ရှေးဟောင်းဘိုးဘေး
Vol. 28 Ch. 346
ကျန်းပေရန်က ခေါင်းမော့ပြီး အပေါ်ကို တောက်လျှောက် ကြည့်နေတာ မြင်တော့ ရှီဟုန်ဖန်းက ပြုံးပြီး ပြောလိုက်သည်။
“ဒါက ဘိုးဘေးရဲ့ စိတ်ကူးကနေ မွေးဖွားလာတဲ့ ပုံရိပ်ယောင် ဝိညာဉ်မျှော်စင် ပါ မင်း မနက်ဖြန်အထိ ကြည့်နေလည်း အထွတ်အထိပ်ကို မြင်ရမှာ မဟုတ်ဘူး”
‘စိတ်ကူးကနေ မွေးဖွားလာတယ်’
ဒီစကားရဲ့ အဓိပ္ပာယ်ကို ကျန်းပေရန် နားမလည်ပေမယ့် နားထောင်ရတာ တော်တော်လေး ခမ်းနားသလိုပါပဲ။
ရှီဟုန်ဖန်းက သေချာ ရှင်းပြဖို့ အစီအစဉ် မရှိဘဲ ကျန်းပေရန်ကို မျှော်စင်ထဲ ခေါ်သွားလိုက်သည်။
ရှီဟုန်ဖန်းနောက်လိုက်ပြီး ပုံရိပ်ယောင် ဝိညာဉ်မျှော်စင်ထဲ ဝင်လိုက်တာနဲ့ “စိတ်ကူးကနေ မွေးဖွားလာတယ်” ဆိုတာ ဘာလဲဆိုတာ ကျန်းပေရန် ရုတ်တရက် နားလည်သွားသည် ဘာလို့လဲဆိုတော့ ရင်းနှီးတဲ့ ခံစားချက်တစ်ခု ရင်ထဲမှာ ဖြစ်ပေါ်လာလို့ပါပဲ။
‘ဒါက သီးသန့် အကာအရံ လား’
အတိအကျကြီး မတူပေမယ့် ပုံရိပ်ယောင် ဝိညာဉ်မျှော်စင်ထဲ ဝင်ရတဲ့ ခံစားချက်က သီးသန့် အကာအရံထဲ ဝင်ရတာနဲ့ တော်တော်လေး ဆင်တူသည်။
‘နည်းနည်း စိတ်ဝင်စားဖို့ ကောင်းလာပြီ’
စိတ်ကူးကနေ မွေးဖွားလာတဲ့ ဒီ ပုံရိပ်ယောင် ဝိညာဉ်မျှော်စင်က ဘာလဲဆိုတာ ကျန်းပေရန် ရိပ်မိသလိုလို ရှိပေမယ့် လုံးဝကြီး မသေချာသေးဘူး။
လှေကားထစ်တွေအတိုင်း အထပ် ဆယ်ဂဏန်းလောက် တက်ပြီးတဲ့အခါ စနစ် အသိပေးချက် ရုတ်တရက် ပေါ်လာသည်။
[ရွေးချယ်မှု ၁ - ရှီဟုန်ဖန်းနှင့်အတူ ဆက်တက်ပါ] [ပြီးမြောက်ပါက ဆုလက်ဆောင် - စစ်မှန်သော မီးလျှံ ထူးဆန်းသော မှတ်တမ်း (မြေကမ္ဘာအဆင့်၊ အလယ်အလတ်အဆင့်)]
[ရွေးချယ်မှု ၂ - အရှိန်လျှော့ပါ] [ပြီးမြောက်ပါက ဆုလက်ဆောင် - ပြောင်းလဲခြင်း စစ်မှန်သော အတတ်ပညာ (အနက်ရောင်အဆင့်၊ အလယ်အလတ်အဆင့်)]
[ရွေးချယ်မှု ၃ - ဆက်မတက်နိုင်တော့ကြောင်း ပြောပါ] [ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]
‘ဟင်’
ရွေးချယ်မှုတွေကို မြင်လိုက်တာနဲ့ ရှီဟုန်ဖန်း ဒါမှမဟုတ် အဲ့ဒီ ဘိုးဘေးက သူ့ကို တိတ်တဆိတ် စမ်းသပ်နေမှန်း ကျန်းပေရန် နားလည်လိုက်သည်။
တကယ်လို့ သူသာ အေးဆေးဆေးဆေး ဆက်တက်နေရင် သူတို့ သေချာပေါက် ရိပ်မိသွားကြမှာ။
ဒါကြောင့် ကျန်းပေရန်က တတိယ ရွေးချယ်မှုကို ရွေးလိုက်သည်။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။
“စီနီယာရှီ ကျွန်တော် ဆက်မတက်နိုင်တော့ဘူး ဒီမျှော်စင်က ဟူး ဟူး ဘယ်လောက်တောင် မြင့်တာလဲ”
[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ] [ဆုလက်ဆောင် - အာရုံစူးစိုက်မှု +၁]
ကျန်းပေရန် ရုတ်တရက် ထိုင်ချလိုက်တာ မြင်တော့ ရှီဟုန်ဖန်း နည်းနည်း ကြောင်အသွားသည်။
ဘယ်လောက်မှတောင် မရောက်သေးဘူးလေ။ မျိုးနွယ်စုထဲက ဘယ်ကလေးမဆို ဒီလောက်တော့ တက်နိုင်ပါတယ်။
