နေရာ တစ်ခုလုံးကို လွှမ်းခြုံခြင်း
Vol. 6 Ch. 70
"ဘာ "
ရုတ်တရက် ဖြစ်ပေါ် လာတဲ့ လှုပ်ရှားမှု က ချက်ချင်း အပြင်ဘက် ကလူ တွေရဲ့ အာရုံစိုက်မှု ကို ဆွဲဆောင် လိုက်သည်။
"အဲဒါ... ထန်ထျန်း လား"
ချောက်ကမ်းပါး ပေါ်မှာ ရပ်နေ တဲ့ လူတွေ က ရှင်းရှင်းလင်းလင်း တွေ့ နိုင်တာက ခုနက ရှန်းကျဲ့ ဆီကို ဆွဲယူ ခဲ့တဲ့ နဂါး စွမ်းအင် က ရုတ်တရက် အကုန်လုံး ဦးတည်ရာ ပြောင်းလဲ သွားပြီး ထန်ထျန်း ပတ်ဝန်းကျင် မှာ စုဝေး နေကြ သည်။
ဒီလို အခြေအနေက တစ်ခုတည်း သာ ဖြစ်နိုင် သည်။
ထန်ထျန်းရဲ့ ခန္ဓာ အဆင့် က ရှန်းကျဲ့ ထက် တောင် ပိုမြင့် လို့ပဲ
"အရင်က သခင်လေးထန် မှာ ဒီလောက် အားကောင်းတဲ့ ခန္ဓာ ရှိတယ် လို့ ဘယ်တုန်းကမှ မကြား ဖူးဘူး မဟုတ် လား"
ကျင်းဟန် အနည်းငယ် အံ့အားသင့်ကာ ပြောသည်။
လုချန်းကျီက မျက်လုံး ကျဉ်းကာ "တကယ် မကြား ဖူး ဘူး"
"သူ့ရဲ့ ခွန်အား၊ ပါရမီ၊ ခန္ဓာ က အရင်က သာမန် တပည့် အပေါ်မှာပဲ ရှိနေ ခဲ့တာ"
ကျင်းဟန် သက်ပြင်းချ ကာ " ကျင့်ကြံခြင်း အရင်းအမြစ် လုံလုံလောက်လောက် ရှိရင်တောင် ကျင့်စဉ် နဲ့ အဆင့် ကို ပိုပြီး မြန်မြန် တိုးတက် စေရုံ ပဲ ဖြစ်စေမှာ မဟုတ်လား"
"အခု ကြည့်ရတာ ဒီလောက် ပဲ မဟုတ် သေးဘူး ထင် တယ်"
"ဒါက တကယ်ပဲ ..."
သူ ဆက်တိုက် သက်ပြင်းချ ကာ အမြဲတမ်း လူတွေ က ထန်ထျန်း ပိုင်ဆိုင်မှု တွေ အများကြီး ရ ခဲ့တယ် ဆိုတာကို ပဲ သိကြ သည်။ သူ့ရဲ့ ကိုယ်ပိုင် ခွန်အား ကို လျစ်လျူရှု ခဲ့ကြသည်။
ဒီနေ့ ရုတ်တရက် ပေါက်ကွဲမှု က လူတိုင်း အံ့အားသင့် စေခဲ့သည်။
ဒါပေမဲ့ လူတစ်ဦး ကတော့ ချွင်းချက် ပင်။
မိုရှောင်ရှောင်းက ပုံမှန် အမူအရာ နဲ့ ညင်သာစွာ ပြောသည်။ "သခင်လေးထန် ရဲ့ ခွန်အား ကို အမြဲတမ်း လျစ်လျူရှု ခံခဲ့ရတာပဲ"
"အရင်က အပြင်စည်း တပည့် အကဲဖြတ် တုန်းက ပြီးခါနီး အချိန်လေး မှာ သူ ဘုရင့် အလံ ရရှိ ခဲ့တဲ့ နီဝူရွှမ်း ကို ရှာတွေ့ ခဲ့တယ်"
"နီဝူရွှမ်း ဘုရင့် အလံ ကို မပေး ချင်ခဲ့ဘူး။ ဒါကြောင့် ထန်သခင်လေး နဲ့ ခဏ တိုက်ခိုက် ခဲ့တယ်"
"ဒါပေမဲ့ သူမ အစွမ်းကုန် ကြိုးစား ခဲ့တာတောင် ဘာမှ အကျိုး မရှိ ခဲ့ဘူး။ သခင်လေးထန် လက်ဝှေ့ယမ်း လိုက်ရုံနဲ့ တိုက်ခိုက်မှု ကို ပယ်ဖျက် ခဲ့ပြီး အလံ ကို အလွယ်တကူ ယူသွား ခဲ့တာ"
