တောင်တောထဲက အိမ်အိုကြီး
Vol. 88 Ch. 1245
လူသူကင်းမဲ့နေသော တောင်ပေါ်လမ်းမထက်တွင် ရပ်နေသည့် စက္ကူရုပ်သည် လျိုစန်း အစစ် မဟုတ်ပေ။ သူ့ပုံတူ စက္ကူရုပ် တစ်ရုပ်သာ ဖြစ်သည်။
လျိုစန်း၏ စက္ကူရုပ်များနှင့် ရင်ဆိုင်ရသောအခါ ယန်ကျန့်သည် ဘယ်ဟာ အစစ် ဘယ်ဟာ အတု ဆိုတာ ခွဲခြားနိုင်ခြင်း မရှိပေ။
သို့သော် အစစ်ဖြစ်စေ အတုဖြစ်စေ စက္ကူရုပ် အားလုံးကို လျိုစန်း ထိန်းချုပ်ထားခြင်း ဖြစ်သည်။
"ယန်ကျန့်... ဒီအထိ ရောက်လာခိုင်းမိတဲ့အတွက် တကယ် တောင်းပန်ပါတယ်"
သူ့ရှေ့က လျိုစန်း စက္ကူရုပ်က အားနာသံဖြင့် ပြောလိုက်သည်။
"မင်း မြင်တဲ့အတိုင်းပဲ ငါ့ဘက်မှာ ပြဿနာလေး တစ်ခု ဖြစ်နေတယ် စက္ကူရုပ်တွေ အကုန် သုံးပစ်လိုက်ပြီ ပြဿနာ မရှင်းနိုင်တဲ့အပြင် မတော်တဆမှုနဲ့ပါ ထပ်ကြုံလိုက်ရသေးတယ် အခု ငါ့စက္ကူရုပ်တွေ အကုန်လုံး တောထဲမှာ ဟိုတစ်စ ဒီတစ်စနဲ့ လှုပ်ရှားလို့ မရတော့ဘူး"
ပြောပြီးနောက် သူ့ခြေထောက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ငါ မလှုပ်ရှားနိုင်တော့ဘူး"
"သဘာဝလွန် ကျိန်စာမိပြီး နေရာမှာတင် ရပ်နေရတာလား"
ယန်ကျန့်က မေးလိုက်သည်။
လျိုစန်းက ပြန်ဖြေသည်။
"ပြီးခဲ့တဲ့ တစ်ခေါက် ငါတို့ ပြောခဲ့တဲ့ စကားဝိုင်းနဲ့ သက်ဆိုင်နေတယ် တရုတ်သမ္မတနိုင်ငံခေတ်က ငါ့နယ်မြေမှာ ရင်ခွဲရုံတစ်ခု ရှိခဲ့တယ်လို့ ငါ ပြောပြဖူးတာ မင်း မှတ်မိသေးလား အဲဒီနေရာက စွန့်ပစ်ထားတာ ကြာပြီ ဆိုပေမယ့် အနီးနားမှာ နေတဲ့သူတွေကတော့ အဲဒီမှာ အဘိုးကြီးတစ်ယောက် နေတယ်ဆိုတာ သိကြတယ် သူ့မှာ နာမည် မရှိဘူး ဒေသခံတွေက သူ့ကို 'အလောင်းစောင့်သူ' လို့ပဲ သိကြတယ်"
"တရုတ်သမ္မတနိုင်ငံခေတ်က သဘာဝလွန် ကောလာဟလ တချို့က ငါ့သိချင်စိတ်ကို နှိုးဆွလိုက်တာနဲ့ ငါ အဲဒီ အလောင်းစောင့်သူ အကြောင်း စုံစမ်းတော့တာပဲ နောက်ဆုံးတော့ သဲလွန်စ တချို့ တွေ့လာတယ်"
