← Chapters

ဒီနေရာက မိန်းမတွေ ပုံမှန် မဟုတ်ဘူး

Vol. 28 Ch. 350

ဒီနေရာက မိန်းမတွေ ပုံမှန် မဟုတ်ဘူး

Vol. 28 Ch. 350

'ဒီလောက်တောင် ရန်လိုရလား'

စနစ်၏ တတိယမြောက် ရွေးချယ်မှုကို ကြည့်ရင်း ကျန်းပေရန် အနည်းငယ် အံ့အားသင့်သွားမိသည်။

ပထမအချက်က ဒီနေရာသည် ရှီအိမ်တော်ပိုင်နက် ဖြစ်ပြီး သူ ပိုင်စိုးသည့်နေရာ မဟုတ်ပေ။

ဒုတိယအချက်က ရှီဟုန်ဖေးသည် ဒီကျောက်စိမ်းရုပ်တုလို လှပသည့် မိန်းမလှလေးကို မျက်နှာလိုမျက်နှာရ လုပ်နေကြောင်း သိသာလွန်းနေသည်။ မဟုတ်သေးဘူး... တိတ်တခိုး ကြိုက်နေသည်ဟု ပြောလျှင် ပိုမှန်မည်။

အကယ်၍ ပြဿနာတစ်ခုခု တက်လာခဲ့လျှင် သူ့ဘက်က ကူညီပေးမည့်အလားအလာ လုံးဝ မရှိပေ။

စိတ်ထဲ၌ သံသယအချို့ ရှိနေသော်လည်း ကျန်းပေရန်သည် တတိယမြောက် လမ်းကြောင်းကိုသာ ရွေးချယ်လိုက်ပြီး ရန်လိုနေသည့် အမျိုးသမီးကို တည့်တည့်ကြည့်ကာ ပြောလိုက်လေသည်။

"ခွင့်လွှတ်ပါ ခင်ဗျားက ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ ပြောချင်တာလား"

[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။

ဆုလက်ဆောင် - ခွန်အား +၁]

"ရိုင်းလိုက်တာ"

ကောင်းလန်ဝမ်သည် ကျန်းပေရန်က ထိုကဲ့သို့ ပြန်ပြောရဲလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် ဒေါသကြောင့် ချက်ချင်းပင် ပျာယာခတ်သွားရသည်။

"ခင်ဗျားကို ကျွန်တော်က စော်ကားပြောဆိုတာမျိုး မလုပ်ခဲ့သလို မလေးမစားလည်း မဆက်ဆံခဲ့ပါဘူး ဘာကိုအကြောင်းပြုပြီး ရိုင်းတယ်လို့ ပြောတာလဲ"

"ပါးစပ်သရမ်းတဲ့ ကောင်လေး မင်း ဘယ်သူ့ကို ပြစ်မှားမိလဲ သိရဲ့လား"

ကောင်းလန်ဝမ်ကို ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ရင်း ကျန်းပေရန်က ပြန်ပြောလိုက်သည်။

"အရှိန်အဝါသုံးပြီး သူများတွေအပေါ် အနိုင်ကျင့်ချင်နေတဲ့ စွာတေးမတစ်ယောက်ပါလား"

"သေချင်နေပြီလား"

ကောင်းလန်ဝမ်က သူမ၏ ချီစွမ်းအင်များကို စုစည်းလာသည်ကို မြင်လိုက်ရသဖြင့် ဘေးနားရှိ ရှီဟုန်ဖေးက လူချင်းကြား ဝင်ရပ်လိုက်ပြီး ကောင်းလန်ဝမ်ကို အလျင်အမြန် ပြောလိုက်လေသည်။ "ခန်းမသခင်ကောင်း စိတ်လျှော့ပါ စိတ်လျှော့ပါ သူက ဒီကို ပထမဆုံးရောက်ဖူးတာဆိုတော့ စည်းကမ်းတွေကို နားမလည်လို့ပါ"

ထိုသို့ပြောပြီးနောက် သူက ကျန်းပေရန်ဘက် လှည့်ကာ ပြောလိုက်သည်။

"ပေရန် မင်းကလည်း ဒီလူက မင်းရဲ့ စီနီယာလေ ဘယ်လိုလုပ် အဲ့လို ပြန်ပြောရတာလဲ မြန်မြန် တောင်းပန်လိုက်"

'အိုး ဟိုး'

ရှီဟုန်ဖေး၏ လေသံက ပျော့ပျောင်းနေသဖြင့် ရှီဟုန်ဖေး ကိုယ်တိုင် မထိပါးရဲသော သူ စာရင်းထဲတွင် သူပါဝင်နေသည်ကို ကျန်းပေရန် ရိပ်မိလိုက်သည်။

ထိုသို့သာ မဟုတ်လျှင် ယခုလို ပြဿနာတက်သည့် အချိန်သည် ရှီဟုန်ဖေးအတွက် သူကြိုက်နေသည့် နတ်သမီးလေးရှေ့တွင် မျက်နှာလုပ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်နေပေလိမ့်မည်။