ဒီကောင်လေးက မတက်နိုင်ဘူးတဲ့လား။
ကျန်းပေရန် ခန့်မှန်းခဲ့သလိုပါပဲ၊ ဒီ ပုံရိပ်ယောင် ဝိညာဉ်မျှော်စင်မှာ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်း ပါရမီကို စမ်းသပ်နိုင်တဲ့ စွမ်းရည် ရှိသည်။
မြင့်လေလေ တက်နိုင်လေလေ၊ ပါရမီပါကြောင်း သက်သေပြလေလေပါပဲ။
မျှော်စင်က အဆုံးမရှိသလိုမျိုး အဆုံးမရှိ ဆက်တက်နိုင်တဲ့ လူတွေတောင် ရှိဖူးတယ် သူတို့ရဲ့ ပါရမီကလည်း အကန့်အသတ် မရှိဘူးဆိုတာ သက်သေပြလိုက်တာပေါ့။
ပုံမှန်ဆို မျိုးနွယ်စုထဲက တပည့်လေးတွေ ဒီမျှော်စင်ကို တက်ရင် ခန္ဓာကိုယ် ပြိုကွဲမတတ် ခံစားနေရရင်တောင်၊ ဘိုးဘေး အထင်ကြီးအောင်လို့ အတွင်းကလီစာတွေ ကွဲထွက်မတတ် အောင့်အီးပြီး ဆက်တက်လေ့ ရှိကြသည်။
ဒါပေမဲ့ ဒီ ကျန်းပေရန်ကတော့ အထပ် ဆယ်ဂဏန်းလောက်နဲ့ လက်လျှော့လိုက်ပြီ။
သူက အသုံးမကျတဲ့ ဝိညာဉ်အမြစ် ပိုင်ရှင်တွေထဲမှာတောင် အဆိုးဆုံး အခြေအနေလို့ ပြောလို့ရတယ် လုံးဝ မကျင့်ကြံနိုင်တဲ့ သာမန်လူထက် နည်းနည်းလေးပဲ သာတာ။
‘မဖြစ်သင့်ပါဘူး’
‘ယုတ္တိအရဆိုရင် ဒီလူငယ်လေးက ဘိုးဘေးကိုတောင် အထင်ကြီးအောင် လုပ်နိုင်ခဲ့တာလေ
ဘယ်လိုလုပ် ဒီလောက် သနားစရာ ကောင်းနေရတာလဲ’
ဒါပေမဲ့ ကျန်းပေရန်ရဲ့ အသက်ရှူသံတွေ ပိုပိုပြီး မြန်ဆန်လာတာကို မြင်တော့ ရှီဟုန်ဖန်း သက်ပြင်းချလိုက်ပြီး အနက်ရောင်ပုလဲတစ်လုံးကို ထုတ်ကာ ဝှေ့ယမ်းလိုက်သည်။
သူ့ရှေ့က ရှုခင်းတွေ ပြောင်းလဲသွားတာကို ကျန်းပေရန် ခံစားလိုက်ရသည်။
အဆုံးမရှိဘူးလို့ ထင်ရတဲ့ လှေကားထစ်တွေက ခန်းမကြီးတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။
ကျန်းပေရန်ကို အကြာကြီး စိုက်ကြည့်ပြီးနောက် ရှီဟုန်ဖန်း ပါးစပ်ဖွင့်ပြီး စကားနှစ်လုံး ပြောလိုက်သည်။
“ထူးဆန်းတဲ့ ကောင်”
ရှီဟုန်ဖန်း စိတ်ရှုပ်ထွေးနေချိန်မှာ ကျန်းပေရန်ကတော့ ဒီရွေးချယ်မှုရဲ့ အဓိပ္ပာယ်ကို ခွဲခြမ်းစိတ်ဖြာနေသည်။
အတိုချုပ်ပြောရရင် သူ မထင်ပေါ်အောင် နေရဦးမယ်။
တိတ်တိတ်လေး သူဌေးဖြစ်တာ ပြဿနာ မရှိဘူး ဒါပေမဲ့ အဓိက လိုအပ်ချက်က တိတ်တဆိတ် နေဖို့ပဲ။
တကယ်လို့ သူက သူ့ရဲ့ အလွန်မြင့်မားတဲ့ ကျင့်ကြံခြင်း ပါရမီကို ထုတ်ပြလိုက်ရင် ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အလိုဆန္ဒအရ ထိပ်တန်း ပညာရှင်ပေါင်းစုံက ပြဿနာလာရှာကြဖို့ များသည်။
‘ဒါပေမဲ့ နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်ရတာလည်း မဆိုးပါဘူး’
သေရေးရှင်ရေး တိုက်ပွဲတွေကို လက်အောက်ငယ်သားတွေကို လွှဲထားပြီး ကိုယ်က အကျိုးအမြတ်ပဲ ထိုင်ယူလို့ ရတာပေါ့။
အန္တရာယ် မရှိဘူး ဆုလာဘ်တွေကတော့ အများကြီးပဲ။