လူတွေ လှမ်းကြည့် ကြပြီး သူတို့ရဲ့ မျက်လုံး ထဲက အံ့အားသင့် ပုံ က ပိုပြီး ပြင်းထန် လာသည်။
သူတို့ ဒီကိစ္စ ကိုလည်း ကြားဖူး ကြသည်။
ဒါပေမဲ့ လူတွေ ပြောနေ တာက ထန်ထျန်း ဝိညာဉ် ကျောက်စိမ်း သန်းတစ်ရာ ဆုကြေး ထုတ် ခဲ့ပြီး အလံလုပွဲ တိုက်ပွဲ ကို ပိုပြီး ပျော်စရာ ဖြစ်စေ ခဲ့တယ်။ နောက်ဆုံး မှာ သူ အနိုင်ရခဲ့လေသည်။
ဒါပေမဲ့ မိုရှောင်ရှောင်း ပြောတဲ့ ကိစ္စ ကို ဘယ်သူမှ မပြော ခဲ့ကြပေ။
"သခင်လေးထန်... တကယ် နက်နက်နဲနဲ ဖုန်း ထားတာ ပဲ"
"ငါ တို့ အကုန်လုံး ကို လှည့်စား ခဲ့တယ်"
ကျင်းဟန် ညင်သာစွာ ပြောနေ ပေမဲ့ သူ့ရဲ့ အကြည့် က ယွင်ခုံး ဘက်ကို ရည်ရွယ်ချက် ရှိရှိ ကြည့်နေ သည် ။
ဂိုဏ်း အကြီးအကဲ ကြီး အနည်းငယ် မျက်မှောင်ကြုတ် သွားပြီး "ယွင်ခုံး ၊ ဒီလောက် ထူးချွန်တဲ့ တပည့် တစ်ဦးက ဘာလို့ ဂုဏ်ထူးဆောင်တပည့် ဖြစ်နေ ရတာလဲ"
ယွင်ခုံး ချက်ချင်း ချွေးတွေ ထွက်လာပြီး အလျင်အမြန် ပြောသည်။ "ကျွန်တော် ပေါ့ဆ ခဲ့မိပါတယ်"
"သခင်လေးထန်က အမြဲတမ်း သိုသိုသိပ်သိပ် နေ တယ်။ သူ့ရဲ့ ပါရမီ ကို မထုတ်ပြ ခဲ့ဘူး။ ဒါကြောင့် ဘယ်သူမှ ဒီကိစ္စ ကို သတိမထားမိ ခဲ့ကြတာပါ "
အကြီးအကဲ ကြီး ပေါ့ပေါ့ပါးပါး နှာမှုတ် ကာ "အခြားသူတွေ ပါရမီ ထုတ် ပြ မှ သတိထားမိ တာလား"
"အဲဒီလို ဆိုရင် မင်းတို့ လို စီမံ သူ တွေက ဘာလုပ် နေကြ တာလဲ"
"ဒီနှစ်တွေ အတွင်း ဂိုဏ်း က လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက် နေပေမယ့် အခြေအနေ က ဖြည်းဖြည်းချင်း လွဲမှား လာတယ်"
"ပါရမီ ထူးချွန်တဲ့ တပည့် အချို့ ကို ဖုံးကွယ် ထားတယ်။ တမင်တကာ ဖျက်ဆီး ခံရတဲ့ ကိစ္စ တွေကို ငါ အများကြီး ကြားနေ ရတယ် "
"မင်း လို ဂိုဏ်းချုပ် တစ်ဦးကို သေချာ ပြန် စဉ်းစား သင့်ပြီ"
အကြီးအကဲ ကြီး ရဲ့ ပြစ်တင်ရှုတ်ချမှု ကို ရင်ဆိုင် ရတဲ့အခါ ယွင်ခုံး ဆက်တိုက် အပြစ်ရှိ ကြောင်း ဝန်ခံနေ သည်။
ဒီနှစ်တွေ အတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှု အတွက် တကယ် အတွင်းပိုင်း ပြဿနာ များစွာ ဖြစ် ခဲ့သည်။
