← Chapters

ဒု ဂိုဏ်းချုပ် အတွက် တောင်းဆိုချက်

Vol. 6 Ch. 65

ဒု ဂိုဏ်းချုပ် အတွက် တောင်းဆိုချက်

Vol. 6 Ch. 65

​ခဏတာ ပြောဆို ပြီးနောက် ယွင်ခုံး နောက်ဆုံး မှာ ထန်ထျန်း နောက်ပြောင် နေတာ မဟုတ်ဘူး ဆိုတာကို နားလည် ခဲ့သည်။

ဂိုဏ်း ချောချောမွေ့မွေ့ ဖွံ့ဖြိုး တိုးတက် နိုင်ဖို့ အတွက် သူ တကယ် ပင်မ တောင် ထိပ် အားလုံး ရဲ့ တည်ဆောက်ရေး ရန်ပုံငွေ ကို တာဝန်ယူ ချင် သည်။

​ဒီလို အတွေး က ယွင်ခုံး ကိုတောင် ရှက်ရွံ့ စေခဲ့သည်။

​"မဖြစ်ဘူး၊ မင်း အခြားတစ်ခုခု တောင်းဆို ပါ။ မဟုတ်ရင် ဒီ ရန်ပုံငွေ ကို ငါ မယူ နိုင်ဘူး"

​ယွင်ခုံး က ပြောသည်။

​ထန်ထျန်း ခေါင်းခါ လိုက် ပေမဲ့ ယွင်ခုံး က ငြင်းဆန်နေ သည်။

​နောက်ဆုံး မှာ ထန်ထျန်း ပြုံး ပြီး ပြောသည်။ "တစ်ခု ပြော ရမယ်ဆိုရင် တကယ် တစ်ခု ရှိ တယ်။ ဒါပေမဲ့ နည်းနည်း ခက်ခဲ တယ်"

​ယွင်ခုံး က "ခက်ခဲတာ ကောင်းတယ်"

​"မင်း တကယ် အရမ်း လွယ် တဲ့ တစ်ခုခုကို ပြော ရင် မင်းမှာ တခြား ရည်ရွယ်ချက် ရှိတယ် လို့ ငါ ထင်မိ မှာပဲ"

​ဒါက ယွင်ခုံးက ထန်ထျန်း ကို တောင်းဆိုချက်ကို ငြင်းဆန်ရသည့် အကြောင်းရင်း ပင်။

​မည်သည့် တောင်းဆိုချက် မှ လူတစ်ယောက်အပေါ် ကျေးဇူး တင်နေခြင်း လောက် လုပ် ဖို့ မခက်ခဲ ပေ။

​ထန်ထျန်း ခေါင်းညိတ် ကာ "ဒါဆိုရင် ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်"

​"ကျွန်တော် အရင်က ကြားဖူး တာက ကျွန်တော်တို့ ဂိုဏ်း မှာ အင်မော်တယ် ကိုယ်တိုင် စီစဉ် ထားတဲ့ နဂါး ထွက်ပေါ်ရာ နေရာ တစ်ခု ရှိ ပြီးတော့ နဂါး အသွင်ပြောင်း ရေကန် လို့ ခေါ် တယ်"

​ယွင်ခုံး မျက်ခုံးပင့် လိုက်ကာ ချက်ချင်း နားလည် သွားသည်။

​ ဒါ ကြောင့် ကိုး။

​"ဟုတ်တယ်၊ ဒီလို နေရာ တစ်ခု ရှိ တယ်"

​ယွင်ခုံး ပြုံး ပြီး ပြောသည်။

​ထန်ထျန်းက "ဒီလို နေရာကောင်း ကို ကျွန်တော် လက် မလွတ် စေချင်ဘူး"

​"ဒါပေမဲ့ နဂါး အသွင်ပြောင်း ရေကန် ရဲ့ ဝင်ခွင့် ကို ပြီးခဲ့တဲ့ နှစ်အစ ပိုင်း ကတည်းက သတ်မှတ် ပြီးသား လို့ ကျွန်တော် ကြားထား တယ်"

​"ဒါကြောင့်..."