ကျန်းပေရန်ရဲ့ အသက်ရှူသံတွေ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာတော့ ရှီဟုန်ဖန်းက သူ့ကို ဆွဲထူလိုက်ပြီး ပြောလိုက်သည်။
“ဘယ်နေရာ နေမကောင်း ဖြစ်သေးလဲ”
“မဖြစ်ပါဘူး စီနီယာရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်”
ကျန်းပေရန် ခေါင်းခါလိုက်သည်။
“ဒါဆို သွားကြစို့”
ရှီဟုန်ဖန်းနောက်လိုက်ပြီး သူတို့ ကြေးတံခါးကြီးတစ်ချပ်ရှေ့ ရောက်လာကြသည်။
ရှီဟုန်ဖန်းက လက်လှမ်းပြီး တံခါးပေါ် လက်ဝါးကပ်လိုက်သည်။
ခဏကြာတော့ “ဂျိမ်း” ဆိုတဲ့ ကျယ်လောင်တဲ့ အသံနဲ့အတူ ကြေးတံခါးကြီး ဖြည်းဖြည်းချင်း ပွင့်လာပြီး ကမ္ဘာသစ်တစ်ခု ပေါ်ထွက်လာသည်။
‘တကယ့် ကမ္ဘာသစ်ပါလား’
ကြေးတံခါး ပွင့်သွားတာနဲ့ အတွင်းထဲက အလွန် လှပတဲ့ မြင်ကွင်းတစ်ခု ပေါ်လာသည်။
သလင်းကျောက် စမ်းချောင်း၊ မက်မွန်ပွင့် ဥယျာဉ်၊ အင်မော်တယ်ရှစ်ပါး စင်မြင့် နဲ့ ဘုရားစေတီငါးဆူ ချိုင့်ဝှမ်း တွေက တိမ်တွေ မြူတွေကြားမှာ လောကီလွန် နတ်ဘုရားဆန်ဆန် တည်ရှိနေကြသည်။
ကြည်လင်နေတဲ့ စမ်းချောင်းဘေးမှာ ကျက်သရေရှိတဲ့ ကြိုးကြာငှက် အနည်းငယ်က ရေကစားနေကြပြီး ရှုခင်းကို ပိုပြီး သက်ဝင်လှုပ်ရှားစေသည်။
အဝေးကို လှမ်းကြည့်လိုက်တော့ နေရောင်ခြည်အောက်မှာ ပန်းပေါင်းထောင်ချီ ပွင့်လန်းနေသလို နှစ်တစ်ထောင် သက်တမ်းရှိ ဘုရားစေတီပင်တွေ နှစ်တစ်သောင်း သက်တမ်းရှိ ထင်းရှူးပင်တွေ တောင်ပေါ်မက်မွန်သီးတွေ တောရိုင်းပီအိုနီပန်းတွေနဲ့ ကုန်းမြေခေါင်ရမ်းပန်းတွေ ရှိနေသည်။
တစ်ခုချင်းစီတိုင်းက လောကမှာ ပြိုင်စံရှားတဲ့ ရတနာတွေချည်းပါပဲ။
ဒါက ပုံရိပ်ယောင်လား အစစ်လားဆိုတာ သူ မခွဲခြားနိုင်ဘူး။
တကယ်လို့ အစစ်သာဆိုရင် ကျန်းပေရန် စကားတစ်ခွန်းပဲ ပြောချင်သည်။
ငါ သွားရည်ကျနေပြီ
“ဘိုးဘေးက သစ်တောထဲမှာ မင်းကို စောင့်နေတယ် လိုက်ခဲ့”
ရင်ထဲက အံ့သြမှုတွေကို မျိုသိပ်လိုက်ပြီး ကျန်းပေရန် ရှီဟုန်ဖန်းရဲ့ ခြေလှမ်းတွေနောက် လိုက်ပါသွားသည်။
ကောင်းကင်ကို ဖုံးကွယ်ထားတဲ့ သစ်တောအုပ်ထဲ မဝင်ခင်မှာပဲ ကျန်းပေရန်က ငှက်ဖြူလေးတွေရဲ့ တေးသီသံ ကြက်တူရွေးတွေရဲ့ လေချွန်သံ ဥသြငှက်တွေရဲ့ အော်မြည်သံနဲ့ သစ်ကိုင်းတွေကြား ပျံသန်းနေတဲ့ တောက်တဲ့ငှက်တွေကို ကြားနေရသည်။ တကယ့်ကို သဘာဝ အလှတရားတွေ ပြည့်နှက်နေတဲ့ မြင်ကွင်းပါပဲ။
‘ဆုံးဖြတ်လိုက်ပြီ
နောင်ကျရင် ငါ့ရဲ့ သီးသန့် အကာအရံကို ဒီစံနှုန်းအတိုင်း တည်ဆောက်မယ်’
ကျန်းပေရန်က သစ်တောထဲက အသေးစိတ် အချက်အလက်တွေကို စိတ်ထဲ မှတ်သားနေတုန်း ရုတ်တရက် ပျော်ရွှင်စွာ ရယ်မောသံတွေနဲ့ ဆော့ကစားနေသံတွေကို ကြားလိုက်ရသည်။
“မျိုးနွယ်စု သူတော်စင် ဒီမှာလေ”
“မျိုးနွယ်စု သူတော်စင် လာပါ ချယ်ရီသီး စားပါဦး”
“အို သခင်ကြီး ဘာလို့ အဲ့ဒီနေရာကို ထပ်ထိပြန်ပြီလဲ”
...
