နောက်ထပ်မရှိ! ၂
Vol. 78 Ch. 1158
ရန်သုံ့ကနားထောင်ရင်းခေါင်းညိမ့်လိုက်ပြီးမှ တစ်ခုခုတွေးမိကာ_
"သူဌေး.. ဒီနေ့ ဝဂ်ယူနွားအကြောင်းပြောနေကြတာ... ဂျပန်ကနွားတွေဆေးမရလို့ မျိုးတုံးတော့မယ်တဲ့''
"အဲဒါဆို ကျွန်တော်တို့ခြံကဝဂ်ယူကို ဝဂ်ယူနွားလို့ဘာလို့ခေါ်မလဲ? ပြီးတော့ ကျွန်တော်တို့ချင်းလင်မွေးမြူရေးခြံကခွေးသွားစိတ်မြက်နဲ့ ဒီကောင်တွေအသားက သေချာပေါက်ပိုကောင်းမှာ... ဝဂ်ယူထက်ကောင်းတဲ့အမဲသားကိုကျွန်တော်တို့လုပ်နိုင်တယ်''
"အဲဒီတော့ ပထမဆုံးသားသတ်သမားကို ဒီလိုအခမ်းအနားမျိုးလုပ်လို့ရမလား? တရုတ်ပြည်ကနိုင်ငံခြားသားအစားအစာအကဲဖြတ်သူတချို့ကို စားသောက်ပွဲလာဖို့ ဧည့်သည်အနေနဲ့ဖိတ်မလား ဒါမှမဟုတ် မြည်းခိုင်းမလား? အမှန်တရားကိုသက်သေပြဖို့လေ? အထူးသဖြင့် ဂျပန်နိုင်ငံကလူတွေပေါ့''
ချင်လင်ကနားထောင်ရင်း အမှတ်တမဲ့ရန်သုံ့ကိုကြည့်လိုက်သည်။
ဂျပန်ကအကဲဖြတ်သူကိုတောင် ခေါ်မြည်းခိုင်းမယ်တဲ့? သူများကိုသ*တ်မယ်ဆိုရင်တောင် ရင်ဘတ်ကိုဓားနဲ့ထိုးပြီးသ*တ်စရာလိုလို့လား?
ဒါပေမဲ့ အကြံကောင်းပဲ။
ချင်လင်ကစဉ်းစားကြည့်ပြီး ရန်သုံ့အား_
"ဒီကိစ္စ မန်နေဂျာလင်းကိုပြောပြလိုက်... ဘာပဲဖြစ်ဖြစ် စားသောက်ပွဲက တစ်ပတ်ပဲလိုတော့တယ်... မြန်မြန်စီစဉ်.. မဟုတ်ရင် မမီလောက်ဘူး''
"ကောင်းပါပြီ သူဌေး''
ရန်သုံ့ ခေါင်းညိမ့်လိုက်သည်။ ချင်းလင်အပန်းဖြေစံအိမ်မှထွက်ပြီးနောက် ချင်းလင်စံအိမ်ရုံးခန်းတန်းသွားကာ အထွေထွေမန်နေဂျာနှင့်တွေ့သည်။
လက်ရှိ လင်းလန်ဇီရုံးခန်းပင်။
ရန်သုံ့ကတံခါးခေါက်ပြီး ရုံးခန်းထဲဝင်ကာ လင်းလန်ဇီနှင့်တွေ့သည်_
"ဥက္ကဌလင်း... ကျွန်တော် ဥက္ကဌချင်ကိုယ်စားလာခဲ့တာ... ခင်ဗျားနဲ့ဆွေးနွေးစရာရှိလို့''
"ပြောပါ မန်နေဂျာရန်''
လင်းလန်ဇီ ခေါင်းညိမ့်လိုက်သည်။
"သူဌေးက ဝဂ်ယူနွားသ*တ်ဖို့လိုတယ်တဲ့''
ရန်သုံ့က ရှင်းပြသည်_
"ဂျပန်ကဝဂ်ယူနွားတွေက သေကုန်ပြီမလား? ဝဂ်ယူလို့ခေါ်စရာအကြောင်းမရှိတော့ဘူးလေ... အဲဒါကြောင့် နာမည်ပြောင်းတဲ့ပွဲလုပ်မယ်... တစ်ကမ္ဘာလုံးကအစားအသောက်အကဲဖြတ်သူတွေဖိတ်ပြီး ကျွန်တော်တို့အမဲသားက ဝဂ်ယူအမဲသားထက်ပိုကောင်းတဲ့အကြောင်းသက်သေပြမယ်... အထူးသဖြင့် ဂျပန်ကလူတွေကိုပေါ့''
