← Chapters

အဓိက သတင်းအချက်အလက်၊ချင်းယွင်ကျီသည် ရုပ်အလောင်း သုံးခုကို သုတ်သင်ခြင်းဖြင့် ကျင့်စဉ်ကို သက်သေပြခဲ့ပါသလား။

Vol. 42 Ch. 587

အဓိက သတင်းအချက်အလက်၊ချင်းယွင်ကျီသည် ရုပ်အလောင်း သုံးခုကို သုတ်သင်ခြင်းဖြင့် ကျင့်စဉ်ကို သက်သေပြခဲ့ပါသလား။

Vol. 42 Ch. 587

[ထိုနှစ်တွင် သင်သည် ချင်းယွင်ဂိုဏ်းမှ ထွက်ခွာ၍ အခြားသော ကမ္ဘာငယ်များသို့ သွားရောက်လေ့ကျင့်ရန် လျှောက်ထားခဲ့သည်။]

[သို့သော် သင်၏ လက်ရှိစွမ်းအားဖြင့် ကမ္ဘာများကို ဖြတ်သန်းသွားလာရန် မစွမ်းသာသဖြင့် ယာဉ်ပျံကို စီးနင်းလိုက်ပါခဲ့ရသည်။]

[တွေဝေစွာ စဉ်းစားပြီးနောက် မိမိ အသက်ရှင်သန်နိုင်မည့် အခွင့်အလမ်း ပိုများမလားဟူသော မျှော်လင့်ချက်ဖြင့် 'ချင်းယွင်ကမ္ဘာငယ်' သို့ သွားရောက်ရန် သင် ဆုံးဖြတ်လိုက်သည်။]

[တစ်လခန့် ကြာမြင့်ပြီးနောက် သင် လိုက်ပါလာသော ယာဉ်ပျံသည် ချင်းယွင်ကမ္ဘာငယ်ရှိ 'ချင်းယွင်မြို့' သို့ ဆိုက်ရောက်ခဲ့သည်။]

[သို့သော် သင်သည် မြို့ထဲ၌ မနေခဲ့ပေ။ ထိုအစား ရုပ်ဖျက်၍ မိမိ၏ အရှိန်အဝါကို ဖုံးကွယ်ကာ ယာဉ်ပျံဖြင့် 'အဖြူ‌ရောင် ဧကရာဇ် မြို့တော်'သို့ ထွက်ခွာခဲ့သည်။]

[သင်သည် အဖြူရောင်ဧကရာဇ် မြို့တော်တွင် မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားပြီး ကောင်းချီးမြေ တစ်ခုကို ငှားရမ်းကာ ဝင်္ကပါများကို လေ့လာခြင်း၊ ဝိညာဉ်စုစည်းပန်းများ စိုက်ပျိုးခြင်းဖြင့် နေ့ရက်များကို ကုန်ဆုံးစေခဲ့သည်။]

လက်တွေ့ကမ္ဘာ၌ ဤစာသားများကို မြင်လိုက်ရသော စုရှင်းက ရေရွတ်လိုက်သည်။

"မြှုပ်နှံသရုပ်ပြခြင်း ကြာချိန် ရက် ၃၀ ကို အသုံးပြုမယ်..."

[ဒင် ... သင်သည် အောင်မြင်စွာ အသုံးပြုလိုက်ပြီဖြစ်၍ ...]

အချက်ပေးသံ ထွက်ပေါ်လာသည်နှင့်အတူ စုရှင်း၏ မြင်ကွင်းက ပြောင်းလဲသွားလေသည်။

ထိုခဏ၌ စုရှင်းသည် အဖြူရောင်ဧကရာဇ် မြို့တော်ရှိ ကျင့်ကြံခြင်း လိုဏ်ဂူတစ်ခုအတွင်း ရောက်ရှိနေပြီ ဖြစ်သည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအားသည် သူ၏ ဝိညာဉ်စိုက်ခင်း လိုဏ်ဂူလောက် မကြွယ်ဝသော်လည်း ယေဘုယျအားဖြင့် အတော်လေး ကောင်းမွန်ပေသည်။

"ဟူး... ချင်းယွင်ကျီဆီမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ မသိရသေးပေမယ့် ငါ့အတွက်တော့ သေချာပေါက် အန္တရာယ်ရှိမှာပဲ..."

