စားသောက်ပွဲစပြီ! ၃
Vol. 78 Ch. 1156
ခပ်လှမ်းလှမ်းတွင် ရုံချန်းလမ်းများမှာ လုံးဝပိတ်နေသည်။ စားသောက်ပွဲဝင်နွှဲရန် အနီးအနားစီရင်စုများ၊မြို့များမှလာရောက်ကြသောကြောင့် ခရီးသည်များကြပ်သိပ်နေသည်။
ရုံချန်းလမ်းများကိုသုံးလေးကြိမ်ပြင်ဆင်ထားသော်လည်း ပထမဆုံးနေ့မှာအဆင်ပြေဖို့မဖြစ်နိုင်သေး။
စီရင်စုတွင်_
စွန်းရှန်နှင့်ချန်လီလည်း ရုံချန်းလမ်းပိတ်နေကြောင်းသတင်းရသည်။
သူတို့နှစ်ဦး နည်းနည်းမျက်နှာပူသွား၏။
ချင်းလင်စံအိမ်နှင့်ပူးပေါင်းပြီး ရုံချန်းယာဉ်လမ်းကြောင်းကို စီရင်စုကတာဝန်ယူထားသည်။
အဲဒီအချိန်က ယာဉ်လမ်းကြောင်းပြဿနာမရှိဟုယုံကြည်ထားကြသည်။
အရင်သုံးလေးကြိမ်လမ်းပြင်ထားသောကြောင့် ယုံကြည်ချက်ရှိခြင်းပင်။ ရုံချန်းကိုတစ်နေ့တည်းခရီးသည်သောင်းချီလာရင်တောင် အဆင်ချောနိုင်သည်။
ဘယ်ထင်မလဲ?
ယာဉ်ထိန်းရဲကိုအတတ်နိုင်ဆုံးလမ်းကြောင်းရှင်းပေးဖို့သာခိုင်းရသည်။ အခုလမ်းပိတ်နေပြီ။ တခြားနည်းမရှိတော့။
နောက်ပြီး ချင်းလင်စံအိမ်လမ်းပိတ်ထားသောကြောင့် ချင်းလင်စံအိမ်မှပြန်လာသောတက္ကစီများလည်းပိတ်နေသည်။ ဘူတာမှလူများကို သွားမခေါ်နိုင်။
ဘူတာရုံတွင် ရထားတစ်စင်းပြီးတစ်စင်းဆိုက်ကာ ခရီးသည်ထပ်ထပ်တိုးလာပြီး ဘူတာရုံတောင်လူပြည့်နေသည်။ လူတန်းစီရသည့်ပြဿနာတင်မက ခြေချဖို့တောင်မလွယ်ချေ။
ချန်သုံ့မှာ သူ့အလှည့်ရောက်အောင် နှစ်နာရီနီးပါးစောင့်လိုက်ရသည်။
တက္ကစီပေါ်ရောက်မှသက်ပြင်းချပြီး ဘူတာမှထွက်လာသည်။
အထဲမှာ သော*က်ရမ်းမွန်းကြပ်။ လူတိုင်းချွေးတလုံးလုံးနှင့်။ အထူးသဖြင့် ဘယ်ခြေဖဝါးကအနံ့ထွက်နေမှန်းမသိ၊ အနံ့လှိုင်နေသည်။
လေကလည်း ဘယ်ကောင်လည်လိုက်မှန်းမသိ။ သေချင်စိတ်ပေါက်လာသည်။
သော*က်!