ကျန်းပေရန်ရဲ့ ပါးစပ်ထောင့်စွန်းတွေ လှုပ်ခါသွားသည်။
သူ နားကြားမှားနေတာများလားလို့ သံသယဝင်လာမိသည်။
ဒီအသံတွေက... တစ်ခုခုတော့ မှားနေပြီ။
ဒါပေမဲ့ ရှီဟုန်ဖန်းကတော့ ဒီအသံတွေကို ကြားတာနဲ့ လမ်းကြောင်းတွေ့သွားသလိုမျိုး ကျန်းပေရန်ကို အဲ့ဒီဘက် တန်းခေါ်သွားလိုက်သည်။
ရယ်မောသံတွေ ပိုကျယ်လာတာနဲ့အမျှ ကျန်းပေရန်က သစ်သား ဝိညာဉ်သွေးကြော တုန်းက သူ့ကို ကူညီပေးခဲ့တဲ့ ရှီမိသားစုရဲ့ အနက်ရောင်သူတော်စင်ကို စမ်းချောင်းလေးဘေးမှာ ရပ်နေတာ နောက်ဆုံးတော့ တွေ့လိုက်ရသည်။
ဒါပေမဲ့... လေထုအခြေအနေက နည်းနည်း လွဲနေတယ်။
အနက်ရောင်သူတော်စင်က မိန်းမပျိုအုပ်စုကြားမှာ ဝိုင်းရံခံနေရတာ တွေ့လိုက်ရသည်။ အနည်းဆုံးတော့ မိန်းမပျိုလေး ဆယ်ဂဏန်းလောက်က သူနဲ့ တူတူပုန်းတမ်း ကစားနေကြတာ။
အနက်ရောင်သူတော်စင်ရဲ့ မျက်လုံးမှာ အဝတ်စည်းထားသေးတယ်။
‘ခင်ဗျားက အနက်ရောင်သူတော်စင်လေဗျာ အဲ့ဒီ အဝတ်စလေး တစ်ခုတည်းနဲ့ လူဖမ်းတဲ့ စွမ်းရည်ကို ထိခိုက်စေနိုင်လို့လား’
‘ဒါက သူတို့ပြောတဲ့ အခမ်းအနား သဘောထား ဆိုတာ ဖြစ်လောက်တယ်’
ဒီကို မလာခင်က ကျန်းပေရန် တွေ့ဆုံမယ့် ပုံစံပေါင်းစုံ စိတ်ကူးကြည့်ခဲ့ပေမယ့် ဒီမြင်ကွင်းကတော့ သူ စိတ်ကူးထဲတောင် မထည့်ထားခဲ့တဲ့ အရာပါပဲ။
အနက်ရောင်သူတော်စင်တွေထဲမှာ နှာဘူးအဘိုးကြီး တစ်ယောက် ရှိနေမယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။
“ဘိုးဘေး လူခေါ်လာပါပြီ” ရှီဟုန်ဖန်းက ရှေ့တိုးပြီး လက်သီးဆုပ်ကာ ပြောလိုက်သည်။
ရှီဟုန်ဖန်းရဲ့ စကားကို ကြားတော့ ရှီဟုန်ယွင် ဆိုတဲ့လူက မျက်လုံးစည်းထားတဲ့ အဝတ်စကို တစ်ဝက်လောက် ဆွဲချလိုက်ပြီး မျက်လုံးတစ်ဖက်နဲ့ ကျန်းပေရန်ကို အကဲခတ်လိုက်သည်။
“ကောင်လေး မင်းက လောကကြီးထဲမှာ ကျင်လည်နေပြီးတော့ ကျေးဇူးကြွေး တင်ထားရင် ပြန်လာပြီး ကျေးဇူးတင်စကား လာပြောရမှန်းတောင် မသိဘူးလား ဒီအရှင်သခင်က ကိုယ်တိုင် ဖိတ်ခေါ်မှ ရမှာလား”
လက်တစ်ဖက်စီမှာ မိန်းမပျိုတစ်ယောက်စီ ဖက်ထားတဲ့ ဒီဘိုးဘေးကို ကြည့်ရင်း ကျန်းပေရန်က ရွဲ့တဲ့တဲ့ ပြောချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး လက်သီးဆုပ်ကာ ဦးညွှတ်လိုက်သည်။
“စီနီယာ ဆုံးမတာ မှန်ပါတယ် ကျွန်တော် မှားသွားပါတယ်”
“အင်း မဆိုးဘူး မင်းက ဆင်ခြေတွေပေးပြီး ငါ့ကို လာမလိမ်ဘူးပဲ ဒီအရှင်သခင် ခန့်မှန်းကြည့်မယ် မင်း ကျေးဇူးတင်စကား လာမပြောရဲတာက ငါတို့ ရှီမိသားစုနဲ့ ပတ်သက်ရင် ပြဿနာတက်မှာ ကြောက်လို့မလား”
“ကျွန်တော် မကြောက်ပါဘူး”
“မကြောက်ဘူး ဟုတ်လား ငါကြည့်ရတာ မင်းက ကောင်းကောင်းကြီး ကြောက်နေသလိုပဲ ငါ့ရဲ့ အကူအညီကို ယူပြီးတော့ ပြန်ပေးဆပ်ဖို့တောင် မစဉ်းစားဘူး မင်းက ပထမဆုံးပဲ မင်းရဲ့ အဲ့ဒီ ဘုရားစွန့်ပစ်ထားတဲ့ ရှန့်တိုင်းပြည်မှာ နေရတာ အဲ့လောက်တောင် ကြိုက်သလား”
