အစားကြူး လျှို့ဝှက်ကျင့်စဉ်
Vol. 6 Ch. 66
ဆဋ္ဌမ ပင်မ တောင် ထိပ် တည်ဆောက်ရေး ကို တာဝန်ယူ ပြီးနောက် ထန်ထျန်း နဂါး အသွင်ပြောင်း ရေကန် ဝင်ခွင့် ငါးခုကို ချောချောချူချူ ရရှိ ခဲ့သည်။
ယွင်ခုံး က နဝမ အဆင့် ခန္ဓာ ရှိတဲ့ အဓိကတပည့် ပါရမီရှင် တစ်ဦး ရှိတယ် လို့ အထူး ပြောခဲ့ သည်။ အဲဒီလူ နဲ့ ဝေးဝေး နေတာက အကောင်းဆုံး ဖြစ်သည် လို့ ပြောခဲ့လေ သည်။
ဒါပေမဲ့ သူ မသိ ခဲ့တာက ထန်ထျန်း ဒီအချိန် မှာ နဝမ အဆင့် ခန္ဓာ ပိုင်ဆိုင်နေခဲ့ ပြီပင်။ အင်မော်တယ် အဆင့် ခန္ဓာ လည်း ရရှိ တော့မည် ဖြစ်၏။
သူတို့နှစ်ဦး အခြား ကိစ္စ အချို့ ပြောဆို ပြီးနောက် ယွင်ခုံးက ရုတ်တရက် မေးလာ သည်။ "ဂျူနီယာထန် မင်းနဲ့ မင်းရဲ့ ဧည့်သည်မလေး ကြားမှာ ဘာမှ မဖြစ် ခဲ့ဘူး မဟုတ် လား"
ထန်ထျန်း အနည်းငယ် အံ့အားသင့် သွားသည်။ "မင်း ပြောတာ... ကုရှောင်းရွှယ် လား"
ယွင်ခုံးက ခေါင်းညိတ် သည်။
"အခု ပြောတာ နောက်ကျ သွားပြီလား မသိဘူး။ ဒါပေမဲ့ မင်း သူ့ကို မထိ ရသေးရင် ဒီလို အကြံ မရှိ တာ အကောင်းဆုံး ပဲ "
"ဖြစ် ပြီးသား ဆိုရင်တောင်.... ဆက် မလုပ် တာ အကောင်းဆုံး ပဲကွာ "
(A/N) သား ဘာမှမသိဘူးနော်😅
"အနည်းဆုံး သူ့ရဲ့ ကျင့်ကြံခြင်း ကို မနှောင့်နှေး စေသင့်ဘူး"
ထန်ထျန်း မျက်မှောင်ကြုတ် လိုက်သည်။
တကယ်တော့ ကုရှောင်းရွှယ် ပထမဆုံး ရောက် လာ ကတည်းက သူ တစ်ခုခု မှားနေတယ် ဆိုတာကို သတိပြုမိ ခဲ့သည်။
ကံကြမ္မာ သမီးတော် တစ်ဦး က ဒီလို "မီးတွင်း" ထဲကို ဘယ်လိုလုပ် အလွယ်တကူ ပို့ဆောင် ခံရတာလဲ။
ကျုံးယန် နဲ့ ဒုတိယအကြိမ် ဆုံတုန်း ကလည်း သူ့ရဲ့ မှန်းဆချက် ကို အတည်ပြု ခဲ့သည်။ ကုရှောင်းရွှယ် ကို သူ့ဆီ သက်တော်စောင့် အဖြစ် ပို့ခဲ့ တာက မတော်တဆ မဟုတ် ပေ။
"ဒါက တကယ်ပဲ ဘာဖြစ် ခဲ့တာလဲ"
ထန်ထျန်းက မေးသည်။
ယွင်ခုံးက သက်ပြင်းချကာ "ချင်းယွဲ့ ဂိုဏ်း က ဂိုဏ်းတပည့်အချင်းချင်း သတ်ဖြတ်တာ ကို တင်းတင်းကြပ်ကြပ် တားမြစ် ထားပေမယ့် လျှို့ဝှက် ယှဉ်ပြိုင်မှု တွေက မရပ်တန့်သွား ဘူး"