​ယွင်ခုံး အနည်းငယ် ပြုံးကာ "ဒီကိစ္စ လား။ ဒါက ဘာခက်ခဲလို့ လဲ"

​"ဂျူနီယာ ရဲ့ လက်ရှိ အောင်မြင်မှု က ဝင်ခွင့် တစ်ခု ရ ဖို့ လုံလောက် နေပါပြီ။ မင်း မပြော ရင်တောင် ငါ ဝင်ခွင့်တစ်နေရာ ပေးမှာပါ"

​"မင်း အခု ဒီလို အကြံ ရှိ နေပြီဆိုတော့ ပြောရလွယ် သွား ပြီပေါ့ ငါ မင်းအတွက် တစ်နေရာ ဖယ်ထား လိုက်မယ်"

​ထန်ထျန်း ခေါင်းခါ ကာ "တကယ်တော့ ကျွန်တော့် အတွက်ပဲ မဟုတ် ဘူး"

​"စီနီယာအကို သိတဲ့အတိုင်း ပဲ ဂိုဏ်းတစ်ရာ တိုက်ပွဲ က မကြာခင် ရောက် လာတော့မှာ။ ဒါပေမဲ့ ကျွန်တော့် ဧည့်သည် တွေ ရဲ့ ခွန်အား က အားနည်း နေသေးတယ်"

​"ဒါကြောင့် ကျွန်တော် ဝင်ခွင့် ပိုရ ဖို့ ကြိုးစား ပြီး ကျွန်တော့ ဧည့်သည် တွေလည်း ဝင်ခွင့် ရစေ ချင် တာ"

​ယွင်ခုံး မေးစေ့ ကို ပွတ် ကာ "ငါသိပြီ "

​"ဂျူနီယာ ရဲ့ ရည်ရွယ်ချက် က ဒီတစ်ခါ ဂိုဏ်းတစ်ရာ တိုက်ပွဲ မှာ အောင်မြင် ပြီး ဝူဒင် နန်းတော် ကို ဝင် ဖို့လား"

​ထန်ထျန်း ရယ်မော ကာ "စီနီယာ အကို ရဲ့ မျက်စိရှေ့မှာ ဖုံးကွယ်ထားလို့ မရဘူးပဲ "

​ယွင်ခုံး က "ဒါက ပုံမှန်ပါ ပဲ။ ဖုံးကွယ်ထားစရာ မှ မလိုတာကွာ "

​"ဒါပေမဲ့ နည်းနည်း လော နေတယ် မဟုတ် လား"

​"မင်းက ငယ်သေး တယ်။ နောက်တစ်ခါ ဂိုဏ်းတစ်ရာ တိုက်ပွဲ ကို စောင့် နိုင်ရင် သေချာပေါက် အောင်မြင် မှာ"

​ထန်ထျန်း ခေါင်းခါ ကာ "ကျွန်တော် တတ်နိုင်သမျှ ကြိုးစားကြည့် ချင်တယ်"

​"နန်းတော် ကို စောစော ဝင် နိုင်ရင် အကောင်းဆုံး ပဲလေ "

​ယွင်ခုံးက ပြုံးပြီး "ငါ နားလည်ပြီ "

​"မင်းရဲ့ ဧည့်သည် လေးဦး စလုံး နဂါး အသွင်ပြောင်း ရေကန် ကို ဝင် စေချင်တာလား"

​ထန်ထျန်း ခေါင်းညိတ် ကာ "ဟုတ်ပါတယ်"

​"ပြင်ဆင်ထား ရင် အောင်မြင်နိုင်ချေ ပိုများတာပေါ့ "

​ယွင်ခုံး ခေါင်းညိတ် ပြီးနောက် ပြောသည်။ "ဝင်ခွင့် ကိုတော့ စီစဉ် ပေးလို့ ရ တယ်"

​"ဒါပေမဲ့ လူငါးယောက် ဆိုတာက တကယ် များလွန်း တယ်။အခြားလူတွေ ကျေနပ် ပါ့ မလား ဆိုတာကိုတော့ ငါ နည်းနည်း စိုးရိမ် နေမိတယ်"

​" အခြားသူတွေ ရဲ့ ဒီနှစ်အတော အတွင်းမှာ အောင်မြင်မှု အားလုံး ကို ပေါင်းလိုက် ရင်လည်း နည်းနည်းလေး မဟုတ်ဘူးလေ "