သို့သော် ယခုမူ သူသည် ဘိုးဘေးကြီးကိုယ်တိုင် ဖိတ်ခေါ်ထားသော ဧည့်သည်ဖြစ်နေသဖြင့် ရှီဟုန်ဖေးခမျာ ဘယ်ဘက်က ရပ်တည်ရမှန်း မသိဘဲ နောက်ဆုံးတွင် ကြားခံအဖြစ်သာ နေလိုက်ရရှာသည်။

ထိုအချက်ကို သိလိုက်ရသဖြင့် ကျန်းပေရန် စိတ်သက်သာရာ ရသွားခဲ့သည်။

ကျန်းပေရန် စကားမပြောနိုင်ခင်မှာပင် ကောင်းလန်ဝမ်က ရှီဟုန်ဖေးကို အော်ဟစ်လိုက်သည်။

"ဖယ်စမ်း ဒီကောင်လေးကို ဒီနေ့တော့ သင်ခန်းစာ ကောင်းကောင်း ပေးမှရမယ်"

"ဂိုဏ်းခေါင်းဆောင်ကော တခြားကိစ္စတွေဆိုရင် ကျုပ် လိုက်လျောပေးလို့ ရပေမယ့် သူက ဘိုးဘေးကြီးကိုယ်တိုင် ဖိတ်ခေါ်ထားတဲ့ ဧည့်သည်ပါ ခင်ဗျားသာ သူ့ကို ထိခိုက်အောင်လုပ်ရင် ကျုပ်လည်း ခင်ဗျားဘက်က ဝင်ပြောပေးနိုင်မှာ မဟုတ်ဘူးနော်"

"ဘိုးဘေးကြီး ကိုယ်တိုင် ဖိတ်ခေါ်ထားတဲ့ ဧည့်သည်" ဆိုသည့် စကားကို ကြားသောအခါ ကောင်းလန်ဝမ်၏ ရန်လိုနေသော အရှိန်အဝါများ သိသိသာသာ လျော့ကျသွားခဲ့သည်။

ရှီအိမ်တော်တွင် ဘိုးဘေးကြီး၏ စကားသည် မည်သူမျှ မလွန်ဆန်ရဲသော အမိန့်တော်မြတ် ဖြစ်လေသည်။

ပြီးတော့ ဒီကောင်စုတ်လေးက ဘိုးဘေးကြီးရဲ့ ဧည့်သည်တဲ့လား။

အကယ်၍ သူမကသာ သူ့ကို ထိခိုက်အောင် လုပ်လိုက်လျှင် ဘိုးဘေးကြီး၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် တူနေပေလိမ့်မည်။

ထိုအကျိုးဆက်ကို သူမ ခံနိုင်ရည်မရှိပါ။

သို့သော် ကောင်းလန်ဝမ်သည် မာနကြီးလေ့ ရှိသူဖြစ်သည်။

သူမရှေ့တွင် တခြားသူများကသာ ခါးကိုင်းပြီး ဖော်လော်ဖားကာ ဆက်ဆံလေ့ ရှိကြသည်။

ဘယ်တုန်းကများ သူမက ဒီလိုမျိုး အရှက်ကွဲခံခဲ့ရဖူးလို့လဲ။

ခဏမျှ သူမ ဘာလုပ်ရမှန်း မသိ ဖြစ်သွားခဲ့ရသည်။

ဒေါသကို မြိုသိပ်ထားရသဖြင့် ကောင်းလန်ဝမ်၏ မျက်နှာမှာ ရဲရဲနီနေသည်ကို မြင်လိုက်ရသောအခါ ကျန်းပေရန်လည်း သူမကို ဆက်ပြီး မဆွတော့ပေ။

သူက ရှီဟုန်ဖေးဘက်သို့ လှည့်၍ လက်သီးဆုပ် အရိုအသေပြုကာ ပြောလိုက်သည်။

"စီနီယာ ဒီနေရာက အိမ်ရှင်က ကျွန်တော့်ကို မကြိုဆိုမှတော့ နောက်တစ်နေရာ သွားကြတာပေါ့"

"နေဦး

" ကောင်းလန်ဝမ် ရုတ်တရက် လှမ်းအော်လိုက်ပြီး ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။

"ငါ ဘယ်တုန်းက မကြိုဆိုဘူးလို့ ပြောမိလို့လဲ"

ကျန်းပေရန်သည် ဒီအမျိုးသမီးနှင့် ဆက်ပြီး မပတ်သက်ချင်တော့သော်လည်း ရှီဟုန်ဖေးမှာ အနေခက်နေသည်ကို တွေ့ရသဖြင့် အခြေအနေကို သိပ်တင်းမသွားစေရန် ဆုံးဖြတ်လိုက်သည်။

ဘာပဲပြောပြော သူက ရှီဟုန်ဖေးကို မျက်နှာထောက်ရဦးမည် မဟုတ်ပါလား။

ထို့ကြောင့် သူက ကောင်းလန်ဝမ်ကို လက်သီးဆုပ် အရိုအသေပြုကာ ပြောလိုက်သည်။

'ဒါဆိုရင် ဒီဂျူနီယာကပဲ အထင်လွဲသွားတာ ဖြစ်ပါလိမ့်မယ် ခန်းမသခင် ခွင့်လွှတ်ပေးပါ'