ချန်သုံ့ကကားထဲထိုင်ပြီး အစီအစဉ်ကိုစဉ်းစားကြည့်သည်။ အချိန်နှစ်နာရီအတွင်း စားသောက်ပွဲလက်မှတ်အတွက် မဲနှိုက်ပြီးသူတွေရှိလောက်ပြီ။
ဘာပဲဖြစ်ဖြစ် စားသောက်ပွဲလက်မှတ်က အကန့်အသတ်ရှိသည်။
သို့ရာတွင် ဘူတာမှထွက်ပြီးမကြာမီ တက္ကစီရပ်သွားသည်ကိုချန်သုံ့သတိထားမိသည်။
သူကလှမ်းကြည့်ပြီး မှင်တက်သွား၏။
လမ်းပေါ်တွင်ကားများကြပ်ပိတ်သိပ်နေပြီး အဆုံးကိုမမြင်နိုင်။ ခရီးသည်အများစုက သူတို့ငှားလာသောကားပေါ်မှဆင်းပြီး ဘေးတွင်စကားပြောနေကြသည်။
ရေဘူးအလွတ်နှင့်ကားထဲဝင်လာပြီး ဟိုကြည့်ဒီကြည့်ကြည့်နေသူကိုလည်းတွေ့ရသည်။ မကြာမီ ဝါဝါအရည်တစ်ဘူးနှင့်ပြန်ထွက်လာကာ ထိုဘူးကိုဘာမှမဟုတ်သလို ကားနောက်ဖုံးထဲပစ်ထည့်လိုက်လေသည်။
အမျိုးသားနေ့တွင် အမြန်လမ်းပေါ်မှာနာရီပေါင်းများစွာကားပိတ်ပြီးမြင်ရသောမြင်ကွင်းအတိုင်းပင်။
ချန်သုံ့ကလျှောက်တွေးလိုက်ပြီး စိတ်ဝင်စားစရာကောင်းသည်ဟုလည်းအမှတ်တမဲ့တွေးမိကာ ကားဆရာကိုလောလောနှင့်မေးလိုက်သည်_
"ကားဆရာ.. ရေဘူးအလွတ်ရှိသေးလား?''
ကားဆရာက ချန်သုံ့ကိုထူးထူးဆန်းဆန်းကြည့်ပြီးနောက် ကျင့်သားရနေသည့်အတိုင်း ရေဘူးအလွတ်ပေးလိုက်သည်။
ချန်သုံ့ ရှက်ကိုးရှက်ကန်းဖြစ်သွား၏။
ဒီလိုနှင့် လမ်းပေါ်တွင်နောက်ထပ်နှစ်နာရီကြာပိတ်မိပြန်သည်။ ရုံချန်းကဖောက်ထားသောစားသောက်ပွဲလမ်းမရောက်ခင် စုစုပေါင်း ၄ နာရီအချိန်ကုန်သွားသည်။
သူကကားပေါ်မှဆင်းပြီး သူ့အစီအစဉ်ကိုစဉ်းစားကြည့်သည်။ သူငွေသုံးမည်။ အများကြီးသုံးစရာမလို။ ဘာပဲဖြစ်ဖြစ် ငွေသုံးရင်မဲနှိုက်နိုင်သည်။ မစ်ရှင်ရသည်အထိ ငွေသုံးပြီးမဲနှိုက်မည်။ ပြီးရင် မစ်ရှင်လုပ်ပြီး စားသောက်ပွဲလက်မှတ်ရအောင်မဲနှိုက်ရမည်။
သို့သော် ကားပေါ်မှဆင်းပြီးနောက် ဆိုင်များတွင်လူကြပ်သိပ်နေသောကြောင့် သူအင်တင်တင်ဖြစ်သွားသည်။
ဒီဆိုင်တွေကနေ သူမဲပေါက်နိုင်ပါ့မလား?
ချန်သုံ့ကစပ်စပ်စုစုလျှောက်သွားရာ ဆိုင်တစ်ဆိုင်ကစားဖိုမှူးမှာ ဆယ်လီဖြစ်နေမှန်းသိပြီးအံ့ဩသွားသည်။ နောက်ပြီး ဟင်းချက်လက်ရာအတော်ကောင်းသောနာမည်ကြီးဆယ်လီဖြစ်သည်။
ဒါပေမဲ့ ဒီလောက်နာမည်ကြီးတဲ့သူက ဒီစားသောက်ပွဲဘာလို့လာတာလဲ?
အဲဒါကြောင့် လူတွေအုံတာမလား?