[ရွေးချယ်မှု ၁ - “စီနီယာ အထင်လွဲနေပါပြီ”] [ပြီးမြောက်ပါက ဆုလက်ဆောင် - စိမ့်မြေလေပြင်း မြေအောက်ကမ္ဘာကျမ်း (အနက်ရောင်အဆင့်၊ အဆင့်မြင့်)]
[ရွေးချယ်မှု ၂ - “ကျွန်တော် အရမ်း ကြိုက်ပါတယ်”] [ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် +၁]
‘ဘာလို့ ဒီကလူတွေက ဒီလေသံနဲ့ ပြောရတာ ကြိုက်ကြတာလဲ’
စိတ်ထဲကနေ ရွဲ့တဲ့တဲ့ တွေးလိုက်ပြီးနောက် ကျန်းပေရန်က ရွေးချယ်မှု ၂ ကို ရွေးကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် အရမ်း ကြိုက်ပါတယ်”
[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ] [ဆုလက်ဆောင် - ဝိညာဉ်သွင်းလောင်းခြင်း +၁]
ဒါကို ကြားတော့ ရှီဟုန်ဖန်း ခေါင်းကိုက်ချင်လာသည်။
‘ဘိုးဘေးကို အဲ့ဒီလို မပြောဖို့ သတိပေးရမှာ မေ့သွားတယ်’
သူ ဝင်ရှင်းပြဖို့ ပြင်လိုက်စဉ်မှာပင် ဘိုးဘေးက ရုတ်တရက် အော်ဟစ် ရယ်မောလိုက်တာ ကြားလိုက်ရသည်။
“ကောင်းတယ်ကွ ကောင်လေး မင်းမှာ သတ္တိရှိသားပဲ ဒီအရှင်သခင်နဲ့ စကားပြောတာတောင် ကြောက်ရွံ့တဲ့ပုံ နည်းနည်းလေးမှ မပြဘူး ငါတို့ မျက်စိအောက်မှာ ဒီလောက်ကြာအောင် ပုန်းနေနိုင်တာ မဆန်းပါဘူး”
မိန်းမပျိုနှစ်ယောက်ကို ဖက်ထားရင်း ရှီဟုန်ယွင်က စမ်းချောင်းဘေးကို လျှောက်သွားပြီး နောက်ကို မှီချလိုက်သည်။
သူ ပြုတ်ကျတော့မယ်လို့ ကျန်းပေရန် ထင်လိုက်တဲ့အချိန်မှာပဲ ကြိမ်ကုလားထိုင်ကြီးတစ်လုံး ရုတ်တရက် ပေါ်လာပြီး သူနဲ့ မိန်းကလေးနှစ်ယောက်ကို ငြင်သာစွာ ဖမ်းယူလိုက်သည်။
သူ့ဘယ်ဘက်က မိန်းမပျိုလေးရဲ့ ပါးကို နမ်းလိုက်ပြီး နောက်ထပ် မိန်းမပျိုတစ်ယောက် ခွံ့ကျွေးတဲ့ ဖယောင်းပန်းသီး ကို ပါးစပ်ဟပြီး စားလိုက်သည်။
ဝါးနေရင်း ရှီဟုန်ယွင်က ကျန်းပေရန်ကို ပြောလိုက်သည်။
“ကောင်လေး မင်း အဲ့ဒီ ဝိညာဉ်သွေးကြောနားမှာ ဒီလောက်ကြာကြာ နေခဲ့တာ ဘာမှ မရခဲ့ဘူးလို့တော့ မပြောနဲ့နော်”
ဒါကို ကြားတော့ ကျန်းပေရန်က သစ်သား ဝိညာဉ်စွမ်းအင်တွေ ပြည့်ဝနေတဲ့ ဝိညာဉ်ကျောက်တုံးတွေ၊ သစ်သား ဝိညာဉ်စွမ်းအင်နဲ့ ပျိုးထောင်ထားတဲ့ ပစ္စည်းတွေနဲ့ အဲ့ဒါတွေနဲ့ သွန်းလုပ်ထားတဲ့ လက်နက်တွေ အကုန်လုံးကို တိုက်ရိုက် ထုတ်ပြလိုက်သည်။
“ကျွန်တော်နဲ့အတူ ပါလာတဲ့ အမျိုးသမီးငယ်နှစ်ယောက်ကို ခွဲဝေပေးလိုက်တာနဲ့ လက်ဆောင်အဖြစ် ပေးလိုက်တာတွေကလွဲရင် ကျွန်တော် ရသမျှက ဒီမှာပါ”
ရှီဟုန်ယွင်က လှည့်တောင် မကြည့်ဘဲ မထီမဲ့မြင် ပြောလိုက်သည်။
“သိမ်းထားလိုက် သိမ်းထားလိုက် ဒီအရှင်သခင်က မင်းရဲ့ အဲ့ဒီ ကစားစရာလေးတွေကို ဂရုစိုက်မယ် ထင်နေလား”
“ဟုတ်ကဲ့”
ပြောပြီးနောက် ကျန်းပေရန် အရာအားလုံးကို သိုလှောင်လက်စွပ်ထဲ ချက်ချင်း ပြန်ထည့်လိုက်သည်။
“ဒီအရှင်သခင် ဆိုလိုတာက မင်းက စည်းကမ်းအတိုင်း မကစားဘူး မင်း တစ်ခုခု ရသွားပြီဆိုရင် ကျေးဇူးတင်စကား လာပြောသင့်တာပေါ့ ဒါက ယဉ်ကျေးမှုလေ နားလည်လား”
“ကျွန်တော် အမှားကို သိပါပြီ”