​ထန်ထျန်း ချက်ချင်း ယွင်ခုံး ရဲ့ ဆိုလိုရင်း ကို နားလည် သွားသည်။

​ဝင်ခွင့် ပိုလိုချင် ရင် ပိုက်ဆံ ထပ် ထည့် ရမယ်ပေါ့

​ကိစ္စသေးသေးလေးပဲကိုကွာ

​"ရန်ပုံငွေ အပိုင်း မှာ ဂိုဏ်း လိုအပ်နေ သရွေ့ ကျွန်တော် ဖြည့် ပေးနိုင်ပါတယ်"

​ထန်ထျန်း ယုံကြည်မှု ရှိရှိ ပြောသည်။

​ယွင်ခုံး ခဏ စဉ်းစား ပြီးနောက် " လာမယ့် နှစ်အနည်းငယ် အတွင်းမှာ အစီအစဉ် အကြီးကြီး တစ်ခု ရှိ တယ်"

​"မင်း သိတဲ့အတိုင်း ပဲ အခု ဂိုဏ်း မှာ ပင်မ တောင် ထိပ် ငါးခု ပဲ ရှိသေး တယ်"

​"ဒါပေမဲ့ ပင်မ တောင် ထိပ် ငါးခု အပြင် ဒုတိယ တောင် ထိပ် အသစ် တစ်ဒါဇင် လည်း ရှိ တယ်"

​"ဒုတိယ တောင် ထိပ် တွေက လုံလောက်တဲ့ ရန်ပုံငွေ ထောက်ပံ့မှု မရှိ တာကြောင့် ဖွံ့ဖြိုးတိုးတက်မှု က အမြဲတမ်း နှေးကွေး နေတယ်"

​"ဒါကြောင့် ဂိုဏ်း က ပင်မ တောင် ထိပ် ကြီးတစ်ခု ပြီး တစ်ခု အခြေခိုင်အောင် လုပ်ဖို့ စီစဉ် နေ တယ်။ အခြား ဒုတိယ တောင် ထိပ် တွေကို ဦးဆောင် စေပြီး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပို အဆင်ပြေ စေဖို့ ပေါ့ "

​"ဒီ အစီအစဉ် က အရင်ကတည်းက ရှိခဲ့ တာ။ ဒါပေမဲ့ လိုအပ်တဲ့ ပမာဏ က တကယ် အရမ်း များလွန်း တာကြောင့် ရန်ပုံငွေ အပိုင်း က အမြဲတမ်း မလောက် နိုင်ခဲ့ဘူး"

​"ပထမ အဆင့် အစီအစဉ် တစ်ခုတည်း က တစ်ရာ ထရီလီယံ ကျော် တယ်။ အကုန်လုံး တည်ဆောက် ပြီးစီးရင် ထရီလီယံ တစ်သန်း နီးပါး ရှိ မှာ"

​စကားပြော နေစဉ်မှာ ယွင်ခုံး က ထန်ထျန်းရဲ့ မျက်နှာအမူအရာ ပြောင်းလဲမှု ကို အမြဲတမ်း စောင့်ကြည့် နေခဲ့သည်။

​သို့သော် သူ မမျှော်လင့် ခဲ့တာက ထန်ထျန်းက အခက်အခဲ ရှိပုံ မပေါ် တဲ့အပြင် မျက်လုံးများက ပိုပြီး တောက်ပ လာသည်။ နောက်ဆုံး မှာ ရယ်မော လုနီးပါး ပင်။

​"ပြဿနာ မရှိပါဘူး"

​ထန်ထျန်း လက်ဝှေ့ယမ်း ကာ "ကျွန်တော့် တာဝန်ထား လိုက်ပါ"

​"ကျွန်တော့်မှာ တခြား ဝါသနာ မရှိဘူး။ ဂိုဏ်း အတွက် ပံ့ပိုးရတာကို ပဲ ကြိုက်တာ"

​"ပင်မ တောင် ထိပ် အသစ် ဆောက် တာ မဟုတ် လား။ သေချာပေါက် ထောက်ပံ့ပေးရမှာပေါ့ "

