ချင်းယွင်ကျီ ပေါ်ထွက်လာခြင်း၊ သူတော်စင် ဖြစ်ရန် အခွင့်အရေးလား။
Vol. 42 Ch. 578
စုရှင်းသည် ခေတ္တမျှ ငြိမ်သက်သွားသည်။ ပြီးနောက် သူ၏မျက်ဝန်းများတွင် မတင်မကျဖြစ်မှု အရိပ်အယောင်များ ပေါ်လာသည်။
"ဒီသရုပ်ပြခြင်းထဲက ချင်းယွင်ကျီက... အရင်တုန်းကနဲ့ မတူဘူးလို့ ခံစားရတယ်"
"အရင်က ငါ့ရဲ့ ကိုယ်ခံပညာ အခြေခံနဲ့ အသက်ကို ရှင်းရှင်းလင်းလင်း စစ်ဆေးပြီးသားကို။ ဘာဖြစ်လို့ အခုထပ်စစ်ဆေးပြန်တာလဲ။"
စုရှင်းသည် အံ့အားသင့်လျက် ဝေခွဲမရ ဖြစ်နေသည်။
"ဒါပေမယ့် အခု ငါ သေချာသိနေတာက... ချင်းယွင်ဂိုဏ်းကို ဝင်ရောက်ဖို့ဆိုတာ ငါ ထင်ထားသလောက် လွယ်ကူတဲ့ လမ်းကြောင်း မဟုတ်ဘူး ဆိုတာပဲ"
"ချင်းယွင်ကျီကြောင့်... ငါ သရုပ်ပြခြင်းထဲမှာ အနှစ်ခြောက်ဆယ်တောင် မနေလိုက်ရဘူး။"
စုရှင်းသည် ယခုတစ်ကြိမ် သရုပ်ပြခြင်းမှ ရရှိမည့် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို ဂရုတစိုက် စဉ်းစားနေသည်။
ချင်းယွင်ဂိုဏ်းသို့ သွားခြင်းက ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးတစ်ခုကို ပေးစွမ်းနိုင်သည်မှာ မှန်ပါသည်။ သူသည် ပိုမိုများပြားသော စွမ်းအင်အရင်းအမြစ်များ၊ အဖိုးတန် ရတနာများစွာကိုပင် ရရှိနိုင်ပါလိမ့်မည်။
သို့သော် ပေးဆပ်ရမည့် တန်ဖိုးကလည်း ကြီးမားလှသည်။ ချင်းယွင်ကျီ တံခါးပိတ် ကျင့်ကြံရာမှ ထွက်ပေါ်လာသည်နှင့် စုရှင်းသည် မလွဲမသွေ သေဆုံးရလိမ့်မည်။
"မသေချာသေးဘူး။ ချင်းယွင်ကျီ မထွက်လာခင် ငါသာ တခြားသော သေးငယ်တဲ့ ကမ္ဘာတွေဆီ ထွက်ခွာသွားနိုင်မယ်ဆိုရင် သူ့ကို ရှောင်ရှားနိုင်မှာလား။"
"ဒါပေမယ့် ချင်းယွင်ဂိုဏ်းကပေးတဲ့ ငါ့အတွက် အကြီးမားဆုံး အကျိုးကျေးဇူးကတော့ ရှားပါးတဲ့ မှော်ပစ္စည်းတွေနဲ့ အဆင့်မြင့် ဆေးလုံးတွေပဲ ဖြစ်လိမ့်မယ်..."
