ချင်လင်ထွက်လာပြီ!
Vol. 78 Ch. 1170
ချင်းလင်အမဲသားနှင့်ဝဂ်ယူအမဲသားပြိုင်ပွဲပြီးနောက် စားသောက်ပွဲကိုအစီအစဉ်အတိုင်းဆက်ကျင်းပသည်။
ယွီရှင်းနှင့်ရှဲ့မျိုးရိုးဆယ်လီအပါအဝင်စားဖိုမှူးအားလုံးမှာ အရှိန်ကောင်းကောင်းနှင့်သူတို့ကိုယ်ပိုင်ဟင်းပွဲများချက်ကာ စားဖိုမှူးကောင်တာရှေ့မှခရီးသည်များကိုလှမ်းပေးသည်။ ခရီးသည်များလက်ထဲမှလက်မှတ်ရဖို့လည်းမျှော်လင့်ကြသည်။
စားသောက်ပွဲညအတွက် လက်မှတ်သုံးစောင်သာရသည်။
စားဖိုမှူးများကို တန်းမပေး၊ တစ်ယောက်ချင်းလက်ရာကိုမြည်းကြည့်ပြီးမှရွေးမည်။
သူများထက်အရသာရှိမှ၊ ဒါမှမဟုတ် သူတို့သဘောကျတာတစ်ခုခုပါမှသာ မဲပေးမည်။
"အားလုံးပဲ.. အကဲဖြတ်သူတွေအတွက် အရသာရှိဟင်းပွဲချက်နိုင်ပါပြီ... ကောင်းကောင်းအသုံးချပါ''
လင်းလန်ဇီက မိုက်ကရိုဖုန်းနှင့်ပြောသည်။
ထိုအချိန်တွင် စားဖိုမှူးများလည်း အလေးအနက်ဖြစ်သွားသည်။
ခရီးသည်မဲက တစ်စိတ်တပိုင်းသာဖြစ်ပြီး အကဲဖြတ်သူ၏မှတ်ချက်က ပိုအရေးပါသည်။
စားဖိုမှူးများကချက်ချင်း ချင်းလင်အမဲသားထုတ်ကာ သေချာပြင်ဆင်သည်။ ထို့နောက် ဝန်ထမ်းကိုပေးပြီး အကဲဖြတ်သူများထံပို့စေသည်။
စားဖိုမှူးများ၏ဟင်းပွဲတိုင်းတွင် အမှတ်စဉ်နံပါတ်ပါသောကြောင့် မမှားနိုင်။
Feida တို့အကဲဖြတ်သူများက အစောင့်ကြီးစောင့်နေသည်။ ဝန်ထမ်းများက စားဖိုမှူးများ၏အမဲသားဟင်းယူလာသောအခါ လှမ်းမျှော်ကြည့်လိုက်ကြသည်။
အမဲသားကို Feida တို့အကဲဖြတ်သူများရှေ့တည်ခင်းပေးသည်နှင့် ချက်ချင်းစမြည်းကြသည်။
စားဖိုမှူးများစွာရှိသောကြောင့် တစ်ပွဲမှတစ်ဇွန်းနှစ်ဇွန်းသာစားနိုင်သည်။
သို့ရာတွင် အမဲသားမြည်းရင်း ဟင်းပွဲတိုင်းကထူးထူးခြားခြားအရသာရှိကြောင်း Feida တို့သိရသည်။ တကယ်တော့ အရသာ၊အတွေ့အထိ၊အတော်များများက အရင်တစ်ခုထက်ပိုကောင်းသည်။
တနည်းပြောရရင် ဒီစားဖိုမှူးများ၏လက်ရာက အရင်စားဖိုမှူးထက်ပိုကောင်းသည်။
Feida တို့နည်းနည်းမယုံသင်္ကာဖြစ်လာသည်။
ထိုစားဖိုမှူးကို Watanabe နှင့်ပြိုင်ရန် ချင်းလင်စံအိမ်ကရွေးခဲ့သည်။
Watanabe က ဂျပန်မှာအတော်ဆုံးစားဖိုမှူးတစ်ဦးဖြစ်သည်။
ချင်းလင်စံအိမ်မှာ Watanabe နဲ့ယှဉ်ဖို့လွှတ်လိုက်တဲ့လူထက် လက်ရာပိုကောင်းတဲ့စားဖိုမှူးတွေအများကြီးရှိနေတာမလား?