ယွင်ခုံး ပြစ်တင်ရှုတ်ချ ခံနေ ရတာကို ကြည့်ပြီး ကျင်းဟန် မျက်လုံး မလှုပ် ခေါင်းမလှုပ် ပေမယ့် သူ့နှုတ်ခမ်း ထောင့် မှာတော့ အပြုံး ဖျော့ဖျော့ တစ်ခု ပေါ်လာ ခဲ့သည်။
အခြား သူတွေက လည်း ဒီအတိုင်း ပဲ သူတို့နဲ့ မဆိုင်သလို ပင်။
ဒီအကြီးအကဲတွေ ကြားက ဆက်ဆံရေး က လူတွေ ထင်ထား သလို မပြေလည် ကြပေ။
ခဏတာ ဖြစ် ပြီးနောက် လူတွေ အာရုံ ကို နဂါး အသွင်ပြောင်း ရေကန် ထဲကို ပြန် ထားလိုက်ကြသည်။
ဒီအချိန် မှာ နဂါး ရေကန် အလယ်ပိုင်း နေရာ တစ်ခုလုံး နီးပါး ထဲက နဂါး စွမ်းအင် အားလုံး ထန်ထျန်း ဆီကို ဆွဲယူ ခံလိုက်ရသည်။
နဂါး စွမ်းအင် ရဲ့ ပြောင်းလဲမှု ကို ခံစား ပြီး ရှန်းကျဲ့ ချက်ချင်း မူလနေရာ မှာ ကြောင်အကာ ရပ်နေ ခဲ့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ"
ရှန်းကျဲ့ရဲ့ မျက်နှာ တစ်ခုလုံး မယုံကြည်နိုင် ဖြစ်နေသည်။ သူက နဝမ အဆင့် ခန္ဓာ ပိုင်ဆိုင်ထားပြီး ချင်းယွဲ့ ဂိုဏ်း တစ်ခုလုံး မှာ အလွန် ရှားပါးတဲ့ တည်ရှိမှု လေ။ ဘာလို့ ဂုဏ်ထူးဆောင်တပည့် တစ်ဦး ကို ရှုံးနိမ့် ရတာလဲ။
သို့မဟုတ် ထန်ထျန်း မှာ ဒီလောက် အင်အားကြီးတယ့် ခန္ဓာရှိနေ ရင် ဘာလို့ ဂုဏ်ထူးဆောင်တပည့် ဖြစ်ဖို့ ရွေးချယ် ခဲ့တာလဲ။
"ငါ မယုံ ဘူး"
ရှန်းကျဲ့ ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ် ကာ "မင်း လှည့်စား နေတာ "
"မင်း အင်မော်တယ်ပစ္စည်းတစ်ခုခု ကို သုံး နေ တာ မဟုတ် ဘူး လား။ မင်း လို ကောင် မျိုး က ဒီလို အရာမျိုး သေချာပေါက် ရှိမှာပဲ "
"ဟမ့်၊ ငါ မင်းကို ပြောလိုက် မယ်။ အသုံးမဝင် ဘူးကွ"
"အကြွင်းမဲ့ ခွန်အား ရှေ့မှာ ဘယ် အရာ က မှ ကြာရှည် ခံနိုင် မှာ မဟုတ်ဘူး"
"နဂါး စွမ်းအင်၊ အကုန်လုံး ငါ့ဆီ ပြန်လာ ကြစမ်း"
သူ ကျယ်လောင်စွာ အော်ဟစ် ကာ သူ့ခေါင်းပေါ်က ဆံပင် တွေ လေထဲ ဝဲ နေပြီး အရင်ကထက် ပိုပြီး အားကောင်းတဲ့ အော်ရာ တစ်ခု ပေါက်ကွဲ ထွက်လာသည်။ နဂါး ရေကန် ကို လွှမ်းခြုံ သွားသည်။
"ဝါးမျိုခြင်း ခြင်္သေ့ လျှို့ဝှက်ကျင့်စဉ် "
နဂါး ရေကန် ထဲမှာ လူတွေက ငိုယိုနေ ကြသည်။
ထို့နောက် အလျင်အမြန် ဒီနေရာ ကနေ ပိုပြီး ဝေးရာကို ထပ် ထွက်သွား ကြသည်။
