← Chapters

ရန်စခြင်း

Vol. 6 Ch. 68

ရန်စခြင်း

Vol. 6 Ch. 68

​အကြီးအကဲကြီး စွမ်းအား အသုံးပြု လိုက်တာနဲ့ လူတိုင်း ရှေ့ မှာ ချောက်ကမ်းပါး အောက် က တိမ်ပင်လယ် က ချက်ချင်း အက်ကွဲကြောင်း တစ်ခု ပေါ် လာခဲ့သည်။

​မျက်စိကျိန်းလောက် တဲ့ ရွှေရောင် အလင်း က ရုတ်တရက် တိမ်ပင်လယ် အနက်ရှိုင်းဆုံး နေရာ ကနေ တိုက်ရိုက် ထိုး တက်လာ ခဲ့ပြီး လူတွေ မျက်လုံး ဖွင့်လို့ မရနိုင်လောက် အောင် တောက်ပ နေသည်။

​အမြင်အာရုံ ပြန်ရ ပြီးနောက် ထန်ထျန်း ရွှေ နဂါး နှစ်ကောင်က တိမ်ပင်လယ် ထဲမှာ ဟန်ချက်ညီစွာ ရစ်ခွေ နေကြတယ် ဆိုတာကို တွေ့ ခဲ့ရကာ တုန်လှုပ် စေနိုင်လောက် တဲ့ စွမ်းအားတွေ ထုတ်လွှတ် နေသည်။

​ရွှေ နဂါး နှစ်ကောင် ကြား မှာ ရေကန် ရေ တိမ်တိမ် တစ်ခု ရှိ နေကာ ရွှေရောင် အလင်း တဖျပ်ဖျပ် တောက်ပ နေသည်။ စိတ်ဝိညာဉ် ကို ဖမ်းစားစေနိုင် တဲ့ အလင်း ထုတ်လွှတ် နေသည်။

​ရေကန် ထဲက လျှို့ဝှက်ဆန်းကြယ် တဲ့ အော်ရာ လေးတွေ ထွက်ပေါ် လာသည်။ တစ်ချက် ရှူ လိုက်တာနဲ့ လူ့ ခန္ဓာကိုယ် တစ်ခုလုံး လန်းဆန်း သွားစေ သည်။ ခန္ဓာကိုယ် ရဲ့ နေရာ တိုင်းက ပျော်ရွှင် စွာ အော်ဟစ် နေသလို ပင်။

​"ဒါက နဂါး စွမ်းအင် ပဲ"

​မိုရှောင်ရှောင်း က ဘေးနား မှ ပြောသည်။

​ထို့နောက် သူမ လက်ညှိုးထိုး ပြီး ပင်မ တပည့် ဘက် ကို ညွှန်ပြ ကာ တိုးတိုးလေး ပြောသည်။ "ဆံပင် ဖားလျား ချထားတဲ့ ကောင်လေး ကို မှတ်ထား နော်။ သူက နဝမ အဆင့် ခန္ဓာ ရှိတဲ့ ဝါးမျိုခြင်း ခြင်္သေ့ ခန္ဓာ ပိုင်ဆိုင်သူ ထားတယ့်သူပဲ အမွေအနှစ် လျှို့ဝှက်ကျင့်စဉ် လည်း ရ ထားသေး တယ်"

​"ဝင် သွားရင် သူ့ကို ဝေးဝေး ရှောင်။ မဟုတ်ရင် နဂါး စွမ်းအင် အများကြီး သူ လုယူ သွားလိမ့်မယ်"

​ထန်ထျန်း လှမ်းကြည့် လိုက်ပြီး မာနကြီးတဲ့ ပုံစံ နဲ့ လူငယ် တစ်ဦး ဖြစ်သည်။ သူ့ဆံပင် က ထူထဲ ပြီး ဖားလျား ချထားကာ တကယ့် ခြင်္သေ့ တစ်ကောင် လိုပင်။

