ရတနာမြေပုံ’ ကို ကြည့်ရှုလိုက်တော့သည်။

ခုန်မင်၏ ဦးခေါင်းထက်တွင် ခရမ်းရောင်အလင်းတန်းများထွက်ပေါ်လာပြီး “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” ဟူသော စာလုံးများ တောက်ပစွာ ထွက်ပေါ်လာသည်။

သူ၏မျက်ဝန်းများမှ ခရမ်းရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး “ရတနာမြေပုံ” ထက်သို့ ကျရောက်သွားသည်။

လေလံခန်းမတစ်ခုလုံးတွင် ဤထူးဆန်းသောဖြစ်ရပ်ကို တွေ့မြင်နိုင်သူဆို၍ မော့ယွဲ့တစ်ယောက်သာလျှင် ရှိပေသည်။

သူမက သခင်လေး၏ထူးဆန်းသောအသွင်ကိုတွေ့မြင်သည်နှင့် စိတ်လှုပ်ရှားသွားပြီး လက်သီးများကို မသိမသာ ဆုပ်ထားလိုက်မိသည်။

သူမနားလည်သည်မှာ သခင်လေးထံမှ ဤသို့ ခရမ်းရောင်အလင်းတန်း ထွက်ပေါ်လာသည်နှင့် အံ့မခန်းရတနာပစ္စည်းတစ်ခု ရှာတွေ့တော့မည်ဟူ၍ပင်။

ခရမ်းရောင်အလင်းတန်းက မြေပုံကိုထိလိုက်သည်နှင့် ခရမ်းရောင်စက်ဝန်းတစ်ခုဖြစ်ပေါ်လာပြီး‌ မြေပုံကို ဝန်းရံထားလိုက်သည်။

ထိုသို့ဆိုလျှင် ဤ “ရတနာမြေပုံ” သည် သေချာပေါက် ရတနာပစ္စည်းတစ်ခု ဖြစ်နေပေပြီ။ မဟုတ်ပါက “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” စွမ်းအားက ဤသို့ တုံ့ပြန်မည် မဟုတ်ချေ။

ခုန်မင်က စိတ်အာရုံစုစည်းလိုက်ပြီး အလင်းစက်ဝန်းပတ်လည်တွင် ထွက်ပေါ်လာသော အချက်အလက်များကို လျှင်မြန်စွာ ဖတ်ရှုလိုက်သည်။

[ရေခဲနတ်နဂါး’လျိုဖုန်းရွှမ်း’ ၏ နဂါးအရေခွံ ၊ နဂါးအရေခွံထက်တွင် သူနေထိုင်ရာနေရာအား မှတ်တမ်းတင်ထားသည်။

လက်ရှိတန်ဖိုး - ခန့်မှန်း၍မရနိုင်]

တကယ်ပဲ ရေခဲနတ်နဂါး’လျိုဖုန်းရွှမ်း’ ၏ နဂါးအရေခွံလား...။

ဒီတစ်ခေါက် အဘိုးကြီးက လိမ်ညာနေခြင်း မဟုတ်ပေ။

သူ့လက်ထဲမှ “ရတနာမြေပုံ” က တကယ်ပဲ နဂါးအရေခွံနှင့်ပြုလုပ်ထားသည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် ထိုမြေပုံက ရေခဲနတ်နဂါး’လျိုဖုန်းရွှမ်း’ နေထိုင်ရာနေရာကိုသာ မှတ်တမ်းတင်ထားသဖြင့် ရတနာသိုက်ကြီးတစ်ခုဆီသို့ ဦးတည်နေခြင်းတော့ မဟုတ်ပေ။

ထို့ကြောင့် နတ်မျက်စိစွမ်းအားက “လက်ရှိတန်ဖိုး - ခန့်မှန်း၍မရနိုင်” ဟု ဆုံးဖြတ်ခြင်း ဖြစ်သည်။