အမွေအနှစ် လျှို့ဝှက်ကျင့်စဉ် ရဲ့ စွမ်းအား ကို သူတို့ မမြင်ဖူး ရင်တောင် ကြားဖူး ကြသည်။ ရှန်းကျဲ့ လုံးဝ ရူးသွပ် သွားရင် နဂါး ရေကန် ရဲ့ တစ်ဝက် လောက် နဂါး စွမ်းအင် သူ့ရဲ့ လုယူသွား မည် ဖြစ်သည်။
ဒါပေမဲ့ သူတို့ကို ပိုပြီး အံ့အားသင့် စေတာက ထန်ထျန်း ဘာလုပ် ခဲ့တာလို့ ရှန်းကျဲ့ ကို အမွေအနှစ် လျှို့ဝှက်ကျင့်စဉ် တောင် အသုံးပြု စေခဲ့တာလဲ
ဒါ့အပြင် ဒီလို ဖြစ်နေ ပေမယ့် ထန်ထျန်း မှာ ကြောက်ရွံ့မှု မရှိ ပေ။
သူက ဘာကို အားကိုး နေတာလဲ။
ဝါးမျိုခြင်း ခြင်္သေ့ လျှို့ဝှက်ကျင့်စဉ် ရဲ့ သက်ရောက် မှု ကြောင့် ထန်ထျန်း သူ့ဆီကို စုဝေး လာတဲ့ နဂါး စွမ်းအင် အနည်းငယ် နှေးကွေး သွားသည်ကို တကယ် ခံစား ရသည်။
ရှန်းကျဲ့ နဲ့ တော်တော်လေး နီးစပ် တဲ့ အချို့ စွမ်းအင် တွေက သူ့ ဆီကို ဖြည်းဖြည်းချင်း ရွေ့လျား နေသည်။
ဒီအခြေအနေ က ရှန်းကျဲ့ ကို စိတ်ထဲမှာ အလွန် ပျော်ရွှင် စေပြီး အမွေအနှစ် လျှို့ဝှက်ကျင့်စဉ် ကို အမြင့်ဆုံး အထိ မြှင့်တင်လိုက် သည်။ ထန်ထျန်းကို ကြည့်တဲ့ အကြည့် ကလည်း ပြောင်းလဲ သွားပြီး ရန်စ သည်။ "မင်း တတ်နိုင် သေး လားကွ"
ထန်ထျန်း အနည်းငယ် ခေါင်းခါ သည်။
ဆိုးသွမ်းတဲ့ ကလေး က တစ်ခါတစ်ရံ ချစ်စရာ ကောင်းသည် ဟု ခံစား ရ ဒါပေမဲ့ မင်းရှေ့မှာ ဆက်တိုက် ခုန်ပေါက် နေရင် မင်း သူ့ကို ကန်ထုတ် ချင်စိတ် ဖြစ်လာမည်ပင်။
အခွင့်အရေး နည်းနည်းလေး ပြန်ရ တာနဲ့ ရန်လာစပါလေရော
ခုနက ထန်ထျန်း က အစားကြူး ခန္ဓာ ရဲ့ စွမ်းအား ကို ပဲ စမ်းသပ် ကြည့် တာ ဖြစ်သည်။
ဆယ်ပုံ တစ်ပုံ တောင် ခွန်အား မသုံးရ သေးပေ။
အမွေအနှစ် အစားကြူး လျှို့ဝှက်ကျင့်စဉ် ကိုလည်း လုံးဝ မသုံး ရသေး ပေ။
ထန်ထျန်း သူ့ကို ဂရုမစိုက် တော့ဘဲ စိတ်ထဲက လှုပ်ရှားမှု တစ်ခု နဲ့ အစားကြူး ခန္ဓာ ကို လုံးဝ လွှတ်ထုတ် လိုက်သည်။
ချက်ချင်း ကြောက်မက်ဖွယ် စွမ်းအင် လေမုန်တိုင်း တစ်ခု က နဂါး အသွင်ပြောင်း ရေကန် တစ်ခုလုံး ကို လွှမ်းခြုံ သွားသည်။
ခုနက နည်းနည်းလေး နှေးကွေး သွားတဲ့ နဂါး စွမ်းအင် က ချက်ချင်း သူ့ဆီ ကို လာနေရာမှ ထန်ထျန်း ဘက်ကို ဦးတည် ပြီး အလျင်အမြန် တိုးဝင် လာသည်။