လင်းလန်ဇီကနားထောင်ရင်း အဓိပ္ပါယ်ရှိသည်ဟုထင်သည်။
ဂျပန်ကဝဂ်ယူအမဲသားနာမည်ကြီးပြီး နေ့တိုင်းအမဲသားနှင့်လူများကိုဆွဲဆောင်နိုင်သည်။
အကြီးဆုံးဝဂ်ယူနွားခြံကို မြင့်မြတ်သောနယ်မြေအဖြစ်တောင်သိထားကြသည်။
သူတို့ဒီလိုလုပ်ရင် ဂျပန်ကလူတွေဒေါသထွက်သွားမည်။
"အစည်းအဝေးလုပ်ဖို့လူစုရအောင်''
သူမကတန်းပြောလိုက်သည်_
"အရေးကြီးတယ်... လုပ်စရာရှိတာချက်ချင်းလုပ်ရမယ်''
ရန်သုံ့ကခေါင်းညိမ့်ပြီး လင်းလန်ဇီနောက်လိုက်ကာရုံးခန်းအပြင်ထွက်လာသည်။
စီရင်စုကလည်း အမြန်ဆုံးသတင်းရသည်။
ချန်လီကချက်ချင်း စွန်းရှန်ဆီသွားပြီးအစီရင်ခံသည်_
"ချင်းလင်စံအိမ်မှာ နောက်ထပ်အခမ်းအနားတစ်ခုရှိတယ်... မွေးမြူရေးခြံကနွားကို ချင်းလင်နွားလို့နာမည်ပြောင်းဖို့စီစဉ်နေကြတာ... တစ်ကမ္ဘာလုံးကအစားအသောက်အကဲဖြတ်သူတွေ အထူးသဖြင့် ဂျပန်ကလူတွေကိုဖိတ်ပြီးမြည်းခိုင်းဖို့တောင်လုပ်နေတယ်''
"အထူးသဖြင့် ဂျပန်ကလူတွေကိုဖိတ်မယ်?''
စွန်းရှန် မှင်တက်သွားသည်။
"ဒီသတင်းသေချာလား?''
ခဏကြာမှ စွန်းရှန်ကမေးသည်။
ချန်လီကခေါင်းညိမ့်ပြီး_
"စံအိမ်မှာအစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ထားတာ... ကျုပ်သမီးက တက္ကသိုလ်မတက်ရသေးဘူးလေ... စံအိမ်မှာအချိန်ပိုင်းဆင်းနေတယ်... အဲဒီကလူတွေအကုန်ပြောနေကြတာ''
"တစ်ချက်သွားကြည့်ရအောင်!''
စွန်းရှန်ကချက်ချင်းမတ်တပ်ရပ်ပြီး ချန်လီကိုအပြင်ခေါ်သွားသည်။
နာမည်အကြီးဆုံးဝဂ်ယူနွားမွေးမြူရေးခြံက ဂျပန်မှာရှိကြောင်း တစ်ကမ္ဘာလုံးသိကြသည်။
ဂျပန်ဝဂ်ယူနွားမှာပြဿနာရှိရင် ချင်းလင်ဝဂ်ယူနွားကနေရာရလာမည်။ အဲဒီကျရင် ကမ္ဘာမှာနာမည်အကြီးဆုံးက ရုံချန်းစီရင်စုဖြစ်လာမည်။
စွန်းရှန်နှင့်ချန်လီလည်း ချင်းလင်စံအိမ်အမြန်ရောက်သွားပြီး လင်းလန်ဇီနှင့်တွေ့သည်။
"ခေါင်းဆောင်တို့... ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ?''