​ဒါ့အပြင် သူ ရင်းနှီးတဲ့ နောက်ထပ် တစ်ဦး ကိုလည်း တွေ့လိုက်ရ သည်။

တောင် ​ထိပ်ငါးခု ဖလှယ်ရေး အစည်းအဝေး မှာ ရှောင်းရွှယ် အနိုင်ယူ ခဲ့တဲ့ ပါရမီရှင် လူငယ် ဟွမ်ချုံးပင်။

​"သူ့နာမည်က ဘယ်သူတဲ့လဲ"

​ထန်ထျန်းက မေးသည်။

​မိုရှောင်ရှောင်း က "ရှန်းကျဲ့ "

​"ဒါပေမဲ့ လူတိုင်း ကတော့ ခြင်္သေ့ ဘုရင်လေး လို့ ခေါ် ကြတယ်"

​ထန်ထျန်း ခေါင်းညိတ် ပြီး သူ့ရဲ့ ပုံစံ ကို မှတ်ထား လိုက်သည်။

​ခဏ အကြာ တွင် အကြီးအကဲ ကြီး စည်းမျဉ်း တွေ စတင် ကြေညာ သည်။

​"ဝင် ပြီးရင် ကိုယ့် နေရာ ရှာ ပါ"

​"အချိန် တစ်နာရီ အတွင်းမှာ ဘယ်လောက် အခွင့်အရေး ရ နိုင်မလဲ ဆိုတာ မင်းတို့ခန္ဓာပေါ် မူတည်တယ် "

​"ငါ အရင်ဆုံး မင်းတို့ကို ပို့ဆောင် ပေးမယ်။ အလင်းဝင်ပေါက် ပျောက်ကွယ်သွားရင် အချိန် စမှတ် မယ်"

​ပြောပြီးနောက် အကြီးအကဲ ကြီးက နောက်တစ်ကြိမ် စွမ်းအား အသုံးပြု သည်။ နဂါး အသွင်ပြောင်း ရေကန် ထဲကို ဝင်ရောက် မည့် လူအားလုံး ကို ပင့် ပြီး တိမ်ပင်လယ် ထဲကို ပို့ဆောင် လိုက်သည်။

​ထန်ထျန်းလည်း ဒီအတိုင်း ပင်။

အကြီးအကဲ ကြီးက ဘယ်လိုလုပ် ဘယ်သူတွေ ပါ မလဲ ဆိုတာကို ဘယ်လိုလုပ် ဆုံးဖြတ် သလဲ စဉ်းစား နေတုန်း မြင်ကွင်းက ပြောင်းလဲ သွားပြီး သူကိုယ်တိုင် ရွှေရောင် စင်မြင့် တစ်ခု ပေါ်ကို ရောက်ရှိ လာခဲ့သည်။

​သူ့ရှေ့ မှာ ကြီးမားတဲ့ ရွှေရောင် အလင်းဝင်ပေါက် တစ်ခု ရှိ ပြီး အလင်းဝင်ပေါက် အပြင်ဘက် မှာ ရွှေ နဂါး နှစ်ကောင် ရစ်ခွေ ထားတဲ့ နဂါး အသွင်ပြောင်း ရေကန် ပင်။

​ခုနက ချောက်ကမ်းပါး အပေါ် မှာ ဘာမှ မခံစား ရပေမယ့် ဝင် ပြီးနောက် ထန်ထျန်း ရွှေ နဂါး နှစ်ကောင် ဘယ်လောက် ကြီးမား တယ် ဆိုတာကို သိခဲ့ ရသည်။

​အလယ် က နဂါး အသွင်ပြောင်း ရေကန် က ရေကန်ငယ် တစ်ခု လို ဖြစ်နေကာ ဆယ် မီတာ လောက် ကျယ်သည်။

​ဒီလောက် လေးနဲ့ လူငါးဆယ် ဝင်နိုင် ပါ့မလား

​ထန်ထျန်း နှုတ်ခမ်းမဲ့ လိုက်သည်။ အချို့သော ပျော်ပွဲရွှင်ပွဲ နေရာ တွေမှာ လူငါးထောင် တောင် ဝင် နိုင်သည်။

​သူ စိတ်ထဲ မှာ ညည်းညူ နေတုန်း အနောက် ကနေ အသံတစ်ခု ထွက်ပေါ် လာသည်။

​"ထန်ထျန်း၊ သခင်လေးထန်"