ရှန်းကျဲ့ ဘယ်လောက် ကြိုးစား ကြိုးစား နည်းနည်းလေးတောင် သက်ရောက်မှု တောင် မရှိ ပေ။
အင်မော်တယ် အဆင့် ခန္ဓာ နဲ့ နဝမ အဆင့် ခန္ဓာ ကြားက ကွာခြားချက် က ဒီအချိန် မှာ လုံးဝ ပေါ်လွင် သွားသည်။
ဒီအချိန် မှာ ရှန်းကျဲ့ တစ်ဦးတည်း သာမက နဂါး ရေကန် ရဲ့ အခြား နေရာ တွေက တပည့် တွေပပါ ကြောင်အ သွား ကြသည်။
ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဘေးနား က နဂါး စွမ်းအင် တွေတောင် တဖြည်းဖြည်း ထန်ထျန်း ဆီကို စုဝေး သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစား နိုင်သည် ။
ဒါကို တွေ့ တော့ ထန်ထျန်း ဖြေလျှော့ပြီး အစားကြူး လျှို့ဝှက်ကျင့်စဉ်ကို တန်း သုံး လိုက်သည်။
နောက်တစ်ခဏမှာ နဂါး ရေကန်က ချက်ချင်း ဆူပွက် လာသည်
ရေကန် ရေ များစွာ က ရွှေရောင် မြစ် လို ဖြစ် လာပြီး ထန်ထျန်း ဆီကို တဟုန်ထိုး တိုးဝင်လာသည်။
ရွှေရောင် ရေကန် ရေ တောင် ချက်ချင်း ကြည်လင် သွားသည်။
လူတွေ အားလုံး ကြောင်အ သွား ကြသည်။
သူတို့ ဘေးနားက ရေကြည် ကို ကြည့်ပြီး တစ်ခဏ အတွင်း မျက်ရည်ကျ ချင်လာကြသည်။ ငါ အခွင့်အရေး ရှာဖို့ လာခဲ့တာ။ တကယ် ရေကူး ဖို့ လာခဲ့တာ မဟုတ်ဘူးလေ
ဒါပေမဲ့ သူတို့ ဘာမှ မတတ်နိုင် တော့ပေ။ ဘာလို့လဲဆိုတော့ ဒီနေရာ ရဲ့ စည်းမျဉ်း က ခန္ဓာ အားကောင်း သူ က အားသာလေသည်။
လူတိုင်း ရဲ့ ရှုပ်ထွေးတဲ့ အကြည့် ကို ခံစား ပြီး ထန်ထျန်း တိတ်ဆိတ် သွားသည်။
ဒီတစ်ကြိမ် မှာ သူ့ရဲ့ စစ်မှန်တဲ့ ခွန်အား ကို ဖော်ထုတ် လိုက်ပြီပင်။
ဒါပေမဲ့ ဒါက သူ ပြင်ဆင် ထားတဲ့ အရာ ဖြစ်သည်။
ဒီနေရာ က ကျင့်ကြံခြင်း လောက ဖြစ်ပြီး ဂုဏ်ထူးဆောင်တပည့် အဆင့်အတန်း နဲ့ နေထိုင် တာက အဆင်ပြေ ပေမယ့် စစ်မှန်တဲ့ ကျင့်ကြံခြင်း လောက ထဲကို ဘယ်လိုမှ ဝင်ရောက် လို့ မရနိုင်ပေ။
အရင်က ခွန်အား လည်း အားနည်း၊ အဆင့်အတန်းလည်း မရှိပေ။ထပ် ပြောစရာကို မလိုပေ။
အခု ရွှေအူတိုင်အဆင့်ကို ရောက်ရှိ ပြီး ချင်းယွဲ့ ဂိုဏ်း အမြင့်ပိုင်း ထဲကို ဝင်လာခဲ့သည်။ဒါကြောင့် နည်းနည်းလေး ပြောင်းလဲ ဖို့ လိုလာ သည်။
ဒါ့အပြင်
အင်မော်တယ် ခန္ဓာ က သူ့ရဲ့ လက်ရှိ လျှို့ဝှက်ကတ်တွေ ရဲ့ ရေခဲတောင် တစ်စိတ်တစ်ပိုင်း မျှသာ ...