​"တစ်ခု လုံလောက် ပါ့မလား။ နောက်ထပ်နည်းနည်း ထပ်ဆောက် ပြီး အနာဂတ် အတွက် အရန် ထား ရင် ကော"

​ယွင်ခုံး မျက်လုံးပြူး သွားပြီး အချိန်အကြာကြီး စကားမပြော နိုင်ခဲ့ပေ။

​သူက သူ့ကိုယ်သူ ထန်ထျန်းကို သေချာ နားလည်ပြီ လို့ ထင် နေခဲ့ ပေမဲ့ အကြိမ်တိုင်း ပိုပြီး အံ့အားသင့်စရာ တွေသာ ပေး ခဲ့သည်။

​အခြား ထပ် ဆောက် မယ်ပေါ့

​ဒါက လူသား ဘာသာ စကား လား

​ပင်မ တောင် ထိပ် တစ်ခုတည်း က သူ့ကို ခေါင်းမီးတောက် စေခဲ့တာ။ နောက် ထပ်ဆောက် ရင် ကော.... တကယ် ရပ်နေ ရင်း စကားမပြောနိုင်တော့ဘူးကွာ ...

​ကောင်းတယ်၊ သူ့မှာ ပိုက်ဆံ အများကြီး ရှိ တာ မှန် တယ်။ဒီခေါင်းခဲစရာ ကိစ္စအတွက် မစိုးရိမ်ရတော့ဘူးပေါ့။

​"ဂျူနီယာ တကယ် ပြောနေတာ လား"

​ကိစ္စက ကြီးမား တာကြောင့် ယွင်ခုံး သေချာ မေးဖို့ လိုလေသည်။

​ထန်ထျန်း အလေးအနက် ခေါင်းညိတ်ကာ "ဟုတ်ပါတယ်"

​"လုပ်လိုက်ပါ။ အဆင့် အ မြင့်ဆုံး သာ လုပ် ပါ။ ကျွန်တော် အကုန် တာဝန်ယူ ပါ့မယ်"

​ယွင်ခုံး ခါးသီးစွာ ပြုံး မိသည်။ ငါ ဘာလို့ ထန်ထျန်း ကို စောစော မတွေ့ ခဲ့ရ တာလဲလို့ စိတ်ထဲ က တွေး မိသည်။ စောစော တွေ့ ခဲ့ ရင် အိပ်မပျော် စားမဝင် လောက်အောင် စိတ်ပူ စရာ မလို တော့ဘူးပေါ့။

​"ကောင်းပြီ"

​ယွင်ခုံး က "စစ်ဆေးမှု အစည်းအဝေး ပြီးရင် မင်းနဲ့ တောင် ထိပ်သခင် အသစ် ကြား တွေ့ဆုံ နိုင်အောင် ငါ စီစဉ် ပေးမယ်"

​"အဲဒီအချိန် ကျရင် ပင်မ တောင် ထိပ် အသစ် တည်ဆောက်ရေး ပြဿနာ ကို ကောင်းကောင်း ဆွေးနွေး ကြတာပေါ့"

​ထန်ထျန်း အံ့ဩ သွားကာ "တောင် ထိပ်သခင် ရှိပြီးသား လား"

​ယွင်ခုံး ခေါင်းညိတ် ကာ " ဆုံးဖြတ်ထားတာ ကြာပြီကွာ ဆဌမ ပင်မ တောင် ထိပ် ရဲ့ အကြီးအကဲ တွေလည်း ရွေးချယ် ပြီးသား"

​"တစ်ခုတည်း ကျန်တာက ရန်ပုံငွေ ပြဿနာ ပဲ"

​"တောင် ထိပ်သခင် အသစ် က စောင့်ဆိုင်းနေရတာ စိတ်မရှည်တော့ဘူး။ ငါ့ကို အကြိမ်ပေါင်း များစွာ တိုက်တွန်း နေတာ "

​"မင်း ရန်ပုံငွေ ပြဿနာ ဖြေရှင်း ပေးနိုင်ရင် သူ မင်းကို အရမ်း ကျေးဇူးတင် မှာ သေချာ တယ်။ မင်း လည်း ဆဋ္ဌမ တောင် ထိပ် ရဲ့ အလေးစားရဆုံး ဂုဏ်ထူးဆောင်တပည့် ဖြစ်လာ မှာ သေချာ တယ်။ မိုရှောင်ရှောင်း တို့လိုပေါ့ "