မိန်းမပျိုလေးတစ်ယောက် ကမ်းပေးတဲ့ စပျစ်သီးတစ်လုံးကို စားလိုက်ပြီးနောက် ရှီဟုန်ယွင်က သူ့ကို ခွံ့ကျွေးတဲ့ ကောင်မလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး နှစ်ချက်လောက် ပွတ်သပ်ကာ ရှီဟုန်ဖန်းကို ကြည့်ပြီး မေးလိုက်သည်။
“ငါးလေး မင်း ဒီကောင်လေးကို စမ်းသပ်ပြီးပြီလား”
ရှီဟုန်ဖန်း ချက်ချင်း လက်သီးဆုပ်ပြီး ပြန်ဖြေလိုက်သည်။
“ဘိုးဘေးကို ပြန်လည် ဖြေကြားပါတယ် ဟုတ်ကဲ့ စမ်းသပ်ပြီးပါပြီ သူက သူက အနိမ့်ဆုံးအဆင့်ပါ”
“ဟားဟား ဟား ဟား ဟား”
ဒါကို ကြားတော့ ရှီဟုန်ယွင်က ကြိမ်ကုလားထိုင်ကို ရိုက်ပြီး အော်ဟစ် ရယ်မောလိုက်သည်။
“အနိမ့်ဆုံးအဆင့်တဲ့ကွာ တကယ့် အနိမ့်ဆုံးအဆင့် ဟားဟားဟား ကောင်လေး မင်းက တကယ့် အဆန်းပဲ”
‘ခင်ဗျားလည်း အတူတူပါပဲ’
ရှီမိသားစုရဲ့ ဒီဘိုးဘေးက ကျန်းပေရန် စိတ်ကူးထားတဲ့ အနက်ရောင်သူတော်စင် ပုံရိပ်ကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်။
ဒီအဆင့် ရောက်နေတဲ့သူတွေက လောကီအာရုံငါးပါး ကင်းစင်ပြီး တရားထူး ရထားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်မယ်လို့ သူ ထင်ထားခဲ့တာ။
ဒါပေမဲ့ သူ့ရှေ့ကလူကတော့ လမ်းဘေး လူမိုက်နဲ့ တူနေသည်။
တစ်ခွန်းတည်း ပြောရရင်…….
ယုံတောင် မယုံနိုင်စရာပဲ
“အဲ့ဒီနေ့က ပုံသဏ္ဍာန်မဲ့ အရှင်သခင် က မင်းမှာ ကျင့်ကြံခြင်း အခြေခံ လုံးဝ မရှိဘူးလို့ ပြောတယ် ဒီအရှင်သခင်က မင်း ဖုံးကွယ်ထားပြီး မကျင့်ကြံတာလို့ ထင်ခဲ့တာ အခုတော့ မင်းက တကယ် အမှိုက် ဖြစ်နေတာကိုး ထူးဆန်းတယ် ကျင့်ကြံခြင်းမှာ အမှိုက်ဖြစ်နေပြီးတော့ အစီအရင် ပညာရပ်မှာကျတော့ ဒီလောက် နက်ရှိုင်းတဲ့ အောင်မြင်မှု ရှိနေတယ် မင်းဆရာက ဘယ်သူလဲ”
“ကျွန်တော့်ဆရာက မပြောရဘူးလို့ တားမြစ်ထားပါတယ်”
“အို”
ရှီဟုန်ယွင် ရုတ်တရက် မတ်မတ် ထိုင်လိုက်ပြီး ကျန်းပေရန်ကို စိုက်ကြည့်လိုက်သည်။
“တကယ်လို့ ဒီအရှင်သခင်က မင်းကို အတင်း ပြောခိုင်းရင်ရော”
ရှီဟုန်ယွင် စကားဆုံးတာနဲ့ ကြီးမားတဲ့ ဖိအားတစ်ခု သူ့အပေါ် ကျရောက်လာတာကို ကျန်းပေရန် ခံစားလိုက်ရသည်။
ဒါက အတွင်းအားကနေ ထုတ်လွှတ်တဲ့ ထိတွေ့လို့ရတဲ့ ဝိညာဉ်ဖိအား မဟုတ်ဘူး၊ အဆင့်မြင့် သက်ရှိတစ်ခုရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအား မျိုးပါ။
“ဂလု”
တံတွေးမြိုချလိုက်ပြီး ကျန်းပေရန် ပြန်ဖြေလိုက်သည်။
“သေရင်တောင် နာမည်ထုတ်မပြောရဘူးလို့ ဆရာက မှာထားပါတယ် တပည့်တစ်ယောက်အနေနဲ့ မလွန်ဆန်ရဲပါဘူး”
သူ့အဖြေ ဆုံးသွားတာနဲ့ ပုံသဏ္ဍာန်မဲ့ ဖိအားတွေ ချက်ချင်း ပျောက်ကွယ်သွားတာကို ကျန်းပေရန် ခံစားလိုက်ရသည်။
ရှီဟုန်ယွင်ကို ပြန်ကြည့်လိုက်တော့ သူက မိန်းမပျိုလေးရဲ့ ပေါင်ပေါ် ခေါင်းအုံးပြီး ငှက်ပျောသီး စားနေပြီ။