​ထန်ထျန်း လှည့်ကြည့် လိုက်ပြီး ရင်းနှီးတဲ့ မျက်နှာ တစ်ခု ဖြစ်နေ ပြန်သည်။

​အလံလုပွဲ တိုက်ပွဲ မှာ လူအုပ် ထဲကနေ ဘုရင့် အလံ လုယူ ခဲ့တဲ့ နီဝူရွှမ်း ပဲ ဖြစ်သည်။

​သူမရဲ့ အော်ရာ ကို ကြည့် ရတာ ရွှေအူတိုင် အဆင့် ကို ရောက်ရှိ နေပြီ ဖြစ်သည်။

​မိုရှောင်ရှောင်း အလေးထား ခံရတာ အံ့ဩစရာ မဟုတ် ပေ။ တကယ် ထူးခြားလှ သည်။

​"ဒါက ကျွန်မတို့ ဒုတိယအကြိမ် ဆုံတာ ပဲနော် "

​နီဝူရွှမ်း က "ကျွန်မနဲ့ ရှင် ရဲ့ လက်ရှိ အဆင့်အတန်း က ကွာခြား နေ ပေမယ့် အခွင့်အရေး ရရင် ကျွန်မ ရှင် နဲ့ မျှမျှတတ တိုက်ခိုက် ချင်တယ်"

​"ရှင် သေချာပေါက် အားမနည်းဘူးလေ "

​ထန်ထျန်း အနည်းငယ် ပြုံး ကာ "အခွင့်အရေး ရရင် ပြောကြ တာပေါ့"

သူတို့​နှစ်ဦး အဆင့်အတန်း ကွာခြား တာကြောင့် ထပ် တိုက်ခိုက် ဖို့ အခွင့်အရေး တကယ် မရှိ ပေ။

​နီဝူရွှမ်း လည်း သိပ်မပြော ခဲ့ပေ။ နှုတ်ဆက် ပြီးနောက် မိုရှောင်ရှောင်း ရဲ့ နောက်ထပ် လက်အောက်ငယ်သား နှစ်ဦး ဘေးကို ပြန်သွား ခဲ့သည်။

​ဒါပေမဲ့ ထန်ထျန်း သတိပြန်ဝင် ဖို့ အချိန်မရသေး ခင်မှာ နောက်ထပ် အသံတစ်ခု အနောက် ကနေ ထွက်ပေါ် လာသည်။

​"မင်း က ထန်ထျန်း လား"

​ဒီ အသံ က အရမ်း မယဉ်ကျေး ပဲ ရန်လိုမှု အပြည့် ပင်။

​ထန်ထျန်း အနည်းငယ် မျက်မှောင်ကြုတ် ပြီး ကြည့် လိုက်သည်။

​အရင်က မိုရှောင်ရှောင်း သူ့ကို ပြောပြ ခဲ့တဲ့ နဝမ အဆင့် ခန္ဓာ ပိုင်ဆိုင်ထားတယ့် ခြင်္သေ့ ဘုရင်လေး ရှန်းကျဲ့ ဖြစ်နေ သည်

​ပင်မ တပည့် များစွာ သူ့ကို ဝန်းရံ ပြီး အတူတကွ လာခဲ့ ကြသည်။ ထန်ထျန်းကို ကြည့်တဲ့ မျက်လုံး တွေက အရမ်း ရန်လိုနေပြီး ပါရမီရှင် လူငယ် ဟွမ်ချုံး လည်း ပါလေ သည်။

​"ကိစ္စ ရှိလို့လား"

​ထန်ထျန်း ပေါ့ပေါ့ပါးပါး ပြောသည်။

​ရှန်းကျဲ့ အေးစက်စွာ နှာမှုတ် ပြီးနောက် ထန်ထျန်းကို အပေါ်အောက် စစ်ဆေး ကာ "မင်းက ငါ့ နေယက်လိုက် တပည့် တွေ ရဲ့ ဝင်ခွင့် ကို လုယူ ခဲ့တဲ့ ကောင် လား"

