← Chapters

နောက်ထပ်မရှိ!

Vol. 78 Ch. 1157

နောက်ထပ်မရှိ!

Vol. 78 Ch. 1157

စားသောက်ပွဲက တစ်ပတ်ကြာသည်။

စားသောက်ပွဲစပြီးနှစ်ရက်အတွင်း လိုင်းပေါ်မှာရုံချန်းနာမည်ချည်းသာ။

စားသောက်ပွဲက အားလုံးထင်ထားသည်ထက်ပိုပေါက်နေသည်။ ဒုတိယမြောက်နေ့တွင် ရုံချန်းမှာကားပိတ်သည်သာမက မင်မြို့တော်ကိုပါသက်ရောက်မှုရှိလာသည်။

နိုင်ငံခြားခရီးသည်များ ရုံချန်းလာကြသောကြောင့်ပင်။ မင်မြို့တော်ကိုအရင်လေယာဉ်စီးပြီးမှ မင်မြို့တော်မှတဆင့် ရုံချန်းကိုလာရသည်။

မင်မြို့တော်နှင့်ရုံချန်းရထားလက်မှတ်များမှာ လျှပ်တပြတ်အတွင်း ကုန်လုနီးနီးဖြစ်သွားသည်။

စားသောက်ပွဲနှင့်ဆက်စပ်သောဗီဒီယိုများကိုလည်း တစ်ယောက်ပြီးတစ်ယောက်လိုင်းပေါ်တင်ကြသည်။ အစားအသောက်ဗီဒီယိုမျိုးစုံများ၊ ကောင်လေးနှင့်ကောင်မလေးမစ်ရှင်လုပ်နေသောဗီဒီယိုများတင်ကြ၏။

ဥပမာ နှစ်မိနစ်နမ်းနေသောစုံတွဲ၊ မင်းသမီးချီချီနေသောစုံတွဲ၊ ကောင်မလေးကိုကျောပိုးပြီးသုံးပတ်ပတ်ပြေးသောစုံတွဲ...

အမျိုးသားအမြင့်ခုန်၊ ထိုင်ထ၊ တန်းမ၊ အပြေး စသည့်ပြိုင်ပွဲများလည်းပါသည်။

ဗီဒီယိုအမျိုးစုံတင်ထားကြ၍ ဗီဒီယိုနှစ်ပုဒ်လောက်ကြည့်လျှင်ပင် ထိုဗီဒီယိုများတက်လာတတ်သည်။

ဒါတင်မကသေး။ နယ်ပယ်အစုံမှဆယ်လီများကလည်း ပေါ်ပင်လိုက်ကာ စားသောက်ပွဲနှင့်ဆိုင်သောဗီဒီယိုများတင်ကြသည်။

လိုင်းပေါ်မှဆယ်လီများတင်မဟုတ်ဘဲ နာမည်ကြီးဆယ်လီများပါပါသည်။

ပေါ်ပင်လိုက်ခြင်းက အင်တာနက်ဆယ်လီတွေအလုပ်သက်သက်မဟုတ်တော့။ တချို့နာမည်ကြီးဆယ်လီများက သိက္ခာမရှိတာကြာပြီ။ အနီရောင်ကော်ဇောပေါ်တက်ရုံသာမဟုတ်တော့ပေ။

ဆယ်လီများစွာ ရုံချန်းရောက်လာပြီး စားသောက်ပွဲတွင်အရသာရှိရှိစားနေပုံများ၊မစ်ရှင်လုပ်နေပုံများတင်သည်။

ဉာဏ်ကောင်းသောဆယ်လီတချို့က ဓာတ်ပုံဆရာတောင်ငှားထားကြသည်။ ဒီပွဲကို ရသစုံရှိုးပွဲလိုသဘောထားပြီး တချိန်လုံး သူ့အမြင်ကိုပြောပြနေသည်။

အထူးသဖြင့် ထိုဆယ်လီ၏ဗီဒီယိုက တခဏချင်းပေါက်သွားပြီး အလွန်နာမည်ကြီးလာသည်။ Like ငါးသန်းကျော်ရ၏။