လင်းလန်ဇီကလှိုက်လှိုက်လှဲလှဲကြိုဆိုသည်။
"မစ္စလင်း''
စွန်းရှန်ကတန်းမေးသည်_
"ဝဂ်ယူနွားသ*တ်ပြီး နာမည်ပြောင်းတဲ့အခမ်းအနားလုပ်မယ်လို့ကြားတယ်... နိုင်ငံတကာအစားအသောက်အကဲဖြတ်သူတွေကိုလည်း အမဲသားမြည်းခိုင်းမလို့ဆို?''
လင်းလန်ဇီကပြုံးပြီး_
"စွန်းရှန် ဒီလောက်မြန်မြန်သိသွားမယ်မထင်မိဘူး... အခုမှပြင်ဆင်ပြီးခါစရှိသေးတယ်... မွေးမြူရေးခြံမှာပြင်ဆင်ပြီးသွားပြီ... အခမ်းအနားကို Live လွှင့်ဖို့လုပ်နေတယ်''
"အတူတူသွားကြည့်ရအောင်!''
စွန်းရှန်ကတန်းပြောသည်။
"စွန်းရှန် လက်ထောက်ချန် ကြွပါ!''
လင်းလန်ဇီက သူတို့နှစ်ဦးကိုချင်းလင်မွေးမြူရေးခြံထဲချက်ချင်းဖိတ်လိုက်သည်။
…
ချင်းလင်စံအိမ်စားသောက်ပွဲမှာအရှိန်ကောင်းပြီး လူစိတ်စားခံရဆဲတွင် ရုတ်တရက် ချင်းလင်စံအိမ်တရားဝင်အကောင့်မှ Live စလွှင့်သည်။
ထို့ကြောင့် အားလုံးစိတ်ဝင်စားသွားသည်။
ချင်းလင်မွေးမြူရေးခြံတစ်နေရာမှ Live လွှင့်ခြင်းဖြစ်ပြီး ဖန်သားပြင်ပေါ်တွင် မြက်ခင်းပြင်ကျယ်ကြီးမြင်နေရသည်။
အားလုံး ပိုသိချင်လာသည်။
"ရုတ်တရက် ချင်းလင်စံအိမ်က Live လွှင့်နေတယ်!''
"အသံမကြားဘာမကြားနဲ့ ဘာလို့ Live လွှင့်တာပါလိမ့်? စားသောက်ပွဲအခင်းအကျင်းပြမလို့လား?''
"ချင်းလင်စံအိမ်က Live လွှင့်နေကျမဟုတ်ဘူး... တစ်ခုခုထူးခြားတာရှိရမယ်... ကြီးကြီးမားမားပြတော့မှာ''
“……”
Live ထဲတွင် လူတိုင်းကထင်ရာပြောနေကြစဉ် ဝန်ထမ်းဝတ်စုံဝတ်ထားသောလူတစ်ယောက်က နွားတစ်ကောင်ဆွဲလာသည်။
နွားခေါင်းပေါ်တွင် ပန်းပွင့်နီကြီးရှိပြီး နွားကိုယ်လုံးကိုပဝါနီနှင့်ပတ်ထားသည်။
ဒီနွားနှင့် ပွဲလုပ်မည့်ပုံရှိသည်။
လူတိုင်း ဒီလိုထင်ကြသည်။
သို့သော် ထိုအချိန်တွင် ချင်းလင်မွေးမြူရေးခြံဝန်ထမ်းနောက်တစ်ဦးက စာတမ်းကိုင်လာသည်ကိုတွေ့ရသည်။
ချင်းလင်စံအိမ်၏နွားသ*တ်ကင်ပွန်းတပ်အခမ်းအနား!
နွားသ*တ်?