"ဒီတောင်ပေါ်မှာ သစ်သားအိမ်အိုကြီး တစ်လုံး ရှိတယ် အဲဒါက အဲဒီ အလောင်းစောင့်သူ နောက်ဆုံး နေသွားခဲ့တဲ့ နေရာပဲ"
ယန်ကျန့် နားထောင်ရင်း ဆက်ပြောဖို့ စောင့်နေလိုက်သည်။
လျိုစန်းက ဆက်ပြောသည်။
"ဒါပေမဲ့ အဲဒီ အိမ်အိုကြီးထဲ ငါ ဝင်သွားတော့ သဘာဝလွန် အရာတစ်ခုရဲ့ တိုက်ခိုက်တာ ခံလိုက်ရတယ် ငါ အိမ်ထဲမှာ ပိတ်မိသွားပြီး စစ်ကူလွှတ်လိုက်တဲ့ စက္ကူရုပ်တွေလည်း ထိခိုက်ကုန်ကြတယ် တစ်ခုပြီးတစ်ခု လှုပ်ရှားလို့ မရတော့ဘူး... ငါ ထင်တာတော့ အဲဒီ အိမ်အိုကြီးက ထောင်ချောက်ပဲ အနားကပ်လာတဲ့ ဘယ်သူမဆို အန္တရာယ်နဲ့ ကြုံရလိမ့်မယ်"
"ဒါပေမဲ့ အိမ်ကြီးက တောနက်ထဲမှာ ဝှက်ထားတာလေ လူသူအရောက်အပေါက် နည်းတယ် ငါ ထင်တာတော့ ဒီထောင်ချောက်က အလောင်းစောင့်သူကို လိုက်ရှာမယ့်သူတွေ အတွက် သီးသန့် ဆင်ထားတာ ဖြစ်မယ် ဒါပေမဲ့ ငါ့မှာ သက်သေ မရှိဘူး အဆက်အသွယ် ပြတ်နေတာ ကြာပြီဆိုတော့ အိမ်ထဲမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ သေချာ မသိရဘူး"
"ဒါဆို မင်းက ဒီလောက် သတိထားပြီး စက္ကူရုပ်တွေ အများကြီး သုံးတာတောင် မအောင်မြင်ဘူးပေါ့"
တောထဲတွင် ငြိမ်သက်စွာ ရပ်နေသော ထူးဆန်းသည့် စက္ကူရုပ်များကို ယန်ကျန့် လှမ်းကြည့်လိုက်သည်။
ရှင်းနေတာကတော့...
လျိုစန်းက ကြိုတင် ပြင်ဆင်ထားခဲ့တာ ဖြစ်သည်။ အလောင်းစောင့်သူကို ရှာဖို့အတွက် စက္ကူရုပ် အလုံအလောက် ယူလာခဲ့သည်။
လျိုစန်းက ပြောလိုက်သည်။
"ငါ အခြေအနေကို လျှော့တွက်မိသွားတယ် အိမ်အိုကြီးထဲ ဝင်သွားတဲ့ စက္ကူရုပ် တချို့ အဆက်အသွယ် ပြတ်သွားပြီးနောက် ငါကိုယ်တိုင် ဝင်သွားမိတယ် အိမ်ကြီးက ထူးဆန်းနေပေမယ့် ငါ ဘာအန္တရာယ်မှ မခံစားမိဘူး အခု ပြန်စဉ်းစားကြည့်မှ ငါ့ရဲ့ သဘာဝလွန် အာရုံခံစားမှုတွေက နှောင့်ယှက်ခံလိုက်ရပြီး ငါ့ဆုံးဖြတ်ချက်တွေ မှားယွင်းသွားစေတာ ဖြစ်မယ်"