"ကုရှောင်းရွှယ် က ဂိုဏ်းတူတပည့် အချင်းချင်း ပူးပေါင်း ကြံစည်တာ နဲ့ အချို့ အကြီးအကဲတွေ ကြားက တိုက်ပွဲထဲ မှာ ပါဝင် ပတ်သက်နေတယ်"
"မင်း မတော်တဆ ပါဝင် ပတ်သက် မိခဲ့တာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို စီစဉ်တယ့် သူက မင်း ဒီလောက် မြန်မြန် တိုးမြင့် လာလိမ့်မယ် လို့ မထင် ခဲ့ဘူး ထင် တယ်"
"စိတ်မပူနဲ့ မင်း အရမ်း လွန်လွန်ကျူးကျူး မလုပ် သရွေ့ ပြဿနာ ကြီးကြီးမားမား မရှိနိုင် ဘူး"
"မင်းရဲ့ လက်ရှိ ဂုဏ်ပုဒ် ကို ဘယ်သူမဆို အလွယ်တကူ ထိ လို့ မရဘူး"
ထန်ထျန်း တိတ်ဆိတ် သွားသည်။ အချိန်အကြာကြီး ပြော ပြီးတော့လည်း တကယ် ဘာဖြစ် နေလဲ ဆိုတာကို မပြော ခဲ့ပေ။
ယွင်ခုံး တောင် ဒီလောက် လျှို့ဝှက် နေတာ ပါဝင် ပတ်သက် တဲ့ အကြီးအကဲ တွေက တကယ် သာမန်လူ မဟုတ် ဘူး ဆိုတာ သိသာ နေ သည်။
ပြန်ရောက် ရင် လီဟုန် ကို စုံစမ်း ခိုင်းရမယ်။
သူ ကုရှောင်းရွှယ် ကို ဘာမှ မလုပ် ခဲ့တာ မှန် ပေမယ့် ရှင်းရှင်းလင်းလင်း သိထား တာက မကောင်းတဲ့ ကိစ္စ မဟုတ်ပေ။
"ကျွန်တော် နားလည်ပါ ပြီ"
ထန်ထျန်းက ပြောသည်။
ယွင်ခုံးက ခေါင်းညိတ် သည်။
ထို့နောက် သူတို့ နှစ်ဦး အချိန်အကြာကြီး မပြော ကြတော့ပေ။ ယွင်ခုံးကို နှုတ်ဆက် ပြီး ထွက်လာခဲ့ သည်။
ဧည့်ခံခန်းမ ကနေ ထွက်လာခဲ့ ပြီးနောက် ထန်ယွင်ရှန်း နဲ့ မိုရှောင်ရှောင်း လည်း ရောက် လာခဲ့သည်။ နောက်ဆက်တွဲ အစီအစဉ် နဲ့ ထန်ထျန်းရဲ့ အာဏာ ဘောင် အချို့ ပြော ပြီးနောက် ခွဲခွာခဲ့ ကြသည်။
ထန်ထျန်းလည်း ကုရှောင်းရွှယ် ကို ခေါ် ပြီး ခရမ်းရောင် ဝါး ခြံဝင်း ကို ပြန်လာ ခဲ့သည်။
ဒီတစ်ကြိမ် စစ်ဆေးမှု အစည်းအဝေး က ကြီးမားတဲ့ အကျိုး အမြတ် ရရှိ ခဲ့သည်။
ရှန့်ထန်း တာအို ကျောက်စိမ်း ပမာဏ က အတုံး ငါးဆယ် ရောက် ခဲ့သည်။ သုံးစွဲမှုအမှတ် လည်း အဆပေါင်းများစွာ တိုးလာ ခဲ့သည်။ အင်မော်တယ် အဆင့် ခန္ဓာ ကို လဲလှယ် ဖို့ လုံလောက် သည်။
ဒါ့အပြင် နဂါး အသွင်ပြောင်း ရေကန် ဝင်ခွင့် လည်း ရ ခဲ့ပြီး သူ့ရဲ့ နေရာ က ထပ်မံ မြင့်တက် လာသည်။ ဆဋ္ဌမ ပင်မ တောင် ထိပ် တည်ဆောက်ရေး ကို လုံးဝ တာဝန်ယူ ခွင့် လည်း ရရှိ ခဲ့သည်။