Live ကြည့်နေသူတိုင်း စာတမ်းမြင်ပြီးကြောင်သွားသည်။
ပန်းအနီပန်ပြီး ပဝါနီချည်ပေးထားတာ သ*တ်ဖို့တဲ့လား?
ဒီသော*က်...
သို့ရာတွင် အားလုံး၏အာရုံက 'ကင်ပွန်းတပ်' ဟူသောစာလုံးကိုလည်းရောက်သွားပြန်သည်။
ကင်ပွန်းတပ်ဆိုတဲ့အတိုင်း နာမည်ပေးမှာပေါ့။
ဝဂ်ယူနွားကို နာမည်ပြောင်းချင်တာလား?
ဒီမတိုင်ခင်က ဂျပန်မှာဝဂ်ယူနွားမျိုးတုံးတော့မည်ဟုသတင်းကြားသည်။
ဒီ Live က အဲဒါနဲ့ဆက်စပ်နေမလား?
ရုတ်တရက် လင်းလန်ဇီပေါ်လာသည်။
သူမက မိုက်ကရိုဖုန်းနှင့် Live ထဲမှပရိသတ်များကိုအရင်နှုတ်ဆက်သည်။
ချင်းလင်စံအိမ် Live ထဲတွင် လင်းလန်ဇီကိုတွေ့ရလေ့ရှိပြီး အားလုံးက ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနှင့်ထက်မြက်သောအလှလေးဟုသိထားကြသည်။
လင်းလန်ဇီက အင်တာနက်ဆယ်လီများထံမှလေ့လာပြီး ပို့စ်နည်းနည်းပေးတတ်သည်ဟုဆိုနိုင်သည်။ လိုင်းပေါ်တွင် သူမနာမည်ကြီးပုံက အင်တာနက်ဆယ်လီများထက်မညံ့။
ချင်းလင်စံအိမ်အထွေထွေမန်နေဂျာဆိုသောနေရာနှင့်ယှဉ်လျှင် လင်းလန်ဇီက အင်တာနက်ဆယ်လီဆိုတာကိုစိတ်မဝင်စားပေ။
ကိုယ်လုံးကိုယ်ပေါက်ပြစားပြီးဂုဏ်သိက္ခာရောင်းစားခြင်းနှင့် ကိုယ်တိုင်ကြိုးစားပြီးအောင်မြင်ခြင်းမှာ ဂုဏ်သိက္ခာနှင့်အရည်အချင်းရှိသောအမျိုးသမီးများက ဒုတိယတစ်ခုကိုရွေးကြလိမ့်မည်။
နောက်ပြီး လင်းလန်ဇီက အင်တာနက်ဆယ်လီမဟုတ်ဘဲ သူမကိုယ်ပိုင်အကောင့်မှာ ပရိသတ်သန်းချီရှိသည်။ ကောင်းယောင်ယောင်တောင် ပရိသတ်တစ်သန်းကျော်နေပြီ။
ထို့ကြောင့် အင်တာနက်ဆယ်လီများက လင်းလန်ဇီကိုမယှဉ်နိုင်။
လင်းလန်ဇီ: ''ကဲ.. ဒီ Live လွှင့်ရတဲ့အကြောင်းရင်းကို အားလုံးသိချင်နေပြီထင်ပါတယ်... တကယ်တော့ စာတမ်းရေးထားသလို ကျေးလက်သားသ*တ်ပွဲပါပဲ''
"အရင်က ကျွန်မတို့နိုင်ငံမှာ ဝဂ်ယူနွားမရှိဘူး... ဘာကြောင့်လဲ လူတိုင်းသိပါတယ်... အခုကျွန်မတို့ကိုယ်ပိုင်ဝဂ်ယူနွားရှိနေပြီ... အထူးသဖြင့် ချင်းလင်စံအိမ်မှာပေါ့... ဝဂ်ယူနွားကိုကျွန်မတို့မွေးပြီး အရည်အသွေးကပိုကောင်းလာတယ်... ဂျပန်ဝဂ်ယူနွားထက်သာတယ်''