စုရှင်း တွေးနေသည်။
ကိုယ်ခန္ဓာ သန့်စင်ခြင်းကို အဆင့်မြှင့်ဖို့ဆိုလျှင် နတ်ဆိုးသားရဲများ ပေါများရာ သားရဲတသောင်းတောင်တန်းသည် ပထမဦးစားပေး ရွေးချယ်စရာ ဖြစ်သည်။ ထိုနေရာရှိ နတ်ဆိုးသားရဲ အသားအနှစ်သာရများက စုရှင်းကို လျင်မြန်စွာ တိုးတက်စေဖို့ လုံလောက်သည်။
ချီစွမ်းအင် ကျင့်ကြံခြင်း အဆင့်မြှင့်ဖို့ဆိုလျှင်လည်း ကြယ်ပြာပေါ်မှာ သူပိုင်ဆိုင်သော ဝိညာဉ်စိုက်ခင်းဂူ၊ မရေမတွက်နိုင်သော ဝိညာဉ်အရည်များနှင့် ဝိညာဉ်နဂါးသွေးကြောများ ရှိနေသည်။ ၎င်းတို့အားလုံးက သူ ကျင့်ကြံမှု တိုးတက်စေရေး အတွက် ပိုမို သန့်စင်သည့် အရင်းအမြစ်များ ဖြစ်သည်။
"ချင်းယွင်ကျီရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ အဖြေကတော့... ကောင်းကင်လျှို့ဝှက်ချက် စံအိမ်တော်မှာ ရှိမလား။"
စုရှင်းသည် အသက်ကို ပြင်းပြင်းရှုသွင်းပြီး ကောင်းကင်လျှို့ဝှက်ချက် စံအိမ်တော်ရှိ အဆင့်အေ ထောက်လှမ်းရေး သတင်းအချက်အလက်ကို စဉ်းစားလိုက်သည်။ သူသာ ဒါကို ရနိုင်ခဲ့မည်ဆိုလျှင် အဖြေနှင့် ပိုပြီး နီးစပ်လာနိုင်မည်။
ထိုအချိန်တွင် စုရှင်း၏ အတွေးများ ရှုပ်ထွေးနေသည်။
သူသည် ချင်းယွင်ကျီနှင့် ချင်းယွင်ဂိုဏ်းကို နောက်ခံ အားထားရာအဖြစ် အမြဲတမ်း သတ်မှတ်ခဲ့သည်။
သို့သော် အခုတော့…
ဤလောကသည် အကျိုးစီးပွားအတွက် တိုက်ပွဲဝင်ရာ၊ လူတိုင်း ကိုယ်ကျိုးစီးပွားအတွက် ကြိုးစားအားထုတ်ရာ ဖြစ်သည်။
ချင်းယွင်ကျီသည် တာလော ရွှေရောင်နတ်ဘုရား ဖြစ်သည့်တိုင်... သူသည်လည်း ချွင်းချက်မဟုတ်ပေ။
"တာလော ရွှေရောင်နတ်ဘုရား တစ်ပါးအတွက်... အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက်ကို ပစ်မှတ်ထားဖို့ဆိုတာက သေချာပေါက် စိတ်ကူးမယဉ်နိုင်လောက်အောင် ဆွဲဆောင်မှု ရှိနေရမယ်။"
"ဒါဆို... လောထျန်းမှာ နတ်ဘုရားဖြစ်ခြင်းရဲ့ လျှို့ဝှက်ချက် ရှိနေတာလား။"
တာလော ရွှေရောင်နတ်ဘုရား တစ်ပါးကိုပင် ယခုလို အတိုင်းအတာအထိ တွန်းအားပေးနိုင်မည့် စုရှင်း တွေးမိသည့် တစ်ခုတည်းသော ဆွဲဆောင်မှုမှာ ပိုမိုမြင့်မားသည့် နယ်ပယ်ကို လိုက်စားခြင်းပင် ဖြစ်သည်။
သူရဲကောင်း ဖြစ်လာရန်၊ သူတော်စင် ဖြစ်လာရန်။
ယင်းမှာ ကမ္ဘာပေါ်က သူတော်စင် အဆင့်မျိုး မဟုတ်ပါ။ နတ်ဆိုးသူတော်စင်မျိုးနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ပါ။...ယင်းသည် တာလော အဆင့်ထက် မြင့်မားသည့် အမြင့်မြတ်ဆုံး နယ်ပယ်တစ်ခုပင်။
"ဟူးး... ငါ့ရဲ့ လက်ရှိ အစွမ်းအစနဲ့ဆိုရင်... ဒီကိစ္စတွေမှာ ပါဝင်ဖို့က လုံးဝ အရည်အချင်း မမီသေးဘူး။"