"အိမ်အိုကြီးက ဘယ်မှာလဲ စောစောက ငါ့တစ္ဆေနယ်မြေနဲ့ ဒီဧရိယာကို ဖုံးလွှမ်းခဲ့ပြီးပြီ မင်းပြောတဲ့ အိမ်အိုကြီးကို မတွေ့မိပါဘူး"
ယန်ကျန့် မေးလိုက်သည်။
"နေရာမှန်ကို ရောက်ဖို့အတွက် လမ်းကြောင်းမှန် လိုအပ်တယ် ဒါက သဘာဝလွန် ဧရိယာ ဖြစ်နေလို့ တစ္ဆေနယ်မြေနဲ့ မမြင်ရတာပါ ငါ့လမ်းညွှန်မှုအတိုင်း လိုက်လာခဲ့ရင် အိမ်အိုကြီးကို တွေ့ပါလိမ့်မယ်"
လမ်းဘေးတွင် ရပ်နေသော လျိုစန်းက ကုန်းမြင့်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
ယန်ကျန့် မော့ကြည့်လိုက်ပြီး ချက်ချင်း ထွက်ခွာလိုက်သည်။ လျိုစန်း လမ်းညွှန်သည့်အတိုင်း ကုန်းမြင့်ပေါ် တက်ပြီး တောထဲသို့ ဝင်သွားလိုက်သည်။
တောက ထူထပ်ပြီး ချုံနွယ်ပိတ်ပေါင်းများ ပြည့်နှက်နေသော်လည်း ဒါတွေက သူ့အတွက် အတားအဆီး မဖြစ်ပေ။
တစ္ဆေအရိပ်က ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားပြီး သစ်ပင်ချုံနွယ်များကို ရှင်းလင်းလမ်းဖွင့်ပေးလိုက်သည်။
ခဏလောက် လျှောက်ပြီးနောက်...
သစ်ပင်တစ်ပင် နောက်ကွယ်တွင် နောက်ထပ် စက္ကူရုပ် တစ်ရုပ် ရှိနေသည်။ လက်ဆန့်တန်းပြီး ဘယ်ဘက်ကို ညွှန်ပြနေသည်။
"ဒီဘက်ပါ ယန်ကျန့်"
စက္ကူရုပ်က လျိုစန်း အသံဖြင့် ပြောလိုက်သည်။
ယန်ကျန့် လမ်းကြောင်းပြောင်းပြီး ဆက်လျှောက်သွားသည်။
ဘယ်ဘက်သို့ ခဏလောက် လျှောက်သွားပြီးနောက် သစ်ကိုင်းပေါ်တွင် ရပ်နေသော စက္ကူရုပ် တစ်ရုပ်ကို တွေ့လိုက်ရပြန်သည်။ လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ဒီလမ်းအတိုင်းပါ"
ယန်ကျန့် ခေါင်းညိတ်လိုက်ပြီး ညွှန်ပြတဲ့ လမ်းကြောင်းအတိုင်း ဦးတည်ချက် ပြောင်းလိုက်ပြန်သည်။
ထင်ရှားသည်မှာ လျိုစန်း အိမ်အိုကြီးဆီ သွားတုန်းက အရမ်း သတိထားခဲ့ပုံ ရသည်။ အရာအားလုံး သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေစေဖို့ အကွာအဝေး တစ်ခုစီမှာ စက္ကူရုပ် တစ်ရုပ်စီ ချန်ထားခဲ့သည်။
မကြာမီမှာပင်...