အရာအားလုံး က ကောင်းမွန်တဲ့ လမ်းကြောင်း အတိုင်း ဖွံ့ဖြိုးတိုးတက် နေသည်။
ပြန်လာ ပြီးနောက် ထန်ထျန်းက လီဟုန် ကို ခေါ် ခဲ့ပြီး ကုရှောင်းရွှယ် အကြောင်း စုံစမ်း စေသည်။
ယွင်ခုံး က ပြဿနာ မရှိ ဘူးလို့ ပြောခဲ့ ပေမယ့် သူ ဒါက တကယ် ဘာဖြစ် နေတာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိထား ဖို့ လိုအပ် သည်။
ဒါ့အပြင် ကျုံးယန် ကိုလည်း သူ့ဆီ က ပိုက်ဆံ အများကြီး ယူ ခဲ့ပြီး သူ့ကို မီးတွင်း ထဲကို တွန်းပို့ ဖို့ ကြိုးစား ခဲ့သည်။ ဒီကိစ္စ ကို ဒီအတိုင်း ပြီးသွား စေလို့ မရပေ။
အရင်က ခွန်အား မလုံလောက် ခဲ့ပေ ။ ခဏ ထားထား ရုံပဲ တတ်နိုင် ခဲ့သည်။
ဒါပေမဲ့ အခု သူ့မှာ ယုံကြည်ချက် လုံလုံလောက်လောက် ရှိနေ ပြီ။
ကျုံးယန် ကို သူ့မျက်လုံး ထဲမှာ လုံးဝ မထည့် တော့ပေ။
ဒီအရာတွေ လုပ် ပြီးနောက် ထန်ထျန်းက သူ့ရဲ့ ကျင့်ကြံခန်း ကို ပြန်လာ ခဲ့သည်။
သူ အရာအားလုံး က သူ့ရဲ့ ခွန်အား ကို မြှင့်တင် ဖို့ ဖြစ်သည် ဆိုတာကို အမြဲတမ်း မမေ့ ပေ။
ဒါက အခြေခံ အုတ်မြစ် ပင်။
စနစ် အတွင်း က သုံးစွဲမှုအမှတ် ပမာဏ ကို ကြည့် ပြီး ထန်ထျန်း တိုက်ရိုက် လဲလှယ် ဖို့ ရွေးချယ် ခဲ့သည်။
အင်မော်တယ် အဆင့် ခန္ဓာ : သုံးစွဲမှုအမှတ် တစ် ဘီလီယံ
လဲလှယ်မှု အောင်မြင်ပါ သည်
အင်မော်တယ် အဆင့် ခန္ဓာ : အစားကြူး ခန္ဓာ ရရှိ ခဲ့သည်
ရင်းနှီး တဲ့ ခံစားချက် က နောက်တစ်ကြိမ် စိတ်ထဲ ပေါ်လာ ခဲ့သည်။
ဒီတစ်ကြိမ် မှာတော့ အရင်ကထက် ပိုပြီး ပြင်းထန် သည်။ အသက် ရဲ့ အနက်ရှိုင်းဆုံး အလွှာ မှာ ပြင်းထန်တဲ့ ပြောင်းလဲမှု တွေ ဖြစ်ပေါ် နေသည်။
ခေတ္တမျှ မိန်းမော နေစဉ်မှာ ထန်ထျန်း သူ ဖရိုဖရဲ ဖြစ်နေ တဲ့ ကောင်းကင် နဲ့ မြေကြီး ထဲကို ရောက်ရှိ သွားသလို ခံစား ရသည်။
ညင်သာစွာ အသက်ရှူ ထုတ် လိုက်ကာ ချက်ချင်း လေပြင်း တိုက်ခတ် ပြီး ဖရိုဖရဲ များ လှုပ်ရှား ခဲ့သည်။ နေရာတိုင်း မှာ ကောင်းကင် ကို ဖျက်ဆီး ပြီး မြေကြီး ကို ဖျက်ဆီး ခြင်း အမှတ်အသား တွေ ပြသ နေ သည်။