သို့ပေသိ ရေခဲနတ်နဂါး’လျိုဖုန်းရွှမ်း’ ဆိုသည်က ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခု ဖြစ်လေသည်။

လူသားလောကတွင် သူ၏ဇာတ်လမ်းများအား ဒဏ္ဍာရီသဖွယ် ပြောဆိုလေ့ရှိကြပြီး အင်အားကြီးမားလှသော နဂါးမျိုးနွယ်များထဲတွင် သူက လူသားများနှင့် အရင်းနှီးဆုံး ၊ အကျော်ကြားဆုံး နဂါးတစ်ကောင် ဖြစ်၏။

သူ ဘဝကူးပြောင်းမလာခင်က ဝတုတ်ကောင်လေးနှင့် သူငယ်ချင်းများက ‘ရေခဲနတ်နဂါးလျိုဖုန်းရွှမ်း’ ၏ ရတနာပစ္စည်းရှိသည်ဟုဆိုကာ ခုန်မင်လေးအား သစ်ခေါင်းထဲသိူ့ လက်နှိုက်ခိုင်းခဲ့သည် မဟုတ်ပါလား။

ထိုစဉ်အချိန်က အိပ်မက်ပင်မမက်ဝံ့ခဲ့သည့် ရတနာပစ္စည်းက ယခု သူ့ရှေ့သို့ ရောက်ရှိနေပေပြီ။

ပိန်လှီသောအဘိုးကြီးကရော သူ့လက်ထဲမှပစ္စည်းက တကယ်ပဲ လျိုဖုန်းရွှမ်း၏ နဂါးအရေခွံဖြင့်ပြုလုပ်ထားကြောင်း သိရှိပါရဲ့လား။

သို့မဟုတ် အလိမ်အညာစကားများလျှောက်ပြောရင်း ကြက်ကန်းဆန်အိုးတိုးပြီး မတော်တဆ မှန်သွားခြင်းလား။

ဘာပဲဖြစ်ဖြစ် ခုန်မင်ကတော့ ထိုမြေပုံကို အလွန်စိတ်ဝင်စားသွားပေပြီ။

အဘိုးအိုပြောသည့် “စျေးအမြင့်ဆုံးပေးနိုင်တဲ့သူရမယ်” ဆိုသည်မှာ မည်သည့်အတိုင်းအတာအထိ “စျေးမြင့်” ရမည်လဲ သူ စမ်းကြည့်ချင်နေပြီ ဖြစ်၏။

ခုန်မင်က ချက်ချင်းပင် ဘေးသို့လှည့်ကြည့်လိုက်ပြီး...

“အဖေ ၊ အစ်ကိုကြီးနဲ့ အကြီးအကဲ’ချင်’ ... စိတ်ဝင်စားစရာပစ္စည်းတစ်ခုတွေ့လို့ လဲလှယ်ကြည့်ချင်လို့ပါ ၊ ကျွန်တော် ခဏသွားကြည့်လိုက်ဦးမယ် ၊ အဖေတို့ ဒီမှာ ခဏလောက်စောင့်ပေးကြပါ”

ပြောပြီးသည်နှင့် ခုန်မင်က မော့ယွဲ့ကိုခေါ်ကာ လေလံစင်မြင့်ဆီသို့ လျှောက်လှမ်းသွားတော့သည်။

ခုန်ကျွင်း ၊ ခုန်ကျောင်းနှင့် အကြီးအကဲချင်တို့ အံ့အားသင့်စွာဖြင့် အကြည့်ချင်းဆုံလိုက်ကြသည်။ ဒုတိယသခင်လေးအား မည်သည့်ပစ္စည်းက ဆွဲဆောင်သွားပြန်ပါသနည်း။