"အခု ငါလုပ်နိုင်တာကတော့ ငါ့ရဲ့ တိုးတက်မှုကို တည်ငြိမ်အောင် ထိန်းထားပြီး ငါ့ရဲ့ စွမ်းအားကို ပိုမို မြှင့်တင်ဖို့ပဲ။"
စုရှင်း သက်ပြင်းချလိုက်ပြီး ယခုတစ်ကြိမ် သရုပ်ပြခြင်း၏ ဆုလာဘ်များဆီသို့ အာရုံပြောင်းလိုက်သည်။
[ဓာတ်ပုံမှတ်ဉာဏ်] - ခရမ်းရောင် စွမ်းရည်၊ တန်ဖိုး - စွမ်းအင်အမှတ် ၁၀ သန်း။
[နှစ်ငါးဆယ် ဆေးဖော်စပ်ခြင်း အတွေ့အကြုံ- ရွေးယူပြီးနောက် လက်ရှိ ဆေးဖော်စပ်မှု အသိပညာကို အနည်းငယ် တိုးစေသည်။ တန်ဖိုး - စွမ်းအင်အမှတ် သန်း၅၀။
[ကိုယ်ခန္ဓာ သန့်စင်ခြင်း ပြီးမြောက်မှု အဌမအလွှာ]- လူသား ကိုယ်ခန္ဓာသန့်စင်ခြင်း ကျင့်ကြံသူများအတွက် အမြင့်ဆုံး နယ်ပယ်၊ ကိုယ်ခန္ဓာသန့်စင်ခြင်း ပြီးမြောက်မှု၊ အချိန်အတိုင်းအတာတစ်ခု အထိ လေဟာနယ်ကို ဖြတ်သန်းသွားလာနိုင်ပြီး ကိုယ်ခန္ဓာသန်စွမ်းမှုက စိတ်ကူးထက် ကျော်လွန်သည်။ တန်ဖိုး - စွမ်းအင်အမှတ် ၄ ဘီလီယံ။
[ဝိညာဉ်စုဆောင်းပန်း ၅၀၀၀ ] - တန်ဖိုး - စွမ်းအင်အမှတ် သန်း၅၀၀။
[မဟာယာနအဆင့် ဒုတိယအလွှာ] - မဟာယာနနယ်ပယ် ကျင့်ကြံသူများသည် မူလစွမ်းအင်ကို နားလည်ပြီး၊ တာအို၏ အနှစ်သာရကို ရှာဖွေသည်။ ၎င်းတို့၏ မနောဓာတ်သည် ကောင်းကင်၊မြေကြီးနှင့် သဟဇာတဖြစ်ကာ ၎င်းတို့၏ ဝိညာဉ်စွမ်းအင် ပင်လယ်သည် အတိုင်းအဆမရှိ ကျယ်ပြန့်သည်။ တန်ဖိုး - စွမ်းအင်အမှတ် ၄ ဘီလီယံ။
[လေဟာနယ် ကျောက်တုံး]- နတ်ဘုံကိုးထပ်အထက် လေဟာနယ်တွင် တည်ရှိသည့် အမြင့်မြတ်ဆုံး ရတနာ၊ အာကာသမဟာတာအို၏ အစအနတစ်ခု ပါဝင်ပြီး မှော်ရတနာ ပြုလုပ်ရန် (သို့မဟုတ်) အာကာသမူလကို ပိုမိုနက်နဲစွာ နားလည်ရန် အသုံးပြုနိုင်သည်။ တန်ဖိုး - စွမ်းအင်အမှတ် ၁၅ ဘီလီယံ။
[အာကာသ စွမ်းအင် နားလည်မှု (အခြေခံ)] - အာကာသ စွမ်းအင်ကို နားလည်သဘောပေါက်ခြင်း၊ အခြေခံအဆင့်သို့ ရောက်ရှိခြင်း၊ အာကာသ မှော်ပစ္စည်းများ ဖန်တီးနိုင်ခြင်းနှင့် အာကာသ လှုပ်ရှားမှုများကို ထောက်လှမ်းနိုင်ခြင်း။ တန်ဖိုး - စွမ်းအင်အမှတ် ၇ ဘီလီယံ။
[ချီယန် ဓား] - အမြင့်မြတ်ဆုံး နတ်ဘုရား မှော်လက်နက်၊ နေမင်း၏ စစ်မှန် မီးတောက် အစအနဖြင့် ပုံသွင်းထားပြီး ကောင်းကင် နတ်ဘုရားနယ်ပယ်တွင်မှသာ ၎င်း၏ စွမ်းအားအပြည့်အစုံကို ထုတ်ဖော်နိုင်သည့် အလွန်ကောင်းမွန်သော နတ်ဘုရား မှော်လက်နက် ဖြစ်သည်။ တန်ဖိုး - စွမ်းအင်အမှတ် ၂၀ ဘီလီယံ။
[အမြင့်ဆုံး ပျံသန်းလှေ] - အမြင့်မြတ်ဆုံး နတ်ဘုရား မှော်လက်နက်၊ မနောဓာတ်ဖြင့် မောင်းနှင်ပြီး တစ်ရက်လျှင် မိုင်ပေါင်း သန်းနှင့်ချီ ခရီးသွားနိုင်သည်။ လွတ်မြောက်နှုန်းက ကောင်းကင် နတ်ဘုရားနယ်ပယ်နှင့် နှိုင်းယှဉ်နိုင်သည်။ တန်ဖိုး - စွမ်းအင်အမှတ် ၁၈ ဘီလီယံ။