ကျန်းပေရန်က လမ်းဖွင့်ပေးသည်ကို မြင်သောအခါ ကောင်းလန်ဝမ်လည်း အခွင့်ကောင်းယူကာ ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး ခုနက ငါ့စကားတွေ နည်းနည်း လွန်သွားလို့ မင်း အထင်လွဲသွားတာ ဖြစ်မှာပါ စိတ်ထဲ မထားပါနဲ့"

'အင်း... သူက လုံးဝကြီး တုံးနေတာတော့ မဟုတ်ပါလား'

အစကတော့ ဒီအမျိုးသမီးသည် အဆုံးထိ မိုက်မဲပြီး ရန်ရှာနေလိမ့်မည်ဟု ကျန်းပေရန် ထင်ထားသော်လည်း ဘယ်အချိန် ရပ်တန့်ရမည်ကို သိကာ ဆက်ပြီး ရှည်မနေတော့သဖြင့် အံ့သြသွားမိသည်။

နှစ်ယောက်သား ခြေတစ်လှမ်းစီ နောက်ဆုတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် ရှီဟုန်ဖေးလည်း သက်ပြင်းချနိုင်သွားပြီး စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။

'ဒီ ကျန်းပေရန်က ဘယ်က ယုံကြည်မှုတွေ ရနေတာလဲ သူ့အိမ် မဟုတ်တဲ့ နေရာရောက်နေတာတောင် ခေါင်းငုံ့ခံမယ့်ပုံ မပေါ်ပါလား'

ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် သူများနယ်မြေတွင် ဂျူနီယာတစ်ယောက် အနေဖြင့် အနည်းငယ်လောက်တော့ သည်းခံသင့်သည် မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် ဒါက မူဝါဒဆိုင်ရာ ကိစ္စကြီးလည်း မဟုတ်ပေ။

သို့သော် သူက ပုံမှန်မဟုတ်ဘဲ မာထန်နေပြီး ယခင်က သူပြောခဲ့ဖူးသည့် "သတ္တိမရှိဘူး" ဆိုသော ပုံစံနှင့် လုံးဝ ကွဲပြားနေသည်။

'ဒီကောင်လေးကို ငါ တကယ် နားမလည်နိုင်တော့ဘူး...'

သက်ပြင်းရှည် တစ်ချက်ချရင်း ကောင်းလန်ဝမ်က ကျန်းပေရန်ကို ပြန်လည် အကဲခတ်လိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက် သူမက မေးလိုက်သည်။

"မျိုးနွယ်စု သူတော်စင်က မင်းကို ဒီလွှတ်လိုက်တယ် ဆိုကတည်းက ကျောက်စိမ်း သန့်စင်ခြင်း ပညာရပ်မှာ မင်း တော်တော်လေး ကျွမ်းကျင်တာ ဖြစ်ရမယ် မင်း ခုနက ဒီမှာ ပညာမသင်ယူချင်ဘူးလို့ ပြောတာ ဒီက ကျောက်စိမ်းလက်ရာတွေက မင်း မျက်စိထဲ မဝင်လို့လား"

'သဘောထား သေးသိမ်လိုက်တဲ့ မိန်းမ'

ဒီမှာ ပညာသင်မည့် အခွင့်အရေးကို သူ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ခြင်းသည် ဤခန်းမရှိ ကျောက်စိမ်း လက်ရာများကို အထင်သေးသောကြောင့်ဟု သူမ ထင်သွားသဖြင့် ယခုလို လုပ်နေကြောင်း ကျန်းပေရန် သိပြီးဖြစ်သည်။

ထို့ကြောင့်ပင် ဖြေရှင်းချက် လာတောင်းနေခြင်း ဖြစ်ပေလိမ့်မည်။

သူမသည် သူ့ဆီကနေ အငြင်းခံလိုက်ရသော်လည်း အလျှော့ပေးမည့်ပုံ မပေါ်ပေ။

သူမက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာလား... ဒါမှမဟုတ် ကျိုးကြောင်းဆီလျော်မှု မရှိတာလား။

သေချာပေါက် သူမက ကျိုးကြောင်းဆီလျော်မှု မရှိတာ ဖြစ်သည်။

ထိုကဲ့သို့ လူမျိုးများကို ကျန်းပေရန် ကိုင်တွယ်လေ့ ရှိသည့် နည်းလမ်းမှာ လျစ်လျူရှုခြင်းပင် ဖြစ်သည်။

ကျန်းပေရန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ရှီဟုန်ဖေးက ထိုနှစ်ယောက် ဘယ်တော့မှ တည့်ကြတော့မည် မဟုတ်ကြောင်း သိလိုက်လေသည်။

ထို့ကြောင့် သူက ကျန်းပေရန်ကို ဆွဲခေါ်လိုက်ပြီး ကောင်းလန်ဝမ်ကို ပြောလိုက်သည်။ "ဒါဆို ကျုပ် သူ့ကို တခြားနေရာတွေ လိုက်ပြလိုက်ဦးမယ် ဂိုဏ်းခေါင်းဆောင်ကောကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး"