သူ အသက်ရှူသွင်း တဲ့အခါ ပိုပြီး ကြောက်စရာ ကောင်းတဲ့ ကိစ္စ ဖြစ်ပေါ် ခဲ့သည်။
အဆုံးမဲ့ ဖရိုဖရဲ ဖြစ်ခြင်း က ပြင်းထန်တဲ့ စုပ်ယူမှု တစ်ခု ခံစား ရသလို ကြီးမားတဲ့ ဖရိုဖရဲ လှည့်ပတ်မှု တစ်ခု ဖြစ်ပေါ် စေသည်။ ထန်ထျန်းရဲ့ ဝမ်းဗိုက် ထဲကို လှိုင်းထန် စွာ ဝင်ရောက်လာ ခဲ့သည်။
အချိန်အကြာကြီး ကြာပြီးနောက် ထန်ထျန်း သတိပြန်လည် လာသည်။
"အစားကြူး လျှို့ဝှက်ကျင့်စဉ် "
"ကောင်းကင် ကို ဝါး မျိုခြင်း"
သူ နောက်ထပ် အမွေအနှစ် လျှို့ဝှက်ကျင့်စဉ် တစ်ခု ထပ်မံ ရရှိ ခဲ့သည်။
ဒါ့အပြင် အစားကြူး လျှို့ဝှက်ကျင့်စဉ် က အရင်က အဇူရာစပါးအုံး လျှို့ဝှက်ကျင့်စဉ် ထက် အဆပေါင်းများစွာ ပိုပြီး အားကောင်း သည်။
ဒါပေမဲ့ ထန်ထျန်း ပိုပြီး အံ့အားသင့် စေတာက အစားကြူး လျှို့ဝှက်ကျင့်စဉ် နောက် မှာ ရှင်းလင်းတဲ့ မှတ်ချက် တစ်ခု ပေါ်လာ ခြင်းပင်။
"ဤ အမွေအနှစ် လျှို့ဝှက်ကျင့်စဉ် ကို သူတော်စင်အဆင့် ဉာဏ်အလင်းပွင့်ခြင်း အသုံးပြု၍ အဆင့်မြှင့်တင် နိုင်သည်"
သူတော်စင်အဆင့် ဉာဏ်အလင်းပွင့်ခြင်း : သုံးစွဲမှုအမှတ် တစ် ဘီလီယံ
အစားကြူး ခန္ဓာကို လဲလှယ် ပြီးနောက် ထန်ထျန်း မှာ သုံးစွဲမှုအမှတ် သုံး ဘီလီယံ ကျော် ကျန်နေ သေးသည်။ လုံးဝ ကျွမ်းကျင်မှု အဆင့် အထိ မြှင့်တင် နိုင်သည်။
သို့သော် ခဏ စဉ်းစား ပြီးနောက် ထန်ထျန်းက နောက်ဆုံး မှာ ဒီရွေးချယ်မှု ကို ယာယီ ဘေးဖယ်ထား လိုက်သည်။
နဂါး အသွင်ပြောင်း ရေကန် ရဲ့ အကျိုးသက်ရောက်မှု က ခန္ဓာ အဆင့် ပိုမြင့်လေ ပိုကောင်းလေ ဖြစ်သည်။ အမွေအနှစ် လျှို့ဝှက်ကျင့်စဉ် က အထောက်အပံ့ ပြု ရုံသာ ဖြစ်သည်။
နောက်ဆက်တွဲ စစ်ဆေးမှု အစည်းအဝေး မှာ သုံးစွဲမှုအမှတ် က တစ်ဆယ် ဘီလီယံ ကျော်လွန် သွားရင် သူ တော်စင် အဆင့် ခန္ဓာ ကို လဲလှယ် နိုင်မည်ဖြစ်သည်။
အဲဒီအခါကျ ရင် ပိုပြီး သေချာ သွားမည်ပင်။
ဆုံးဖြတ် ပြီးနောက် ထန်ထျန်းက သူ့ရဲ့ စိတ် ကို စုစည်း ပြီး တိတ်ဆိတ်စွာ ကျင့်ကြံလိုက် သည်။