[ကျီလင် ဝတ်ရုံ] - အမြင့်မြတ်ဆုံး ခုခံကာကွယ်ရေး နတ်ဘုရား မှော်လက်နက်၊ ဝတ်ဆင်ထားပါက အပူအအေးကို မခံစားရ၊ နတ်ဘုရား ကျီလင်မှ ယက်လုပ်ထားပြီး နတ်ဘုရားနယ်ပယ်အောက် အဆင့်ရှိ တိုက်ခိုက်မှုများကို ကာကွယ်နိုင်သည်။ သာမန် လူသား နတ်ဘုရားနယ်ပယ်မှ လူများအတွက် ဝတ်ရုံ၏ ခုခံကာကွယ်မှုကို ချိုးဖျက်ရန် ခက်ခဲသည်။ တန်ဖိုး - စွမ်းအင်အမှတ် ၂၃ ဘီလီယံ။
စုရှင်းသည် သူ့ရှေ့မှ ဆုလာဘ်များကို ကြည့်လိုက်ရင်း သူ၏ မျက်လုံးများတွင် လိုချင်တပ်မက်မှုများ ပြည့်နှက်နေသည်။
"ဟူး... ဒီတစ်ခါတော့ ဒီဆုလာဘ်တွေ အားလုံးကို ငါလိုချင်လိုက်တာ။"
"ဒါပေမယ့် ကံဆိုးတာက... နှစ်ခုပဲ ရွေးလို့ရတယ်..."
စုရှင်း သက်ပြင်းချလိုက်သည်။
သူသည် ပထမဦးစွာ တန်ဖိုးအရှိဆုံး အမြင့်မြတ်ဆုံး နတ်ဘုရား မှော်လက်နက် သုံးခုနှင့် လေဟာနယ် ကျောက်တုံးတို့ကို အာရုံစိုက်လိုက်သည်။
"အမြင့်မြတ်ဆုံး နတ်ဘုရား မှော်လက်နက် တစ်ခုက... စွမ်းအင်အမှတ် ဘီလီယံ ၂၀ နီးပါး လိုအပ်တယ်ဆိုတော့... နည်းနည်းတော့ ဈေးကြီးလွန်းနေပြီ မဟုတ်လား။"
စုရှင်း ထပ်မံ သက်ပြင်းချလိုက်သည်။
ဤ နတ်ဘုရား ရတနာသုံးခုက စုရှင်း၏ ခွန်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါ့မလား။
သေချာပေါက် မြှင့်တင်ပေးနိုင်ပါသည်။
သို့သော် ပြသာနာမှာ သူတို့ကို ရယူလိုက်သည့်တိုင် အခြေခံ ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။
စုရှင်း၏ နယ်ပယ်အဆင့်က ၎င်းတို့၏ စွမ်းအားအပြည့်အဝကို အသုံးချနိုင်လောက်အောင် မမြင့်မားသေးသည်ကို ထည့်မပြောသေးပါနှင့်။
၎င်းတို့၏ စွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်သည့်တိုင်မှာပင် ကြယ်ပြာပေါ်၌ သူရင်ဆိုင်ရန် လိုအပ်သည့် ရန်သူများ မရှိပေ။
ကျိန်စာသင့် နဂါးလို လူမျိုးကိုဆိုလျှင် စုရှင်းသည် လက်နက်မပါဘဲတောင် ကိုင်တွယ်နိုင်သေးသည်။
သို့သော် သွေးသခင်သုံး (သို့မဟုတ်) ဧရာမ သားရဲကြီးတွေလိုမျိုးနှင့်ဆိုလျှင် စုရှင်းသည် လက်နက်ရှိသည့်တိုင် ယှဉ်နိုင်မည်မဟုတ်ပေ။
စစ်မှန်နတ်ဘုရား (သို့မဟုတ်) ရွှေရောင်နတ်ဘုရားအဆင့် ပညာရှင်များကို နတ်ဘုရား မှော်လက်နက် တစ်ခုတည်းနှင့် အနိုင်ယူဖို့ ဆိုသည်မှာ မျှော်လင့်လို့ မရနိုင်ပါ။
"ဒီ နတ်ဘုရား မှော်လက်နက်တွေက...စားရမှာလဲ သဲတရှပ်ရှပ် လွတ်ပစ်ရမှာလဲဆီတဝင်းဝင်းပဲ"
"အဓိက ပြဿနာကတော့ ဒီ နတ်ဘုရား မှော်လက်နက်တွေကို ရရှိဖို့အတွက် အဲ့ဒီလောက် ကြီးမားတဲ့ တန်ဖိုးကို ပေးချေဖို့ မတန်တဲ့ အချက်ပဲ..."