တောထဲရှိ စက္ကူရုပ်များ၏ လမ်းညွှန်မှုအောက်တွင် ယန်ကျန့်သည် မသိလိုက်ဘာသာဖြင့် ထူးဆန်းသော လမ်းကလေး တစ်ခုပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရွှံ့ဝါလမ်းကလေး တစ်ခု ဖြစ်သည်။ ခြေလှမ်းလှမ်းလိုက်တိုင်း ရွှံ့များက ကပ်ပါလာသည်။
"ဒါ သာမန် ရွှံ့ဝါတွေ မဟုတ်ဘူး သဘာဝလွန် အငွေ့အသက် ပါနေတယ် ကြားခံနယ် တစ်ခုလိုပဲ ဒီရွှံ့ဝါလမ်းကို နင်းမိမှသာ နေရာမှန်ကို ရောက်နိုင်မှာ ဒီလမ်းမရှိရင် ဘယ်လိုလျှောက်လျှောက် ရောက်မှာ မဟုတ်ဘူး"
ယန်ကျန့် အောက်ကို ငုံ့ကြည့်ပြီး စဉ်းစားလိုက်သည်။
အရင်တုန်းက ဒီလို ရွှံ့ဝါလမ်းမျိုး သူ ကြုံဖူးသည်။
တစ္ဆေစာပို့တိုက် ဖြစ်ရပ်တုန်းကပေါ့။ သဘာဝလွန် ဘတ်စ်ကားစီးပြီး အိမ်အိုကြီး တစ်လုံးဆီ စာသွားပို့တုန်းက တောထဲကို ဦးတည်သွားနေတဲ့ ရွှံ့ဝါလမ်း တစ်ခု ရှိခဲ့ဖူးသည်။ လမ်းဆုံးမှာ ကြောက်စရာကောင်းတဲ့ ဂူဟောင်းကြီးတွေ ရှိနေခဲ့တာလေ...
အဲဒီအတွေ့အကြုံကို ပြန်စဉ်းစားမိတော့ ယန်ကျန့် ကြက်သီးထသွားသည်။
ဒါပေမဲ့ အရင်တုန်းက ကြုံခဲ့ရတဲ့ အန္တရာယ်တွေနဲ့ မတူဘဲ...
ဒီလမ်းပေါ်မှာ ဘာအန္တရာယ်မှ မရှိပေ။
ရွှံ့ဝါလမ်း တစ်လျှောက် အကွာအဝေး တစ်ခုစီမှာ လျိုစန်း၏ စက္ကူရုပ်များ ရပ်နေကြသည်။
"ရှေ့နားလေးမှာပါ ယန်ကျန့်... သတိထားပါ"
လျိုစန်း၏ စက္ကူရုပ်က ဆက်တိုက် သတိပေးနေသည်။ အမှားအယွင်း မရှိစေရန် ယန်ကျန့်ကို သတိထားဖို့ တိုက်တွန်းနေသည်။
လျိုစန်း၏ ထပ်တလဲလဲ သတိပေးမှုများကို ယန်ကျန့် နားငြီးသည်ဟု မထင်ပေ။ အကြံဉာဏ်ကို လက်ခံပြီး အလွန် သတိထားကာ လှုပ်ရှားလိုက်သည်။
ရွှံ့ဝါလမ်းအတိုင်း ဆက်လျှောက်လာရာ ပတ်ဝန်းကျင်ရှိ သစ်ပင်များက ပိုပြီး ထူးဆန်းလာသည်။ အလင်းရောင်လည်း မှိန်ဖျော့လာသည်။ အချိန်တိုလေး အတွင်းမှာပင် ပတ်ဝန်းကျင် အခြေအနေ လုံးဝ ပြောင်းလဲသွားပြီး မသိနားမလည်သော ထူးဆန်းသည့် နေရာတစ်ခုသို့ ရောက်ရှိသွားသည်။
မကြာမီ...