အင်မော်တယ် ခန္ဓာ ရဲ့ အထောက်အပံ့ နဲ့ အဆင့်မြင့် ဆေးလုံး အမျိုးမျိုး ရဲ့ အကူအညီ ကြောင့် သူ့ရဲ့ ကျင့်ကြံမှု အမြန်နှုန်း က အုတ်မြစ်ချခြင်း အဆင့် ထက် သိပ်မနှေး ခဲ့ပေ။
ဆယ် ရက် အတွင်းမှာ အဆင့်ထိုးဖောက်ပြီး ရွှေအူတိုင် အလယ် အဆင့်ကို ရောက်ရှိ ခဲ့သည်။
ဒီအချိန် မှာ ကုရှောင်းရွှယ်က လည်း နောက်တစ်ကြိမ် အဆင့်ထိုးဖောက် ခဲ့ပြီး နတ်ဝိဉာဉ် နောက်ဆုံး အဆင့် ကို ရောက်ရှိ ခဲ့သည်။
ဒါ့အပြင် ရှန့်ထန်း တာအို ကျောက်စိမ်း ရဲ့ အထောက်အပံ့ ကြောင့် သူမရဲ့ တာအို ကျင့်စဉ် အပိုင်း တိုးတက်မှု အမြန်နှုန်း က ပိုပြီး ကြောက်စရာ ကောင်းသည်။ ဒါက ထန်ထျန်း သူမရဲ့ ပါရမီ က မွေးရာပါ ကောင်းကင်သမီးတော် လောာက် မရိုးရှင်း ဘူး လို့ သံသယ ဝင်စေခဲ့ သည်။
ဒီအတွက် သူ ယွင်ခုံး ကို အထူး မေးမြန်း ခဲ့သည်။
ရလဒ် ကတော့ ကုရှောင်းရွှယ် က မွေးရာပါ ကောင်းကင်သမီးတော် ဖြစ်သည် ဆိုတာကို ပင်။
သူမက ပိုပြီး ထူးခြားနေ ရင် ဂိုဏ်း က ဒီလို ကောင်းကင် ကို ဆန့်ကျင်နိုင် တဲ့ ပါရမီရှင် တစ်ဦး ကို အကြီးအကဲတွေ ကြား တိုက်ပွဲ ရဲ့ သားကောင် အဖြစ် လုံးဝ ပစ်ပယ် ထားမှာ မဟုတ်ပေ။
အဖြစ်မှန် က မျက်စိရှေ့ မှာ ရှိနေ ပေမယ့် ထန်ထျန်းက မွေးရာပါ ကောင်းကင်သမီးတော် တွေမှာလည်း ကွာခြားမှု ရှိတယ် ဆိုတာကို လက်ခံ ရုံပဲ တတ်နိုင် တော့ သည်။
ဒါပေမဲ့ ကောင်းသည် ဟု ဆိုနိုင် သည်။ သူ့ရဲ့ ကြီးထွားမှု အမြန်နှုန်း က အရမ်း မြန်လွန်း သည်။ လီဟုန် က သူ့ရဲ့ ခွန်အား ကြီးထွားမှု အတွက် လက်တွေ့ အထောက်အပံ့ ဘာမှ မပေး နိုင်တော့ပေ ။ လန်ယွီတို့ ညီအစ်မ တွေကလည်း အတူတူ တိုက်ခိုက် မှသာ ထန်ထျန်း နဲ့ သရေကျ နိုင် သည်။
ကုရှောင်းရွှယ် တစ်ဦးတည်း သာ အမြဲတမ်း ဦးဆောင် နေသည်။ ဒီအခြေအနေ က ထန်ထျန်းရဲ့ ခွန်အား ကို အလွန် မြန်မြန်ဆန်ဆန် ကြီးထွားသည့် အမြန်နှုန်း အမြဲတမ်း ထိန်း ထားစေခဲ့သည်။
သူ ကျင့်ကြံမှု စတင် ကတည်းက ယခုအချိန် အထိ ကုရှောင်းရွှယ် က သူ့ကို ကြီးမားတဲ့ အကူအညီ ပေး ခဲ့သည်။ ထင်ထင်ရှားရှား မထုတ်ဖော် ရုံသာ ။
သူမ က ပန်းအိုး မဟုတ်ဘူးလေ ...