​"ဟီးဟီး အဲ့ဒါ မကောင်း ဘူးနော် "

​ထန်ထျန်း ချက်ချင်း နားလည် သွားသည်။

​သူတို့ ဒီလောက် ရန်လိုနေ တာက ဒါ ကြောင့် ကိုး။

​တကယ်တော့ စုစုပေါင်း ဝင်ခွင့် က ငါးဆယ် ခု ပဲ ရှိ ပြီး သတ်မှတ် ပြီးသားပင်။

​ထန်ထျန်း လမ်းတစ်ဝက် ကနေ ဝင်ရောက် ပြီး ငါးခု လုယူ ခဲ့သည်။ ဒီဝင်ခွင့် တွေ ဘယ်သူ့ ဆီကနေ ထွက်လာ တယ် ဆိုတာကို မှန်းဆ ကြည့်ပါ လား။

​အခြေအနေ ကို ကြည့် ရတာ ဂုဏ်ထူးဆောင်တပည့် ဘက် ကတော့ လုံးဝ မဟုတ် ပေ။

​"ဒီကိစ္စ မင်း ဝင်ခွင့် သတ်မှတ်တယ့် သူကို သွား ရှာသင့် တယ်။ ငါ့ကို မဟုတ်ဘူး"

​ထန်ထျန်းက ပြောသည်။

​ရှန်းကျဲ့ မျက်လုံး ပြူး သွားကာ "မင်း ကြောင့် မဟုတ်ရင် ငါတို့ ဘယ်လိုလုပ် ဝင်ခွင့် ငါးခု ဆုံးရှုံး မှာလဲကွ"

​"မင်းကို မရှာ လို့ ဘယ်သူ့ကို ရှာ ရမှာလဲ"

​ထန်ထျန်း မတတ်သာပဲ ခေါင်းခါလိုက် သည်။

​ဂုဏ်ထူးဆောင်တပည့် တွေနဲ့ ကြာကြာ ပေါင်းသင်း လွန်းလို့ ပင်မ တပည့် တွေရဲ့ လုပ်ရပ် ကို သူ ခဏတာ သိပ်မကြိုက် ခဲ့ပေ။

​ဒီ လူတွေ က ရိုးသား တဲ့ ပုံစံ နဲ့ ဘယ်သူ့ကို မကျေနပ်ရင် တည့် လုပ် ကြတယ်။ ချောင်းပြီး မတိုက်ခိုက် ဘူး။

​ဂုဏ်ထူးဆောင်တပည့် ရဲ့ စည်းမျဉ်း တွေနဲ့ ပြောရင် လုံးဝ အလုပ်မဖြစ် ဘူးလေ။

​"ဒါဆိုရင် မင်း ဘာလိုချင် လဲ"

​ထန်ထျန်း ပခုံးတွန့် လိုက်သည်။

​ရှန်းကျဲ့ အေးစက်စွာ နှာမှုတ် ကာ "စိတ်ချစမ်းပါ။ ဂိုဏ်း စည်းမျဉ်း တွေ ရှိနေ တာကြောင့် ငါ မင်းကို ဘာမှ လုပ်မှာ မဟုတ်ဘူး"

​"ငါ မင်းကို လာပြီး လုယူ ခဲ့သူ ဘယ်သူ လဲ ဆိုတာကို ကြည့် ဖို့ ပဲ လာခဲ့ တာ"

​" နဂါး အသွင်ပြောင်း ရေကန် ထဲဝင် ရင် မင်း အမြန်ဆုံး လျှို့ဝှက် တဲ့ ထောင့် တစ်နေရာ ရှာပြီး ပုန်းနေ တာ အကောင်းဆုံး ပဲ "

​"ငါ တွေ့သွား ရင် မင်း နဂါး စွမ်းအင် တစ်မျှင်တောင် မစုပ်ယူ နိုင်အောင် လုပ်ပစ် မယ်ကွ"

​ထန်ထျန်း တိတ်ဆိတ်နေကာ "အဲဒီအချိန် ကျရင် မင်း ငါ့ကို ဝေးဝေး ရှောင်ဖို့ ပဲ ငါ အကြံပေး ချင်တယ်"