ထိုဆယ်လီက ဉာဏ်ကောင်းလွန်းသည်ဟုသာပြောရတော့မည်။

ရှဲ့မျိုးရိုးနာမည်ကြီးဆယ်လီတစ်ယောက်မှာ ဟင်းချက်ကောင်း၍ ပေါ်ပင်လိုက်စရာမလို။

သူ့ကိုယ်ပိုင်အစားအစာအကောင့်တွင် ဗီဒီယိုတင်ပြီး စားသောက်ပွဲပါဝင်ပစ္စည်းများကြောင့်ရောက်နေကြောင်းပြောထားသည်။ ထိုပါဝင်ပစ္စည်းများနှင့် အရသာရှိသောအစားအစာများဖန်တီးချင်ကြောင်း၊ စားသောက်ပွဲတက်ခွင့်ရချင်ကြောင်းလည်းပြောသည်။

ဒါတွေ ချင်လင်နှင့်မဆိုင်။ သူက ဒါတွေအပေါ်အာရုံမထား။ အင်တာနက်ဆယ်လီဖြစ်ဖြစ်၊ နာမည်ကြီးဆယ်လီဖြစ်ဖြစ်၊ ဘာပြဿနာမှမဖြစ်ရင် ပေါ်ပင်လိုက်လိုကလိုက်နိုင်သည်။

သူတို့နာမည်ရဖို့ကြိုးစားရင်း စားသောက်ပွဲလည်းနာမည်ပိုတက်နိုင်သည်။

အခုသူစိတ်ဝင်စားသည်က တခြားသတင်းတစ်ပုဒ်။

ထိုသတင်းကလည်း စားသောက်ပွဲနှင့်အပြိုင် ရေပန်းစားနေသောသတင်းထဲမှတစ်ပုဒ်ဖြစ်သည်:

"နောက်ဆုံးသတင်းအရ ဂျပန်နိုင်ငံဝဂ်ယူနွားနောက်ဆုံးအသုတ်မှာ သွေးခဲပလိပ်ရောဂါကူးစက်ခံထားရသည်။ ဆေးမရလျှင် ဂျပန်ဝဂ်ယူနွားမှာ နှစ်လအတွင်းမျိုးတုံးပျောက်ကွယ်မည့်ပုံရှိနေသည်!''

တရုတ်တွင်သွေးခဲရောဂါပြီးသွားပြီဖြစ်သော်လည်း နိုင်ငံခြားတိုင်းပြည်များမှာ ဒုက္ခရောက်နေဆဲ။

တရုတ်ပြည်သူများ ဂုဏ်ယူဝင့်ကြွားနိုင်သောသတင်းတစ်ပုဒ်လည်းဖြစ်သည်။

ထို့ကြောင့် သတင်းဗီဒီယိုအောက်မှမှတ်ချက်များတွင် စာနာမှုကိုမတွေ့ရ။

"ဝမ်းသာလိုက်တာ ဟား ဟား ဟား!''

"မနှစ်က နိုင်ငံတကာအမဲသားပြပွဲမတွေ့ဘူးလား? ဟား ဟား ဟား!''

"သူတို့နိုင်ငံ့ရတနာမလား? နိုင်ငံ့ရတနာမျိုးတုံးတော့မှာလား?''

"မှားနေပြီ... သူတို့နိုင်ငံ့ရတနာက တို့နိုင်ငံမှာအပြည့်ပဲ... ချင်းလင်စံအိမ်မှာ စျေးပေါပေါနဲ့ရတယ်!''

“……”

အမှန်ပင်။ သူတို့အဖို့ ဂျပန်တွင်ကျရောက်နေသောကပ်ဘေးကိုစာနာဖို့ခက်သည်။

ဘိုးဘေးတွေရဲ့အပြစ်ကို အပြုံးနဲ့ချေဖျက်လို့မရ။

လူတိုင်းက ကျန်းယောင်နိုင်ငံမှပုဂ္ဂိုလ်ကြီးသေဆုံးမှုကိုမစာမနာဗီဒီယိုတင်ပြီး မျက်ရည်တောင်ကျပြသောအမျိုးသမီးသတင်းထောက်လိုမဟုတ်။

ရေပန်းစားနေသောနောက်ထပ်သတင်းတစ်ပုဒ်လည်းရှိသေးသည်။ ကျွန်ုပ်တို့နိုင်ငံတောင်ပိုင်းမှဟွေးယိမြက်နှင့်တံစဉ်မြက်ကို အရေးတကြီးလိုအပ်နေသောသတင်းဖြစ်သည်။ ဆေးရည်ထုတ်လုပ်မှုကျဆင်းလာပြီး နိုင်ငံခြားတင်ပို့မှုပမာဏကိုကန့်သတ်ရန်လိုလာသည်တဲ့။