ဒါ...
Haiga နှင့်ဂျပန်အကဲဖြတ်သူများလည်း အရသာခံမိသည်။
မျက်နှာပျက်နေသောသူတို့ ပိုပြီးမှုန်မှိုင်းသွား၏။
အရှက်လုံးလုံးကွဲပြီ။
စောစောကပြိုင်ပွဲမှာ လက်ရာပိုကောင်းတဲ့စားဖိုမှူးတွေထွက်မလာပါဘဲ Watanabe ရှုံးခဲ့သည်။
"အမဲသားက အရသာရှိလိုက်တာ... စားဖိုမှူးတိုင်းရဲ့လက်ရာက ချက်ပုံချက်နည်းကွာပေမဲ့ တကယ်ကောင်းတယ်''
Feida က ပြုံးပြုံးရွှင်ရွှင်နှင့်ပြောသည်။
"မစ္စတာ Feida ပြောတာ လုံးဝမှန်တယ်... စားဖိုမှူးတိုင်းက ဒီလိုအရသာရှိအောင်ချက်နိုင်တာ ချင်းလင်အမဲသားက တကယ်ကောင်းတဲ့သဘောပဲ''
အကဲဖြတ်သူတစ်ဦးက ဝင်ပြောသည်။
ဂျပန်အကဲဖြတ်သူများက မြည်းကြည့်ပြီး မျက်မှောင်သာကြုတ်နေသည်။
ဒါကို သူတို့ဝန်မခံချင်သေး။
ထိုအချိန်တွင် စားသောက်ပွဲခင်းထဲ လူတချို့ရောက်လာသည်။
လျိုယီနှင့် Lasda ပင်။
Lasda နောက်လိုက်လာသောလူတချို့ပါသည်။ သူ့လုပ်ငန်းချဲ့ရန်ခေါ်လာသော အနောက်တိုင်းစားဖိုမှူးများပင်။
လျိုယီကဝင်လာသည်နှင့် အနံ့ခံပြီး_
"Lasda.. ငါတော့မြည်းတော့မယ်''
"အင်း.. မစ္စတာလျို!''
Lasda ကခေါင်းညိမ့်ပြီး သူ့ဘေးမှစားဖိုမှူးအား_
"သွားမြည်းရအောင်... ဒီအရှေ့တိုင်းကစားဖိုမှူးတွေလက်ရာကိုကြည့်ရတာပေါ့''
Lasda က လူယုတ်မာပြုံးပြုံးပြီးပြောသည်။
ချင်းလင်စံအိမ်၏ပါဝင်ပစ္စည်းကို သူသိသောကြောင့်ပင်။ အထူးသဖြင့် အရည်အသွေးမြင့်အမဲသားဖြစ်သည်။
ဒီပါဝင်ပစ္စည်းတွေနဲ့ဆို သာမန်စားဖိုမှူးတောင် အရမ်းအရသာရှိတဲ့ဟင်းပွဲချက်နိုင်သည်။ စားသောက်ပွဲတက်နိုင်တဲ့စားဖိုမှူးတွေချက်တဲ့အရသာမျိုးကို သူခေါ်လာတဲ့စားဖိုမှူးတွေက သာမန်ပါဝင်ပစ္စည်းနဲ့မချက်နိုင်။
အဓိကက သူခေါ်လာတဲ့အရူးတွေက ဒါတွေဘာမှမသိ။
ဒီနိုင်ငံကဘာသာစကားတောင်နားမလည်ကြ။ တစ်ယောက်ယောက်ကပြောရင်တောင် နားလည်မည်မဟုတ်ပေ။
သူတို့ကိုသင်ခန်းစာပေးရမည့်အချိန်ပင်။
ပြန်သွားရင် မာန်ထောင်ရဲဦးမလား ကြည့်ရသေးတာပေါ့!