“ဒီလိုကိုး ဒီအရှင်သခင်က နောက်ဆုံးတော့ မင်းဆီက ထူးခြားတဲ့အရာတစ်ခု ရှာတွေ့သွားပြီ စောစောကဟာက အနက်ရောင်ဘိုးဘေးတောင် ဒူးထောက်သွားစေနိုင်တယ် မင်းကတော့ အဆင်ပြေနေတယ် ကောင်လေး ရှီး... မင်းလို ခန္ဓာကိုယ်မျိုးကို ဒီအရှင်သခင် တစ်ခါမှ မကြားဖူးဘူး ဘယ်လို ခေါ်လဲ”
‘ဒါကို စောင့်နေတာပေါ့လေ’
ဒီအဘိုးကြီးက အကြောင်းမဲ့ သက်သက် ဒေါသထွက်မှာ မဟုတ်မှန်း ကျန်းပေရန် သိတာပေါ့၊ သူ ဉာဏ်ဆင်နေပြန်ပြီ။
ဒါပေမဲ့ စနစ်က မတားဆီးဘူးဆိုတော့ ဒီလောက် ထူးခြားမှုကို ထုတ်ပြလိုက်တာ အဆင်ပြေတယ်လို့ ဆိုလိုတာပဲ။
မဟုတ်ရင် သူ ဒီစမ်းသပ်မှုကို တကယ် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။
ရှီဟုန်ယွင်ရဲ့ မေးခွန်းကို ဖြေဖို့ ပြင်လိုက်စဉ်မှာပင် ရွေးချယ်မှု သုံးခု ပေါ်လာသည်။
[ရွေးချယ်မှု ၁ - “ဆရာက မပြောရဘူးလို့ တားမြစ်ထားပါတယ်”] [ပြီးမြောက်ပါက ဆုလက်ဆောင် - မဟာ သူတော်စင် ကျမ်းစာ (မြေကမ္ဘာအဆင့်၊ အဆင့်မြင့်)]
[ရွေးချယ်မှု ၂ - “ကျွန်တော် မသိပါဘူး”] [ပြီးမြောက်ပါက ဆုလက်ဆောင် - ကတ်သီးယား သူတော်စင် အတတ်ပညာ (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]
[ရွေးချယ်မှု ၃ - တစ်ခုခုကို ကြုံသလို လျှောက်ပြောလိုက်ပါ] [ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]
‘…’
ဒီသောက်ရမ်းဆိုးတဲ့အရာက ရွေးချယ်မှု ဟုတ်လို့လား။
ကျန်းပေရန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
အတုအယောင် ခန္ဓာကိုယ်တစ်ခုကို ဖန်တီးပြီး အနက်ရောင်သူတော်စင်ကို လိမ်ဆင်ခိုင်းတယ်ပေါ့လေ။ စနစ်က ပြောလို့သာ ကျန်းပေရန် လုပ်ရဲတာ။
တခြားလူဆိုရင် အိပ်မက်တောင် မက်ရဲမှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် လူအများစုရဲ့ မျက်လုံးထဲမှာ အနက်ရောင်သူတော်စင် ဆိုတာ အရာအားလုံးကို သိမြင်နိုင်သူလို့ ယူဆထားကြတာလေ။
ရွေးချယ်မှု ၃ ကို ရွေးချယ်လိုက်ပြီး ကျန်းပေရန်က လက်သီးဆုပ်ကာ ပြောလိုက်သည်။
“စီနီယာကို ပြန်လည် ဖြေကြားပါတယ် ဆရာက ပြောတယ် ဒါက ‘နတ်ဘုရားကွန်ရက် ခန္ဓာကိုယ် ပါ”
“နတ်ဘုရားကွန်ရက် ခန္ဓာ” ရှီဟုန်ယွင် မျက်မှောင်ကြုတ်လိုက်သည်။
“ထူးဆန်းတယ် ဒီအရှင်သခင် မကြားဖူးတဲ့ ခန္ဓာကိုယ်မျိုး ရှိနေသေးတာလား”
‘ဒါပေါ့... ကျွန်တော်လည်း အခုမှ ပထမဆုံး ကြားဖူးတာ’
ငှက်ပျောခွံကို နောက်ပစ်လိုက်ပြီး ရှီဟုန်ယွင်က ရှီဟုန်ဖန်းကို ကြည့်ကာ မေးလိုက်သည်။
“ငါးလေး မင်းရော ဒီခန္ဓာကိုယ်အကြောင်း ကြားဖူးလား”
ရှီဟုန်ဖန်း ခေါင်းငုံ့ပြီး လက်သီးဆုပ်ကာ ဖြေလိုက်သည်။
“ဘိုးဘေးကို ပြန်လည် ဖြေကြားပါတယ် မကြားဖူးပါဘူး”
မေးစေ့ကို ပွတ်သပ်ရင်း ရှီဟုန်ယွင်က ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီခန္ဓာကိုယ်က ဘာလုပ်နိုင်တာလဲ ဒီအရှင်သခင်ကို ပြောပြစမ်း”
ရှီဟုန်ယွင် စဉ်းစားနေတုန်း ကျန်းပေရန်က စိတ်ထဲမှာ အဖြေတစ်ခု ဖန်တီးပြီးသား ဖြစ်နေပြီ။
မဟုတ်ရင် နည်းနည်းလေး တုံ့ဆိုင်းလိုက်တာနဲ့ သံသယ ဝင်သွားလိမ့်မယ်။