စုရှင်း ညည်းတွားလိုက်သည်။ ခေတ္တမျှ ချီတုံချတုံ ဖြစ်ပြီးနောက် သူ ကျန်ဆုလာဘ် သုံးခုဆီသို့ ကြည့်လိုက်သည်။
မဟာယာန အဆင့် ၂ ကျင့်ကြံမှု နယ်ပယ်။
ယင်းက စုရှင်း မဖြစ်မနေ ရွေးချယ်ရမည့် အရာဖြစ်သည်။
ထို့ကြောင့် ကိုယ်ခန္ဓာသန့်စင်ခြင်း ပြီးမြောက်မှု အဌမအလွှာနှင့် အာကာသ စွမ်းအင် နားလည်မှု (အခြေခံ)ကြားတွင် သူ ချီတုံချတုံ ဖြစ်နေခဲ့ရသည်။
"အာကာသ စွမ်းအင်က အမှန်တကယ်ပဲ အဖိုးတန်တယ်... ဒါပေမယ့် ငါ မြှုပ်နှံသရုပ်ပြခြင်းကနေ အပြည့်အဝ နားလည်အောင် လုပ်ယူနိုင်တယ်။ အခြေခံအဆင့်ကို ရောက်ဖို့အတွက် စွမ်းအင်အမှတ် ၇၂၀ သန်းပဲ လိုအပ်တယ်... ဒါက ဆယ်ဆလောက် ကွာခြားနေတာပဲ။"
ခေတ္တမျှ ချီတုံချတုံ ဖြစ်ပြီးနောက် စုရှင်းသည် ကျင့်ကြံမှု နယ်ပယ်ကို ရွေးချယ်ခြင်းက အတန်ဆုံးဟု ဆုံးဖြတ်လိုက်သည်။
"ကျင့်ကြံမှုနယ်ပယ် လေးဆင့်အတွက် စုစုပေါင်း စွမ်းအင်အမှတ် ၈ ဘီလီယံ လိုအပ်တယ်..."
"ဒါပေမယ့် ကံကောင်းတာက လုယွမ်ဝူ ကတိပြုထားတဲ့ တတိယအဆင့် ထူးခြားသတ္တု တန်ချိန် ၁၀,၀၀၀ လာတော့မယ်... စွမ်းအင်အမှတ် ၂၀ ဘီလီယံက ကပ်ဘေးဖြတ်ကျော်ခြင်း နယ်ပယ်ကို တိုးတက်ဖို့ လုံလောက်တယ်။"
စုရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာသည်။
ဆုလာဘ်များကို အလျင်စလို မရွေးယူသေးဘဲ စုရှင်းသည် သူ့ကိုယ်သူ ရုပ်ဖျက်ကာ လုယွမ်ဝူကို ရှာဖွေရန် ပြင်ဆင်လိုက်သည်။
သဘောတူထားသော နေရာတွင် လုယွမ်ဝူသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီဖြစ်သည်။
"ဆရာ၊ ကတိပေးထားတဲ့ တတိယအဆင့် ထူးခြားသတ္တု တန်ချိန် ၁၀,၀၀၀ ဒီမှာပါခင်ဗျာ။"
လုယွမ်ဝူသည် သိုလှောင်လက်စွပ် အချို့ကို ရိုသေစွာ လက်ကမ်းပေးလိုက်သည်။
စုရှင်းသည် သိုလှောင်လက်စွပ်များကို ယူလိုက်ပြီး စိတ်ထဲမှ အမှတ်တမဲ့ တွေးလိုက်သည့်အခါတွင် သရုပ်ပြစက်၏ သတိပေးသံသည် နားထဲသို့ ရောက်လာသည်။
[ဒင်... စွမ်းအင်ပါဝင်သော ပစ္စည်းများစွာကို တွေ့ရှိသည်။ စုစုပေါင်း တန်ဖိုး - စွမ်းအင်အမှတ် ၂၀ ဘီလီယံ။ လဲလှယ်လိုပါသလား။]