"လောလောဆယ်တော့ အဖြူရောင်ဧကရာဇ် မြို့တော်မှာ ပုန်းအောင်းပြီး ပိုကြိုးကြိုးစားစား လေ့လာတာကပဲ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လိမ့်မယ်"

ဤသို့ တွေးတောပြီးနောက် စုရှင်းသည် 'မဟာပညာဉာဏ် အခြေအနေ'ကို ဖွင့်လှစ်လိုက်ပြီး သူ့ရှေ့မှောက်ရှိ နတ်ဘုရားကျင့်စဉ် ဖြစ်သော 'ထိုက်ရွှမ်ချင်းယွင်မှတ်တမ်း' ကို နားလည်သဘောပေါက်နိုင်ရန် စတင် ကြိုးစားလေတော့သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ သရုပ်ပြခြင်း ကုန်ဆုံးရန် နှစ်ရက်သာ လိုတော့သည်။

နောက်ဆုံးတွင် စုရှင်းသည် ထိုနတ်ဘုရား ကျင့်စဉ်ကို တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

"ဟူး... ချင်းယွင်ဂိုဏ်းရဲ့ နာမည်ကျော် ကျင့်စဉ်ဆိုတဲ့အတိုင်းပဲ... တကယ့်ကို အံ့မခန်းပါလား"

စုရှင်းက နားထင်ကြောများကို ဖိနှိပ်လိုက်သည်။ သူသည် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား နတ်ဘုရားကျင့်စဉ်၏ စာသားများကို အလွတ်မှတ်သားရသည်မှာ အလွန် ခက်ခဲနေဆဲ ဖြစ်သည်။

နတ်ဘုရား ကျမ်းစာများကို မှတ်သားခြင်းသည် နတ်အာရုံကို အလွန် ကုန်ဆုံးစေသောကြောင့် ဖြစ်သည်။

ထို့အပြင် စုရှင်း၏ နတ်အာရုံမှာ အသေးစား နယ်ပယ်၌သာ ရှိသေးသည်။

ကံကောင်းသည်မှာ သုံးဆတိုး ဉာဏ်ပွင့်ခြင်း အထောက်အပံ့ကြောင့် တစ်လနီးပါး ကြိုးစားပြီးနောက် စုရှင်းသည် ဤကျင့်စဉ်ကို သင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

"ကောင်းပြီ... အခုဆိုရင် ငါ့မှာ နတ်ဘုရားနယ်ပယ်ကို ရောက်ရင် ဆက်လက် ကျင့်ကြံရမယ့် ကျင့်စဉ် ရှိသွားပြီ"

"ကျန်တာကတော့ ချီစွမ်းအင် ကျင့်ကြံခြင်းပဲ... မဟာယာနအဆင့် ပြီးပြည့်စုံခြင်းကို တက်လှမ်းပြီး ဘေးအန္တရာယ်ကို ဖြတ်ကျော်ဖို့ ပြင်ဆင်ရမယ်"

ကျင့်စဉ်ကို မှတ်သားပြီးနောက် စုရှင်းသည် "ရွှမ်ရှင်း အမြုတေဆေး" ဖော်စပ်နည်းကို မှတ်သားရန် အချိန် အနည်းငယ် ပေးလိုက်သေးသည်။

ယခုအချိန်တွင် သရုပ်ပြခြင်း ကုန်ဆုံးရန် တစ်ရက်တိတိ လိုနေသေးသည်။

"နောက်တစ်ဆင့်အနေနဲ့... ကောင်းကင်လျှို့ဝှက်ချက် စံအိမ်ကို သွားပြီး ချင်းယွင်ကျီရဲ့ သတင်းအချက်အလက် ရနိုင်မလားဆိုတာ စမ်းကြည့်ရမယ်"

ထိုသို့ တွေးတောပြီးသည်နှင့် စုရှင်းသည် ပစ္စည်းများကို သိမ်းဆည်းကာ အဖြူရောင်ဧကရာဇ် မြို့တော်ရှိ ကောင်းကင်လျှို့ဝှက်ချက် စံအိမ်၏ ဂိုဏ်းခွဲဆီသို့ သိုသိုသိပ်သိပ် ထွက်ခွာလာခဲ့သည်။

ရှေးဟောင်း စတိုးဆိုင်၏ ရှေ့တွင် "ကောင်းကင်လျှို့ဝှက်ချက် စံအိမ်" ဟူ၍ စာလုံးသုံးလုံး ရေးထွင်းထားသည့် ခံ့ညားထည်ဝါသော ဆိုင်းဘုတ်ကို စုရှင်း မြင်လိုက်ရသည်။