ကျန်းပေရန်က နောက်ကိုပင် လှည့်မကြည့်ဘဲ ရှီဟုန်ဖေးနောက်သို့ လိုက်ပါသွားသည်ကို ကြည့်ရင်း ကောင်းလန်ဝမ် ရင်ထဲ၌ ဒေါသများ ပြည့်ကျပ်လာသလို ခံစားလိုက်ရသည်။

သူမက ဂုဏ်ရှိန်ကြီးမားလှသည့် အဆင့် ၈ ကျောက်စိမ်း သန့်စင်သူ တစ်ယောက် ဖြစ်သည်။

ထုန်နိုင်ငံ၏ နံပါတ်တစ် မိသားစု ဖြစ်သော ရှီမိသားစုပင်လျှင် သူမကို ဧည့်သည်တော် အကြီးအကဲ အဖြစ် ယဉ်ကျေးစွာ ဖိတ်ခေါ်ထားရသူ ဖြစ်သည်။

ဒီနေရာ၌ လူတိုင်းက သူမကို အလေးအမြတ်ထား ဆက်ဆံကြသည်။

သူမ၏ ပညာရပ်အပြင် သူမ၏ အလှအပကိုလည်း အလွန် ယုံကြည်မှု ရှိသူဖြစ်သည်။

ရှီမိသားစု၏ တိုက်ရိုက် သွေးမျိုးဆက်များထဲတွင်ပင် သူမ၏ ညှို့ဓာတ်အောက်သို့ ကျရောက်ကာ သူမစကားကို တသဝေမတိမ်း နားထောင်သူများ ရှိလေသည်။

ငယ်စဉ်ကတည်းက မာနကြီးခဲ့သော သူမအတွက် ထိုအချက်က အလွန် ကျေနပ်စရာ ကောင်းလှသည်။

သို့သော် ဒီနေ့တွင် ဘယ်ကမှန်းမသိသော ကောင်စုတ်လေးတစ်ယောက် ရောက်လာပြီး သူမ၏ အလှအပကို လုံးဝ လျစ်လျူရှုကာ မျက်လုံးထဲ၌ အထင်သေးသည့် အရိပ်အယောင်ပင် ပြနေသေးသည်။

'ခွင့်မလွှတ်နိုင်ဘူး... လုံးဝ ခွင့်မလွှတ်နိုင်ဘူး'

ချီးမွမ်းခံရခြင်းများနှင့် ကြီးပြင်းလာခဲ့သည့် ကောင်းလန်ဝမ်သည် ထိုအချိန်၌ အချက်တစ်ချက်ကို အလွန် သေချာနေမိသည်။

ဒီလို ယောကျ်ားမျိုး ရှိနေခြင်းကို သူမ သည်းမခံနိုင်ပါ

ထိုဒေါသကို ဘယ်လို ဖြေဖျောက်ရမလဲဟု စဉ်းစားနေစဉ် လျိုဝေ့နင်က အရိပ်လေးတစ်ခုအလား ကျန်းပေရန် နောက်သို့ လိုက်ဆင်းသွားသည်ကို ကောင်းလန်ဝမ် ရုတ်တရက် သတိထားလိုက်မိသည်။

"နင်နင်"

ကောင်းလန်ဝမ် ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။

"ရှင်"

လျိုဝေ့နင်က ကောင်းလန်ဝမ်ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်ကမူ ကျန်းပေရန် နောက်သို့ ကပ်လျက် ပါသွားလေသည်။

"ပြန်လာခဲ့" ကောင်းလန်ဝမ် အသံနိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။

ထိုစကားကို ကြားသောအခါ လျိုဝေ့နင်က ခေါင်းခါပြပြီး ကျန်းပေရန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"သူ့ဆီမှာ အဖိုးတန် ကျောက်စိမ်း ရှိတယ် အရမ်း အရမ်းကောင်းတဲ့ ကျောက်စိမ်းကြီး ကျွန်မ ကြည့်ချင်တယ်"

"ဘုန်း" ကောင်းလန်ဝမ် စားပွဲကို ရိုက်ချလိုက်သည်။

"ငါတို့ ခန်းမထဲက အဖိုးတန် ကျောက်စိမ်းတွေက နင့်အတွက် ကြည့်လို့ မဝသေးဘူးလား အခုချက်ချင်း ဒီပြန်လာခဲ့"

"ဟင့်အင်း... မတူဘူး" လျိုဝေ့နင်က ခေါင်းထပ်ခါလိုက်သည်။

"သူ့ ကျောက်စိမ်းက အရမ်း မွှေးတာပဲ ကျွန်မ ကြည့်ချင်တယ်"

ကောင်းလန်ဝမ် ဒေါသအကြီးအကျယ် ထွက်နေပြီ ဖြစ်သည်။

သူမ၏ တပည့်ရင်းက သူမစကားကို နားမထောင်သည့်အပြင် သူမကို ဒေါသထွက်အောင် လုပ်သွားသည့် ကောင်စုတ်လေးဆီတွင် ၎င်းတို့ ခန်းမထဲက အရာတွေထက် ပိုကောင်းသည့် ကျောက်စိမ်း ရှိသည်ဟု မျက်နှာချင်းဆိုင် ပြောနေသေးသည်။