Lasda စကားကြောင့် စားဖိုမှူးများလည်း ကောင်တာသွားပြီးမြည်းကြည့်ကြသည်။
ထို့နောက် Lasda ထင်သည့်အတိုင်း စားဖိုမှူးများ၏မျက်နှာက ချက်ချင်းစိတ်ဝင်စားစရာဖြစ်သွားသည်။
သူတို့အားလုံးက အနောက်တိုင်းစားဖိုမှူးများဖြစ်သည်။ ဒီမလာခင်က သူတို့လက်ရာသူတို့ အလွန်ယုံကြည်ချက်ရှိကြသည်။ Lasda ကိုမမီရင်တောင် အနောက်တိုင်းမှာသူတို့ကထိပ်တန်းစားဖိုမှူးများဖြစ်သည်။
သို့ရာတွင် ဒီလက်ရာများစားပြီး မတည်ငြိမ်နိုင်တော့။
အရှေ့တိုင်းစားဖိုမှူးများလက်ရာက အရသာရှိလွန်းသည်။ နောက်ပြီး ဒီစားဖိုမှူးတွေချက်တဲ့ဟင်းပွဲအများစုကို သူတို့လုံးဝမလုပ်နိုင်။
လက်ဖျားခါလောက်တဲ့လက်ရာနဲ့စားဖိုမှူးတွေ ဘာလို့ဒီလောက်များရတာလဲ?
တခဏအတွင်း သူတို့နည်းနည်းဦးကျိုးသွားသည်။
Lasda က သေချာသတိထားမိသည်။
ဒါပေမဲ့ ဒါကဘာဟုတ်သေးလဲ?
လူကြီးမင်းကိုယ်တိုင်ချက်ရင် ထိပ်တန်းလက်ရာကဘာလဲ ဒီလူတွေသိလာမည်။
အချက်အပြုတ်လောကက ဘယ်စားဖိုမှူးမှမကျော်နိုင်သောတောင်ကြီးဖြစ်သည်။
ဒီကမ္ဘာမှာ အချက်အပြုတ်နတ်ဘုရားဆိုတာရှိရင် လူကြီးမင်းပဲဖြစ်မည်။
အချိန်လွန်သည်နှင့် စားသောက်ပွဲည၏ထိပ်တန်းစားဖိုမှူးသုံးဦးကိုရွေးပြီးသွားသည်။
သုံးယောက်လုံး သက်လတ်ပိုင်းလူများဖြစ်သည်။
ယွီရှင်းက ယှဉ်ပြိုင်ဖို့သာအဓိကဟုတွေးသည်။
နာမည်ကြီးရှဲ့မျိုးရိုးလည်း ဆန်ခါတင်စာရင်းထဲမပါ။ သူ့လက်ရာက ပါဝင်ပစ္စည်းကြောင့်မဟုတ်ရင် အချက်အပြုတ်တော်သောစားဖိုမှူးများလောက်မကောင်းပေ။
မကြာမီ လင်းလန်ဇီဦးဆောင်ပြီး ထိပ်တန်းစားဖိုမှူးသုံးယောက်ကို ဆုကြေးများ၊လက်မှတ်များပေးအပ်သည်။ ကြည့်ရှုသူ ၁၀ သန်းကျော်ရှေ့တွင်ပေးအပ်ခြင်းပင်။
ဒီစားဖိုမှူးတွေသာဉာဏ်ကောင်းရင် ပြန်သွားတဲ့အခါ သူတို့ဘဝမှာထိပ်တန်းရောက်နိုင်သည်။