တံခါးခုံကို ကျော်ဖြတ်လိုက်သည်နှင့် စုရှင်း မျက်ခုံးပင့်သွားသည်။ နက်နဲလှသော အစီအရင် တုန်ခါမှုတစ်ခုကို သူ သတိထားမိလိုက်သောကြောင့် ဖြစ်သည်။

ယခင် သရုပ်ပြခြင်းများတွင် စုရှင်း ဤမျှအထိ အသေးစိတ် မခံစားခဲ့ရဖူးပေ။

ယခုမူ အဆင့် (၉) အစီအရင် မာစတာ တစ်ဦးအနေဖြင့် ဤအစီအရင်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ပိုမို အာရုံခံမိလာသည်။

"ဒါက... အဆင့် ၁၅ နဲ့ အထက် အစီအရင်တစ်ခု ဖြစ်လောက်တယ်"

"ရွှမ်ယွမ် ဖုံးကွယ်ခြင်း အစီအရင်နဲ့တောင် ဆင်တူတဲ့ အငွေ့အသက်တချို့ကို ခံစားနေရတယ်..."

ကောင်းကင်လျှို့ဝှက်ချက် စံအိမ်၏ နောက်ကွယ်ရှိ ကြီးမားသော စွမ်းအားကို သတိပြုမိလိုက်သဖြင့် စုရှင်း သက်ပြင်းချလိုက်မိသည်။

၎င်းသည် ချင်းယွင်ဂိုဏ်းထက် မနိမ့်ကျသော အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။

ကောင်တာတွင် ငိုက်မြည်းနေသော မိန်းကလေးတစ်ဦးဘက်သို့ အကြည့်လွှဲလိုက်ရင်း စုရှင်း၏ စိတ်ထဲ၌ အတွေးတစ်ချက် လက်ခနဲ ဖြတ်သန်းသွားသည်။

"တာအိုရောင်းရင်း... သတင်း လာဝယ်တာလား၊ လာရောင်းတာလား"

မိန်းကလေးက သမ်းဝေလိုက်ရင်း ဂရုမစိုက်သော လေသံဖြင့် မေးလိုက်သည်။

စုရှင်းသည် သတင်းဝယ်ယူရန် လာရောက်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သဖြင့် တဲ့တိုးပင် ပြောလိုက်သည်။

"ချင်းယွင်ဂိုဏ်း တည်ထောင်သူ... ချင်းယွင်ကျီရဲ့ သတင်းအချက်အလက်ကို ဝယ်ချင်တယ်၊ အဆင့် (အေ) သတင်းအချက်အလက်ပဲ လိုချင်တာ... ကောင်းကင်လျှို့ဝှက်ချက် စံအိမ်ရဲ့ ရုံးချုပ်စီ သွားဝယ်မယ်ဆိုရင် ဘယ်လိုသွားရမလဲ"

ဤ အဖြူရောင် ဧကရာဇ်မြို့ ဂိုဏ်းခွဲတွင် အဆင့် (အေ) သတင်းကို ဝယ်ယူ၍ မရနိုင်ကြောင်း စုရှင်း သိထားသော်လည်း ရုံးချုပ် တည်ရှိရာ ကောင်းကင်လျှို့ဝှက်ချက် နယ်ပယ်သို့ မည်သို့ သွားရမည်ကိုမူ သူ မသိပေ။

ထို့ကြောင့် စုရှင်းက လူကိုယ်တိုင် လာရောက် မေးမြန်းခြင်းသည်သာ အကောင်းဆုံးနှင့် အရိုးရှင်းဆုံး ဖြစ်မည်ဟု တွေးတောခဲ့ခြင်း ဖြစ်သည်။

စုရှင်း၏ စကားကို ကြားသောအခါ မိန်းကလေးက မျက်ခုံးပင့်လိုက်ပြီး ပြောသည်။

"တာအိုရောင်းရင်း... ကြည့်ရတာတော့ ရှင့်ရဲ့ စွမ်းအားက သိပ်မမြင့်သေးဘူးပဲ..."