ဒီကိစ္စကို သူမ ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။

ဒုန်း ဒုန်း ဒုန်း

ကောင်းလန်ဝမ် ခြေဆောင့်ကာ လျှောက်လာပြီး တံခါးပေါက်ဝမှ ထွက်တော့မည့် ကျန်းပေရန်နောက်သို့ လိုက်နေသော လျိုဝေ့နင်ကို လှမ်းဆွဲလိုက်လေသည်။

"ဒီပြန်လာခဲ့လို့ ပြောနေတယ်လေ"

ပခုံးကို ဆွဲထားခံရသဖြင့် လျိုဝေ့နင်သည် စိုးရိမ်တကြီးဖြင့် အော်ဟစ်နေရှာသည်။

"ကြည့်ချင်တယ် ကြည့်ချင်တယ်"

သူ့ကျောပြင်ပေါ်သို့ အကြည့်နှစ်ခု စူးစိုက်ကျရောက်နေသည်ကို ခံစားလိုက်ရသဖြင့် ကျန်းပေရန် သက်ပြင်းချရင်း ကောက်ချက်တစ်ခု ချလိုက်မိသည်။

'ဒီနေရာက မိန်းမတွေ ပုံမှန် မဟုတ်ကြဘူး။

ဒီနေရာကို တတ်နိုင်သမျှ မလာတာ အကောင်းဆုံးပဲ'

နောက်ထပ် အဆောက်အအုံဆီသို့ သွားရာလမ်း၌ ရှီဟုန်ဖေးက ကျန်းပေရန်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"မင်း သေမှာ ကြောက်တယ်ဆို ခုနက မင်းပုံစံ ကြည့်ရတာ ကြောက်တဲ့ပုံလည်း မပေါ်ပါလား"

ရှီဟုန်ဖေးကို ပြန်လှည့်ကြည့်ရင်း ကျန်းပေရန် ဖြေလိုက်သည်။

"တစ်ခါတစ်လေကျရင် မျက်စိမှိတ် အရှုံးပေးလိုက်တာက ပိုမြန်မြန် သေစေတယ်ဗျ"

"အင်း..." ကျန်းပေရန်၏ စကားတွင် နက်နဲသော အဓိပ္ပာယ် ပါဝင်နေသည်ဟု ခံစားလိုက်ရသဖြင့် ရှီဟုန်ဖေး မေးစေ့ကို ပွတ်သပ်လိုက်မိသည်။

"ဒါဆို ဘယ်အချိန် တိုးပြီး ဘယ်အချိန် ဆုတ်ရမလဲဆိုတာ မင်း ဘယ်လို ဆုံးဖြတ်သလဲ"

ကျန်းပေရန် ခေါင်းခါလိုက်သည်။

"လူကို ကြည့်ရတာပေါ့"

"အို"

ရှီဟုန်ဖေး မျက်လုံးပြူးသွားသည်။

"ဆိုလိုတာက မင်း ခန်းမသခင်ကောင်းရဲ့ စိတ်ကို ထွင်းဖောက်မြင်ခဲ့တာလား"

[ရွေးချယ်မှု ၁ - "သူ့စိတ်ကို ထွင်းဖောက်မြင်တယ်လို့ မပြောရဲပါဘူး" ဆုလက်ဆောင် - အရိုးဖြူ မိုးကြိုး ကျမ်းစာ (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်မှု ၂ - "နည်းနည်းပါးပါးတော့ ရိပ်မိတာပေါ့" ဆုလက်ဆောင် - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် +၁]

'ဟူး...'

ဒုတိယ ရွေးချယ်မှုကို မြင်လိုက်ရသည်နှင့် အခြေအနေ ဘယ်လို ဖြစ်လာမည်ကို ကျန်းပေရန် အတော်အတန် ခန့်မှန်းမိလိုက်သည်။

'ကြည့်ရတာ နောက်ထပ် ခန်းမသခင် တစ်ယောက်နဲ့ တွေ့ရဦးမယ့်ပုံပဲ...'

စိတ်ထဲ၌ သက်ပြင်းချရင်း ကျန်းပေရန်သည် ရွေးချယ်မှု နှစ်ကို ရွေးကာ ပြန်ဖြေလိုက်သည်။

"နည်းနည်းပါးပါးတော့ ရိပ်မိတာပေါ့"

[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။

ဆုလက်ဆောင် - ဝိညာဉ်သွင်းခြင်း +၁]

"မဆိုးဘူး မဆိုးဘူးပဲ"

ကျန်းပေရန်ကို သိတာ မကြာသေးသော်လည်း ဒီကောင်လေးသည် သာမန်အသိဉာဏ်နှင့် လွဲချော်သော အရာများကို လုပ်လေ့ရှိပြီး ယုံကြည်အားကိုးရသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်လေသည်။

ယခုလည်း သူ့မေးခွန်းကို တဲ့တိုးဖြေလိုက်သည်ကို ကြည့်ခြင်းအားဖြင့် သူ့စိတ်ထဲ၌ ယုံကြည်မှု အပြည့်ရှိနေသည်မှာ သေချာသည်။