ယန်ကျန့် ခြေလှမ်း ရပ်တန့်လိုက်သောအခါ သူ ရောက်ရှိနေပြီ ဖြစ်သည်။
သစ်သားအိမ်အိုကြီး တစ်လုံး သူ့ရှေ့တွင် ရှိနေသည်။ သိပ်မကြီးဘဲ နှစ်ထပ်အိမ် ဖြစ်သည်။ သစ်သားများက မီးခိုးရောင် သန်းနေပြီး ရာသီဥတုဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသကဲ့သို့ ဟောင်းနွမ်းနေသည်။
ဒီလို အိမ်အိုကြီးမျိုးတွေက တောင်ပေါ်ဒေသတွေမှာ မရှားပါဘူး။ ဝေးလံခေါင်သီတဲ့ နေရာတော်တော်များများမှာ ဒီလိုအိမ်မျိုးတွေ ရှိတတ်ပြီး တချို့အိမ်တွေမှာ လူတောင် နေကြသေးသည်။
"ယန်ကျန့်"
အိမ်အိုကြီး၏ ဝင်ပေါက်တွင် လျိုစန်း၏ စက္ကူရုပ် တစ်ရုပ် ရှိနေသည်။ မလှုပ်မယှက် ရပ်နေပြီး အိမ်ထဲ မဝင်ရသေးသဖြင့် အဆက်အသွယ် မပြတ်သေးခြင်း ဖြစ်သည်။
"ဒီသစ်သားအိမ်အိုကြီးက မင်းကို အထဲမှာ ပိတ်လှောင်ထားတာလား"
ယန်ကျန့် မျက်မှောင်ကြုတ်လိုက်သည်။ သူ့တစ္ဆေမျက်လုံးများက ရှေ့ရှိ အရာအားလုံးကို ဖောက်ထွင်းကြည့်ရှုရန် ကြိုးစားလိုက်သည်။
သံသယ ဖြစ်စရာ မလိုပေ။
သစ်သားအိမ် အတွင်းတွင် သဘာဝလွန် စွမ်းအားက အမှန်တကယ် ဝင်ရောက်စွက်ဖက်နေပြီး သူ့တစ္ဆေမျက်လုံးများ ထောက်လှမ်းခြင်းကို ပိတ်ဆို့ထားသည်။
"ငါ့အမြင်အရဆိုရင် အထဲက ငါ့မှာ ဘာပြဿနာမှ ရှိမယ် မထင်ပါဘူး ဒါပေမဲ့ ဒီကိစ္စတွေကို ဖြေရှင်းဖို့က အချိန်လိုတယ် ဒါကြောင့် ဌာနချုပ် အစည်းအဝေးကို မတက်ချင်လို့ မဟုတ်ပါဘူး တကယ်ကို မအားလို့ပါ"
လျိုစန်း သက်ပြင်းချလိုက်သည်။
"ငါ သံသယရှိတာက အဲဒီ အလောင်းစောင့်သူက ဒီအိမ်အိုကြီးထဲမှာ သေသွားလောက်ပြီ ပြီးတော့ တစ္ဆေကလည်း နိုးထလာပြီးပြီ ဖြစ်မယ် အထဲက ငါက အဲဒီတစ္ဆေနဲ့ ပတ်သက်မိနေတာ ဖြစ်လောက်တယ်"
"ငါ ဒီမှာ အချိန်ဖြုန်းနေလို့ မရဘူး ငါ အထဲဝင်ပြီး မင်းကို ခေါ်ထုတ်မယ် ဒီက သဘာဝလွန် ဖြစ်ရပ်ကိုတော့ နောက်မှ မင်းဘာသာ ပြန်လာရှင်းတော့"
ယန်ကျန့်က ပြောလိုက်သည်။
"ဒါဆို လုံလောက်ပါပြီ ကျေးဇူးပါပဲ"
ဝင်ပေါက်ရှိ စက္ကူရုပ်က ပြောလိုက်သည်။
ယန်ကျန့် စကားအများကြီး မပြောတော့ဘဲ သူ့ခြေထောက်အောက်တွင် ရေကွက်များ ပေါ်လာစေလိုက်သည်။ မကြာမီ ထိုရေကွက်များ ကြီးမားလာပြီး နက်ရှိုင်းသော ရေကန်ကြီး တစ်ခုအသွင် ပြောင်းသွားသည်။
နောက်တစ်ခဏတွင်...