ရက်အနည်းငယ် ကျင့်ကြံ ပြီးနောက် ယွင်ခုံး ရဲ့ စစ်ဆေးမှု အစည်းအဝေး တွေလည်း ဆက်လက် ကျင်းပ နေသည်။
ဂိုဏ်း ပင်မ တောင် ထိပ် မှာ လုချန်းကျီ နဲ့ ထျန်းယန်ရှန်း တို့ ရှိ နေတာကြောင့် ရန်ပုံငွေ ပြဿနာ မရှိ ပေ။
အခြား ပင်မ တောင် ထိပ် အချို့ မှာ လို နေ သည်။
နောက်ဆုံး မှာ အရှေ့ တောင် ထိပ် ကျင်းဟန် ဘက် မှာ ထန်ထျန်းက ဝိညာဉ် ကျောက်စိမ်း နှစ်ဆယ် ထရီလီယံ ဖြည့်ပေး ခဲ့သည်။
မြောက် တောင် ထိပ် ကွမ်းမုန့် ဘက် မှာ ၁၅ ထရီလီယံ ဖြည့်ပေး ခဲ့သည်။
ဒါပေမဲ့ အနောက် တောင် ထိပ် တုယွမ်ချင်း က ထန်ထျန်းရဲ့ စေတနာ ကို ငြင်းဆို ခဲ့သည်။ ဒါက ထန်ထျန်း ကို အလွန် မကျေမနပ် ဖြစ်စေ ခဲ့သည်။
"ဒီလူ က ငါနဲ့ ဆန့်ကျင် ဖို့ သေချာ နေတယ့်ပုံပဲ "
ထန်ထျန်း နှုတ်ခမ်းမဲ့ လိုက်သည်။
ချင်းဟိုင် ဘက် က စုံစမ်းမှု မှာလည်း တိုးတက်မှု အနည်းငယ် ရှိ ခဲ့သည်။ ထျန်းဖုန်း ရဲ့ လုပ်ရပ် က တုယွမ်ချင်း ညွှန်ကြားထား ပုံရ သည်။
"မင်း အရင် စ ခဲ့တာ"
" စောင့်နေလိုက်အုန်းပေါ့ကွာ "
ထန်ထျန်း သူ့ကို စိတ်ထဲ မှာ မှတ်ထား လိုက်သည်။
၃၅ ထရီလီယံ ဝင်ငွေ ရှိ ခဲ့ပြီး ၁၀၀ ထရီလီယံ နဲ့ ဝေး နေ သေးသည်။
သူတော်စင် အဆင့် ခန္ဓာ လဲလှယ် ဖို့ မတတ်နိုင် ခဲ့ပေ။ ထန်ထျန်း နောက်ဆုံး မှာ အစားကြူး လျှို့ဝှက်ကျင့်စဉ် ရဲ့ အဆင့် ကို မြှင့်တင် ဖို့သာ ရွေးချယ် ခဲ့ရသည်။
စတင်၊ နားလည် ၊ ကျွမ်းကျင်၊အသေးစား အောင်မြင်ခြင်း ၊အကြီးစား အောင်မြင်ခြင်း ၊ ဒီငါးခု က ကျင့်စဉ် အဆင့် တွေ ဖြစ်သည်။
ဒါပေမဲ့ အစားကြူး လျှို့ဝှက်ကျင့်စဉ် မှာ ဆဋ္ဌမ အဆင့် တစ်ခု ရှိ သေးသည်။ အမွေအနှစ် အဆင့်။
ထန်ထျန်း သူတော်စင်အဆင့် ဉာဏ်အလင်းပွင့်ခြင်း ခြောက်ခါ လဲလှယ် ခဲ့ပြီး အစားကြူး လျှို့ဝှက်ကျင့်စဉ် ကို အမြင့်ဆုံး အဆင့် အထိ မြှင့်တင် ခဲ့သည်။
တစ်ခါ အသုံးပြု လိုက်တာနဲ့ ကောင်းကင် ကို ဝါး မျိုနေ သလို ပင်
ဒီ လျှို့ဝှက်ကျင့်စဉ် ရှိ နေရင် နဂါး အသွင်ပြောင်း ရေကန် မှာ အရှုံး မရှိနိုင် တာ သေချာ သည်။
နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက် လီဟုန် ရဲ့ စုံစမ်းမှု လည်း နောက်ဆုံး မှာ ရလဒ် ထွက်ပေါ် ခဲ့သည်။
ကုရှောင်းရွှယ် ကိစ္စ မှာ တကယ်ပဲ လျှို့ဝှက်ချက် ရှိနေ ၏။