"ချီစွမ်းအင် ကျင့်ကြံမှုက မဟာယာနအဆင့် အစောပိုင်း... ခန္ဓာကိုယ်ကျင့်ကြံမှုကတော့ ပြီးပြည့်စုံခြင်းအဆင့်၊ ဒီလောက် စွမ်းအားလေးနဲ့များ ချင်းယွင်ကျီရဲ့ သတင်းကို လာစုံစမ်းနေတယ်ပေါ့"

"ဒါက ရှင့်ရဲ့ လုပ်နိုင်စွမ်းရည်ထက် ကျော်လွန်နေတယ်လို့ မထင်ဘူးလား"

ဤစကားကို ကြားလိုက်ရသဖြင့် စုရှင်း မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူ့တွင် ကောင်းကင်လျှို့ဝှက်ချက် ဖုံးကွယ်သည့်ပညာနှင့် အရှိန်အဝါ ဖုံးကွယ်ကျောက် ရှိနေသဖြင့် မြေကမ္ဘာနတ်ဘုရားအဆင့် ကျင့်ကြံသူများပင် သူ့ကျင့်ကြံခြင်းအဆင့်ကို အလွယ်တကူ ဖောက်ထွင်းမမြင်နိုင်ပေ။

သို့သော် ဤမိန်းကလေးက တစ်ချက်ကြည့်ရုံဖြင့် အကုန်မြင်သွားသည်ဆိုတော့ သူမသည် အနည်းဆုံးကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်ရပေမည်။

စုရှင်းက ထိတ်လန့်မသွားဘဲ ပြန်မေးလိုက်သည်။

"ဘာလို့လဲ... အခုခေတ်မှာ သတင်းရောင်းဖို့အတွက် ဝယ်သူရဲ့ ကိုယ်ရေးကိုယ်တာကိုပါ စုံစမ်းစစ်ဆေးဖို့ လိုနေပြီလား"

မိန်းကလေးက ပါးစပ်ကို အုပ်၍ တခစ်ခစ် ရယ်မောလိုက်ပြီး ပြောသည်။

"မဟုတ်ရပါဘူး... ရှင် ဈေးမတတ်နိုင်မှာကို စိုးရိမ်လို့ပါ"

"ပြီးတော့ ကောင်းကင်လျှို့ဝှက်ချက် စံအိမ်ဆိုတာ ဒီနေရာနဲ့ အဝေးကြီးပဲ... ကောင်းကင်နတ်ဘုရားအဆင့် စွမ်းအားမရှိဘဲနဲ့ ကမ္ဘာပက်ယာဉ်ပျံပေါ် တက်ခွင့်တောင် ရှိမှာ မဟုတ်ဘူး..."

ထိုစကားကို ကြားသောအခါ စုရှင်း အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ လေဟာနယ်ကို ဖြတ်သန်းသွားလာခြင်းသည် အန္တရာယ်များကြောင်း သူ ကြားဖူးထားသည်။

ခရီးအကွာအဝေး ဝေးကွာလေလေ အန္တရာယ် ပိုများလေလေပင်။

လက်ရှိ စွမ်းအားဖြင့် မဟာကမ္ဘာများစီသို့ ယာဉ်ပျံစီး၍ သွားရောက်ခြင်းသည် အမှန်တကယ်ပင် စိတ်မချရပေ။

စုရှင်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်လှည့်ထွက်ရန် ပြင်လိုက်စဉ် မိန်းကလေးက သူ့နောက်ကျောဘက်မှနေ၍ ရုတ်တရက် လှမ်းပြောလိုက်သည်။

"နေပါဦး တာအိုရောင်းရင်း... အဆင့် (အေ) သတင်းကို ရှင် ဝယ်လို့မရပေမယ့် ကျွန်မတို့ ကောင်းကင်လျှို့ဝှက်ချက် စံအိမ်မှာ အတော်လေး ကောင်းတဲ့ သတင်းတစ်ခု ရောက်နေတယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းက ချင်းယွင်ကျီရဲ့ နောက်ဆုံးရ သတင်းတွေပဲ၊ စိတ်ဝင်စားလား"

ထိုစကားကြောင့် စုရှင်း၏ နှလုံးသားမှာ လှုပ်ရှားသွားသည်။ ချင်းယွင်ကျီ၏ နောက်ဆုံးရသတင်း... ဒါက သူနဲ့ ပတ်သက်နေမလား။

အဘယ်ကြောင့်ဆိုသော် ချင်းယွင်ကျီ အသက်ရှင်နေသေးကြောင်း သတင်းကို ယူဆောင်လာခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်ပြီး ယခင် သရုပ်ပြခြင်းများတွင် ဤသတင်း မရရှိခဲ့ဖူးပေ။

ထို့ကြောင့် စုရှင်းက မေးလိုက်သည်။

"ဒီသတင်းအချက်အလက်ရဲ့ တန်ကြေးက ဘယ်လောက်လဲ၊ တကယ်ရော တန်ဖိုးရှိရဲ့လား"

မိန်းကလေးက လက်ညှိုးတစ်ချောင်းကို ဖြည်းညှင်းစွာ ထောင်ပြလိုက်ပြီး ပြောသည်။

All Chapters