ဖြောင်း

ရှီဟုန်ဖေးက ရုတ်တရက် လက်လှမ်းကာ ကျန်းပေရန်၏ ပခုံးကို ပုတ်လိုက်သည်။

"ပေရန် မင်းကို အမှန်အတိုင်း ပြောရရင် ငါ မင်းကို ဒီနေရာ အရင်ခေါ်လာခဲ့တာက ထာဝရ တင့်တယ်သော ခန်းမ ဆိုတာ ငါတို့ ရှီမိသားစုရဲ့ လျို့ဝှက် ခန်းမတွေထဲမှာ အဆင့်အမြင့်ဆုံး ပညာရှင် အုပ်ချုပ်တဲ့ နေရာမို့လို့ပဲ ၁၆ ခန်းမရဲ့ ခေါင်းဆောင်နေရာပေါ့ နောင်ကျရင် မင်း ဒီနေရာနဲ့ ပတ်သက်ရမယ့် ကိစ္စတွေ အများကြီး ရှိလာဦးမှာ လန်အာ့ မျက်နှာကို ထောက်ပြီး မင်း ဒီနေရာနဲ့ မရင်းနှီးခင် ငါ နောက်ထပ် ခန်းမ လိုက်ပြပေးပါဦးမယ်"

'ဟူး... ဘာလို့ ငါက ဒီလို ထူးဆန်းတဲ့ မိန်းမတွေနဲ့ချည်း တွေ့နေရတာပါလိမ့်...'

သူ စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။

ရလဒ်က ဒီလိုဖြစ်လာမည်ကို ကြိုသိနေသော်လည်း မကျေမနပ် ညည်းညူချင်စိတ်ကို ထိန်းချုပ်မရ ဖြစ်နေသည်။

"ဒါဆို စီနီယာကိုပဲ ကြိုပြီး ကျေးဇူးတင်ရမှာပေါ့"

စနစ် ရွေးချယ်မှုများ ပေါ်မလာတော့သဖြင့် ကျန်းပေရန်လည်း ရှီဟုန်ဖေး၏ မျက်နှာကို ထောက်ကာ လက်သီးဆုပ် အရိုအသေပြုရင်း ပြောလိုက်သည်။

"ဟားဟားဟား ရပါတယ် ကိစ္စမရှိပါဘူး သွားစို့ နောက်ခန်းမကို သွားကြတာပေါ့"

ကျန်းပေရန် မျှော်လင့်ထားသည့် အတိုင်းပင် ထူးခြားသော ပုံသဏ္ဍာန်ရှိသည့် အဆောက်အအုံများသည် လျို့ဝှက် တံခါး ၁၆ ပေါက်၏ ပညာရပ်ဆိုင်ရာ ခန်းမများ ဖြစ်ကြသည်။

ခန်းမတိုင်းတွင် အနည်းဆုံး အဆင့် ၆ လျို့ဝှက် ပညာရှင် တစ်ဦးစီ ဦးစီးထားလေသည်။

အလယ်ပိုင်း လွင်ပြင် နိုင်ငံခြောက်နိုင်ငံတွင် လျို့ဝှက် ပညာရှင်များ၏ အဆင့်သတ်မှတ်ချက်သည် ရှန်နိုင်ငံထက် ပိုမို တင်းကျပ်မည်မှာ သေချာသည်။

ခန်းမအသီးသီးမှ ကျန်းပေရန် စုဆောင်းရရှိသော သတင်းအချက်အလက်များအရဆိုလျှင် ဤနေရာရှိ အဆင့် ၁ အဂ္ဂိရတ်ပညာရှင် တစ်ဦးသည် ရှင်းနိုင်ငံရှိ အဆင့် ၃ အဂ္ဂိရတ်ပညာရှင်ထက် ပိုမို ကျွမ်းကျင်နိုင်ခြေ ရှိသည်။

ထုန်နိုင်ငံတွင် လျို့ဝှက် ပညာရပ် တစ်ခုခု၌ အဆင့် ၅ သို့ ရောက်ရှိသွားသည်နှင့် ဂိုဏ်းအများအပြား လုယက် ခေါ်ယူချင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။

ထိုဂိုဏ်းများသည် အကျိုးခံစားခွင့်များကိုသာ ကတိပေးမည် မဟုတ်ဘဲ မြင့်မားသော အဆင့်အတန်း တစ်ခုကိုပါ ပေးအပ်ကြမည် ဖြစ်သည်။

ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လျှင်ပင် ထိုလူနှင့် တွေ့သောအခါ ယဉ်ကျေးစွာ ဆက်ဆံရပေလိမ့်မည်။

မည်သည့်ကမ္ဘာတွင်မဆို အရေးအကြီးဆုံး အရာမှာ ပါရမီရှင်များပင် ဖြစ်သည် မဟုတ်ပါလား။

ထို့ကြောင့် ကောင်းလန်ဝမ် ကဲ့သို့သော အဆင့် ၈ လျှို့ဝှက်ပညာရှင်မျိုးသည် အင်အားကြီးမားသော ထုန်တိုင်းပြည်၌ပင်လျှင် ဖီးနစ်ငှက်၏ အမွေးအတောင် သို့မဟုတ် ချီလင်ကောင်၏ ဦးချိုကဲ့သို့ ရှားပါးလှသည်။