​"ဒါက မင်းအတွက် ငါ့ရဲ့ သတိပေးချက် ပဲ"

​ရှန်းကျဲ့ ကြား ပြီးနောက် ကျယ်လောင်စွာ ရယ်လိုက်ပြီး ဆံပင် တွေ ရမ်းခါ နေသည်။

​"မင်း စိတ်ကူး ယဉ် နေတာပဲ"

​"ငါ ဒီနေ့ ဘာမှ မလုပ် နိုင် ရင်တောင် မင်းနောက်ကို ထပ်ကြပ်မခွာလိုက်ပြီး ဘာမှမရအောင် လုပ်ပစ်မယ်ကွ "

​"ဒါ့အပြင် မင်းရဲ့ နောက်လိုက် တချို့ က တကယ် ပဲ ကြောင်တွေ ခွေးတွေတောင် နဂါး အသွင်ပြောင်း ရေကန် ထဲကို ဝင် နိုင်တယ်ပေါ့ "

​"မင်းတို့ အားလုံး ဒီကနေ အခွင့်အရေး အနည်းငယ် တောင် ယူသွား ဖို့ မစဉ်းစား နဲ့"

​ပြောပြီးနောက် ရှန်းကျဲ့ နှာခေါင်း မြှင့် ပြီး ဟွမ်ချုံး တို့နဲ့ အတူ ပြန်သွား ခဲ့သည်။

​ထန်ထျန်း:...

​ယွင်ခုံး လို မြေခွေးအိုကြီး တွေနဲ့ အဆက်အသွယ် များလွန်း လို့ ရှန်းကျဲ့ လို လူငယ် မိုက်မဲတဲ့ ကောင် ကို ကြည့်ရတာ တော်တော် ချစ်စရာ ကောင်းလွန်းသည်။

​ဒါပေမဲ့ မင်း ကိုယ်တိုင် ဒုက္ခရှာ ချင်မှတော့ ငါ့ကို အပြစ် မတင်နဲ့။

​စဉ်းစား ပြီးနောက် ထန်ထျန်းက "လီဟုန်"

​" ဝင် ပြီးရင် မင်းတို့ အရင်ဆုံး ငါ့နောက်ကို လိုက်ခဲ့ ကြ။ ပြီးမှ အခြေအနေ ကို ကြည့် ပြီး ပြောကြ တာပေါ့"

​သူ ရှန်းကျဲ့ ကို မကြောက် တာ သေချာ ပေမဲ့ လီဟုန် တို့ကို ပစ်မှတ်ထား ခံရရင် နည်းနည်း ပြဿနာ ရှိနိုင် သည်။

​အချိန် ကြာလာတာနဲ့ အမျှ နဂါး အသွင်ပြောင်း ရေကန် အပေါ် ဖုံးအုပ် ထားတဲ့ ရွှေရောင် အလင်းဝင်ပေါက် က လျင်မြန်စွာ မှိန်ဖျော့ သွားသည်။

​နောက်ဆုံး အချိန်တစ်ခု အကြာ မှာ အလင်းဝင်ပေါက် လုံးဝ ပျောက်ကွယ် သွားသည်။

​တုံ့ပြန်မှု အနည်းငယ် မြန်တဲ့ သူတွေ ချက်ချင်း ခုန်ဆင်း ပြီး နဂါး အသွင်ပြောင်း ရေကန် ထဲကို ဝင်ရောက် ခဲ့ကြသည်။

​မျက်စိ တစ်မှိတ် အတွင်း လူဆယ်ဂဏန်း ရေထဲမှာ အားကုန် ကူးခတ် ပြီး နေရာကောင်း တစ်ခု ရှာဖွေ နေကြသည်ကို တွေ့မြင်ရ သည် ။

​ဒါကို တွေ့ တော့ ထန်ထျန်းလည်း အများကြီး မစောင့်ဆိုင်း တော့ဘဲ လီဟုန် တို့ ကို ခေါ် ပြီး နဂါး အသွင်ပြောင်း ရေကန် ထဲကို ခုန်ဆင်း လိုက်သည်။

All Chapters