"အဲဒါကြောင့် နွားသ*တ်အခမ်းအနားလုပ်တာပါပဲ... အခုကစပြီး ချင်းလင်စံအိမ်ကဝဂ်ယူနွားကို ချင်းလင်နွားလို့နာမည်ပေးပါမယ်... နောက်ပြီး ကျွန်မတို့ချင်းလင်အမဲသားက ဝဂ်ယူထက်အရည်အသွေးပိုကောင်းပါတယ်''
"ဒီပွဲအတွက် ပြည်တွင်းမှာရှိတဲ့နိုင်ငံခြားသားအကဲဖြတ်သူတချို့ကိုလည်းဖိတ်ပါမယ်... အထူးသဖြင့် ဂျပန်နိုင်ငံကအကဲဖြတ်သူပေါ့နော်''
သူမစကားတွင် ဒီတစ်ခါချင်းလင်စံအိမ်က Live လွှင့်ရသောရည်ရွယ်ချက်ကိုလည်းပြောသွားသည်။
ဒါ ဂျပန်ကဝဂ်ယူနွားကိုပစ်မှတ်ထားပြီး အသေသ*တ်ခြင်းဖြစ်ကြောင်း လူတိုင်းချက်ချင်းသဘောပေါက်သည်။
ဂျပန်ဝဂ်ယူနွားမျိုးမှာ မျိုးတုံးတော့မည်ဖြစ်၍ ချင်းလင်မွေးမြူရေးခြံကအခွင့်ကောင်းယူပြီး ဝဂ်ယူနွားကို ချင်းလင်နွားဟုနာမည်ပြောင်းသည်။ ဒါဂျပန်ဝဂ်ယူနွားနာမည်ကိုသုတ်သင်လိုက်ခြင်းပင်။
ရှေ့လျှောက် ဂျပန်ကဝဂ်ယူနွားမျိုးတုံးသွားလို့ တင်သွင်းချင်ရင် ဝဂ်ယူနွားလို့ခေါ်မလား ဒါမှမဟုတ် ချင်းလင်နွားလို့ခေါ်မလား?
ချင်းလင်မွေးမြူရေးခြံမှချင်းလင်နွားက ဝဂ်ယူနွားထက်အရည်အသွေးပိုကောင်းသည်။
ချင်းလင်စံအိမ်က အစားအသောက်အကဲဖြတ်သူဖိတ်ခေါ်ခြင်းမှာ သူတို့ယုံကြည်ချက်ရှိကြောင်းပြခြင်းပင်။
ဒါ ဝဂ်ယူနွားနေရာကိုအစားထိုးချင်တာလား?
ဒါချင်းလင်ကနွား၊ တခြားမဟုတ်ကြောင်း ကမ္ဘာကြီးကိုသိစေခြင်းဖြစ်သည်။
အထူးသဖြင့် ဂျပန်ကအကဲဖြတ်သူတောင် ဖိတ်လိုက်သေးသည်။ ဒါသူတို့ကိုသ*တ်ရုံသာမက တွင်းပါတူးပြီးမြှုပ်ပေးလိုက်ခြင်းပင်။
ကြည့်နေသူပရိသတ်က လက်ခုပ်လက်ဝါးတီးပေးကြ၏။
"၆၆၆... ဂျပန်ရဲ့နိုင်ငံတကာအမဲသားပြပွဲမှာ တို့ကိုဖယ်ထားတာမှတ်မိသေးလား?''
"ဟား ဟား.. ငါတို့အမဲသားကိုအထင်သေးနေတာ.. ထင်မထားဘူးမလား?
"ဂျပန်ဝဂ်ယူအမဲသားအဖွဲ့အစည်း: အတင့်ရဲလှချည်လား?''
"ဒီတစ်ခါစားသောက်ပွဲကထူးခြားတယ်လို့ ရုတ်တရက်အတွေးဝင်လာတယ်''
“……”
စားသောက်ပွဲအရှိန်တက်နေစဉ် သတင်းကလည်း တမဟုတ်ချင်းပြန့်သွားလေသည်။