​ထန်ထျန်း ရုတ်တရက် နားလည် သွားသည်။ မိုရှောင်ရှောင်း တို့ အဲဒီနေရာ ရောက်ဖို့ ဒီလို အလားတူ ကိစ္စမျိုး လုပ် ခဲ့ကြရတာကိုး။

​သူတို့ တော်တော် ချမ်းသာမှာပဲ

​"စိတ်ချလိုက်ပါ၊ ပြဿနာ မရှိပါဘူး"

​ထန်ထျန်း နောက်တစ်ကြိမ် ယွင်ခုံး ကို စိတ်ချ စေသည်။

​ယွင်ခုံး ခေါင်းညိတ် သည်။ သို့သော် နောက်ပိုင်း မှာ ညင်သာစွာ သက်ပြင်းချလိုက် သည်။ "ဝမ်းနည်းစရာ ကောင်းတာက မင်း တောင်ပေါ် ရောက်တာ အရမ်း နောက်ကျ ခဲ့တာပဲ။ မဟုတ်ရင် သူတို့နဲ့ အဲဒီနေရာ အတွက် ယှဉ်ပြိုင် နိုင်ခဲ့မှာပါ"

​ထန်ထျန်း အံ့အားသင့် သွားသည်။ ယွင်ခုံး ပြောတာ ဘာလဲ ဆိုတာကို သူ သိသည်။

​ချင်းယွဲ့ ဂိုဏ်း ရဲ့ ဒု ဂိုဏ်းချုပ်

​အရင်က မိုရှောင်ရှောင်း လည်း ဒီလို ပြောခဲ့ တာပင်။ ထန်ထျန်း ယှဉ်ပြိုင် ဖို့ အချိန်မမီ တော့ဘူးလို့ ပြောခဲ့ သည်။

​စဉ်းစား ပြီးနောက် ထန်ထျန်းက မေးသည်။ "အဲဒီနေရာ အတွက် ဘာ အထူး လိုအပ်ချက် တွေ ရှိ တာလဲ"

​ယွင်ခုံး က ေ "အများကြီး ရှိ တယ်။ ဒါပေမဲ့ အဓိက လိုအပ်ချက်က သုံးခု ပဲ "

​"ဂိုဏ်း၊ တပည့် ဖွံ့ဖြိုးတိုးတက်မှု အပေါ် ပံ့ပိုးမှု၊ ဂိုဏ်း အာဏာ နဲ့ ပြင်ပ လွှမ်းမိုးမှု "

​"မင်းရဲ့ ချမ်းသာမှု နဲ့ ဆိုရင် ဂိုဏ်း ပံ့ပိုးမှု ကို အနိုင်နိုင် လိုက်မီ နိုင်တယ်။ ဒါပေမဲ့ အာဏာ ဆိုတဲ့ အရာ က အချိန်အကြာကြီး စုဆောင်း ဖို့ လို တယ်"

​"အချိန် ကတော့ တကယ် မလောက် တော့ဘူး"

​ထန်ထျန်း တိတ်ဆိတ် သွားသည်။

​တကယ်တော့ ချမ်းသာမှု အပိုင်း မှာ ဘယ်သူ့ကိုမှ မကြောက် ပေမဲ့ စုစုပေါင်း အာဏာ နဲ့ လွှမ်းမိုးမှု ကတော့ လုချန်းကျီ လို လူတွေ နဲ့ သိပ်မကွာ ဘူး ဆိုတာ သေချာ သည်။

​ဒါပေမဲ့ သူ့မှာ ဒီလို စိတ်စွဲလမ်းမှုမျိုး မရှိ ပေ။

​ဝူဒင် နန်းတော် ကို ဝင် နိုင်ရင် အေးအေးဆေးဆေး သုံးပြီး ပျော်ပျော်ကြီး နေလိုက်မယ်ကွ။

​"ကိစ္စမရှိပါ ဘူး၊ ကံတရား အတိုင်း ပဲပေါ့ "

​ထန်ထျန်းက ပြောလိုက်၏။

All Chapters