ရေများ လှုပ်ရှားသွားသည်။
ရွှေရောင် အက်ကွဲနေသော လှံရှည် တစ်ချောင်း အပေါ်သို့ ပစ်တင်လိုက်သကဲ့သို့ ထွက်ပေါ်လာသည်။
ယန်ကျန့် လှမ်းဖမ်းလိုက်ပြီး တစ္ဆေမျက်လုံးများ ဖွင့်ကာ အိမ်အိုကြီးထဲသို့ ခြေလှမ်းကျဲကြီး ဝင်ရောက်သွားသည်။
ဝင်လိုက်သည်နှင့်...ပတ်ဝန်းကျင် အလင်းရောင်များ လုံးဝ ပျောက်ကွယ်သွားသလို ဖြစ်သွားသည်။ အမှောင်ထုက ဒီရေလှိုင်းကြီးလို နေရာအနှံ့ကနေ လွှမ်းခြုံလာသည်။ လေထုထဲတွင် ပုပ်စော်နံပြီး စိုစွတ်သော အနံ့များ ပြည့်နှက်နေကာ ထူးဆန်းသော အသံများ အိမ်ထဲတွင် သဲ့သဲ့လေး ပဲ့တင်ထပ်နေသည်။
နေရာတိုင်းတွင် သဘာဝလွန် ဖြစ်ရပ်များ ပြည့်နှက်နေသည်။
တစ္ဆေနယ်မြေက ဒီနေရာကို မလွှမ်းမိုးနိုင်သော်လည်း တစ္ဆေမျက်လုံးများက ထူထပ်သော အမှောင်ထုကို လျစ်လျူရှုပြီး ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
"အိမ်ရဲ့ ဖွဲ့စည်းပုံက မပြောင်းလဲဘူးပဲ"
သူ ဝေ့ကြည့်လိုက်သည်။
အပြင်ဘက်နှင့် အတွင်းဘက် ဖွဲ့စည်းပုံများ ကိုက်ညီနေပြီး သဘာဝလွန် စွမ်းအားများ ထွက်ပေါ်လာခြင်းကြောင့် ပြောင်းလဲသွားခြင်း မရှိပေ။
သို့သော် လျိုစန်းက ဧည့်ခန်းမထဲတွင် ရှိမနေပေ။ ခန်းမထဲတွင် ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။
ယန်ကျန့် ဘယ်ဘက် အခန်းကို စစ်ဆေးလိုက်သည်။ အသုံးမဝင်သော ထင်းခြောက်များနှင့် စွန့်ပစ်ထားသော လယ်ယာသုံး ကိရိယာများမှလွဲ၍ ဘာမှ မရှိပေ။
မျက်မှောင်ကြုတ်ရင်း ညာဘက် အခန်းကို စစ်ဆေးလိုက်သည်။
အခန်းထဲတွင် ကုတင်တစ်လုံး ရှိသော်လည်း အိပ်ရာခင်းများမှာ မှိုတက်နေသည်မှာ ကြာပြီဖြစ်သည်။ ရေညှိစိမ်းများ ထူထပ်စွာ ဖုံးလွှမ်းနေပြီး မည်းနက်ပုပ်သိုးနေသည်။
"ဒီမှာလည်း ပြဿနာ မရှိဘူး"
လေ့လာကြည့်ပြီးနောက် ဘာထူးခြားမှုမှ မတွေ့ရပေ။
ယန်ကျန့် ဧည့်ခန်းမ အနောက်ဘက်သို့ လျှောက်သွားလိုက်သည်။
အနောက်ဘက်တွင် မီးဖိုချောင် ရှိသည်။
အချိန်ကြာမြင့်စွာ စွန့်ပစ်ခံထားရသော်လည်း မီးဖိုဘေးတွင် သစ်သားလှေကား တစ်စင်း ရှိနေပြီး ဒုတိယထပ်သို့ တက်ရောက်နိုင်ရန် ထားရှိထားသည်။
"ဒါဆို လျိုစန်းက ဒုတိယထပ်မှာလား"
ယန်ကျန့် နားစွင့်လိုက်ရာ ဒုတိယထပ်မှ အသံတချို့ ကြားလိုက်ရသည်။ ဘာအသံမှန်းတော့ သဲကွဲစွာ မသိရပေ။
ခြေသံလိုလို၊ ကြမ်းပြင်ကို တစ်စုံတစ်ယောက် ခေါက်နေသလိုလို ရှိသော်လည်း အသံများက ပုံမှန် စည်းချက်ဝါးချက် မရှိပေ။
ခဏလောက် တွေဝေပြီးနောက်...