လျှို့ဝှက်ပညာရှင်များကြားတွင် လျှို့ဝှက်သူတော်စင် အဆင့် ရောက်နေသည်ဟုပင် ဆိုနိုင်သည်။

ထိုအဆင့်သို့ ရောက်မှသာ ရှီဟုန်ဖေး ကဲ့သို့သော တိုက်ရိုက် သွေးမျိုးဆက် တစ်ယောက်အနေဖြင့် အာဏာသုံး အနိုင်ကျင့်မည့်အစား မျက်နှာလိုမျက်နှာရ လုပ်ပြီး... အဲ... သူမ၏ နှလုံးသားကို ရရှိအောင် ကြိုးပမ်းရသည့် အဆင့်မျိုး ဖြစ်လာမည် ဖြစ်သည်။

လျှို့ဝှက်အထည်အလိပ် ခန်းမမှ ထွက်လာပြီးနောက် ရှီဟုန်ဖေးက ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။

"ပေရန် ဒီ လက်ရာမြောက် အလုပ်ရုံ ကို ဘယ်လို မြင်လဲ"

လက်ရာမြောက် အလုပ်ရုံ ဆိုသည်မှာ ခန်းမ ၁၆ ခု ရှိသော ထိုရပ်ကွက်ကို ခေါ်ဆိုခြင်း ဖြစ်သည်။

လက်ရာမြောက် အလုပ်ရုံ သည် ဧရိယာ အလွန် ကျယ်ဝန်းသည်။

အဝင်ဝရှိ လျှို့ဝှက်ပညာ ခန်းမ ၁၆ ခုအပြင် နောက်ဘက်တွင်လည်း အခြားသော အထောက်အကူပြု အဆောက်အအုံများစွာ ရှိလေသည်။

ဥပမာအားဖြင့် သတ္တုတွင်းများ၊ ကျောက်စိမ်း အလုပ်ရုံများ၊ အထည်ဆိုင်များ စသည်တို့ ဖြစ်သည်။

ရှီမိသားစုတွင် မှော်ရတနာများနှင့် အဆင့်မြင့် ပစ္စည်းပစ္စယများစွာ ပိုင်ဆိုင်နိုင်ခြင်းသည် ဤ လက်ရာမြောက် အလုပ်ရုံ နှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်ဟု ပြောနိုင်သည်။

"တကယ့်ကို မျက်စိပွင့်စရာပါပဲ" ကျန်းပေရန် ရိုးသားစွာ ဖြေလိုက်သည်။

သူသည် ထို လျှို့ဝှက်ပညာ ၁၆ ရပ်ကို အလွန် စိတ်ဝင်စားနေပြီ ဖြစ်သည်။

ဒီနေ့တွင်မှ သူသည် ယေဘုယျ သဘောတရားကို နားလည်လိုက်ပြီး သူ မည်သည့်ဘက်သို့ ဦးတည် ကြိုးစားရမည်ကိုလည်း သဘောပေါက်သွားခဲ့သည်။

'ကျွမ်းကျင်မှု အမှတ်တွေ စုထားမှ ရမယ်!'

"ဟားဟားဟား"

ဂုဏ်ယူဝင့်ကြွားစွာ နှစ်ချက်မျှ ရယ်မောပြီးနောက် ရှီဟုန်ဖေးက ကျန်းပေရန် ပခုံးကို ထပ်ပုတ်ရင်း ပြောလိုက်သည်။

"ပေရန် ငါတို့ သိတာ မကြာသေးပေမယ့် မင်းရဲ့ စိတ်နေသဘောထားကို ငါ တော်တော်လေး သဘောကျတယ် ဒါကြောင့် မင်းကို အကြံကောင်း ဉာဏ်ကောင်းလေးတချို့ ပေးချင်တယ်"

"ဒီဂျူနီယာ နားထောင်နေပါတယ်" ကျန်းပေရန် လက်သီးဆုပ် အရိုအသေပြုကာ ပြောလိုက်သည်။

"အရာရာကို လျှို့ဝှက်ထားတာ ကောင်းပါတယ် ဒီ နဂါးနက် ကုန်းမြေတိုက်ကြီးပေါ်မှာ ကိုယ်ပိုင် လျှို့ဝှက်ချက် မရှိတဲ့လူ ဘယ်သူရှိလို့လဲ ဒါပေမဲ့ ဘယ်အရာကို ဖုံးကွယ်ထားရမယ် ဘယ်အရာကိုတော့ မကွယ်ဝှက်သင့်ဘူးဆိုတာ မင်းဘာသာ ချိန်ဆတတ်ဖို့ မျှော်လင့်ပါတယ် အထူးသဖြင့် ဘိုးဘေးကြီး ရှေ့မှာပေါ့"

"ဒီဂျူနီယာ နားလည်ပါတယ်"

"ဒုတိယအချက်က မင်းလည်း အကြိမ်ကြိမ် ကြားပြီးလောက်ပြီ ဘိုးဘေးကြီးရဲ့ အမိန့်နဲ့ မင်းကို ဒီခေါ်လာတာဆိုတော့ အဲ့ဒါ ဘာအဓိပ္ပာယ်လဲဆိုတာ မင်း သဘောပေါက်တယ် မဟုတ်လား"