ချန်သုံ့ကအချိန် ၄ နာရီလောက်ဖြုန်းခဲ့ပြီးမှ အပျော်မလုပ်ချင်။ စားဖိုမှူးဆိုင်တစ်ဆိုင်အမြန်ဝင်ပြီး ငွေစသုံးသည်။
သူ ၄ နာရီကျော်စောင့်ခဲ့ရပြီး ဗိုက်ဆာနေပြီ။
ချန်သုံ့က ကြက်သွန်နီပန်ကိတ်တစ်လုံးဝယ်ပြီး မဲနှိုက်ခွင့်ရသည်။
စားဖိုမှူးကချက်ချင်းပင်_
"လူကြီးမင်း.. မဲပေါက်တဲ့အတွက်ဂုဏ်ယူပါတယ်... QR ကုဒ်စကင်န်ဖတ်ပြီး ဆုရနိုင်တဲ့အခွင့်အရေးရှိပါတယ်... ကျွန်တော်ပေးတဲ့မစ်ရှင်လုပ်ပါ... မစ်ရှင်ပြီးရင် မဲထပ်နှိုက်ပြီး စားသောက်ပွဲတက်မယ့်လက်မှတ်ရနိုင်ပါတယ်''
အမှန်ပင်။ ဒီမစ်ရှင်ကို ချင်းလင်စံအိမ်နှင့်ရုံချန်းကလုပ်ခြင်းမဟုတ်။ အဓိကစည်းမျဉ်းမဖောက်ဖျက်ရင် မစ်ရှင်ကိုစားဖိုမှူးဘာသာပေးနိုင်သည်။
ချန်သုံ့ကနားထောင်ရင်း လွယ်လိုက်တာဟုထင်မိသည်။
သူကချက်ချင်းဖုန်းထုတ်ပြီး မဲနှိုက်ရန် QR ကုဒ်စကင်န်ဖတ်လိုက်သည်။
နောက်ခဏတွင် အသိပေးစာတက်လာသည်:
(မစ်ရှင်ရပါသည်။ သင့်ကောင်မလေးကို နှစ်မိနစ်နမ်းပါ။ မစ်ရှင်ပြီးရင် စားသောက်ပွဲလက်မှတ်ကျပန်းနှိုက်ရမည်။)
မစ်ရှင်တက်လာသောအခါ ချန်သုံ့စိတ်လှုပ်ရှားမိသော်လည်း အထူးမစ်ရှင်ကိုဖတ်ပြီးနောက် ချန်သုံ့ကအံ့ဩပုံနှင့် စားဖိုမှူးအား_
"အင်း.. ကောင်မလေးကို နှစ်မိနစ်နမ်းရမယ်.. ကောင်မလေးမရှိရင်ရော?''
"မတတ်နိုင်ဘူး!''
စားဖိုမှူးက လက်ကာပြသည်။
ချန်သုံ့ကစိတ်ပျက်ပြီး မသွားချင်သွားချင်နှင့်တခြားဆိုင်သွားရသည်။
ထို့နောက် မဲပေါက်ဖို့မလွယ်မှန်းသိလာသည်။
သုံးလေးဆိုင်ဆက်သွားပြီးနောက် မဲနှိုက်ခွင့်ထပ်ရလာသည်။
ချန်သုံ့ကချက်ချင်းဖုန်းထုတ်ပြီး စကင်န်ဖတ်သည်။
ဒီတစ်ခါ တခြားမစ်ရှင်တစ်ခုရသည်:
(မစ်ရှင်ရပါသည်။ သင့်ကောင်မလေးကို မင်းသမီးချီနည်းနှင့် ၃ မိနစ်ချီပါ။ မစ်ရှင်ပြီးရင် စားသောက်ပွဲလက်မှတ်ကျပန်းနှိုက်ရမည်။)
ချန်သုံ့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ မစ်ရှင်ကြည့်ပြီးဘာပြောရမှန်းမသိ။
ခွေးထီး(တကိုယ်တည်းသမား)တွေကိုပစ်မှတ်ထားတာလား?
အော်ငိုချင်သော်လည်း မျက်ရည်ကထွက်မလာ။
ထိုအချိန်တွင်_
ကြည်လင်ပြီးနားဝင်ချိုသောအသံထွက်လာသည်_
"ကောင်မလေးမရှိတဲ့သူရှိလား? ငါ့မှာမစ်ရှင်ရှိတယ်... အချင်းချင်းမင်းသမီးလိုချီရအောင်''
ထိုအသံချိုချိုကြားပြီး ချန်သုံ့မျက်လုံးကျယ်သွားသည်။
ဒါမျိုးရှိလား?
သူကချက်ချင်းလှည့်ကြည့်လိုက်ရာ ပေါင် ၂၀၀ ခန့်ရှိသောမိန်းမလှလေးက ဖုန်းကိုယမ်းပြရင်းအော်နေသည်ကိုတွေ့လိုက်ရလေသည်။
ချန်သုံ့: "ကျွတ် ကျွတ်''