နောက်ဆုံးမှာတော့ သူတို့ သီးသန့်အခန်းထဲမှာပင်ဆက်နေရင်း ခုန်မင် မည်သို့သောလှည့်ကွက်များ ပြသဦးမည်ကို ကြည့်ရှုရန် ဆုံးဖြတ်လိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ ယနေ့ရရှိခဲ့သောပစ္စည်းများအရ ခုန်အိမ်တော်က အဆမတန် အကျိုးအမြတ်ရပြီးသား ဖြစ်နေပြီ မဟုတ်ပါလား။

ယခု ခုန်မင် ဘာပဲထပ်လုပ်ပါစေ ကိတ်ပေါ် ခရင်မ် ထပ်ထည့်ခြင်းသာ ဖြစ်သည်။

ခုန်မင် စင်မြင့်ထက်သို့လျှောက်လာသည်နှင့် လူအတော်များများက သူ့ကိုမှတ်မိသွားကြသည်။

ယနေ့ ခုန်အိမ်တော်က အလွန်ထင်ရှားခဲ့သည်ဖြစ်ရာ လူတိုင်းက ခုန်အိမ်တော်မှ ဒုတိယသခင်လေးကို မျက်နှာသာပေးချင်နေကြသည်။

ခုန်မင်နှင့် မော့ယွဲ့ရောက်လာသည်နှင့် လူအုပ်ကြီးက ဘေးသို့ရှဲပေးလိုက်ကြပြီး လေလံစင်မြင့်ရောက်သည်အထိ လမ်းဖယ်ပေးလိုက်ကြသည်။

ပိန်လှီသောအဘိုးကြီးကတော့ အာပြဲဖြင့်အော်ဟစ်ရင်း သူ၏ “ရတနာမြေပုံ” ကို အသည်းအသန် ရောင်းချနေသည်ဖြစ်ရာ ခုန်မင်နှင့်မော့ယွဲ့ သူ့နောက် ရောက်လာသည်ကို သတိမထားမိပေ။

ခုန်မင်က တည်ငြိမ်စွာပင် အဘိုးအို၏ပခုံးကိုအသာပုတ်လိုက်ပြီး အေးဆေးစွာပင် စကားဆိုလိုက်သည်။

“ခင်ဗျားရဲ့ ရတာနာမြေပုံကို ကျွန်တော် ငွေဒင်္ဂါးနှစ်ဆယ်နဲ့ဝယ်မယ် ၊ ဒီတစ်ခါ ဘာပစ္စည်းမှ အပိုမတောင်းတော့ပါဘူး”

“အပိုမတောင်းတော့ပါဘူး” ဆိုသည်စကားကို ကြားလိုက်သည်နှင့် ပိန်လှီသောအဘိုးအိုမှာ အပ်နှင့်အထိုးခံရသလို ခုန်စွခုန်စွ ဖြစ်သွားပြီး နောက်သို့လှည့်ကြည့်လိုက်လေသည်။

သူ့နောက်တွင်ရပ်နေသည့် ခုန်မင်နှင့်မော့ယွဲ့ကိုတွေ့သည်နှင့် အဘိုးအိုက တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးလိုက်ပြီး ငိုသံနှောကာ အော်ဟစ်လိုက်တော့သည်။

“ဟာ... မင်း... မင်းတို့နှစ်ယောက် ရောက်လာပြန်ပြီ ၊ ဒီတစ်ခါတော့ ငါ့ကို ချမ်းသာပေးပါ ၊ ငါ့မှာ မင်းတို့ကိုထပ်လိမ်စားစရာ ဘာမှမကျန်တော့ဘူးနော်”

ခုန်မင်က အနည်းငယ်ပြုံးလိုက်ပြီး...

“ခင်‌ဗျားပဲ စျေးအမြင့်ဆုံးပေးနိုင်တဲ့သူ ဒီမြေပုံကိုရမယ်ဆို ၊ အဲဒါကြောင့် ကျွန်တော်က ဝယ်မလို့ရောက်လာတာလေ ၊ ဘာလဲ... ကျွန်တော်က အသက်ငယ်နေလို့ ခွဲခြားခွဲခြား ဆက်ဆံချင်တာလား”

All Chapters