“စီနီယာကို ပြန်လည် ဖြေကြားပါတယ် ဒီ နတ်ဘုရားကွန်ရက် ခန္ဓာ က ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအား ကို တုံ့ပြန်နိုင်ပြီး ငှားရမ်းလို့ရသမျှ အရှိန်အဟုန် အားလုံးကို ငှားရမ်းအသုံးပြုနိုင်ပါတယ်”
[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ] [ဆုလက်ဆောင် - တုံ့ပြန်မှု +၁]
လိမ်တယ်ဆိုတာက ဝိုးတဝါးဖြစ်ပြီး ကြီးကျယ်ခမ်းနားမှ ကောင်းတာ။
ဒါမှ နောက်ပိုင်း ယုတ္တိရှိအောင် ပြန်ချိတ်ဆက်ဖို့ နေရာလွတ် ပိုရမှာ။
အတိအကျကြီး ပြောလိုက်ရင် နောင်ကျ ကိုယ့်စကားကိုယ် ပြန်ချေပမိသလို ဖြစ်သွားတတ်တယ်။
‘အရှိန်အဟုန်ကို ငှားရမ်းတယ်’
ဒီခန္ဓာကိုယ်ရဲ့ အဓိပ္ပာယ်ကို နားလည်သလိုလို ရှိပေမယ့် ရှီဟုန်ယွင် လုံးဝကြီး ရှင်းရှင်းလင်းလင်း မသိသေးဘူး။
ဒါပေမဲ့ အသေးစိတ် ထပ်ရှင်းပြခိုင်းရအောင် အနက်ရောင်သူတော်စင် ဖြစ်တဲ့ သူက ဂုဏ်သိက္ခာ မရှိတော့ဘူးလား။
စဉ်းစားပြီးနောက် ရှီဟုန်ယွင်က ချဉ်းကပ်ပုံ ပြောင်းပြီး မေးလိုက်သည်။
“သြော် ဒီလိုကိုး အရာအားလုံးရဲ့ အရှိန်အဟုန်ကို ငှားရမ်းနိုင်တယ်ပေါ့ ဒါဆို ဒီမျှော်စင်ထဲမှာ ရောက်နေတာတောင် အပြင်ဘက်က ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို မင်း ခံစားနိုင်သေးတာပေါ့”
“အရာအားလုံးဟာ ကောင်းကင်နဲ့ မြေကြီး အတွင်းမှာပဲ ရှိပါတယ် ဖြစ်ရပ်ဆန်းတွေရဲ့ မရေမတွက်နိုင်တဲ့ ပြောင်းလဲမှုတွေဟာ သူတို့ရဲ့ မူလအစကနေ ဘယ်တော့မှ ခွဲထွက်မသွားပါဘူး”
ဒီအဖြေက ရှီဟုန်ယွင်ကို ခေါင်းကုတ်ချင်စိတ် ပေါက်သွားစေပေမယ့် အပေါ်ယံမှာတော့ သူက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
“အနှစ်သာရတော့ ရှိသားပဲ ကောင်းကင်နဲ့ မြေကြီးရဲ့ အရှိန်အဟုန်ကို ငှားရမ်းတယ် ဆိုတော့ မင်း တည်ဆောက်တဲ့ အစီအရင်တွေက ဒီလောက် နက်ရှိုင်းနေတာ မဆန်းပါဘူး စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ”
ရေရွတ်ပြီးနောက် ရှီဟုန်ယွင် မတ်မတ် ထိုင်လိုက်ပြီး သူ့ခြေထောက်ကို နှိပ်နယ်ပေးနေတဲ့ မိန်းမပျိုနှစ်ယောက်ကို ဘေးဆွဲထားလိုက်သည်။
သူတို့ရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်တွေကို ပွတ်သပ်ရင်း သူ တစ်ခုခု စဉ်းစားနေသည်။
ခဏကြာတော့ သူက ကျန်းပေရန်ကို ရုတ်တရက် မော့ကြည့်ပြီး မေးလိုက်သည်။
“မင်းမှာ ဒီလောက်ကောင်းတဲ့ ဆရာတစ်ယောက် ရှိပြီးတော့ ဒီလို ကောင်းကင်ဘုံအထိ ရောက်နိုင်တဲ့ စွမ်းရည်မျိုး ရှိရက်နဲ့ ဘာလို့ အဲ့ဒီ ရှန့်တိုင်းပြည် အသေးလေးထဲမှာ ပုန်းအောင်းနေရတာလဲ”
“ဘေးကင်းလို့ပါ” ကျန်းပေရန် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
“ဟက်”
ဒီကောင်လေးရဲ့ စရိုက်ကို အတော်အတန် နားလည်နေပြီ ဆိုပေမယ့် သူ့အဖြေရဲ့ လေသံကိုတော့ ရှီဟုန်ယွင် နားမလည်နိုင် ဖြစ်နေတုန်းပါပဲ။
“တကယ်လား”
“တကယ်ပါ”
“သတ္တိကြောင်လိုက်တာ”