တကယ့်အရေးပေါ်သတင်းပင်။ တမင်သက်သက်လား၊တကယ်လား ဘယ်သူမှမသိ။ ဘာပဲဖြစ်ဖြစ် သတင်းထွက်လာတာတိုက်ဆိုင်လွန်းသည်။

ဒါပေမဲ့ သူတို့ကအရူးမဟုတ်။

မပြောဘဲသိနိုင်သောကိစ္စများရှိသည်။ စိတ်ထဲမှ 'ကောင်းတယ်'ဟုအော်ရုံသာ။

ထို့ကြောင့် အမဲသားတင်ပို့ဖို့နေနေသာသာ ဂျပန်နိုင်ငံနှင့်နွားရှင်သန်ရေးက ပြဿနာတက်နေသည်။

အဓိကက သူတို့မှာအမဲသားရှိပေမဲ့ ဘယ်သူဝယ်ရဲမလဲ?

ချင်လင် အရည်အသွေး ၂ အမဲသားလိုရင် ဂိမ်းထဲမှထုတ်ပြီး အထူးအဆက်အသွယ်ရှိသည်ဟုဆင်ခြေပေးလိုက်ရုံသာ။ ဘာပဲဖြစ်ဖြစ် အရင်က ဂျပန်အမဲသားကို ဝူလျိုမှယူခဲ့သည်။ သူဘယ်ကရလဲ ဘယ်သူမှမသိ။

ပိုက်ဆံရှိရင် ဂျပန်ကအမဲသားယူပေးမယ့်သူတွေတပုံကြီး။

ဒါပေမဲ့ လက်ရှိအခြေအနေအရ ဒီဆင်ခြေကအလုပ်မဖြစ်တော့။

အရေးအကြီးဆုံးမှာ စားသောက်ပွဲအတွက်အမဲသားလိုနေသည်။

သူ့ဘာသာသုံးဖို့ဆို ဂိမ်းထဲမှထုတ်ယူလိုက်ရုံသာ။ လက်ရှိသူ့အနေအထားနှင့် ဘယ်သူမှသံသယဝင်မည်မဟုတ်။

သူအမဲသားသိမ်းထားတာ ဘာဖြစ်လဲ?

စားသောက်ပွဲညမှာ တခြားလူတွေကိုဝဂ်ယူအမဲသားဖြည့်ဆည်းပေးဖို့ကတော့?

ဒီပြဿနာရှင်းရမည်။

တစ်ခုတည်းသောနည်းက ချင်းလင်မွေးမြူရေးခြံမှဝဂ်ယူနွားကိုသတ်ရမည်။

ဒီနွားများကိုမွေးမြူရေးခြံမှဝယ်ပြီး အစားထိုးထားခြင်းဖြစ်၍ တစ်ကောင်သတ်လည်းသိပ်မထူး။

နောက်ပြီး နွားသုတ်ရည်သိမ်းထားမည်။ မျိုးစပ်ပေးသောကျွမ်းကျင်ပညာရှင်များလည်းရှိသည်။

ဒီဝဂ်ယူနွားများကိုဂိမ်းထဲမှထုတ်လဲထားခြင်းဖြစ်၍ တချို့အသားက အရည်အသွေး ၂ ဆီးနှင်းအမဲသားရနိုင်သည်။

ချင်လင်ကတွေးတောပြီး ရန်သုံ့ကိုအပန်းဖြေစံအိမ်ခေါ်လိုက်သည်။

မွေးမြူရေးဌာနမန်နေဂျာအနေနှင့် ဒီကိစ္စများကိုင်တွယ်ရမည်။

မကြာမီ ရန်သုံ့ကအလောတကြီးရောက်လာပြီး_

"ဥက္ကဌချင်... ဘာညွှန်ကြားစရာရှိလဲ?''

ချင်လင်က သူ့ရည်ရွယ်ချက်ကိုပြောပြသည်_

"စားသောက်ပွဲညအတွက်ပါ... မွေးမြူရေးခြံကနွားတစ်ကောင်သတ်ဖို့လိုတယ်... မဟုတ်ရင် အမဲသားဖြည့်ဆည်းပေးဖို့မလောက်ဘူး''

All Chapters