"ကျွန်တော် သဘောပေါက်ပါတယ်"

"အို" ရှီဟုန်ဖေး မျက်လုံးပြူးသွားသည်။

"ကဲ ပြောပြစမ်းပါဦး"

"လွန်ခဲ့တဲ့ တစ်ခေါက်က စီနီယာရှီရဲ့ အကူအညီကြောင့် ဒီဂျူနီယာ အခက်အခဲကနေ လွတ်မြောက်ခဲ့ရတယ် အခုက ကျေးဇူးကြွေး ပြန်ဆပ်ရမယ့် အချိန်ပါ"

"ဟားဟားဟားဟား..." ရှီဟုန်ဖေး ထပ်မံ ရယ်မောလိုက်ပြန်သည်။

"ပေရန်... ပေရန် မင်းက တကယ့်ကို တိုးသင့်တဲ့အချိန် ဆုတ်သင့်တဲ့အချိန်ကို နားလည်တာပဲ ဒါဆိုရင် မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ စောင့်ကြည့်နေမယ် ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့ အထူးသဖြင့် ဘိုးဘေးကြီး စိတ်ပျက်သွားအောင် မလုပ်မိစေနဲ့"

"ဒီဂျူနီယာ အကောင်းဆုံး ကြိုးစားပါ့မယ်"

ဒီ လက်ရာမြောက် အလုပ်ရုံ ထဲသို့ ခြေချလိုက်သည့် အချိန်ကစပြီး ထို လျှို့ဝှက်သူတော်စင်၏ ဆိုလိုရင်းကို ကျန်းပေရန် နားလည်လိုက်သည်။

ကျင့်ကြံခြင်း အပိုင်းမှာ ကျေးဇူးဆပ်စရာ မရှိဘူးဆိုရင် တခြားကဏ္ဍတွေမှာတော့ ထူးခြားတာ တစ်ခုခု ပြသသင့်တယ် မဟုတ်လား။ ဒါမှမဟုတ်ရင် ငါက မင်းကို ကယ်ဖို့အတွက် ဒီလောက် ကြီးမားတဲ့ ကျေးဇူးကို အသုံးပြုလိုက်ရတာ အရူးတစ်ယောက် အရှုံးခံလိုက်ရသလို ဖြစ်မနေဘူးလား။

အကယ်၍ သူကသာ လျှို့ဝှက်သူတော်စင် တစ်ပါးကို အရူးတစ်ယောက်လို ခံစားရအောင် လုပ်မိခဲ့လျှင် သူ့ကို ဘာတွေ စောင့်ကြိုနေမည်ဆိုတာ ခြေမနဲ့ စဉ်းစားရင်တောင် သိနိုင်သည်။

သူ့အရည်အချင်းကို ဘယ်လောက်အထိ ထုတ်ပြရမလဲ ဆိုတာကတော့ ကျန်းပေရန် ကိုယ်တိုင်... ပိုမှန်အောင် ပြောရရင် စနစ်က ဆုံးဖြတ်ပေးမည့်အပေါ် မူတည်လေသည်။

အစီအရင် ဖွဲ့စည်းခြင်း ပညာရပ်မှာတော့ သူ လုံးဝ ဖုံးကွယ်ထား၍ မရတော့ပေ။

ဟိုတုန်းက လျှို့ဝှက်သူတော်စင် တစ်သိုက်၏ မျက်စိအောက်တွင် တစ်နှစ်ကြာအောင် သူ ပုန်းအောင်းနိုင်ခဲ့ခြင်းမှာ သုံးထပ်ကွမ်း မဟာစီမံကိန်းကြောင့် ဖြစ်သည်။

အကယ်၍ သူသာ စွမ်းရည်အစစ်အမှန် အချို့ကို ထုတ်မပြလျှင် ထို လျှို့ဝှက်သူတော်စင်က သူ့ကို ဟန်ဆောင်နေသည်ဟု သေချာပေါက် ထင်သွားပေလိမ့်မည်။

အခြားသော လျှို့ဝှက်ပညာများနှင့် ပတ်သက်၍လည်း ကျန်းပေရန် တစ်ခုတလေတော့ ထုတ်ပြရဦးမည်။

ဘာပဲပြောပြော သစ်သား ဒြပ်စင် စွမ်းအင်ကို အသုံးပြုပြီး သူ သန့်စင်ထားသည့် ပစ္စည်းပစ္စယများနှင့် ကုန်ကြမ်းများကို ထို လျှို့ဝှက်သူတော်စင်အား သူ ပြသခဲ့ပြီးပြီ မဟုတ်ပါလား။

'ဟူး... အဲ့ဒီ လျှို့ဝှက်သူတော်စင်က တော်သင့်ရုံပဲ တင်းတိမ်တတ်ပြီး ငါ့ကို အတွင်းခံဘောင်းဘီပါ မကျန်အောင် ချွတ်မပစ်ဖို့ပဲ မျှော်လင့်ရတာပေါ့'

All Chapters