ယန်ကျန့် လှေကားမှ မတက်ဘဲ နေလိုက်သည်။ တစ္ဆေဆိုး၏ တိုက်ခိုက်မှုကို စိုးရိမ်သောကြောင့် ဖြစ်သည်။
တစ္ဆေအရိပ် လွှမ်းခြုံထားပြီး နံရံကပ်ကာ မယုံနိုင်စရာ ပုံစံဖြင့် အပေါ်သို့ တက်ရောက်သွားသည်။
မကြာမီ...သူ ဒုတိယထပ်သို့ ရောက်ရှိသွားသည်။
ထူးခြားမှု မရှိသော ပစ္စည်းအစုတ်အပြတ်များမှလွဲ၍ နေရာလွတ် ဖြစ်နေပြီး အလယ်တည့်တည့်တွင် ခေါင်းတလား တစ်လုံး ရှိနေသည်။
ဒီခေါင်းတလား ဒီဇိုင်းက ရင်းနှီးနေသည်။ ဟွမ်ကန်ရွာ၊ အိမ်အိုကြီးများနှင့် ထိုက်ဖျင်ရှေးဟောင်းမြို့တို့တွင် တွေ့ဖူးသည်။ သို့သော် ဒီခေါင်းတလားက အနီရောင် မဟုတ်ဘဲ အနက်ရောင် ဖြစ်သည်။
အနက်ရောင် ခေါင်းတလားက အန္တရာယ်ကို ကိုယ်စားပြုပြီး အနီရောင် ခေါင်းတလားက ဘေးကင်းမှုကို ကိုယ်စားပြုသည်။
ယခင် အတွေ့အကြုံများအရ အနက်ရောင် ခေါင်းတလားများတွင် တစ္ဆေတမန်တော် သို့မဟုတ် တစ္ဆေရေကန်မှ တစ္ဆေအကြမ်းစားများ ရှိနေတတ်ပြီး အလွန် ကြောက်မက်ဖွယ် ကောင်းသည်။
"တစ္ဆေ အရိပ်အယောင် မတွေ့သေးသလို လျိုစန်းလည်း မတွေ့သေးဘူး ဖြစ်နိုင်တာ တစ်ခုပဲ ရှိတယ်... တစ္ဆေက ခေါင်းတလားထဲမှာ ရှိနေတာ လျိုစန်းလည်း ခေါင်းတလားထဲမှာ ရှိနေတာ ဖြစ်မယ်"
ယန်ကျန့် ခေါင်းတလားဘေးတွင် ရပ်လိုက်ပြီး အနက်ရောင် ခေါင်းတလားပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။
အေးစက်သော ခံစားမှုတစ်ခု သူ့လက်မောင်းတလျှောက် တက်လာပြီး သေပြီးသား သူ့ခန္ဓာကိုယ်ကိုတောင် အေးခဲသွားစေသည်။
"တကယ်ကို ဒုက္ခပေးမယ့်ဟာပဲ ဒါ သာမန် အိမ်အိုကြီး မဟုတ်ဘူး တစ္ဆေပူးနေတဲ့ အိမ်ပဲ လျိုစန်းက နေရာရှာတတ်သားပဲ ဒီလောက် ဝှက်ထားတဲ့ နေရာကိုတောင် ရှာတွေ့တယ် ဒီတစ္ဆေပူးနေတဲ့ အိမ်က ရှာမတွေ့အောင် တမင် ဝှက်ထားတာ ရှင်းနေတာပဲ"
ယန်ကျန့် တိတ်တဆိတ် တွေးလိုက်သည်။